Tuesday, October 15, 2013

တရာခံဘယ်သူလဲ

(အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) တရားခံ ဘယ်သူလဲ ရန်ကုန်မြို့တော်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့က နာရီပိုင်းအတွင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုနှင့် မရှေးမနှောင်း တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ယင်းမတိုင်မီ ဖြူးမြို့တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး တွေ့ရှိခဲ့သည်။ ထိုမှတစ်ဆင့် နောက်ကြောင်းပြန် ကြည့်သော် ကုန်ခဲ့သည့် နှစ်၂၀ ကာလအတွင်း ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် မြန်မာနိုင်ငံ အနှံ့အပြား ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများ၊ မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိမှုများ မကြာခဏ ဆိုသလို ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ ဗုံးပေါက်ကွဲမှုများကို ယခင်အစိုးရ လက်ထက်များတွင် ဗကပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကျောင်းသား တပ်မတော်နှင့် ပြည်ပရောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့ကို အသေးစိတ် အထောက်အထားနှင့်တကွ တရားခံများအဖြစ် ဖော်ထုတ်ပြခဲ့သည်။ ယခုနောက်ပိုင်း ဗုံးပေါက်ကွဲမှုများကိုမူ ထိုကဲ့သို့ ဗုံးခွဲသူနောက်မှ လိုက်ကြည့်ထားသည့်အလား အသေးစိတ် ဖော်ထုတ်တင်ပြ ရှင်းလင်းသည်မျိုး လုပ်ဆောင်နိုင်သည်ကို မတွေ့ရပေ။ စင်စစ်အားဖြင့် မြန်မာနိုင်ငံသားတို့၏ ပင်ကို စရိုက်လက္ခဏာမှာ အေးချမ်းစွာ နေလိုကြပြီး တစ်ပါးသူ သို့မဟုတ် လူအများကို အကြောင်းမဲ့ ဒုက္ခရောက်စေရန် တမင်သက်သက် ဒုက္ခပေးခြင်း၊ အသက်အန္တရာယ်ပြုခြင်း စသဖြင့် ကျူးလွန် စော်ကားတတ်သည့် သဘောမရှိပေ။ သမိုင်းတွင် အာဏာအတွက် ဖခင်အရင်း ကိုသတ်၊ မင်းညီမင်းသားများကို သုတ်သင်ခဲ့သည့် နန်းတွင်း လုပ်ကြံမှု သာဓကများ ရှိခဲ့သော်ငြား အပြစ်မဲ့ ပြည်သူများ အကြားတွင်မူ ထိုမျှရက်စက်သည့် ကျူးလွန်မှုမျိုး မရှိခဲ့ပေ။ ဆိုလိုသည်မှာ နိုင်ငံရေးအာဏာ အတွက်မှတစ်ပါး အခြားကိစ္စများတွင် ထိုမျှလောက် ရက်စက်သော အပြုအမူမျိုး မရှိခဲ့ဆိုသည့် သဘောဖြစ်သည်။ သို့သော် ပြည်တွင်းစစ်ကာလ တစ်လျှောက်လုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား အပြန်အလှန် ရက်စက်မှုများ ရှိခဲ့သောကြောင့် မီးရထားလမ်းနှင့် တံတားများ မိုင်းခွဲဖျက်ဆီးခြင်း၊ တိုက်ပွဲဖြစ်ပွားရာ ဒေသတို့တွင် အပြန်အလှန် မြေမြှုပ်မိုင်း ထောင်ခြင်းတို့ ရှိခဲ့သည်မှတစ်ပါး ပြည်သူလူထုကို အဓိကဦးတည် တိုက်ခိုက်မှုမျိုး မရှိခဲ့ပေ။ ၂၀၀၀ ပြည့်လွန်နှစ်များမှစကာ အများပြည်သူကို တိုက်ရိုက်ထိခိုက်စေသော ဗုံးခွဲ တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အာဏာသုံးရပ်ကို တစ်သီးတခြားစီ ခွဲခြား ကျင့်သုံးခဲ့သည့် အချိန်မှစကာ ဗုံးပေါက်ကွဲမှုများ၊ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ တစ်လှည့်စီ ဖြစ်ပေါ်နေခြင်းမှာ များစွာ မေးခွန်းထုတ်စရာ ရှိပေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေသောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စွပ်စွဲရန် ခက်ခဲလှသည်။ သို့ဆိုလျှင် မည်သူ၊ မည်သည့် အဖွဲ့အစည်းက ကြံစည် ကျူးလွန်နေသနည်း။ မည်သည့် အတွက်ကြောင့် ပြည်သူလူထုကို ထိခိုက်စေလိုသနည်း။ ထိုသို့ ထိခိုက်ခြင်းအားဖြင့် မည်သည့် အကျိုးအမြတ် ရသွားသနည်း။ များစွာစဉ်းစားစရာ ရှိသည်မှာ လက်ရှိ မြန်မာနိုင်ငံ သွားနေသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလား၊ ဆန့်ကျင်လိုသူများသာ ဤသို့ ကျူးလွန်ဖွယ် ရှိသည်ဆိုသော အချက်ပင်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတိုင်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ် ပြောင်းလဲနေသော အခြေအနေတို့ကို ချိတ်ဆက် စဉ်းစားကြည့်လျှင် မည်သည့် အင်အားစုတို့က ကျူးလွန်နိုင်ဖွယ် ရှိကြောင်း ရိပ်စားမိနိုင်စရာ ရှိသည်။ ထို့အတူ ယခင့်ယခင် အတိတ်ကာလ စုံစမ်းထောက်လှမ်းမှုများကဲ့သို့ ဖော်ထုတ်ပါက အမှန်တကယ် ကျူးလွန်သူများထက် အစိုးရနှင့် တပ်မတော်ကို ဆန့်ကျင်သူဟု ယူဆရသည့် တစ်ဦးဦး သို့မဟုတ် အပြစ်မရှိသူ အခြားတစ်ဦးဦးကို ဇွတ်ဝန်ခံခိုင်းသည့် ပုံစံမျိုး ထွက်ပေါ်လာနိုင်သည်ကိုလည်း အထူးသတိထားရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယနေ့ ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုများ၊ ဘာသာရေး အကြမ်းဖက်မှုများသည် လက်ရှိ ပြည်သူလူထု တစ်ရပ်လုံး၊ အာဏာသုံးရပ်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တပ်မတော်တို့ အကောင်အထည် ဖော်နေသော ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေနိုင်သည့်အပြင် နိုင်ငံတကာ တွင် ကောင်းသတင်း ကျော်စောနေသော နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကို ကြီးစွာထိခိုက်နိုင်သည်ကို အထူးသတိချပ်ရမည် ဖြစ်ပေသည်။
 အယ်ဒီတာ (၁၄-၁၀-၂၀၁၃)

ရန်ကုန်တွင် ဗုံးပေါက်ခွဲသူဟု သံသယရှိသူအား ဘီးလင်းတွင်ဖမ်းဆီးရမိ

နေပြည်တော် ၁၅.၁၀.၂၀၁၃

• (၁၄.၁၀.၂၀၁၃)နေ့ည သန်းခေါင်ယံ အချိန်တွင် ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူ စောမြင့်လွင်၊(၂၆)နှစ်၊(ဘ)ဦးကိုညွန့် ၊နိုင်ငံသား စီစစ်ရေး ကဒ်ပြား အမှတ်-၃/ဖမန(နိုင်)၀၂၂၅၇၆ သူမွဲထကျေးရွာ၊ ဖာပွန်မြို့နယ် နေသူအား (၁၅.၁၀.၂၀၁၃)နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူး ဖမ်းဆီးရေးအဖွဲ့ မှ ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါတယ်။

• အခင်းဖြစ်စဉ်မှာ ရရှိတဲ့ တရားခံရဲ့ အချက်အလက်တွေရရှိရှိခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သန်းက သထုံခရိုင် (၄) မြို့နယ်လုံးကို ပေးပို့ပြီး၊ အဓိကနေရာတွေမှာ ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။ အဓိကသွားလာမှု လမ်းကြောင်းဖြစ်တဲ့ ဘီးလင်းမြို့နယ် နဲ့ တည်းခိုနိုင်မယ့် အိမ်တွေကိုရှာဖွေတဲ့အခါမှာ တရားခံပုံပန်းသဏ္ဍာန် မသင်္ကာဖွယ်ရာလူတစ်ဦး နတ်ကြီးလမ်းပေါ်မှာ တွေ့ရှိကြောင်းသတင်းရရှိတဲ့ အတွက် ဘီးလင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်း ဒုရဲအုပ်ကျော်မြတ်သူ နဲ့ အဖွဲ့က လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်းကို သထုံခရိုင် ရဲတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

• အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု ဖြစ်စဉ်ကတည်းက စတင်ခြေရာခံ မိခဲ့ပြီး၊၄င်းစီးနင်းလာတဲ့ Taxi ပေါ် မှတ်ပုံတင် ကျန်ခဲ့ရာမှ သူ့ရဲ့ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။

• ဖမ်းဆီးရမိတဲ့ တရားခံကိုတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အထူးဖမ်းဆီးရေး ရဲမှူးသိန်းလွင် ဦး စီးတဲ့အဖွဲ့အား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် ဘီးလင်းရဲစခန်း တာဝန်ရှိသူများက ဒီနေ့ မနက်မှာဘဲ လွဲပြောင်း ပေးအပ် လိုက်ပြီလို့သိရပါတယ်။

Monday, October 14, 2013

ယောက်ကျားတွေက ဒီလိုပဲလား (လူတိုင်းဖတ်ထားသင့်သည်)

ဝုန်း...
ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။ 
နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။

အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ့  ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို့  နှစ်ယောက် ဧည့်ခန်းကိုရောက်တော့။

အဖေက ကျွန်တော့်ချစ်သူအား။ သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား။
ဘာ ဘာမှ မလုပ်ပါဘူးဦး သမီးသမီးတို့ ဘာမှ မဖြစ်ကြပါဘူး။ ကျွန်တော့်ချစ်သူက ကြောက်အား လန့် အားနဲ့ အထစ်ထစ် ငေါ့ငေါ့ ပြန်ဖြေသည်။
အဖေက ကျွန်တော့်ကိုကြည့်ပြီး။ မင်းသူ့ကို ပြန်လိုက်ပို့ ပေးလိုက်။
ကျွန်တော် ချစ်သူလက်ကို ဆွဲပြီး ဘတ်စကား မှတ်တိုင်မှ ကားပေါ် တင်ပေးလိုက်ပါတယ်။ အိမ်သို့ ပြန်ရောက်သည်နှင့် အဖေက ဒီမှာထိုင် ဒါလားကွ ယောင်္ကျား ။။
မင်းကို ငါတို့ က တစ်ယောက်ထဲ မွေးထားတာ မင်းမှာ ညီမ မရှိဘူးဆိုပြီး နှမချင်း မစာနာပဲ ဒီလို လုပ်တာလား။

မဟုတ်ပါဘူး အဖေရာ သားတို့ ခုလဲ ဘာမှ မဖြစ်ကြပါဘူး။ သူလဲ ပြောသွားတယ်လေ။
ဖြစ်ဖြစ် မဖြစ်ဖြစ် မင်း အခွင့်အရေး ယူဖို့ ကျိုးစားတယ် မဟုတ်လား မလိမ်နဲ့ ငါ့ကို မှန်မှန်ပြော။
ဟုတ်ပါတယ် အဖေ သား ၀န်ခံပါတယ်။ သား ကျိုးစားမိပါတယ် သား မှားပါတယ်။
ငါအိမ်ပြန်ရောက်တာ မြန်ပေလို့ ပေါ့ကွာ။ ဒီမှာ မောင်မောင် မင်းကို အဖေ ငယ်ငယ်လေးကတည်းက ဘုရား ရှစ်ခိုးတိုင်း ငါးပါးသီလ ခံပြီး ရှစ်ခိုးခိုင်းတာ မင်းစိတ်ထဲမှာ ကဗျာရွတ်တာ သီချင်းဆိုတာလိုမျိုး သဘောထားခဲ့တာလား။

မထားပါဘူးအဖေရာ ကံငါးပါးကို မကျူးလွန်အောင် အဓိပ်ပါယ်ပါ အဖေရှင်းပြပြီးမှ ရှစ်ခိုးခိုင်းခဲ့တာပါ။
ဒါဆို ဘာကြောင့် ခုလို လုပ်ရသလဲ ကဲပြော။ ဒါ ကာမေသု မိစ္ဆာစာရကံလေ။
ဟုတ်ပါတယ်အဖေ သားကလဲ လူငယ်ဆိုတော့ စိတ်အလိုလိုက်ပြီး ခုလို ဖြစ်ခဲ့ရတာပါ။ သားတောင်းပန်ပါတယ်အဖေ။ တကယ်ပြောတာပါ နောက်ဒီလို ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဂတိပေးပါတယ်။ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်အဖြစ် ခွင့်လွှတ်ပေးပါ။
အေးမှတ်ထား ယောင်္ကျားဆိုတာ ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး။ စိတ်ဓါတ်ကအစ တကယ်ယောင်္ကျား ပီသတဲ့စိတ်မျိုး ထားနိုင်မှ ယောင်္ကျားကွ။ ကိုယ်လက်ထပ် မယူနိုင်သေးတဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဒီလို မလုပ်နဲ့ ။ သူက ကိုယ့်ကို ချစ်လို့  အလို လိုက်မယ် ဆိုရင်တောင်မှ ကိုယ်က အခွင့်အရေး မယူသင့်ဘူး။ မှတ်ထား ကိုယ်ကလဲ ချစ်သူဘ၀မှာ ဒီလိုမျိုး အခွင့်အရေး မတောင်း အပ်ဘူး။

ဟုတ်ကဲ့ပါအဖေ သားမှတ်ထားပါ့မယ် ။ သားချစ်သူကိုလဲ တွေ့ ရင် တောင်းပန်လိုက်ပါ့မယ် အဖေ။
အေး ဒါက လုပ်သင့်တဲ့ အလုပ်ပဲ။ ယောင်္ကျားကောင်းမှန်ရင် မှားတာကိုလဲ ရဲရဲ ရင့်ရင့် ၀န်ခံရဲတဲ့ သတ္တိ ရှိရမယ်။ အေး နောက်ထပ် ဒါမျိုး အဖေ မတွေ့ ချင်ဘူး။ မင်းဂတိကိုလဲ မင်းမှတ်ထား။ သွားတော့။
ဒီလိုနဲ့  ၂ ရက်လောက် အကြာ ညနေဖက် အဖေ့ရဲ့ ညီ ဦးချစ်ခင်ရဲ့ အိမ်ကို ကျွန်တော် ရောက်သွားပါတယ်။
ဟာ လာဟေ့ ငါ့တူ မောင်မောင် ဘယ်လိုလဲ ပျောက်ချက်သား ကောင်းနေပါလား။ မင်းကိုကြည့်ရတာ မျက်နှာလဲ မကောင်းပါလား။

ဟုတ်တယ် လေးလေးချစ်ရေ အိမ်မှာ ဟိုနေ့ က ပြဿနာ အကြီးကြီး တက်လို့ ။
ကျွန်တော်က အဖေ့ညီ ဦးချစ်ခင်ကို ဦးလေးချစ်ဟု မခေါ်ပဲ လေးလေးချစ်ဟုခေါ်ပါသည် ။
ဘယ်လို ဖြစ်တာလဲ မင်းအဖေနဲ့ လား။
ဟုတ်တယ်လေးလေးချစ် အဖေနဲ့ ကျွန်တော်နဲ့ ။
ဘယ်လိုဖြစ်တာလဲကွ ပြောစမ်းပါဦး။
ကျွန်တော်က ဟိုတနေ့ က အကြောင်းကို ပြန်ပြောပြလိုက်ပါတယ် ။။
အင်းမင်းကလဲ မင်းပဲ အေးလေ မင်းက လူငယ်ပဲ။ ဒါပေမဲ့ ငါ့အကိုကြီး အကြောင်းကို ငါသိတယ်။ သူက ဒါမျိုး မရဘူးကွ။ သူနဲ့ ငါနဲ့ က ၁၀ နှစ်လောက် ကွာတော့ ငါငယ်ငယ် ကလဲ မင်းလိုပဲ သူ့ ကိုကြောက်ခဲ့ရတာကွ။ ဘုရားရှစ်ခိုးတိုင်းလဲ ငါးပါးသီလ ခံပြီး ရှစ်ခိုးရတာ အင်း ခုထိပါပဲကွာ။ အဲဒီ အကျင့်ကောင်းလေးကတော့ ခုထိကို စွဲနေတော့တာပါပဲ။ မင်းအန်တီလေးနဲ့ လေးလေးနဲ့ အိမ်ထောင် မကျခင် ချစ်သူဘ၀မှာလဲ မင်းအဖေ က လေးလေးကို မင်းကို အခုပြောသလိုပဲ ဆုံးမခဲ့တာကွ။ ငါနဲ့ မင်းအန်တီလေး ချစ်ဘူဖြစ်ပြီး ၂ နှစ်လောက်ကြာမှ သူကိုယ်တိုင်ပဲ မင်းအန်တီလေးမိဘ တွေဆီလိုက်တောင်းပြီး ပေးစားခဲ့တာကွ။
ဟုတ်လား အန်တီလေး။

ကျွန်တော်က လေးလေးချစ် ဘေးနားတွင် ထိုင်နေသော လေးလေးချစ် မိန်းမ အန်တီ မိုးမိုး ကိုလှမ်းမေးလိုက်ပါတယ်။
အမလေး မင်းအဖေကတော့ မပြောပါနဲ့ တော့ မောင်မောင် ရေ့ ။
မင်းလေးလေးနဲ့ ချစ်သူဖြစ်တာ မင်းအဖေ သိသွားတော့ အန်တီလေးကို တွေ့ ချင်တယ် ခေါ်ခဲ့လို့ ပြောတယ်။ အန်တီလေးလဲ ကြောက်ကြောက်နဲ့ လိုက်ပြီး တွေ့ ခဲ့ရတယ်။
ပြောတာများ စုံနေတာပဲ။ လက်မထပ်ခင်မှာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေဖို့ ။ တစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့ စိတ်အလို မလိုက်ကြဖို့  ၂ ယောက်စလုံးကို ပြောဆို ဆုံးမပြီး ဂတိတောင်းတယ်လေ။ နောက်တော့လဲ မင်းအဖေ ကိုယ်တိုင်ပဲ လက်ထပ်ပေးခဲ့တယ်။ မင်းအဖေက ကိုယ်ကျင့်သီလကို အရမ်း တန်ဖိုးထားတဲ့လူ။ မင်းလဲ မင်းအဖေ စကားကို နားထောင်ပါ ငါ့တူရယ်။
ဟုတ်ကဲ့ပါ အန်တီလေးရယ် ကျွန်တော်လဲ နောက်မဖြစ်အောင် သတိထားပါတော့မယ် ဂတိပေးပါတယ်။
မင်းကိုတော့ လေးလေးချစ် အပြစ် မတင်ချင်ပါဘူးကွာ ဒါပေမဲ့ နောက်ထပ် ဒီလိုမျိုး မဖြစ်စေနဲ့ ကွာ။ ဒီခောတ်မှာ မင်းတို့ အရွယ် လူငယ်လေးတွေ အတွေးအခေါ် မှားနေတာလေးတွေတော့ လေးလေးချစ် ပြောပြချင်တယ် ။ ဒါပေမဲ့ ခောတ်ရေစီးကြောင်းကို အပြစ်ပုံချမယ်ဆိုရင်တော့ ရတာပေါ့ ကွာ။

ဟိုတစ်နေ့ က မနက်ပိုင်းလေးလေး ထိုင်နေကြ လ္ကက်ရည်ဆိုင်မှာ ထိုင်နေတုံး လေးနားဝိုင်းမှာ ငါ့တူအရွယ် လူငယ် ၃ ယောက် စကားပြော နေတာများကွာ လေးလေး ကြားရတာနဲ့ တင် ဒေါသဖြစ်မိတယ်။ မိန်းကလေးတွေကို ဟင်းရွက်ကစွန်းများ အောက်မေ့နေသလား မသိပါဘူးကွာ။ ဘယ်မိန်းကလေးနဲ့ ဘယ်လို စွံနေတာ သူ့ ကိုဘယ်လို အခွင့်အရေးပေးတာ သူပြောသမျှ အားလုံး လိုက်လျောတာ သူ့ ကို ဘယ်လောက်ချစ်တာ စုံနေတာပါပဲကွာ။ တစ်ယောက်နဲ့ တစ်ယောက် ကောင်မလေးတွေနဲ့ ပတ်သက်လို့  ဂုဏ်ဖေါ်ပြောနေကြတာ။ လေးလေးက သူတို့ စကားတွေကြားရတော့ သူတို့ အကြောင်း မသိပဲ ချစ်နေကြတဲ့ မိန်းကလေးတွေကို သနားမိသလို ကိုယ်ကျငိ့တရား ကောင်းအောင် မဆုံးမခဲ့ကြတဲ့ သူတို့ မိ ဘတွေကိုပဲ အပြစ်တင်ချင်နေမိတော့တယ်။ ဒီလိုသာဆိုရင် ငါတို့ တိုင်းပြည်မှာ ကိုယ်ကျင့် သီလကို တန်ဖိုးထားတဲ့ ယောင်္ကျားကောင်းတွေ တဖြည်းဖြည်း ရှားပါးလာပြီး နောက်ဆုံး ယောင်္ကျား ခန္မာကိုယ် ရှိတဲ့ ယောင်္ကျားယုတ်တွေပဲ များလာတော့မယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ယောင်္ကျားတွေတောင် ပျောက်ကုတ်မှာစိုးရိမ်ရတယ် ။ ပတ်ဝန်းကျင်မှာလဲ မြင်နေရတာပဲ။ စိတ်ကို မနိုင်ကြလို့ ငယ်ငယ် ရွယ်ရွယ်နဲ့  မဖြစ်သင့် တာတွေဖြစ်ပြီး လက်ထပ်ကြ မကြာပါဘူး ပြန်ကွဲသွားကြ နဲ့  မင်းလဲ မြင်နေရတာပဲ။ ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကွဲလေးတွေဖြစ် သွားကြတော့ မပျက်စီးသင့်တဲ့ မိန်းကလေးတွေ အများကြီး ပျက်စီးသွားရတာပေါ့ကွာ ။

ဒီလို ကိစ္စတွေဟာ ဘယ်သူ့ ကိုမှလဲ အပြစ်ပြောလို့ မရပြန်ဘူးကွ။ ခုခောတ် သူတို့ လေးတွေ ပတ်ဝန်းကျင် မှာလဲ နိုင်ငံခြား ရုပ်ရှင်တွေ ဗွီဒီယိုတွေ သတင်းတွေ စာပေတွေကလဲ အတုယူမှားလောက်အောင် တနည်းတဖုံအားဖြင့် ဆွဲဆောင် သလို ဖြစ်နေကြတာလဲ ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ အဓိကအနေနဲ့  မိန်းကလေးတွေ ကလည်း စိတ်အလို မလိုက်ပဲ စည်းတဲ့ ကမ်းနဲ့ နေထိုင်ပြီး ကိုယ့်ချစ်သူကို လေ့လာရမယ် အကဲခတ်ရမယ် အလိုမလိုက်သင့်တာကို အလို မလိုက်ရဘူး။ ယောင်္ကျားလေးတွေကလည်း ငါဟာ ယောင်္ကျားဆိုတဲ့စိတ်ကို မွေးပြီး သူ့ နှမ ကိုယ့်နှမ စာနာတဲ့စိတ်နဲ့  ကိုယ့်ချစ်သူကို မြင့်မြတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် သဘောထားနိုင်ရမယ် အချောင်ရတာပဲ ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါဈေးဆိုတဲ့ ယောင်္ကျားယုတ်တွေရဲ့ စိတ်မျိုး မထားအပ်ဘူး။ ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုရင် နောက်ဆုံး ဖြစ်ချင်တာ ဖြစ်လိုက်လို့ တကယ် နစ်နာသွားတာက မိန်းကလေးတွေ ဖြစ်နေလို့ ပဲ။ ဒါကြောင့် မိန်းကလေးတွေထက် ယောင်္ကျားလေးတွေကပိုပြီး အရေးကြီးတယ်လို့ ပြောချင်တာ။ နောက်ဆုံး ပြောချင်တာကတော့ မိဘတွေပဲ ငယ်ငယ် ကတည်းက ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး သားသမီးလေးတွေကို သွန်သင်ပြသ ဆုံးမ ပေးခဲ့ကြရမယ်။ ဒါမှ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ သားသမီးလေးတွေ ဖြစ်လာကြမှာ။ အခုလို ဖြစ်ချင်တာ ဖြစ်ကုန်ကြတာကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ်မျိုး မရှိကြလို့ ပဲ။ အဲဒီလိုစိတ်မျိုးရှိလာအောင်လည်း သွန်သင် ဆုံးမမခံခဲ့ကြရလို့ ပဲ။
ဒါကြာင့် ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုသလို အနာဂတ် တို့ တိုင်းပြည်ကို လွှဲပြောင်းယူမဲ့ ယနေ့ လူငယ်လေးတွေဟာ ကိုယ်ကျင့်သီလကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ လူငယ်လူရွယ်လေးတွေ များများ ပေါ်ပေါက်လာပါစေလို့ ပဲ လေးလေး ဆုတောင်းနေမိပါတော့တယ်ငါ့တူရယ် ။။။။။။။။။
ကိုမောင်မောင်(ရွှေမြို့ တော်)
By ရိုးရာလေး

Thursday, September 19, 2013

နာမည်ကြီးပုဂ္ဂိုလ်များ၏ ဟိုတယ်အခန်းအတွင်း တည်းခိုနေထိုင်ခဲ့သည့် ဆီဒိုးနား လျှို့ဝှက် ကင်မရာ ရိုက်ကူးထားသည် ဗီဒီယိုဖိုင်များ ပြန့်နှံ့နေ

ရန်ကုန်


ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့် ဟိုတယ်တစ်ခု ဖြစ်သော ဆီဒိုးနား ဟိုတယ်တွင် လျှို့ဝှက်ကင်မရာ တပ်ဆင်၍ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု အွန်လိုင်းတွင် ပြန့်နှံ့လျက် ရှိကြောင်း သိရှိရသည်။


ယင်းဗီဒီယိုမှတ်တမ်းတွင် အနုပညာရှင် နာမည်ကြီးအသိုင်းအ၀ိုင်းမှ ၂ ယောက်၊ အစိုးရအကြီးအကဲပိုင်းမှ ၃ ယောက်၊ ချမ်းသာသည့် ခရိုနီအသိုင်းအ၀ိုင်းမှ ၅ ယောက်တို့ ပါရှိသည့်အတွက် အထူးပင် လူပြောများ နေကြောင်း သိရသည်။



ဗီဒီယိုမှတ်တမ်းမှာ အရည်အသွေးကောင်းမွန်လှသော High Definition ဗီဒီယိုဖြစ်ကာ အသံဖမ်းစနစ်လည်း အထူးကောင်းမွန်ကြောင်း သိရှိရသည်။ 



အဆိုပါ မှတ်တမ်းမှာ ၂၀၁၃ ခုနှစ်အတွင်းက ဆီဒိုးနားဟိုတယ်တွင် လာရောက် တည်းခိုကြသူများအား ရိုက်ကူးထားခြင်း ဖြစ်ပြီး နာမည်ကြီးပုဂ္ဂိုလ်များ ပါဝင်နေခြင်းကြောင့် လူထုစိတ်ဝင်စားမှု မြင့်တက်လျက် ရှိကြောင်း သိရှိရသည်။ 





အလားတူ ရန်ကုန်ဆီဒိုးနားအပါအဝင် နေပြည်တော်၊ ရန်ကုန်၊ ချောင်းသာနှင့် မန္တလေးဒေသများရှိ ဟိုတယ်ပေါင်း ၆ ခုတို့တွင် ၂၀၁၃ ခုနှစ်အတွင်း တည်းခိုခဲ့ကြသူများ၏ မှတ်တမ်းဗီဒီယိုများလည်း ထွက်ပေါ်နေကြောင်း သိရှိရသည်။ နေပြည်တော်မှ ဟိုတယ်မှာ ရွှေနန်းတော် ဟိုတယ် ဖြစ်ပြီး ယင်းဟိုတယ်အခန်းများအတွင်းမှ ဗီဒီယိုမှတ်တမ်းများလည်း လိုချင်သူများ ရှိပါက မျှဝေပေးလျက် ရှိကြောင်း သိရှိရသည်။ 




HD Version ဗီဒီယိုမှတ်တမ်းများတွင် ပါဝင်သည့် ဇာတ်ဝင်ခန်းများကို အောက်ပါအတိုင်း သိရှိရသည်။




(Hotel အခန်းတစ်ခုမှာ ပြောသံတစ်ခု)


................................................


မောင်ရယ် ကျမဖင်ပြောင်ပြီး အိပ်တာ hidden Cam ထဲမှာ ပါသွားမှာစိုးလို့  စောင်ခြုံပြီး အိပ်ပါရစေနော် တဲ့ ......။




(Hotel အခန်းတစ်ခုထဲက ပုံရိပ်များ)


............................................


(အချိန်က လေးနာရီ... အခန်းတံခါးတစ်ခုကို ကောင်မလေးက သူ့ ချစ်သူမျက်နာကို ကြည့်လိုက်ပီး ညင်သာစွာ ပိတ်လိုက်တယ်.. ပြုံးပြတယ်.. ခဏလေးနော် ရေချိုးခန်းကို သွားလိုက်မယ်...တဲ့


ကောင်လေးမှာတော့ သူဖောင်းပီအိပ်ကို နိုက်လိုက်ပြီး... ပိုက်ဆံအိပ်ကိုဆွဲထုပ်လိုက်တယ်... သူ့ မျက်နာ အပြုံးများစွာနဲ့ ........CENSOR CENSOR CENSOR CENSOR အို CENSOR CENSOR CENSOR)




အထက်ပါ ဗီဒီယိုမှတ်တမ်းတွင် ပါဝင်သော လူပုဂ္ဂိုလ်များကို နမူနာအဖြစ် မြည်းစမ်းကြည့်ရှုလိုပါက ဂူးဂဲလ်မှတစ်ဆင့် လက်ဝယ်ပိုင်ထားသူအား မေတ္တာရပ်ခံကာhttps://docs.google.com/file/d/0B5IWeiuuAQIkYjBIdGdsTU5vV28 တွင် ဒေါင်းလုပ်လုပ်နိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ နမူနာဗီဒီယို မှတ်တမ်းမှာ (၁၀)နာရီစာ ဖြတ်တောက်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။ 




ဆီဒိုးနားဟိုတယ် မန်နေဂျာနှင့် တာဝန်ရှိသူများအနေဖြင့် အဆိုပါ လျှို့ဝှက် ကင်မရာရိုက်ကူးမှုမှတ်တမ်းများကို ယင်းတို့ဟိုတယ် ၀က်ဆိုက်မှတစ်ဆင့် ခိုးဝင်၍ ရယူသွားသည် ဟု ယူဆလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဆီဒိုးနား ဝက်ဆိုက် http://www.sedonasmyanmar.com/ ကို ဖြုတ်ချထားကြောင်း သိရှိရသည်။ ဟိုတယ် လုံခြုံရေးဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများကိုလည်း ပြန်လည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။




ဖြစ်စဉ်အမှန်မှာ အဆိုပါဟိုတယ်များတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ခဲ့သူမှာ ဟိုတယ်များရှိ ဝန်ထမ်းများအတွင်းမှ မဟုတ်ဘဲ ပြင်ပမှ ဝင်ရောက်ကာ တပ်ဆင်သွားခြင်း ဖြစ်သည်။ ၄င်းပုဂ္ဂိုလ်မှာ မြန်မာနိုင်ငံတွင် လုံခြုံရေးကင်မရာများ ဖြန့်ဖြူးရောင်းချနေသူ တစ်ဦး ဖြစ်ပြီး ဟိုတယ်များတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ကာ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗီဒီယိုမှတ်တမ်းများကို ၄င်း၏ကွန်ပျူတာတွင် ထည့်သွင်းသိမ်းဆည်းထားခဲ့ပြီး အဆိုပါ ဗီဒီယိုဖိုင်များကို Delete လုပ်ထားခဲ့သော်လည်း ဖိုင်များ ပြန်လည်ရှာဖွေသည့် Software များဖြင့် ဖော်ထုတ် စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ၄င်းပုဂ္ဂိုလ်မှာ ရန်ကုန်မြို့ အခြေစိုက်နေထိုင်သူ မဟုတ်ကြောင်းလည်း သိရှိရသည်။ 




နာမည်ကြီးဟိုတယ်အခန်းများအတွင်း မှတ်တမ်းဗီဒီယိုများကို ဂူးဂဲလ်တွင် ဒေါင်းလုပ်လုပ်၍ ကြည့်ရှုသူများပြားနေသောကြောင့် လက်ရှိ အချိန်တွင် စိတ်ရှည်သည်းခံစောင့်ဆိုင်း၍ ကြည့်ရှုရမည် ဖြစ်ကြောင်း၊ အကယ်၍ ဂူးဂဲလ်မှ အောက်ပါအတိုင်း Message ပေါ်လာခဲ့ပါက ယနေ့အတွက်တော့ စိတ်လျှော့၍ နောက်တစ်နေ့ ပြန်လည်ကြိုးစားကြည့်ရန် လိုအပ်မည် ဖြစ်သည်။




Sorry, you can't view or download this file at this time. Too many users have viewed or downloaded this file recently. Please try accessing the file again later. If the file you are trying to access is particularly large or is shared with many people, it may take up to 24 hours to be able to view or download the file. If you still can't access a file after 24 hours, contact your domain administrator.




၂၀၁၃ ခုနှစ်အတွင်း ဆီဒိုးနားသို့ သွားရောက်ခဲ့ဘူးသော အမျိုးသား၊ အမျိုးသမီးများအနေဖြင့် အပြင်းအထန် လိုက်လံစုံစမ်းလျက်ရှိပြီး အချို့ဆိုလျှင် သွားရောက်ခဲ့သော စုံတွဲများ ဝါကျွတ်လျှင် မဖြစ်မနေ လက်ထပ်ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း သိရှိရသည်။ ၂၀၁၃ ခုနှစ်အတွင်း ယင်းဟိုတယ်များသို့ သွားရောက်ခဲ့ဘူးသော အချို့သော နာမည်ကြီးအနုပညာရှင်များအနေဖြင့်လည်း ယင်းဗီဒီယိုမှတ်တမ်း ပြင်ပ ဈေးကွက်သို့ ထွက်ပေါ်မလာစေရန် ဆုတောင်းကြရတော့မည့် အနေအထား ဖြစ်နေသည်။ သို့သော်လည်း အွန်လိုင်း အသိုင်းအဝိုင်းအတွင်းမှာမူ ၁၀ နာရီစာ ကွာလတီမြင့် ဗီဒီယို မှတ်တမ်းများ တဖြည်းဖြည်းချင်း ပြန့်နှံ့လျက် ရှိရာ မကြာခင်အချိန်တွင် တစ်နိုင်ငံလုံးသို့ ပြန့်နှံ့လာတော့မည် ဟု မျှော်လင့်ရပေသည်။




NPT Post





အပေါ်ကသတင်းကတော့ facebook ကပြန်ကူးချထားတာပါ


ဗီဒီယိုဖိုင်ကြည့်ချင်သပဆိုရင်တော့ အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်ဗျာ




ဒီထက်အဆင်ပြေတဲ့လင့်လေးရှိရင်လဲ ပေးထားခဲ့နိုင်ပါတယ်


Monday, July 8, 2013

သံတွဲမြို့ ပဋိပက္ခဖြစ်စဉ်နှင့် အလားတူဖြစ်စဉ်များ အဆုံးသပ်ရေးပူးပေါင်းဆောင်ရွက်သင့်

သံတွဲမြို့ကိုရှေ့အခါက ဒွါရာဝတီမြို့ဟုခေါ်ပြီး ဦးစွာတည်ထောင်ခဲ့သော မင်းမှာ ၀ဏ္ဏပဏ္ဍ၀မင်းဖြစ်ပါသည်။ ၎င်းမင်း၏မင်းဆက်များစွာ အုပ်စိုးခဲ့ပြီးနောက် ကာလကြာမြင့်စွာမင်းဆက်ပျက်ခဲ့ပါသည်။  ထိုအချိန်တွင် ကောရမ္မတိုင်းပြည်ပျက်စီးသွားသဖြင့် ကောရမ္မမင်းသည် တိုင်းပြည်သစ် ရှာဖွေရာ ဒွါရာဝတီမြို့ဟောင်းအား တွေ့ရှိပြီးမြို့အမည်ကို ဒွါရာဝတီဟုပင် သမုတ်၍ ပထမမင်းစော အမည်ဖြင့် တည်ထောင်အုပ်စိုးခဲ့ ပါသည်။ အဌမမြောက်မင်းစောလက်ထက်တွင် ဘီလူးမအား မိဖုရားမြှောက်မိ၍ သားတော် (၃)ပါနှင့် သမီးတော်(၁)ပါဖွားမြင်ရာ သားတော်ကြီး (၁)ပါးသာ လူအသွင်ရှိ၍ န၀မမြောက်မင်းစောအမည်ဖြင့် ဒွါရာဝတီကိုအုပ်စိုးခဲ့ပါသည်။ ယင်းမင်းစောလက်ထက်တွင်မြို့ကို ရန်သူများသိမ်းပိုက်ရန် ရောက်လာတိုင်း မိခင်မြို့စောင့်ဘီလူးမက ကျောက်မြင်းရုပ်ကိုဟီစေကာမြို့အား မိုးပေါ်သို့ပျံတက်စေသဖြင့် ရန်သူဘေးမှ ကင်းဝေးစေခဲ့သောကြောင့် အာကာပျံဝဲမြို့သံတွဲဟုခေါ်တွင် ခဲ့ပါသည်။ 

နောက်မဇ္ဈိမတိုင်းမှ ကံသအနွယ်ဝင်ဝါသုဒေ၀၊ ဗလဒေ၀ စသောညီနောင်တစ်ကျိတ်တို့သည် ဒွါရာဝတီမြို့ကို သိမ်းယူ၍မရသဖြင့် ဂဏှဒီပရသေ့ထံ အကြံဥာဏ်တောင်းခံပြီး မြို့၏အရပ်လေးမျက်နှာကို သံတံတင်းများစွဲ၍ သံချိတ်များဖြင့် ချိတ်ဆွဲထားရာမြို့မှာပျံတက်၍ မရပဲ မြို့ကိုသိမ်းပိုက်မိသဖြင့် နောက်ပိုင်းတွင်သံတွဲမြို့ဟု အမည်တွင်လာ ပါသည်။ယမမင်းဆက်၏နောက်တွင် သံတွဲမြို့စားများခေတ်အလိုက်အုပ်ချုပ်လာ ခဲ့ရာ တတိယဓည၀တီခေတ်တွင် သိဒ္ဓမင်းမှ မြို့စား(၅) ဦး၊ ဝေသာလီခေတ်တွင် မြို့စား (၁)ဦး၊ လေးမြို့ခေတ်တွင် စည်သဘင်အမတ် မှ (၅) ဦး၊ မြောက်ဦးခေတ်တွင် နရနုအလီခင် (၁)ဦး၊ သုံးရွာစားမင်းမှ (၁၇)ဦးနှင့် ကုန်းဘောင်ခေတ်တွင် ဆီးဒါးဗိုလ် (၆)ဦးအုပ်ချုပ်ပြီး ၁၈၂၅ ခုနှစ်တွင် ကိုလိုနီအုပ်ချုပ်သူ (၅၅) ဦးရှိခဲ့ပါသည်။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီး ၁၉၆၂ ခုနှစ်ထိ ပါလီမန်ဒီမိုကရေစီခေတ်၊ ၁၉၆၂ခုနှစ်မှ ၁၉၇၄ ခုနှစ်ထိ တော်လှန်ရေးကောင်စီခေတ်၊ အဆိုပါခေတ်ကာလတွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၉.၁၁.၁၉၇၂ ရက်စွဲပါ စာအမှတ် ၊ ၁၀၃/ ၃၂/ စိတ် ၁ ဖြင့် ထုတ်ပြန်သည့် အမိန့်ကြေငြာစာဖြင့် သံတွဲမြို့ ဟုသတ်မှတ်ခဲ့သည်။ 

သံတွဲမြို့၏ ပထ၀ီဝင်အနေအထားအရအရှေ့ဘက်တွင် ရခိုင်ရိုးမ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် တောင်ဘက်တွင် ဂွမြို့နှင့် မြောက်ဘက်တွင်တောင်ကုတ်မြို့တို့ရှိသည်။ ကမ်းခြေဒေသတလျှောက် တွင်နေထိုင်ကြသော ရခိုင်လူမျိုးများသည် မိရိုးဖလာလုပ်ငန်းများ ဖြစ်ကြသည့် ပင်လယ်လုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြု ကြပါသည်။ သံတွဲမြို့သည် ပင်လယ်ဒေသနှင့်လေးမိုင်ခန့်ကွာဝေးပြီး ပတ်ပတ်လည်တွင် တောင်များကာရံထားပါသည်။ နံတော်၊ အံတော်၊ ဆံတော်ဘုရားသုံးဆူ၏အလယ်တွင်တည်ရှိသောကြောင့် အလွန်အေးချမ်းသောဒေသဖြစ်သည့်အပြင် ဘာသာပေါင်းစုံလွတ်လပ်စွာကိုးကွယ်ကြပြီး ဘာသာရေးနှင့်ပတ်သက်သောပဋိပက္ခများ တစ်ကြိမ်တခါမှ မဖြစ်ပွားခဲ့ ဘူးခြင်းမရှိခဲ့ကြောင်းသိရပါသည်။ 

ထိုသို့အေးချမ်းသောဒေသတွင်၂၉.၆.၂၀၁၃ ရက်နေ့တွင် အကျည်းတန် သောဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ ပါသည်။ ဖြစ်စဉ်မှာ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာ သို့အလည်အပတ်သွားရောက်ပြီး သံတွဲမြို့သို့ လိုင်းကား ဖြင့်ပြန်လည်ရောက်ရှိလာသော မစုစုမွန် သည်သူမဆက်လက်စီးနင်း ရမည့် တောင်ကုတ်မြို့သို့ထွက်ခွာမည့် လိုင်းကားမမှီလိုက်သဖြင့် ယင်းငှား ရမ်းစီးနင်းလာသည့် ဆိုင်ကယ်ကယ်ရီ သမားမှယင်းအဒေါ်အိမ်တွင် လိုက်လံတည်းခိုရန် ဖြားယောင်းခေါ်ဆောင် သွားခဲ့သည်။ ယင်း၏အဒေါ် အိမ်အရောက်တွင် ဖုန်းဆက်ရန်အပြင်သို့ ခဏပြန်ထွက်ခဲ့ကြောင်း၊ ၎င်းနောက် ဘုရားဖူးရန် နံတော်တောင်ဘုရားသို့တက်ခဲ့ရာ ဘုရားတက်လမ်းတစ်ဝက်အရောက်တွင် သားမယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ည ၈နာရီခန့်တွင် ယင်း၏အဒေါ်အိမ်သို့ပြန်လည် ပို့ထားခဲ့ပြီး ၃၀.၆.၂၀၁၃ရက်နေ့တွင် ပြန်လည်ရောက်ရှိလာကာ ယင်းအိမ် အနီးရှိ ဓောဓိကုန်းဆည်အနီးတစ်နေရာတွင် သားမယားအဖြစ်တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် ယင်းကယ်ရီသမားမှ တောင်ကုတ်သို့ လိုက်လံပို့ဆောင်ပေးမည်ပြောသဖြင့်လိုက်လာခဲ့ရာ မစုစုမွန်အားမြို့ပြင်ရှိ ဆီဆိုင်တစ်ဆိုင်အရောက်တွင်ချထားခဲ့ပြီးပြန်ထွက်သွားခဲ့ကြောင်း၊ မစုစုမွန် သည်လမ်းလျှောက်လာခဲ့ရာ သံတွဲမြို့အထွက် ဘာတောင်း တောင်အရောက်တွင် နိုင်သူဆိုသူနှင့် အဓမ္မပြုကျင့်သူနှစ်ဦးရောက်ရှိ လာပြီးပြန်လာခေါ်ရာ ပြန်မလိုက်ဟုပြောသဖြင့် ၎င်းတို့နှစ်ဦး ပြန်သွားခဲ့ကြောင်း၊ သားမယားအဖြစ်အဓမ္မပြုကျင့်သူမှာ သံတွဲမြို့၊ အမှတ်(၂) ရပ်ကွက်၊ သုတိလမ်းတွင်နေထိုင်သူ မင်းနိုင် (ခ) ငပြူးဆိုသူဖြစ်ကြောင်း၊ အားဓမ္မပြုကျင့်သူနှင့် အားပေးကူညီသူနှစ်ဦးအား သံတွဲမြို့ ရဲစခန်းမှ အရေးယူနိုင်ရေးအတွက်စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်းသိရပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန်လ ၃၀ရက်နေ့နှင့် ဇူလိုင်လ ၁ ရက်နေ့များတွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ပြီး နေအိမ် (၈)လုံးဆုံးရှုံးခဲ့ရ ပါသည်။ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၆၁၆၉၇၅၀ ကျပ်ဖြစ်ကြောင်းသိရပါသည်။

 ထိုသို့ အကြမ်းဖက်မှုဖြစ်စဉ်များမှာ အသိဥာဏ်ကင်းမဲ့သောလူနည်းစု ကြောင့်သာဖြစ်ပြီး ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့ရသည့်အတွက် ဈေးရောင်း ဈေးဝယ်နှင့် စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းခဲ့ရကြောင်းနှင့် စိုးရိမ်ကြောင်းကြမှုများကိုသာခံစားခဲ့ကြောင်း၊ တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းဖြင့် အလားတူဖြစ်ဖြစ်စဉ်များအဆုံးသတ်ရေးကြိုးပမ်းဆောင်ရွက်သွား သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
jaketaw85

FEC များအားဆက်လက်လဲလှယ်ပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေရေးကြေးရေးဈေးကွက်ဌာန နေပြည်တော်၏ ညွှန်ကြားချက်အရ FEC လဲလှယ်ပေးခြင်းလုပ်ငန်းကို လဲလှယ်ပေးခြင်းလုပ်ငန်းကို ၁.၄.၂၀၁၃ ရက်နေ့မှ ၃၀.၆.၂၀၁၃ ရက်နေ့ထိ ပြုလုပ်ပေးခဲ့သော်လည်း ယခုအခါ ကနဦးသတ်မှတ်ကာလအတွင်း အပ်နှံလဲလှယ်ခြင်း မဆောင်ရွက်နိုင်သူများသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် တင်ပြလာပါက အထူးကိစ္စရပ်အနေဖြင့် နိုင်ငံခြားငွေလက်မှတ်များလဲလှယ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကြောင်းကြားလာကြောင်းသိရသည်။

သို့ဖြစ်ပါ၍ FEC လဲလှယ်ပေးခြင်းလုပ်ငန်းကို ၁.၇.၂၀၁၃ ရက်နေ့မှ ၃၀.၃.၂၀၁၄ ရက်နေ့ထိဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းကို AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)၏facebook စာမျက်နှာတွင်အများသိရှိစေရန်ကြေငြာပေးထားကြောင်း သိရှိရပါသည်။
Jaketaw85