Saturday, August 25, 2012

လတ်တလောပေါ်ပေါက်နေသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဥပဒေဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ဖိတ်ကြားလွှာ



(၂၅-၈-၂၀၁၂)

ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီးများ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

ဆွေးနွေးမည့် နေရာ -- Orchid Hotel
ဆွေးနွေးမည့် အချိန် -- ညနေ (၃) နာရီတိတိ
ဆွေးနွေးမည့် နေ့ရက် -- ၂၅-၈-၂၀၁၂ (စနေနေ့)

ဆွေးနွေးမည့်သူများ

၁။ ဦးကျော်ဇေယျ (တရားလွှတ်တော်ရှေ့နေ)
၂။ ဦးကျော်စိန် (တရားလွှတ်တော် ရှေ့နေ)
၃။ ဦးဗိုလ်မင်းဖြူ(တရားလွှတ်တော် ရှေ့နေ)
၎။ ဦးသန်းစိုး(ထွန်း) (တရားလွှတ်တော် ရှေ့နေ)
၅။ ဦးလှစိန် (ခ) ဦးရီစိန် (တရားလွှတ်တော် ရှေ့နေ)

Ref:The Voice

ကမ္ဘာ့ရွှေဈေးနှင့် နှိုင်းယှဉ်ပါက ပြည်တွင်း ရွှေဈေးတွင် ငွေကျပ် တစ်သောင်း ငါးထောင်ခန့် လျော့နည်းနေ



ပြည်တွင်းမှာ ဖြစ်ပေါ် နေတဲ့ ရွှေဈေးနဲ့ ကမ္ဘာ့ရွှေဈေး နှိုင်းယှဉ် ကြည့်ပါက ပြည်တွင်း ရွှေဈေးမှာ ငွေကျပ် တစ်သောင်း ခွဲခန့် လျော့နည်း နေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ပြည်တွင်း ရွှေဈေးကွက်ဟာ မြို့ပြဒေသ များမှာ ၀ယ်လိုအား လျော့နည်း နေပြီး နယ်စပ်ဖက်ကို ပိုပြီးစီးဆင်း နေတယ်လို့ သိရပါတယ်။ ပြည်တွင်း ရွှေဈေးကွက် မှာရှိခဲ့တဲ့ သြဂုတ်လ ၁၀ ရက် ကျော်ခန့်မှ စတင်ကာ ရွှေရည်ချိန် ၁ ကျပ်သား ငွေကျပ် ခုနစ်သိန်း လေးသောင်းမှ ခုနစ်သိန်း လေးသောင်း ခြောက်ထောင့် ငါးရာ အထိ မြင့်တက် လျက်ရှိပါတယ်။

ဒီလိုမြင့်တက် လျက်ရှိရာမှာ ကမ္ဘာ့ရွှေဈေးကွက် မှာလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်ကျော်ခန့်က အမေရိကန် ဒေါ်လာ တစ်ထောင့် ခြောက်ရာ တစ်ဆယ့်လေး ရှိပြီး သြဂုတ်လ ၂၂ ရက်နေ့ မှာတော့ အမေရိကန် ဒေါ်လာ တစ်ထောင့် ခြောက်ရာ သုံးဆယ့်ရှစ် အထိ တဖြည်းဖြည်း မြင့်တက် လာတာ ဖြစ်ပါတယ်။ အဲ့ဒီလို ကမ္ဘာ့ရွှေဈေး မြင့်တက်လာ ပေမယ့်လည်း ပြည်တွင်းက ရွှေဈေးမှာ ကမ
္ဘာ့ဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ်ငွေ တစ်သောင်း ငါးထောင်ခန့် လျော့နည်းလျက် ရှိပါတယ်။ ဒါ့အပြင် ပြည်တွင်း ရွှေဈေးဟာ နောက်ပိုင်းမှာ ဈေးအများကြီး မြင့်တက် သွားဖို့မရှိဘဲ အခုလက်ရှိ ဈေးနှုန်း အတိုင်းသာ ဆက်လက် တည်ရှိ နိုင်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူရဲ့ သုံးသပ် ပြောကြားချက် အရ သိရပါတယ်။

Ref:MRTV-4

လားရှိုး- မန္တလေး မီးရထား ခရီးစဉ် ပုံမှန်ပြန်လည် ပြေးဆွဲ လျက်ရှိ



လားရှိုး သြဂုတ် ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး- မန္တလေး ပုံမှန်ပြေးဆွဲ လျက်ရှိသော မီးရထား ခရီးစဉ်ကို သြဂုတ် ၁၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ တိုက်စားမှုကြောင့် မြေပြတ် ပြိုကျ သွားသော မီးရထားလမ်း မိုင်တိုင်အမှတ် (၅၃၈/၁၂)နှင့် (၅၃၈/၁၄)ကြား မန်းပွဲ ဘူတာနှင့် မန်ဆန်ရေကျ ဘူတာကြား မီးရထားလမ်းကို ပြန်လည် ပြုပြင်ခဲ့ရာ သြဂုတ် ၂၃ ရက်က ပြီးစီးသွားသဖြင့် လားရှိုး- မန္တလေး မီးရထား ခရီးစဉ်အား ပုံမှန် ပြန်လည် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။

Ref:မြ၀တီ

တရုတ် တံတား အသစ် ကျိုးကျ




တံတား ကျိုးကျမှုကြောင့် လူ ၃ ယောက်သေဆုံး
 တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မှာ ရှစ်လမ်းသွား ကားလမ်းပေါ်က တံတား အသစ်တစင်း ရဲ့ တစိတ်တဒေသ ပြိုကျပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။

ကုန်တင်ကားကြီး လေးစီး သွားလာနေစဉ် မီတာ တရာလောက်ရှိတဲ့ အစိတ်အပိုင်းတခုပြိုကျပြီး ကားတွေ ပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။

ဒီတံတားဟာ ဟာဗင်မြို့ထဲက လေဆိပ်သွား ဟိုက်ဝေးလမ်းမကြီး ပေါ်မှာ ရှိတာ ဖြစ်ပြီး တံတားဆောက်ခဲ့တာ တနှစ်သာ ကြာပါသေးတယ်။

တနှစ် ကျော်ကာလအတွင်းမှာ တခြား အရေးပါတဲ့ တံတားကြီး ခြောက်စင်းမှာလည်း အလားတူ ပျက်စီးမှုမျိုးတွေ ဖြစ်ခဲ့တယ်လို့ ရှင်ဟွာ သတင်းဌာနကဆိုပါတယ်။

တရုတ်ပြည်ရဲ့ ကားလမ်း ရထားလမ်း ကွန်ယက်ကြီးကို လျင်လျင်မြန်မြန် ချဲ့ထွင် ဆောက်လုပ်ရေး စီမံကိန်းကြီးမှာ ခြစားမှုတွေနဲ့ အသုံးစရိတ် ချွေတာမှုတွေကြောင့် အခုလို ဖြစ်ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ် ပြန့်ပြန့်ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ရခိုင်ပြည်နယ် ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာ မူဝါဒ အပေါ်ထိခိုက်မှု မရှိဟု သံအမတ်ကြီးပြောကြား



ရန်ကုန်၊ သြဂုတ် - ၂၄
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကြောင့် မြန်မာနိုင်ငံအပေါ်ထားရှိသော အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှု လျှော့ချပေးရေး ဆိုင်ရာ မူဝါဒအပေါ် ထိခိုက် နစ်နာမှု မရှိကြောင်း မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ပြောကြားကြောင်း The Wall Street Journal က သြဂုတ်လ ၂၄ ရက်နေ့တွင် ရေးသား ဖော်ပြသည်။

"ဆူပူအကြမ်းဖက်မှုတွေအင်မတန်လျင်မြန်စွာ ဖြစ်ပေါ်သွားတယ်၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကူးစက် ပြန့်နှံ့ခဲ့တယ်ဆိုတဲ့ ကိစ္စတွေက ကျွန်တော်တို့ကို အံ့အား သင့်လောက်အောင် ဖြစ်စေခဲ့တယ် ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက ပိတ်ဆို့ အရေးယူမှု အပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ထိခိုက်မှု ရှိမယ်လို့ မထင်မိပါဘူး။ ကျွန်တော်တို့အတွက် မြန်မာနိုင်ငံမှာ ပိုပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေ ရှေ့မှာ ရှိနေပြီဆိုတဲ့ သဘောမျှသာဖြစ်ပါတယ်" ဟု နှစ်ပေါင်း ၂၂ နှစ်တာ ကာလအတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဖြစ်လာသူ ဒဲရစ်မစ်ချဲကဆိုသည်။

ရိုဟင်ဂျာပဋိပက္ခအများစုမှာ၎င်းတို့အား နိုင်ငံတွင်း နေထိုင်ခွင့်ပြုရန် ငြင်းဆန်ကြသူ မြန်မာနိုင်ငံသားများထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
"နိုင်ငံသားတွေအကြား သည်းညဉ်း မခံနိုင်မှုနဲ့ ခွဲခြား ဆက်ဆံမှု သဘောထားကို အနက်ရှိုင်းဆုံး အနေအထားနဲ့ တွေ့မြင်ရတာဟာ ကြမ္မာငင်မှုတစ်ခုပါ"

ဆူပူအုံကြွမှုများသည် လူ့အဖွဲ့အစည်းတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် သည်းညဉ်း မခံတတ်သော သဘောတရားများနှင့် အတူထွက်ပေါ်လာကြောင်း၊ အဆိုပါ သည်းညဉ်းမခံတတ်သည့် သဘောတရားမှာလည်း လူ့အဖွဲ့အစည်းအတွင်း ကြီးမား ထင်ရှားသော သာဓကတစ်ခု သဖွယ် ရှိနေပုံရကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များ အကြား ဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို အမေရိကန်ပြည်ထောင်စုက နားလည်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများက ရိုဟင်ဂျာ အရေးကိစ္စအပေါ် အလွန်အမင်း အသားပေး ပြောဆိုခဲ့သည်ဟူသော အချက်ကိုလည်း မိမိတို့က သိရှိ နားလည်ထားပါကြောင်း ပြောကြားသည်။

လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း အနီး ဒေသခံလူထု ၃၀၀ ကျော် လယ်ယာမြေ သိမ်းပိုက်ပွဲဆန္ဒပြ





စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည် ဖော်နေတဲ့ နေရာမှာ လယ်ယာမြေ အသိမ်းခံထားရတဲ့ ကျေးရွာပေါင်း ၂၆ ရွာက ဒေသခံလူထု ၃၀၀ ကျော် ဟာ အလံတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လယ်ယာမြေ သိမ်းပိုက်ပွဲလို့ အမည်ပေးထားတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ နေ့လည်ပိုင်းမှာ စတင်လိုက်ကြပါတယ်။
facebook