Wednesday, January 29, 2014

မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

Thursday, January 30, 2014

မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၊ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီတစ်ဦးအား အမှုဖွင့် အရေးယူထားကာ တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြ

ဒုချီးရားတန်း အနောက်ရွာတွင် နေရာကွက်ပြီး မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင်ကာ မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကာ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၁၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီလူမျိုးတစ်ဦးအား အမှုဖွင့်အရေးယူထားပြီး တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက်ညနေ ၈ နာရီ ၄၅ မိနစ်က မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာအုပ်စု၊ ဒုချီးရားတန်း အနောက်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မောင်တောမီးသတ်စခန်းမှ တာဝန်ရှိသူများ မီးသတ်ယာဉ်တစ်စီး၊ အပေါ့စား မီးသတ်စက်နှစ်လုံး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ခဲ့ကြောင်း၊ ည ၈ နာရီ မိနစ် ၅၀ တွင် နေအိမ်ပိုင်ရှင် ဦးအဘူဆွေယော (ဘ) ကာဆိမ်း အသက် ၅၀ နှစ်မှ ၎င်းနေအိမ်ဖြစ်သည့် ၂၅-၃၀-၁၂- ပေ (မြေစိုက်ဓနိမိုး၊ ၀ါးထရံကာ) အား မီးရှို့ထွက်ပြေးခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ မြေစိုက်တဲ ၁၅ လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၅ သိန်းခန့်ဖြစ်ကြောင်း၊ ည ၁၀ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ပြီး ဇန်န၀ါရီ ၂၉ ရက် ၀၀ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ သတင်းရရှိသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အသေအပျောက် မရှိကြောင်းလည်း သိရသည်။ ၎င်းနှင့်ပတ်သက်၍ မြို့နယ်မီးသတ်စခန်းတာဝန်ခံဒုမီးသတ်ဦးစီးမှူး ဦးမြတ်နိုင်က “ကျွန်တော် ဒုချီရားတန်း အနောက်ရွာမှာ မီးလောင်မှုသတင်းကို ခရိုင်အုပ်ချုပ်ရေးမှူးကပြောတော့ ၉ နာရီ ၁၈ မိနစ်မှာ စထွက်တယ်။ ရွာကိုရောက်တော့ ရွာအတွင်းပိုင်းမှာ နေရာကွဲပြီး မီးလောင်တာကို စစ်ဆေးတွေ့ရတယ်။ ကျွန်တော်တို့က နေအိမ်နှစ်လုံးကို ကူးစက်မလောင်ကျွမ်းအောင် ထိန်းထားနိုင်ခဲ့တယ်။ ကျန်ခဲ့တဲ့အိမ်မှာလည်း မီးကူးစက်လောင်အောင် ကောက်ရိုးခွေကို ခေါင်မိုးပေါ်နဲ့ သွယ်ထားတာကို တွေ့ရတယ်။ ဒါဟာတမင်ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်။ နေအိမ် ၁၆ လုံး မီးလောင်ခဲ့ပြီး ရွာသားတွေ တစ်ယောက်မှ မတွေ့ရဘူး။ အားလုံး ထွက်ပြေးနေကြတယ်” ဟု ပြောကြားသည်။

ယခု မီးလောင်ကျွမ်းသည့်ကျေးရွာမှာ မောင်တောမြို့နှင့် ခုနစ်မိုင်ဝေးကွာပြီး ဘင်္ဂါလီကျေးရွာများကို ဖြတ်သန်းကာ ကုန်းလမ်းကြမ်းသွားရောက်ရကြောင်းနှင့် အနီးတွင် ဘင်္ဂါလီကျေးရွာများသာဖြစ်ကြောင်း မြေပြင်အနေအထားအရ သိရသည်။ လက်ရှိအနေအထားတွင် မိမိအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဦးအဘူဆွေယောအား (ပ) ၁၉/၂၀၁၄/၄၃၆ ဖြင့် မောင်တောမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

“ဘယ်သူက လာရှို့တယ်ဆိုတာတော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး။ ဒါကတော့ မတော်တဆလောင်တဲ့မီးတော့ မဟုတ်ဘူး။ ဒေသခံရွာသားတွေ ထွက်ပြေးတယ်ဆိုတာကလည်း မီးရှို့လာသူတွေက ဘောင်းဘီတိုတွေနဲ့လို့ မြင်တယ်လို့ပြောတယ်။ မီးရှို့တော့ ကြောက်ပြီးထွက်ပြေးတာလို့ ပြောတယ်။ အခုရွာမှာပြန်နေဖို့ လာကြပြီဖြစ်ပါတယ်။ ဒီမီးရှို့မှုနဲ့ ဖမ်းဆီးတာတော့ တစ်ယောက်မှ မရှိသေးဘူး” ဟု လုံခြုံရေးတပ်ဖွဲ့များနှင့်ဒေသခံများကို သွားရောက်တွေ့ဆုံနေသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ပြောကြားသည်။ အဆိုပါ မီးလောင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် ဘင်္ဂါလီ အမျိုးသားများမှာ ဖမ်းဆီးမှုမရှိလျှင် ပြန်လာမည်ဖြစ်ကြောင်း ပြောဆိုကြပြီး လက်ရှိတွင် တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း အဆိုပါ ကျေးရွာသားတစ်ဦးက သက်ဆိုင်ရာမှ မေးမြန်းသည့်အခါ ပြန်လည်ဖြေကြားသည်။

“ဒီရွာမီးလောင်တာဟာ ရှို့မီးကြောင့်ဖြစ်တာပါ။ မီးလောင်တဲ့အခါမှာ နေရာသုံးခုမှာ ခွဲပြီးလောင်နေတာကို စစ်ဆေးတွေ့ရတယ်။ အခုထိတော့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးတာ မရှိသေးဘူး။ အခုက စုံစမ်းမေးမြန်း ဆောင်ရွက်နေတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးရွှေသန်းက ပြောကြားသည်။

“ဒီမီးလောင်ကျွမ်းတာက ရှို့မီးလို့ ယူဆလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောင်စာတွေကို ကြိုတင်ပြင်ဆင်ထားတာ တွေ့ရတယ်။ စုပုံထားတာတို့ ခေါင်မိုးပေါ်မှာ ကောက်ရိုးလုံးကြီးတွေကို ကြိုးနဲ့ချည်ပြီးတော့ ပြင်ဆင်ထားတာ တွေ့ရတဲ့အခါကျတော့ ရှို့မီးလို့ ပြောလို့ရပါတယ်။ ဒီရွာက နဂိုကတည်းက ဘာမှဖြစ်တဲ့ရွာ မဟုတ်ဘူး။ လူနေတယ်။ ဒါဟာ ရှို့မီးလို့ ယူဆရတာက ကြိုတင်စီစဉ်ပြီး တစ်ပြိုင်တည်း ဆောင်ရွက်တာဖြစ်တယ်။ အခုအရေးယူတာတော့ မရှိသေးဘူး။ ဒါပေမဲ့ အမှုဖွင့်ထားတယ်။ ဆက်လက်စုံစမ်း ဖော်ထုတ်ရမှာဖြစ်တယ်။ နိုင်ငံတကာအဖွဲ့တွေ လာမယ့်အချိန်မှာ ဒီလိုမျိုးဖြစ်တာဟာ နိုင်ငံတကာရဲ့အမြင်မှာ ဆန့်ကျင်ဘက်အမြင်တွေဖြစ်အောင် ကြံစည်တဲ့လုပ်ရပ်လို့ ပြောလို့ရတာပေါ့။ တည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုတာလည်း အုပ်ချုပ်ရေးယန္တရားကို အများကြီး အခက်အခဲ ဖြစ်စေတာပေါ့။ လုံခြုံရေးအဖွဲ့တွေက အချိန်နဲ့အမျှ ကျေးရွာတိုင်းကို အမြဲမပြတ် လုံခြုံအေးချမ်းအောင် ဆောင်ရွက်နေရတဲ့ ပုံမှန်ထက်ကို ဆောင်ရွက်နေရတော့ သွားလာလှုပ်ရှားမှုတွေကလည်း ကြိုတင်ကြံစည်မှုလို့ မသိတဲ့အခါကျတော့ အလေးဂရုပြု ဆောင်ရွက်နေရတာပေါ့။ သတင်းမီဒီယာတချို့မှာ ဖော်ပြနေတာက တိုင်းရင်းသားတွေ လာလုပ်တာဆိုတာကတော့ မြေပြင်အနေအထားမှာ ဘယ်ရွာတွေက လူများစုလည်းဆိုတာကို ကိုယ်တိုင်လာကြည့်လို့သာ ပြောလိုပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ပြောကြားသည်။ လက်ရှိမီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာတွင် မည်သူတစ်ယောက်မှ မကျန်တော့ဘဲ စားနပ်ရိက္ခာများပါမကျန် ယူဆောင်ကာ အနီးအနား ကျေးရွာများသို့ တိမ်းရှောင်နေဆဲဖြစ်ပြီး ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များက လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဒေသခံများနှင့်တွေ့ဆုံကာ မိမိတို့ကျေးရွာသို့ ပြန်လာကြဖို့ စည်းရုံးပြောဆိုနေကြောင်းနှင့် မီးလောင်မှုဖြစ်ပြီး တွေ့ရှိရသည့် ဘင်္ဂါလီ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေးပြီးဖြစ်သဖြင့် ၎င်းတို့ဆွေမျိုးများထံ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဒုချီးရားတန်းတွင် ဘင်္ဂါလီမွတ်စလင် အမျိုးသမီးနှင့် ကလေးငယ်များ အသတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သည်ဟု နိုင်ငံတကာ သတင်းမီဒီယာများ၌ ဖော်ပြခဲ့ပြီးနောက် ကုလသမဂ္ဂအဖွဲ့က မြန်မာအစိုးရအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ဖူးသည့် ရခိုင်ပြည်နယ် နေရာဒေသများတွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရသည့် သတင်းအချက်အလက်များ ရရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောဆိုသည်။

ကုလသမဂ္ဂက ပြောဆိုရာတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရွာတစ်ရွာတွင် ဇန်န၀ါရီ ၉ ရက်က ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီအမျိုးသားရှစ်ဦး သေဆုံးခဲ့ရသည်ဆိုသည့် သတင်းများ ရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအပြီး လေးရက်အကြာတွင် အဆိုပါရွာတွင်ပင် ရဲတပ်ဖွဲ့တပ်ကြပ်ကြီးတစ်ဦး ဘင်္ဂါလီများ၏ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရသည်ဟု သိရသည်။

ထိုအဖြစ်အပျက်ကြောင့် ရဲတပ်ဖွဲ့နှင့် ဒေသခံရခိုင်လူမျိုးများက ဘင်္ဂါလီလူမျိုး ၄၀ ခန့်အား ညနေပိုင်းတွင် သတ်ဖြတ်ခဲ့သည်ဟု ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားပြီး ကုလသမဂ္ဂအနေဖြင့် ရရှိလာသည့် သတင်းအချက်အလက်များကို မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ အေပီသတင်းဌာနနှင့် ကုလသမဂ္ဂ၏ တိုက်တွန်းချက်အပြီးတွင် မြန်မာနိုင်ငံဘက်မှ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ကုလသမဂ္ဂ၏ ကြေညာချက်သည် ၀မ်းနည်းစရာကောင်းပြီး အကြောင်းအကျိုး မခိုင်လုံသော သတင်းရင်းမြစ်များအပေါ် အခြေခံထားသည်ဟု ပြောဆိုခဲ့သည်။

“ကုလသမဂ္ဂရဲ့ အခုလိုလုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်မှာ မယုံကြည်မှုတွေ ပိုမိုဖြစ်ပွားလာနိုင်ပြီး ဒေသခံတွေအနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေပေါ်မှာ အယုံအကြည် နည်းပါးလာနိုင်ပါတယ်” ဟု ဦးရဲထွဋ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂဦးဆောင်သည့် လေ့လာရေးအဖွဲ့များအား ပြဿနာဖြစ်ပွားခဲ့ရာ မောင်တောမြို့ အဆိုပါကျေးရွာသို့ သွားရောက်လေ့လာခွင့်ပြုခဲ့ပြီး ဇန်န၀ါရီ ၂၈ ရက်တွင်လည်း အစိုးရဘက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ သတင်းအမှားများ အသုံးပြု၍ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

ဒုချီးရားတန်း အနောက်ရွာရှိ နေအိမ်အချို့၏ အမိုးပေါ်တွင်တွေ့ရသော ကောက်ရိုးများအား တွေ့ရစဉ်




Eleven Media Group

Thursday, January 23, 2014

ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းအလုပ်သမားများစိုးရိမ်ပူပန်မှု

လက်ရှိအချိန်တွင် နိုင်ငံရေးအခြေအနေများမငြိမ်မသက်ဖြစ်နေသော ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများမှာနိုင်ငံကူးလက်မှတ် ကိစ္စအတွက် ဇဝေဇ၀ါနှင့် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည်ကိုမသိရှိပဲဖြစ်နေကြသည်။

သက်တမ်းလေးနှစ်ပြည့်ပြီးသော်လည်း မည်သို့ဆက်လက်ဆောင်ရွက်ရမည်ကို မသိနားမလည်ကြခြင်း၊သက်သေခံအထောက်အထားမရှိသူတွေကို မည်သို့ဆက်လက် ဆောင်ရွက်ပေးမည်ကို မသိရှိကြခြင်း၊ အလုပ်သမားများနှင့်အတူပါလာသော သားသမီးများကို မည်သို့ဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုကြခြင်း စသည့်အကြောင်းအရာများကို မြန်မာသံရုံး (မြန်မာနိုင်ငံအစိုးရ) မှ မည်သို့မှ ထုတ်ပြန်ကြေညာထားခြင်းမရှိသောကြောင့်ပွဲစားများကသာ ၄င်းတို့ထင်သလိုပြောဆိုပြီး မြန်မာအလုပ်သမားများအပေါ် လိမ်လည်မှုများပြုလုပ် နေကြသည်ကို ကြားသိရသည်။

အလုပ်သမားများအတွက် အဆင်အပြေနိုင်ဆုံးနည်းလမ်းကို ဆောင်ရွက်ပေးနိုင်မည် ဆိုပါက အလုပ်သမားအများစုသိရှိနိုင်စေရန် ကြေညာ အသိပေးပြီး မှသာအမှန်တကယ် အလုပ်လုပ်နေသည့် အလုပ်သမားများထံမှ သဘောထား ထောက်ခံချက်များရယူကာ ဆောင်ရွက် စေလိုကြကြောင်း၊ မြန်မာအလုပ်သမားမှာ ထိုင်းနိုင်ငံရေးမတည်ငြိမ်သည့်အတွက် ကြောင့် တစ်ကြောင်း၊ မြန်မာသံရုံးမှ တိကျပြတ်သားသော ကြေညာချက်မျိုးထွက်ပေါ်လာခြင်းမရှိသေး ခြင်းကြောင့်တစ်ကြောင်း စသည့်အကြောင်းကြောင်းများကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြ ကြောင်းသိရသည်။

 မြန်မာအလုပ်သမားအများစု၏ အဓိကလိုအပ်ချက်များမှာ တရားဥပဒေနှင့်အညီ အမှုပြဿနာများ အားဆောင်ရွက်ပေးရန်၊ တိကျမှန်ကန်သော နေထိုင်ခွင့် (passport စသည်) ဆောင်ရွက်ပေးရန်၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ရရှိပိုင်ဆိုင်သောအလုပ်သမားအခွင့်အရေးများအား တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်တို့ဖြစ်ကြောင်းသိရသည်။

ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အတွင်းတစ်နေရာ

Wednesday, January 22, 2014

ရဲတပ်ကြပ်ကြီး တစ်ဦး သေနတ် (၁)လက်၊ ခဲယမ်း အချို့နှင့် အတူ ပျောက်ဆုံး

မောင်တောမြို့နယ်၊
ခရေမြိုင်ရဲကင်းမှ နယ်မြေ လုံခြုံရေး ပူးပေါင်း အဖွဲ့ လှည့်ကင်း
ဆောင်ရွက်စဉ် ဒုချီးရားတန်းရွာတွင် ဘင်္ဂလီများက အုပ်စုဖွဲ့ အကြမ်းဖက်
တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး တစ်ဦး သေနတ် (၁)လက်၊ ခဲယမ်း
အချို့နှင့် အတူ ပျောက်ဆုံး



ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခရေမြိုင် ရဲကင်းမှ ရဲတပ်ကြပ်ကြီး
အောင်ကျော်သိန်း ဦးစီး ပူးပေါင်း အဖွဲ့သည် နယ်မြေ လုံခြုံရေး လှည့်ကင်း
ဆောင်ရွက်စဉ် ဒုချီးရားတန်း (အလယ်) ရွာသို့ အရောက် ဘင်္ဂလီများအာ
အုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး
သက်ဆိုင်ရာ ဌာနများကို ဆက်သွယ် အတည်ပြုခြင်း မရှိဘဲ AP သတင်းဌာနနှင့်
ဧရာဝတီ သတင်းဌာနတို့က မောင်တောမြို့နယ်၊ ဒုချီးရားတန်းမှာ ဇန်န၀ါရီလ (၁၄)
ရက်နေ့တွင် အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွား ခဲ့သည့် အတွက် အစ္စလာမ် ဘာသာဝင်
အမျိုးသမီး များနှင့် ကလေးငယ်များ အသတ်ခံ ရကြောင်း၊ မောင်တောမြို့နယ်
ဒေသခံ တစ်ဦး၏ အဆိုအရ သေဆုံးသူ (၄၀)ခန့်ရှိကြောင်း၊ သေဆုံးသူ အချို့၏
ဒဏ်ရာများမှာ ဓါးဒဏ်ရာများသာ ဖြစ်ကြောင်း တဖက်သတ် စွပ်စွဲ ဖော်ပြခဲ့ သဖြင့်
ဇန်န၀ါရီလ (၁၇)ရက်နေ့တွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး၊
ပုဂံမြို့တွင် ကျင်းပသော အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ၀န်ကြီးများ
အစည်းအဝေးများ သတင်းထောက်များအား သတင်းမှားများသာ ဖြစ်ကြောင်း
ရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်။ ယခု ဖြစ်ရပ်သည် ပြစ်မှုထိုက်သော အကြမ်းဖက်မှုကို
ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး တရားခံများ ဖမ်းဆီး ရမိရေးနှင့် တာဝန်
ထမ်းဆောင်ရင်း ပျောက်ဆုံးနေသော တပ်ဖွဲ့ဝင် တစ်ဦးနှင့် နိုင်ငံပိုင် လက်နက်
ခဲယမ်းများ ပြန်လည် ရရှိရေး တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ
အေးချမ်းသာယာရေးတို့ မပျက်ပြား စေရေး အတွက် လုံခြုံရေး တပ်ဖွဲ့များက အရှိန်
အဟုန်မြှင့် ဆောင်ရွက် လျက်ရှိနေသကဲ့သို့ ပြည်သူ လူထု ကလည်း မိမိတို့
စွမ်းဆောင်နိုင်သမျှ ဘောင်အတွင်းမှ နေပြီး ရဲတပ်ဖွဲ့သို့ ၀ိုင်းဝန်း ကူညီ
ဆောင်ရွက် ကြပါရန်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မေတ္တာ ရပ်ခံ ထားကြောင်းနှင့်
အချို့သော သတင်းဌာန များနှင့် သံတမန် အချို့၏ ပြောဆို ဝေဖန် နေမှု များမှာ
မဟုတ် မမှန်ကြောင်း ပြန်ထဲရေး ၀န်ကြီးဌာနမှ သိရပါသည်။




MRTV

Monday, January 20, 2014

စိတ်ပူတယ်


ဝင်ရောက်လေ့လာကြသူများ အပျင်းပြေနားထောင်ရအောင်လို့ပါ ကျေးဇူတင်ပါတယ်


ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း

ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာ တာပေါ့။

ဒီနှစ်ပိုင်းမှာ ခါးက ပိုနာ လာတယ်။ ဆေးနည်းက နက္ခတ္တ ရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။ အမှုအမှတ်မဲ့ မစမ်းကြည့် ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး -

အာလူးကြီး တစ်လုံးကို ခပ်ပါးပါး အလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာ ၀င်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။ အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာ နေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ ...

အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝ တွေက အရေပြား ကနေ ခါးနာတဲ့ နေရာကို ၀င်သွားလို့ ဒါမှမဟုတ် ခါးနာ ဆီကနေ အာလူးက စုပ်ယူ လိုက်လို့  ပျောက်သွားတယ် ထင်တယ်။

နွယ်မြက် သစ်ပင် ရိုးရာ ဆေးမြီးတို လေးတွေလည်း အထင် မသေးကြနဲ့ ဗျို့ ။

ချစ်ကြည်စွာဖြင့် -

ဧကံသ (မြ၀တီ)


မျိုးစောင့်ဥပဒေနှင့် လူ့အခွင့်အရေး


ဒီအကြောင်းကို ရေးဖို့ စိတ်ထဲမှာ ရှိနေခဲ့တာ ကြာပြီ။ ဒါပေမဲ့ မရေးဖြစ်ခဲ့ဘူး။ ရေးမယ်လုပ်လိုက်၊ မရေးတော့ဘူးဖြစ်လိုက်နဲ့ အချိန်အတော်ကြာသွားခဲ့တယ်။ အရင်တုန်းကတော့ အကြောင်းအရာ တစ်ခုခုကို ချရေးတော့မယ်ဆိုရင် ရှေ့မကြည့်၊ နောက်မကြည့်၊ ရေးပစ်လိုက်တာပဲ။ မရေးဖြစ်တဲ့ အကြောင်းတွေထဲမှာ တစ်ခုကတော့ နောင်တော်ကြီးအချို့ရဲ့ မှတ်ချက်တွေကြောင့်လည်း ပါသလို ကိုယ်ကိုယ်တိုင်ကလည်း ဂဃနဏ မသိသေးတာကြောင့်လည်း ပါပါတယ်။ နောင်တော်ကြီးတစ်ပါးက ပြောတယ်။ “မအောင်မြင်သေးခင်မှာ ရန်သူမများစေနဲ့”တဲ့။ သူဆိုရင် “သူတစ်ပါး စိတ်အနှောက် အယှက်ဖြစ်မှာ၊ အချို့သူတွေ ဝမ်းသာမှာဖြစ်ပေမဲ့ အချို့သူတွေ ငြိုငြင်မယ့်စာမျိုးကို မရေးသေးဘူး။ အောင်မြင်တဲ့တစ်ချိန်ကျမှ ပြောမယ်”လို့ တေးထားတာတဲ့။ ဘာပဲဖြစ်ဖြစ် အခုတော့ ရေးဖြစ် သွားခဲ့ပြန်ပြီ။


မျိုးစောင့်ဥပဒေဆိုပြီး ဆရာတော်ဦးဆေကိန္ဒကျောင်း၊ သံဃာ့ညီလာခံကနေ စတင်ကြားခဲ့ရတယ်။ သူငယ်ချင်းတွေနဲ့ ပြောဖြစ်ကြတော့ “ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးအတွက် လုပ်တာတော့ ဟုတ်ပါတယ်၊ လုပ်ငန်းစဉ်(procedure)ကတော့ မှားနေတယ်၊ ဘုန်းကြီးတွေဆီကနေ မထွက်ဘဲ အမျိုးသမီးအသင်းအဖွဲ့တွေကနေ ဒီကိစ္စအရင် ထွက်လာရင် သိပ်ကောင်းမှာပဲ”စသဖြင့် တစ်ဦးက ဝေဖန်တယ်။ လုပ်ငန်းစဉ်အဆင့်ဆင့် မှားခဲ့တယ်။ ထင်တဲ့အတိုင်းပဲ အသံတွေ မျိုးစုံ ထွက်လာခဲ့တယ်။ ဒေါ်ဇင်မာအောင် စတဲ့ အမျိုးသမီးတွေကရော၊ အခြားအမျိုးသမီး အဖွဲ့အစည်းတွေကပါ ဝေဖန်လာကြတယ်။ ဝေဖန်တာရိုးရိုးဆိုရင်၊ အချက်အလက်နဲ့ သေချာဝေဖန်ထောက်ပြရင် ကိစ္စမရှိဘူး၊ အခုဟာက ဘုန်းကြီးတွေ ဘာမှ နားမလည်ဘဲ လူကိစ္စတွေကို မဆီမဆိုင် လာလုပ်နေတယ်ဆိုတဲ့ သဘောမျိုးထိ ဝေဖန်ပြောဆိုလာကြတယ်။ ဒီကြားထဲ အများလေးစားရတဲ့ ဒေါ်ဇီးကွက်လိုပုဂ္ဂိုလ်မျိုးကလည်း အကျိုးအကြောင်းကို သေချာမလေ့လာဘဲ၊ ဆရာတော်များရဲ့စေတနာနဲ့ ရည်ရွယ်ချက်ကို ထည့်သွင်းမစဉ်းစားဘဲနဲ့ ပြစ်တင်ပြောဆိုလာပြန်တော့ ဇာတ်ရှိန်က ပိုမြင့်သွားခဲ့တယ်။


ဇာတ်ရှိန်မြင့်လာတဲ့အချိန်မှာ လေးစားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကပါ လူ့အခွင့်အရေးနဲ့ကိုင်ပြီး ပြောဆိုလာတယ်။ အဲဒီမှာ အသံတွေက ဆူညံလာတော့တယ်။ သံဃာတွေနဲ့အမျိုးဘာသာအရေး အလေးထားတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပြလာတဲ့အခါ မြန်မာနိုင်ငံဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုက ကြီးမားကျယ်ပြန့်လေတော့ တိုက်ပွဲက ပြင်းထန်သွားတော့တယ်။ အကြောင်းအရာနဲ့အနှစ်သာရအပေါ်ငြင်းခုံဆွေးနွေးခြင်း မဟုတ်တော့ဘဲ ပုဂ္ဂိုလ်ရေးအားပြိုင်မှု၊ အဖွဲ့အစည်းအားပြိုင်မှုအခြေအနေတွေထိ ဖြစ်လာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ဘင်္ဂါလီအရေးနဲ့အစ္စလာမ်ဘာသာနဲ့ ပတ်သက်ရင် ပြတ်သားမှု မရှိဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်လာခဲ့တယ်။


ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည် ပြောတာကနည်းနည်းရယ်၊ သူ့နောက်က သံယောင်လိုက် သူတွေက ရိုင်းရိုင်းစိုင်းစိုင်းတွေပါ ပြောလာကြတယ်။ နီးစပ်ရာလည်း ပြောဆိုဝေဖန်ကြ၊ စာနယ်ဇင်းတွေကလည်း ဝေဖန်ရေးသားကြ၊ အခမ်းအနားတွေကနေလည်း ပြောကြတဲ့အထိ ဖြစ်လာတယ်။ အခမ်းအနားတစ်ခုမှာ တော်ဝင်နှင်းဆီဦးစိုးညွန့်ကဆိုရင် “ခွေးက ခွေးအလုပ်လုပ်၊ နွားက နွားအလုပ်လုပ်၊ လူက လူအလုပ်လုပ်၊ ကိုယ့်အလုပ်ကို မလုပ်ရင် ဘာဖြစ်သွားမလဲ”စသဖြင့် ရိုင်းရိုင်းစိုင်းစိုင်းကို စော်ကားပြောဆိုရဲတဲ့အထိ ဖြစ်လာတယ်။ ဒီလောက်ထိ သံဃာတော်တွေ၊ ဆရာတော်တွေကိုတောင် ပစ်မှားတဲ့စကားတွေ ပြောတာကို အောက်က လူ့အခွင့်အရေးသမား ဆိုသူတွေက လက်ခုပ်တဖြောင်းဖြောင်းနဲ့ သဘောကို ကျလို့။ ဘုရား … ဘုရား …။ ဘုရား တမိပါရဲ့။


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း “လူ့အခွင့်အရေး”ဆိုတဲ့စကားနဲ့ “နိုင်ငံတကာ” ဆိုတဲ့ စကားလုံးနှစ်လုံးကို တွင်တွင်သုံးပြီး ခုခံကာကွယ်တယ်။ တစ်ဖက်က ဝေဖန်သူတွေကလည်း စာရွက်ထဲက လူ့အခွင့်အရေးနဲ့ ကမ္ဘာမှာကျင့်သုံးနေတဲ့ လူ့အခွင့်အရေးကို နှိုင်းယှဉ်ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဝေဖန်ပြတယ်။ “လူ့အခွင့်အရေးကြေညာစာတမ်းအတိုင်း နိုင်ငံတကာက လက်ခံကျင့်သုံးကြပါသလား၊ နိုင်ငံတကာဆိုတာ ဘယ်နိုင်ငံတွေကို ပြောတာလဲ” လို့လည်း မေးခွန်းထုတ်ကြတယ်။


ပွင့်ပွင့်လင်းလင်း ပြောရရင် စာရေးသူ မျက်စိလည်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ မညီဘူးလို့ လေးစားရတဲ့ ခေါင်းဆောင်က ပြောလိုက်တော့ စိတ်ထဲမှာ ပိုရှုပ်ထွေးသွားရတယ်။ “ဆရာတော်တွေက ဘယ်သူ့အခွင့်အရေးကို ပိတ်ပင်နေလို့လဲ၊ ဘယ်သူ့ကို အကြမ်းဖက် စော်ကားနေလို့လဲ”။ မေးခွန်းတွေက တစ်သီတစ်တန်းကြီး ထွက်လာတယ်။ ဒါနဲ့ အမေရိကန်၊ နော်ဝေ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေက အခြေခံဥပဒေတွေကို လေ့လာကြည့်မိတယ်။ မြန်မာနိုင်ငံက ဘာသာရေးဆိုင်ရာ ဥပဒေတွေကို လက်လှမ်း မီသလောက် လေ့လာကြည့်တယ်။


အဲဒီလို လေ့လာလိုက်တဲ့အခါမှာတော့ ရှုပ်ထွေးနေတာတွေ ရှင်းလင်းသွားခဲ့တယ်။ ဥပမာလေးနဲ့ ပြောချင်တယ်။ ဒေသတစ်ခုမှာ ရွာ(၄)ရွာ ရှိတယ်။ အဲဒီထဲက ရွာ(၃)ရွာကတော့ သူတို့ရပ်ရွာတည်ငြိမ်ရေး၊ တည်တံ့ရေးအတွက် စည်းမျဉ်းဥပဒေသတွေ ချမှတ်ထားကြတယ်။ ရွာ(၁)ရွာမှာတော့ အဲဒီစည်းမျဉ်းဥပဒေသမျိုး မရှိဘူး။ ဒီလိုပဲ နှစ်ပေါင်းကြာလာတဲ့အခါမှာ စည်းမျဉ်းမရှိတဲ့ရွာဟာ အသိအမြင်တွေ ပွင့်လာပြီး နစ်နာမှုတွေ များလာတာတွေ့တော့ အခြားရွာ(၃)ရွာလို စည်းမျဉ်းဥပဒေရှိချင်လာတယ်။ ဒီလိုနဲ့ အခြားရွာတွေလိုပဲ စည်းမျဉ်းရေးဆွဲဖို့ အကြံပြုလာကြတယ်။ ဒါကို အခြားရွာ(၃)ရွာက အချို့ပုဂ္ဂိုလ်တွေက “ဒီစည်းမျဉ်းမရှိသေးတဲ့ရွာသာ သူတို့လို စည်းမျဉ်းဥပဒေရှိလာရင် ……”လို့ သူတို့နစ်နာနိုင်တာကို တွေးမိပြီး စည်းမျဉ်းဥပဒေပေါ်ပေါက်မလာရေး အမျိုးမျိုးလုပ်ဆောင်ကြတယ်။ ဒီဥပမာကို ကြည့်မယ်။ စည်းမျဉ်းဥပဒေမရှိသေးတဲ့ ရွာမှာ အပြစ်ရှိပါသလား။ သူတို့ရွာတွေမှာတော့ စည်းမျဉ်းဥပဒေ ထားရှိပြီး အခြားသူတွေ လုပ်လာတော့ “မတရားဘူး၊ မမျှတဘူး”လို့ ပြောတာ လက်ခံနိုင်စရာ ဖြစ်ပါသလား။ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ စွပ်စွဲလို့ ရနိုင်ပါသလား။


မျိုးစောင့်ဥပဒေကို အကောင်အထည်ပေါ်စေချင်တဲ့ ဆရာတော်များမှာလည်း ဥပဒေမရှိလို့ ထိခိုက်နစ်နာရတဲ့ အဖြစ်အပျက်တွေ မြောက်မြားစွာ ရှိနေပါတယ်။ ဒီလို ထိခိုက်နစ်နာမှုတွေ နောင်မဖြစ်ရလေအောင်ဆိုတဲ့ စေတနာရည်ရွယ်ချက်နဲ့ ကိုယ့်ဘာသာကို ကာကွယ်တဲ့ဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တစ်ဦးဟာ အခြားဘာသာနဲ့ တရားဝင်လက်ထပ်လို့ မရနိုင်ဘူး။ မွတ်စလင်ကလည်း မွတ်စလင်ဖြစ်မှ လက်ထပ်နိုင်တယ်။ ခရစ်ယာန်ကလည်း ခရစ်ယာန်ထုံးတမ်းစဉ်လာနဲ့ပဲ လက်ထပ်နိုင်တယ်။ ဒီဘာသာကြီးသုံးခုရဲ့ ဥပဒေတွေဟာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၆)က အရွယ်ရောက်တဲ့သူတိုင်း ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ လွတ်လပ်စွာ ပေါင်းသင်းနေထိုင်ခွင့်ရှိသည် …. ဆိုတဲ့အချက်ကို ဖောက်ဖျက်လွန်ကျူးထားကြတယ်။ အဲဒီဥပဒေတွေကိုတော့ လူ့အခွင့်အရေးနဲ့မညီဘူး၊ ဘာညာ မပြောဘဲ ဆရာတော်တွေက ဗုဒ္ဓဘာသာမှာလည်း အဲဒီလို ဥပဒေရှိဖို့သင့်တယ်ဆိုတော့ ဘာသာရေးအစွန်းရောက်တွေ၊ အကြမ်းဖက်အားပေးတွေလို့ လူ့အခွင့်အရေးသမားတွေက စွပ်စွဲနေကြပါရောလား။ ဆရာတော်တွေနဲ့အမျိုးဘာသာကိုတန်ဖိုးထားတဲ့သူတွေကလည်း အခြားဘာသာတွေ အဲဒီလို ဥပဒေရှိသလို ကိုယ့်ဘာသာမှာလည်း ရှိစေချင်ရုံသက်သက်ပါ။ ဘာအကြမ်းဖက်မှု၊ ဘာလူမျိုးရေးပြဿနာတွေကိုမှ ဖန်တီးနေတာ မဟုတ်ဘူး။

ဆရာတော်တွေနဲ့အမျိုးဘာသာကို တန်ဖိုးထားတဲ့သူတွေ လုပ်နေတာ “လူ့အခွင့်အရေး”နဲ့ မညီဘူးလား။ ဒါဆိုရင် အဲဒီလို ပြဋ္ဌာန်းထားတဲ့ အခြားဘာသာတွေရဲ့ ဥပဒေတွေကရော ညီနေပါသလားလို့ မေးခွန်းထုတ်ဖို့ မသင့်ဘူးလား။ ဆရာတော်ဒေါက်တာဓမ္မပိယ မိန့်ကြားတဲ့ “အခြားဘာသာတွေရဲ့ ရှိပြီးသား ဥပဒေတွေ ပယ်ဖျက်ပေးမလား၊ ကိုယ့်ဗုဒ္ဓဘာသာအတွက် ထပ်မံပြဋ္ဌာန်းပေးမလား၊ ဒီမေးခွန်းနှစ်ခုအနက် တစ်ခုခုကို လုပ်ရမှာပဲ။ ဒါ မညီမျှဘူး၊ မမျှတဘူး ဖြစ်နေတယ်လေ။ လူ့အခွင့်အရေး ရှုထောင့်ကပဲ ကြည့်စမ်းပါ။ လူ့အခွင့်အရေးဆိုတာ တရားမျှတမှု၊ ညီမျှမှုကို အလေးထားရမယ်”ဆိုတဲ့ စကားက မှတ်သားသင့်ပါတယ်။

စာရေးသူလည်း လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်အလက်တွေကို သဘောကျပါတယ်။ ဒါပေမဲ့ ဒီလို သဘောကျစရာကောင်းတဲ့ အချက်အလက်တွေကို ဘယ်နိုင်ငံတွေက တစ်ထပ်တည်းကျအောင် အသုံးပြုပါသလဲ။ ဘယ်နိုင်ငံမှာမှ တစ်ထပ်တည်းကျအောင် အသုံးပြုလို့ မရပါဘူး။ လူ့အခွင့်အရေးကို လူကြားကောင်းအောင် အော်နေတဲ့ နိုင်ငံကြီးတွေကိုယ်တိုင် ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး၊ ပေါ်ပေါ်တင်တင်တစ်မျိုး၊ လျှို့ဝှက်နည်းနဲ့တစ်သွယ် ချိုးဖောက်နေကြတာပဲ မဟုတ်လား။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး အကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင် လူ့အခွင့်အရေးဆိုတဲ့ နှုန်းစံကို လက်ကိုင်ပြုကြသေးပါရဲ့လား။ တကယ့်တော့ ပြောမယ့်သာပြောရတာ ကိုယ့်အကျိုးစီးပွား မထိခိုက်ဘဲနဲ့ကို ချိုးဖောက်နေကြတာပါ။ လူ့အခွင့်အရေးဆိုတာကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီစံတစ်ခုတည်းနဲ့ မှတ်ကျောက်တင်ပြီး အလုပ်လုပ်လို့ မရဘူးဆိုတာနဲ့ကိစ္စရပ်တိုင်းမှာ “လူ့အခွင့်အရေး”ဆိုတာကို အော်လို့ မရဘူးဆိုတာ ပြောချင်တာ။

အခြားနိုင်ငံတွေက အခြေခံဥပဒေတွေ လေ့လာကြည့်တယ်။ နော်ဝေနိုင်ငံဆိုရင် ခရစ်ယာန်လူဦးရေ ၇၇% ရာခိုင်နှုန်း။ ဒါပေမဲ့ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းပြီးခရစ်ယာန်ဘာသာ အသားပေးတဲ့ အခြေခံဥပဒေ ရေးဆွဲထားတယ်။ အဲဒီနားက ဒိန်းမတ်စတဲ့နိုင်ငံတွေလည်းထူးမခြားနားပဲ။

မလေးရှားနိုင်ငံဆိုရင် မွတ်စလင်လူဦးရေ ၆၁% ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ မွတ်စလင် အသားပေးတဲ့ အခြေခံဥပဒေ ရေးဆွဲထားတယ်။ အစ္စလာမ်ဘာသာကို ကာကွယ်ပေးတဲ့ ပုဒ်မတွေ အများကြီး ထည့်သွင်းထားတယ်။ ဘယ်ဒေသ၊ ဘယ်ဒေသတွေမှာ အစ္စလာမ်မှလွဲပြီး အခြားဘာသာတွေ ပြန့်ပွားရေး မလုပ်ဖို့ ကန့်သတ်ချက်တွေလည်း ထည့်သွင်းထားတယ်။ အစ္စလာမ်ကို ဦးစားပေးထားတာကို နမူနာတစ်ခု ပြောရင် Article 12 မှာ “…………………… it is lawful for Federation or a State to establish or maintain or assist in establishing or maintaining Islamic Institutions or provide or assist in providing institutions in the religion of Islam and incur such expenditure as may be necessary for the purpose”လို့ ပါရှိတယ်။ နောက်ပြီး Article 11 မှာ “…………….., Federation Law may control or restrict the propagation of any religious doctrine or belief among persons professing the religion of Islam”လို့ ပြဋ္ဌာန်းထားတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့အခါမှာလည်း “ …….. we shall at all times protect the religion of Islam and ……”ဆိုတဲ့စကားကို ထည့်သွင်းသစ္စာပြုရတယ်။

နောက် အင်ဒိုနီးရှားနိုင်ငံဟာ မွတ်စလင်လူဦးရေ ၈၇%ရာခိုင်နှုန်းရှိတယ်။ အစ္စလာဟ်အသားပေးတဲ့ အခြေခံဥပဒေရေးဆွဲထားတယ်။ အခြေခံဥပဒေ Article 29 မှာ “……. The independence of Indonisia shall be formulated into a constitution of Republic of Indonisia which will be built into a soverign state based on a belief in the One and Only God”လို့ ထည့်သွင်းထားတယ်။

နောက် ဘရာဇီးနိုင်ငံမှာ ခရစ်ယာန်လူဦးရေ ၆၄%ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ ခရစ်ယာန်ဘာသာအသားပေးပြီး အခြေခံဥပဒေကို ရေးဆွဲထားတယ်။

ဒါက နမူနာပဲ ပြထားတာပါ။ ပြောချင်တာက ဘယ်နိုင်ငံမှာမဆို ကိုယ့်အမျိုးဘာသာသာသနာကို ရှေ့တန်းတင်ပြီး ဥပဒေတွေ ရေးဆွဲထားတယ်ဆိုတာ သိရလိမ့်မယ်။ လေးစားရတဲ့ မြန်မာ့ခေါင်းဆောင်တွေကတော့ တစ်ခါလာလည်း “လူနည်းစုကို လေးစားရမယ်”။ တစ်ခါလာလည်း “လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူး”။ မှန်ပါတယ်။ လေးစားရမယ်။ အနိုင်မကျင့်ရဘူး။ ဒါပေမဲ့ လူနည်းစုကလည်း လူများစုကို လေးစားဖို့ လိုပါတယ်။ လူနည်းစုရဲ့ဆန္ဒကို ဦးစားပေးပြီး လူများစုကို ဥပေက္ခာပြုတာကျတော့ကော တရားပါ့မလား။ စဉ်းစားဖို့ လိုပါတယ်။


အထက်မှာ ဆိုခဲ့တဲ့နိုင်ငံတွေ စတဲ့ ကမ္ဘာ့နိုင်ငံတွေက အခြေခံဥပဒေတွေကို ဘယ်လို ပြောကြမလဲ။ သူတို့တွေဟာ လူနည်းစုတွေရဲ့ ခံစားမှုကို မလေးစားတဲ့နိုင်ငံတွေလား။ လူနည်းစုတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုတဲ့ နိုင်ငံတွေလား။ အခုဖြစ်နေတာက ဗုဒ္ဓဘာသာကို ဦးစားပေးရင်ပဲ လူမဟုတ်တော့ သလိုလို။ လူ့အဆင့်အတန်းမရှိတော့သလိုလို။ တစ်ကိုယ်ကောင်းပဲ ဆံနေသလိုလို။ ကမ္ဘာ့ရေးရာတွေကို ဘာမှ မသိတဲ့သူတွေလိုလို။ မြန်မာနိုင်ငံဆိုတာ ဗုဒ္ဓဘာသာဝင် ၈ဝ% ရာခိုင်နှုန်းခန့်ရှိတဲ့နိုင်ငံတစ်ခုပါ။ (အထက်မှာဆိုခဲ့သလို) နော်ဝေမှာ ခရစ်ယာန်က ၇၇% ရာခိုင်နှုန်းတည်းရယ်ပါ။ မလေးရှားက မွတ်စလင် ၆၁%ရာခိုင်နှုန်းတည်းရယ်ပါ။ ဘရာဇီးက ခရစ်ယာန် ၆၄%ရာခိုင်နှုန်းတည်းရယ်ပါ။ ဘာဖြစ်လို့ သူတို့တွေ လူနည်းစုရဲ့ဆန္ဒကို လျစ်လျူရှုပြီး လူများစုကိုးကွယ်ရာလိုက်ပြီး အခြေခံဥပဒေတွေ ရေးဆွဲကြပါသလဲ။ နိုင်ငံတကာမှာ အခြေခံဥပဒေတွေ ရေးဆွဲတဲ့အခါ မိမိတို့ရဲ့အမျိုးဘာသာကို ပုံစံတစ်မျိုးမျိုးနဲ့ ကာကွယ်ထားတဲ့ အချက်တွေ အများကြီး ထည့်သွင်းလေ့ရှိကြပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်အမျိုးဘာသာကို ကာကွယ်တဲ့ဥပဒေများ ဘယ်လောက်ထိ ရှိပါသလဲ။ စဉ်းစားကြဖို့ပါ။

ဒါတွေကို ပြောပြရတဲ့အကြောင်းက အခု မိမိတို့ ဗုဒ္ဓဘာသာဝင်များရဲ့ နစ်နာမှုတွေ၊ အနာဂတ်မှာ စိုးရိမ်ဖွယ်ဖြစ်နေတဲ့အနေအထားတွေကို မြော်မြင်ပြီး လုပ်ဆောင်နေကြတဲ့ ဆရာတော်တွေကို မပြစ်မှားစေချင်လို့ပါ။ အခုဟာက ဆရာတော်တွေက ဘာပြောပြော “ဒီဘုန်းကြီးတွေ ကြံဖွတ် ဘုန်းကြီးတွေ၊ စစ်တပ်က မြှောက်ပေးတိုင်း လိုက်လုပ်နေတာ၊ နောက်ကြောင်းပြန်လှည့် လို့ကတော့ ဒီဘုန်းကြီးတွေ တရားခံပဲ”စသဖြင့် စော်ကားနေကြတာကို ရပ်စေချင်တယ်။ အခုဟာက ဗုဒ္ဓဘာသာတည်တံ့ပြန့်ပွားရေးကြွေးကြော်တာဟာ ဦးသိန်းစိန်ကို ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာလို့ ယူဆနေကြတယ်။

တစ်နေ့က အတိုက်အခံပါတီကြီးရဲ့ ဦးဆောင်သူတစ်ဦးကဆိုရင် “အဲဒီ ၉၆၉ ဘုန်းကြီးတွေပေါ့။ သူတို့ကြောင့် အဓိကရုဏ်းတွေ ဖြစ်တာ။ ဒါဟာ သူတို့နဲ့ လုံးဝဆက်စပ်နေတယ်”လို့ ဆိုတယ်။ နောက်ပြီး “ဦးဇင်းစဉ်းစားကြည့်ပေါ့။ OIC ကို ကန့်ကွက်ကြတယ်။ တပည့်တော်တို့ကတော့ ဒါ လုံးဝ မလုပ်သင့်တဲ့ကိစ္စပဲ။ သူတို့က လူသားချင်းစာနာပြီး အကူအညီပေးတဲ့ အဖွဲ့ပဲ၊ ဘုန်းကြီးတွေက နေရင်းထိုင်ရင်း မွတ်စလင်တွေအပေါ် စိုးရိမ်မှု လွန်ကဲနေတယ်”လို့ ဆိုပြန်တယ်။ အတော်ပဲ စိုးရိမ်မိပါတယ်။

ဆရာတော်တွေနဲ့ဗုဒ္ဓဘာသာကို အလေးထားတဲ့ လူတွေမှာ စိုးရိမ်ရတဲ့ အကြောင်းတရားတွေ များစွာရှိပါတယ်။ နမူနာတစ်ခု ထုတ်ပြချင်တယ်။ မောင်တောမြို့နယ်မှာ ၁၉၂၁ ခုနှစ်က ဘင်္ဂါလီ ၆ သောင်းခန့်၊ ၁၉၈၆ ခုနှစ်ရောက်တော့ ၃ သိန်းနီးပါးဖြစ်လာတယ်။ ဘူးသီးတောင်မြို့နယ်မှာ ၁၉၄၂ ခုနှစ်က ဘင်္ဂါလီ ၁ဝဝ ကျော်၊ ၂ဝဝ၉ ခုနှစ်ရောက်တော့ ၃ သိန်းနီးပါး ဖြစ်လာတယ်။ ဒါ နမူနာပဲ ရှိသေးတယ်။ ကမ္ဘာ့နမူနာတွေလည်း အများကြီး ရှိပါတယ်။ ပြည်မမှာလည်း လူဦးရေတိုးပွားနှုန်းက အဆမတန် တိုးလာနေတယ်။

ဒါတွေ ပြောလာရင် ခေါင်းဆောင်စကားနောက် သံယောင်လိုက်တဲ့ အချို့ပုဂ္ဂိုလ်တွေ ပြောလေ့ရှိတာက “ဟာ ဒါတော့ စစ်အစိုးရကြောင့် ခိုးဝင်လာကြတာ၊ စစ်အစိုးရရဲ့အပြစ်ပဲ”လို့ ပြောတတ်ကြတယ်။ ဟုတ်ပါတယ်။ စစ်အစိုးရလက်ထပ်မှာ ဝန်ထမ်းတွေ လာဘ်စားမှုကြောင့်၊ ခြံစည်းရိုးမလုံလို့ပါ။ (အခြားအကြောင်းတရားတွေလည်း အများကြီး ရှိပါတယ်)။ ဒါ လူတိုင်းသိနေတာပဲ။ ဘယ်သူမှ မငြင်းဘူး။ ဒါပေမဲ့ စစ်အစိုးရကို အပြစ်တင်နေလို့ကော ဒီပြဿနာက ပြေလည်သွားမှာလား။ ပြေလည်မသွားနိုင်ပါဘူး။ သီပေါဘုရင် အမြော်အမြင်မရှိလို့ တိုင်းပြည်သူ့ကျွန်ဘဝရောက်ရတာဆိုပြီး သီပေါဘုရင်ကို အပြစ်တင်နေရုံနဲ့ သူ့ကျွန်ဘဝက လွတ်မြောက်နိုင်ပါ့မလား။ ဒီပြဿနာဟာ ဦးသန်းရွှေကို အပြစ်တင်နေရုံနဲ့ ဘာမှ ဖြစ်မလာနိုင်ဘူးဆိုတာကို သိစေချင်တာပါ။ ဆိုတော့ ဒီပြဿနာတွေ မဖြစ်ပွားအောင် အထက်မှာဆိုခဲ့တဲ့နိုင်ငံတွေသူတို့ဘာသာကို ဥပဒေနဲ့ ကာကွယ်ကြသလို ကာကွယ်နိုင်ကြဖို့ ဆရာတော်တွေ ဆော်သြနေကြတာပါ။

လူ့အခွင့်အရေးသမားတွေ ပြောပြောနေတဲ့ လူနည်းစုတို့၊ လူများစုတို့၊ လူ့အခွင့်အရေးတို့၊ နိုင်ငံတကာတို့ ဆိုတဲ့ စကားတွေရဲ့ အနှစ်သာရနဲ့အဓိပ္ပာယ်ကို သေသေချာချာ လေ့လာဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအခြေခံဥပဒေတွေဟာ လူများစုရဲ့ဆန္ဒကို အဓိကထား ရေးဆွဲကြတာကို တွေ့ရပါလိမ့်မယ်။ ဆရာတော်တွေနဲ့အမျိုးဘာသာ သာသနာကို တန်ဖိုးထားသူတွေကလည်း ဗုဒ္ဓဘာသာလူများစုဆန္ဒအတိုင်းချည်း တဖက်သက်ရေးဆွဲပေးဖို့ တောင်းဆိုနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အမျိုးဘာသာကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတစ်ခုမျှကိုသာ တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။ ဒီတော့ အစ္စလာမ်ကို ထိရင် ဆတ်ဆတ်ထိမခံဖြစ်ဖြစ်နေတဲ့ လူ့အခွင့်အရေးသမားများ သုံးသပ်နိုင်ကြဖို့ပါ။

ပြောစရာတွေတော့ အများသား။ ပြောချင်တာတွေကလည်း အများကြီး။ စာကလည်း ရှည်သွားပြီ။ ဆောင်းပါးကို ပြန်ဖတ်ကြည့်တော့ မပြည့်စုံတဲ့၊ ဟာနေတဲ့ ကွက်လပ်လေးတွေလည်း ရှိပါတယ်။ ဟိုပါတီ၊ ဒီပါတီ စွပ်စွဲနိုင်စရာတွေလည်း တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် စာရေးသူကတော့ ဆောင်းပါးကနေ တစ်စုံတစ်ရာ စဉ်းစားစရာ၊ သုံးသပ်စရာတစ်ခုခု ရသွားတယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်။ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်။

ဒီဆောင်းပါးကို စာရေးသူ ဖတ်ခဲ့ဖူးတဲ့ အမေရိကန်သမ္မတနဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ စင်္ကာပူခေါင်းဆောင်ကြီး လီကွမ်းယုတို့ တွေ့ချိန်က ပြောကြတာလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။ ကျန်တာတွေ မမှတ်မိတော့ပေမဲ့ စိတ်ထဲမှာ စွဲနေတဲ့ စကားလေးတစ်ခွန်းရှိတယ်။ လီကွမ်းယုက “ကျုပ်က စင်္ကာပူနိုင်ငံသူ/နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အလေးထားပါတယ်။ ဒါပေမဲ့ ခင်များတို့ အမေရိကန်မှာလို သေနတ်တွေ လမ်းဘေးချရောင်းတဲ့ အထိတော့ လွတ်လပ်ခွင့် မပေးနိုင်ဘူး”တဲ့။ သူများနိုင်ငံစံတွေကိုချည်း အားမကိုးဘဲ ကိုယ့်နိုင်ငံ ကိုယ့်စံကို ရဲရဲဝံ့ဝံ့ ပြောဆိုကျင့်သုံးရဲတဲ့ခေါင်းဆောင်လို့ အသိအမှတ်ပြုမိတယ်။ လူ့အခွင့်အရေးဆိုတာကို သုံးသပ်နိုင်ဖို့ပါ။

အားလုံး ချမ်းမြေ့ကြပါစေ



အရှင်ကုသလသာမိ

www.ashinkusala.com


အရှင်ကုသလသာမိ (ပျော်ဘွယ်) Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် စီးလာသည့် ကား ပဲခူးမြို့ နယ်မှာ ယာဉ်တိုက်မှုဖြစ်ပွား

ပဲခူးမြို့နယ်၊ ဘုရားကြီးနယ်မြေ ရဲစခန်းအပိုင်၊ ရန်ကုန်-မန္တလေး(လမ်းဟောင်း) မိုင်တိုင်အမှတ် ၆၆/၁ နှင့်၂ အကြား ၀မ်းဘဲအင်းကျေးရွာ အနီးတွင် (၁၉.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။

ပဲခူးမြို့ နယ် ဗိုလ်တဲလေးကျေးရွာ ဘက်ကနေ ဦးရယ် မောင်းနှင်လာတဲ့ ယာဉ်အမှတ်- ၁ဂ/xxxx၊ဟိုင်းလတ် (SURF )၊အစိမ်း /ဖြူကျားယာဉ်သည် ၀မ်းဘဲအင်းကျေးရွာ အထွက်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မှာလည်ထွက်သွားပြီး တစ်ဘက်ယာဉ်ကြော မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် တို့ စီးလာသည့် ကားနှင့် တိုက်မိခြင်းဖြစ်သည်။

အဆိုပါ ယာဉ်မှ ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် ၊ ဒေါ်စိန် နှင့် ယာဉ်မောင်းတဦးတို့ လိုက်ပါလာသည့် ယာဉ်အမှတ် ၄င/xxx၊ လန်ခရူဇာ၊ အစိမ်းရောင်ယာဉ်အား ၀င်တိုက်မိရာ ယာဉ်(၂)စီးလုံးမှာ လွှင့်စင်တိမ်း မှောက်သွား ခဲ့ကြောင်း သိရပါသည်။

ယာဉ်တိုက်မှုကြောင့် ၁ဂ/xxx၊ ဟိုင်းလတ် SURF အစိမ်း/ဖြူနီကျား ယာဉ်ပေါ်ပါ အမျိုးသား(၅)ဦးမှာ(မစိုးရိမ်ရ)ဖြင့်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ယာဉ်အမှတ်- ၄ဂ/xxx ပေါ်ပါ ဒေါ်စိန်သည်အခင်းဖြစ် နေရာတွင်ပွဲ ချင်းပြီး သေဆုံးခဲ့ပါသည်။ 

ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်မှာ ယာပခုံး ဖူးရောင်နာကျင်၊ ခါးဆစ်ရိုးဖူးရောင်နာကျင်၊ အောက်
နှုတ်ခမ်းဒဏ်ရာရခဲ့ပြီး ယာဉ်မောင်လည်း ဒဏ်ရာများ ရခဲပါသည်း။

ယာဉ်အမှတ်-၁ဂ/xxx ဟိုင်းလတ်SURF ယာဉ်မောင်းဦးရယ် မှာလည်း ၀ဲဘက်ဂျိုစောင်းပေါက်ပြဲ၊ နား/နှာခေါင်းသွေးထွက် ဒဏ်ရာများ ရရှိသွားပြီး အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသနေရကြောင်းနှင့် ယာဉ်မောင်းဦးရယ်အား ယာဉ်(ပ) ၂/၂၀၁၄၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄က/၃၃၇ /၃၃၈အရ ဘုရားကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း စုံစမ်းသိရှိရပါသည်။
ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော် မှာအသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိကြောင်း၊ လက်နှင့်ခါးတွင်ဒါဏ်ရာရရှိသွားကြောင်းနှင့် ဆေးရုံတွင်ဆက်လက်ဆေးကုသမှုခံလျှက်ရှိကြောင်း နောက်ဆက်တွဲသတင်းများသိရှိရပါသည်။

Sunday, January 19, 2014

အယ်လ်ဂိုးကို ဘန်ကောက်မှာအလိုရှိသည်

ရေးသားသူ- ရဲမိုး

ယခုဆောင်းပါးကို သင်စတင်ဖတ်နေချိန်မှာ ဘန်ကောက်မြို့ကြီးကတော့ သူ၏အကြမ်းတမ်းဆုံးနေ့ရက်တစ်ရက်ကို စတင်ဖြတ်သန်းနေပြီဖြစ်သည်။

“ဖရဲသီးနိုင်ငံရေး”ဟု ဆိုရလောက်အောင် တချို့အသီးက အတွင်းကအ၀ါ၊ တချို့အသီးက အတွင်းကနီနေသည့် ထိုင်းနိုင်ငံရေးပဋိပက္ခက သမိုင်းမှာ (၁၈)ကြိမ် အာဏာသိမ်းခဲ့ပြီးဖြစ်သည့် ထိုင်းစစ်တပ်အား သူတို့တင့်ကားတွေကို နောက်တစ်ကြိမ်အင်ဂျင်စနှိုးထားဖို့ ဖိအားပေးနေပါပြီ။

ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကိုငြင်းဆန်သည့် အတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန်နှင့် “အ၀ါ” များက အစိုးရနုတ်ထွက်ပေးဖို့အတွက် ဘန်ကောက်မြို့ကြီးကို ဒီကနေ့ ၀ိုင်းဝန်းပိတ်ဆို့ကြမည်ဖြစ်သည်။ Bangkok Shut Down ဟု သူတို့ခေါ်ဆိုသည့် စစ်ဆင်ရေးက နိုင်ငံ၏စီးပွားရေးအရ နှလုံးသည်းပွတ်ဖြစ်သည့် ဘန်ကောက်ကိုထိန်းချုပ်လိုက်ခြင်းဖြင့် လူ့အဖွဲ့အစည်း၏ ယန္တရားတစ်ခုလုံးကို လည်မျိုညှစ်လိုက်ခြင်းပင်။

၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ်သက်ဆင်ကို စစ်တပ်ကအာဏာသိမ်းခဲ့သည့်အချိန်က စတင်သည့် သက်ဆင်လိုလားသူ အနီများနှင့် မလိုလားသူအ၀ါများ၏ နိုင်ငံရေးတိုက်ပွဲက ခုနစ်နှစ်ကျော်ကြာသည့်အချိန်မှာ အရှိန်အဟုန်ပိုအားကောင်းလာခဲ့ပါပြီ။ ထိုင်းနိုင်ငံရေးကို အဝေးက ရီမုတ်ကွန်ထရိုးနှင့် ချုပ်ကိုင်နေသည့် သက်ဆင်ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရသူ သူ့လူများကို “သက်ဆင်မိသားစုအကျိုးစီးပွား”အတွက်သာ အလုပ်လုပ်စေသည်။ ရွေးကောက်ပွဲမှာ အနိုင်မရသည့်အတွက် ဧကရာဇ်၏အရောင်“အ၀ါ”ကိုခြုံပြီး စစ်တပ်မသိကျိုးကျွံပြုမှုအောက်မှာ ဘန်ကောက်လမ်းများကို ထိန်းချုပ်တတ်သည့် ဒီမိုကရက်များကလည်း ဒီမိုကရေစီမကျသည့်နည်းလမ်းများဖြင့် အာဏာကို လွှဲပြောင်းဖို့ အားထုတ်ကြသည်။

နိုင်ငံရေးမရင့်ကျက်သည့် ပြိုင်ဘက်နှစ်ဖွဲ့အကြားမှာ ထိုင်းနိုင်ငံကတော့ နိုင်ငံရေး၊ စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာသွားခဲ့ပါပြီ။

အမေရိကန်ဒုသမ္မတဟောင်းအယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။ ဒုသမ္မတအယ်လ်ဂိုးနှင့် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ခ်ျဒဗလျူဘုရှ်တို့ယှဉ်ပြိုင်သည့် ၂၀၀၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲက သမိုင်းမှာ အကြိတ်အနယ်အဖြစ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည်။ ဒုသမ္မတအယ်လ်ဂိုးကလည်း သမ္မတကလင်တန်၏တွဲဖက်အဖြစ် ရှစ်နှစ်ကြာစွမ်းဆောင်ပြနိုင်ခဲ့သူ။ ဂျော့ခ်ျဒဗလျူဘုရှ်ကလည်း သမ္မတဟောင်းဂျော့ခ်ျဘုရှ် (အကြီး)၏ သားဖြစ်သည့်အတွက် အသိုင်းအ၀ိုင်းအင်အား တောင့်တင်းလှသူ။ နှစ်ဖက်စလုံး၏ ရွေးကောက်ပွဲမန်နေဂျာများ၊ စည်းရုံးရေးမှူးများ၊ ထောက်ခံသူများကလည်း နောက်ဆုံးအချိန်အထိ ရေကုန်ရေခန်း ပြိုင်ဆိုင်သွားခဲ့ကြသည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။

ပြည်နယ်တစ်ခုချင်းစီက မဲများရေတွက်ကြေညာသည့်အခါလည်း ရလဒ်က ဘတစ်ပြန်ကျားတစ်ပြန်။ ရုပ်မြင်သံကြားပေါ်က အမေရိကန်မြေပုံကြီးမှာ ဒီမိုကရက်အယ်လ်ဂိုးက နိုင်သည့်ပြည်နယ်များကို အပြာရောင်ဖြင့်ပြပြီး ရီပက်ဘလေကန်ဂျော့ခ်ျဒဗလျူဘုရှ်နိုင်သည့်ပြည်နယ်ကို အနီဖြင့်ပြသည်။ မြေပုံပေါ်မှာ အပြာနှင့်အနီက တစ်ကွက်ချင်း နယ်လုနေခဲ့သည့်ပြကွက်။

နောက်ဆုံးတော့ အဆုံးအဖြတ်က ဖလော်ရီဒါပြည်နယ်ကိုရောက်လာသည်။ ဖလော်ရီဒါမှာနိုင်တဲ့သူ သမ္မတဖြစ်ပြီ။ ပြဿနာက ဒီနေရာမှာစပါသည်။ ဖလော်ရီဒါမဲရုံကထွက်လာသူများကို မေးမြန်းသည့်အပေါ်မှာ အခြေခံပြီး“အယ်လ်ဂိုးနိုင်ပြီ”ဟု ရုပ်မြင်သံကြားအချို့က ကြိုတင်ခန့်မှန်းကြသည်။

နောက်ပိုင်းမှာ “ဘုရှ်”နိုင်ပြီဟု ပြောင်းလဲခန့်မှန်းလောက်အောင် နှာတစ်ဖျားအသာ ယှဉ်ပြိုင်ကြသည်။ နောက်ဆုံးမဲရေတွက်ရာမှာ ရာဂဏန်းမျှဖြင့် ဘုရှ်နိုင်သည်။ သို့သော် ဒီမိုကရက်များကို အစဉ်တစိုက်အားပေးသည့် ခရိုင်သုံးနေရာမှာ မဲရေတွက်မှုပြဿနာရှိနေသည်။ အယ်လ်ဂိုးကိုထည့်သည့် မဲခုနစ်သောင်းကျော်ကို မဲရေတွက်သည့်စက်က ပယ်မဲလုပ်ထားသည်။ အယ်လ်ဂိုးက မဲပြန်ရေတွက်ပေးဖို့တောင်းဆိုသည်။ ဖလော်ရီဒါတရားရုံးချုပ်က ပထမတော့ခွင့်ပြုလိုက်သည်။ တစ်နိုင်ငံလုံးက ရင်တမမနှင့်ကြည့်နေကြသည်။ အယ်လ်ဂိုးကို ထောက်ခံသူများကတော့ မျှော်လင့်ခြင်းများစွာဖြင့် စောင့်စားလျက်။ သို့သော် နောက်ဆုံးမှာ ပြည်ထောင်စုတရားသူကြီးချုပ်အဖွဲ့ဝင်ငါးဦးက ပြန်လည်ရေတွက်မှုကိုရပ်စဲလိုက်ပြီး “ဘ်ုရှ်”ကို အနိုင်ပေးလိုက်သည်။

တကယ်တော့ တရားသူကြီးငါးဦးက ကွန်ဆာဗေးတစ်ရီပက်ဘလေကန်သစ္စာတော်ခံများ။ တစ်နိုင်ငံလုံးမှာ မဲငါးသိန်းကျော်အသာနှင့် အနိုင်ရလျက် ရှုံးရသည့်အတွက် နိုင်ငံအ၀န်း အယ်လ်ဂိုးထောက်ခံသူများက မကျေနပ်ကြ။

သူတို့မျက်နှာပေါ်ကမျက်ရည်များက တစ်စုံတစ်ခုကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုနေခဲ့ကြသည်။ အားလုံးက အယ်လ်ဂိုးမျက်နှာကိုကြည့်ကြသည်။ မတရားသည့်ဆုံးဖြတ်ချက်ကို အယ်လ်ဂိုးဘယ်လိုတုံ့ပြန်မလဲ။ ဆူသက်နှင့် သက်ဆင်သာ အယ်လ်ဂိုး၏အကြံပေးများဆိုလျှင်တော့ နယူးယောက်ကိုသိမ်းလိုက်၊ ဝေါစထရိကိုပိတ်ဆို့ထား၊ မက်ဒီဆင်စကွဲယားကိုဝင်စီး၊ ၀ါရှင်တန်မှာ အိမ်ဖြူတော်ထဲကို “ဘုရှ်”မ၀င်နိုင်အောင်တားထားဟု အကြံပေးကြပါလိမ့်မည်။

သို့သော် အယ်လ်ဂိုးက သက်ဆင်မဟုတ်သလို၊ ဆူသက်လည်းမဟုတ်ခဲ့ပါ။ တရားသူကြီးများ၏ဆုံးဖြတ်ချက်က မမျှတသည့်တိုင် သူတို့၏လုပ်ပိုင်ခွင့်များကို လေးစားလိုက်နာရမည်ဟု သူဆုံးဖြတ်ခဲ့သည်။ တကယ်တော့ သူ့ကိုထောက်ခံသည့် နိုင်ငံလူဦးရေထက်ဝက်ကျော်ကို လမ်းများပေါ်သို့ သူခေါ်ထုတ်လာခဲ့လို့ရသည်။

သူမလုပ်ခဲ့ပါ။ သူလုပ်ခဲ့လျှင် အမေရိကန်လူ့အဖွဲ့အစည်း ထက်ခြမ်းကွဲသွားမည်ဆိုတာကို သူနားလည်ခဲ့သည်။ တရားသူကြီးများ၏အဆုံးအဖြတ်ကို လက်ခံဖို့ ပြည်သူတွေကို သူဖျောင်းဖျခဲ့သည်။ နိုင်ငံရေးပြဿနာကြားမှာ တိုင်းပြည်ညက်ညက်ကြေသွားမည့်လမ်းကို သူမရွေးခဲ့ပါ။

၂၀၀၀ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က ရုပ်သံပေါ်မှာ တည်ကြည်ရင့်ကျက်စွာ စကားပြောသွားသည့် အယ်လ်ဂိုးကိုကြည့်ပြီး ကျွန်တော်ကြက်သီးထသွားမိခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဆိုတာ ဒါပါပဲ။ ကျွန်တော်တို့ဟာ ပါတီအရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင်ပါတယ်”

နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ပင်တိုင်ဆောင်းပါးရှင် သောမတ်စ်ဖရီးမင်းက ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်က သူ့ကော်လံမှာ အခုလိုရေးခဲ့သည်။

“အကယ်၍သာ တရုတ်နှင့် ရုရှားစပိုင်များက ၀ါရှင်တန်ဆီက အဖိုးတန်ဆုံးလျှို့ဝှက်ချက်တစ်ခုကို ခိုးယူဖို့စောင့်ကြည့်နေခဲ့ကြသည်ဆိုလျှင်တော့ အကြံပေးလိုက်ပါမည်။ အယ်လ်ဂိုး၏မိန့်ခွန်းကိုသာ ခိုးယူပါတော့”

တရားသူကြီးငါးဦး၏ဆုံးဖြတ်ချက်ဖြင့် ဂျော့ခ်ျဒဗလျူဘုရှ်ရရှိသွားခဲ့သည်က သမ္မတရာထူးဖြစ်ပြီး အယ်လ်ဂိုးရရှိသွားတာကတော့ တိုင်းပြည်ခေါင်းဆောင်ဆိုသည့်ဂုဏ်ပုဒ်ဖြစ်ပါသည်။ ဒီမိုကရေစီကိုချစ်ဖို့အတွက် သဘောထားကြီးမှုက အရေးကြီးကြောင်း သူက နမူနာပြသခဲ့သည်။

ကံဆိုးစွာနှင့် ဘန်ကောက်မှာ အယ်လ်ဂိုးရှိမနေခဲ့ပါ။ ဖရဲသီးနိုင်ငံရေးဆိုသည်က အတွင်းက၀ါသည်ဖြစ်စေ၊ နီသည်ဖြစ်စေ၊ အ၀ါနှင့်အနီကို ချုပ်ကိုင်ထားသည်ကတော့ တောင့်တင်းထူထဲလှသည့် အစိမ်းရောင်ထုထည်ကြီးသာဖြစ်ပါသည်။ ဆူသက်သောင်ဆူဘန်၏စပွန်ဆာဖြင့် (၁၉)ကြိမ်မြောက် အာဏာသိမ်းမည့် အစိမ်းရောင်ထိုင်းစစ်တပ်ကတော့ တင့်ကားအင်ဂျင်စက်များကို နှိုးကောင်းနှိုးနေကြမည်ဖြစ်သည်။ အယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။
 
 
 

Tuesday, December 31, 2013

အာဆီယံနိုင်ငံများတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးမည်

အာဆီယံအသိုင်းအ၀ိုင်းတွင်  မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာလုပ်သားများ ကျွမ်းကျင်မှု စံလက်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA လုပ်ငန်းကဏ္ဍအလိုက် ကော်မတီများနှင့် လုပ်ငန်းအထောက်အကူပြုအဖွဲ့  (Technical Working Group (TWG) တို့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးပွဲမှ သိရသည်။

အာဆီယံကျွမ်းကျင်မှု အသိအမှတ်ပြုရေးပရောဂျက်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများတွင် ဂဟေ၊ ကွန်ကရစ်ဖျော်၊ လေအေးပေးစက်စက်ပြင်၊ မွေးမြူရေးခြံလုပ်သားနှင့် ဧည့်လမ်းညွှန်အလုပ်အကိုင်များအတွက် လုပ်ရည်ကိုင်ရည်များကို ပရောဂျက်အထောက်အကူပြုအဖွဲ့ အစီအစဉ်ဖြင့် ရေးဆွဲခဲ့ကြောင်းသိရသည်။

အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးမြင့်က " NSSA က ၂၀၀၇ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်မှုစံတွေ သတ်မှတ်ပြဋ္ဌာန်းခြင်းအတွက် ရည်ရွယ်ပြီးလုပ်တာပါ။ ဒါပေမဲ့ ဒီအဖွဲ့ကြီးက ၂၀၀၇ ခုနှစ်ကတည်းက လုပ်တယ်ဆိုပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေက နည်းနည်းလေးနှေးခဲ့တာပေါ့။ အဲဒီအတွက် အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးမှု ဥပဒေဆိုပြီးတော့ ယာယီဥပဒေနဲ့ ပိုအသက်ဝင်အောင် လုပ်လိုက်တာပေါ့။ အရင်တုန်းကတော့ အမိန့်ကြော်ငြာစာ အနေနဲ့ပဲရှိတယ်။ အဓိကက ဒါကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေကို အဲဒါနဲ့ပတ်သက်ပြီးတော့ သူ့ကဏ္ဍအလိုက်မှာ ကျွမ်းကျင်းမှုစံတွေကိုသိမယ်။ သိရင်ကျွမ်းကျင်မှုနဲ့ ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးနိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် လုပ်သားကျွမ်းကျင်မှုနှင့် စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့အား လုပ်ငန်းကဏ္ဍအလိုက် အစိုးရနှင့်ပုဂ္ဂလိကမှ ကိုယ်စားလှယ်များဖြင့် ကော်မတီ (၁၄) ခု ဖွဲ့စည်းထားရှိပြီး နည်းဥပဒေများ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG)  အား လုပ်ငန်းကျွမ်းကျင်ပညာရှင်များဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Eleven Medis Group

Monday, December 30, 2013

နိုင်ငံတော်သမ္မတရုံးမှ ယနေ့ရက်စွဲဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ထုတ်ပြန်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၅၁/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

၁။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်စေရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထား မှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော် ၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရေး အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)အရ ဤအမိန့်ကို ထုတ်ပြန် လိုက်သည်။

၂။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ထိုနေ့ မတိုင်မီ အပိုဒ် (၃)ပါ ပြစ်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ -

(က) ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူ အားလုံးကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်သည်။

(ခ) သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံ များအား အမှုမှ ချက်ချင်း လွှတ်ရမည်။

(ဂ) စုံစမ်း အရေးယူဆဲ ဖြစ်သော အမှုများကို ဆက်လက် အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမည်။

၃။ ဤအမိန့်အရ အောက်ပါ ပြစ်မှုများ၌သာ ပြစ်ဒဏ် ခံနေရသူများ၊ ကြားနာ စစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်း အရေးယူဆဲ ခံနေရသူများ ပါဝင်သည်-

(က) မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊

(ခ) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊

(ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊

(ဃ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊

(င) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊

(စ) အများပြည်သူ၏ အကျိုး ပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅)၊

(ဆ) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ။

၎။ ဤအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် ကျူးလွန်သော အပိုဒ် (၃)ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Thursday, November 14, 2013

နိုင်ငံရေးအကျဉ်းသား ၆၉ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု


နေပြည်တော် 2013 နိုဝင်ဘာလ 15 ရက်
နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက စိစစ်တင်ပြခဲ့တဲ့ အကျဉ်းသား ၆၉ ဦးကို နိုင်ငံတော်သမ္မတက ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြစ်ဒဏ်က လွတ်ငြိမ်း ခွင့်ပြုခဲ့ပါတယ်။

အကျဉ်းသား ၆၉ ဦးကို ပြန်လည်စေလွှတ်ခဲ့တဲ့ အကျဉ်းထောင်များကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်-
အင်းစိန်အကျဉ်းထောင်မှ ၃ ဦး
မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး
မြင်းခြံ အကျဉ်းထောင်မှ ၃ ဦး
သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး
တောင်ငူ အကျဉ်းထောင်မှ ၆ ဦး
ရွှေဘို အကျဉ်းထောင်မှ ၄ ဦး
မုံရွာ အကျဉ်းထောင်မှ ၂ ဦး
ပုသိမ် အကျဉ်းထောင်မှ ၁ ဦး
သထုံ အကျဉ်းထောင်မှ ၁ ဦး
အင်္ဂဘို ရဲဘက်စခန်းမှ ၁ ဦး
ဗန်းမော် အကျဉ်းထောင်မှ ၂ ဦး
မြစ်ကြီးနား အကျဉ်းထောင်မှ ၅ ဦး
သီပေါ အကျဉ်းထောင်မှ ၃ ဦး
ကျိုင်းတုံ အကျဉ်းထောင်မှ ၁ ဦး
ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး
သံတွဲ အကျဉ်းထောင်မှ ၄ ဦး
ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး
စစ်တွေ အကျဉ်းထောင်မှ ၉ ဦး

၂၀၁၃ ခုနှစ် ဒီဇင်ဘာလမကုန်မီ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ နိုင်ငံတော်သမ္မတပြောခွင့်ရပုဂ္ဂို ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ် ရဲ့ဖေ့ဘုတ်စာမျက်နှာ
Ye Htut  မှာဖော်ပြထားပါတယ်။

Tuesday, November 12, 2013

ဗီဇာသက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲများကြုံတွေ့

Tuesday, November 12, 2013
 
 ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသောမြန်မာရွှေ့ပြောင်း လုပ်သား များ ဗီဇာသက်တမ်းကုန်လွန်သွားပြီးနောက် အခက်အခဲ အမျိုး မျိုး ကြုံတွေ့နေရကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်က နိုဝင်ဘာ ၁၁ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်း အလုပ်သမားများမှာ အလုပ်ရှင်တို့မှ ဗီဇာသက်တမ်းကုန်ဆုံးသွားသဖြင့် အလုပ်မှရပ်နားထားပြီး ဗီဇာအသစ်ရရှိပြိးမှသာ အလုပ်ပြန်ဝင်ရန်ပြော ဆိုခြင်းကြောင့် အလုပ် လက်မဲ့များဖြစ်နေကြောင်း၊ပွဲစားများက ဗီဇာ ဆက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင်ဘတ် ၃၅၀၀မှ ဘတ် ၅၀၀၀ထိ လိမ်လည်ယူဆောင်သွားခြင်းများအပြင် ပွဲစားများက အလုပ်ရှင်များနှင့် ဆက်သွယ်၍ နိုင်ငံကူးလက်မှတ်လုပ်ရန်အတွက်တစ်ဦး လျှင် ဘတ် ၁၀၀၀၀မှ ၁၅၀၀၀ထိ ပေးဆောင် ရမည်ဖြစ်ကြောင်း ပြောဆို၍ ကြိုတင်တောင်းခံလျက် ရှိနေကြောင်း အလုပ်ရှင်အချို့ထံ သိထားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သက်တမ်းကုန်ဆုံးတဲ့လူက နေ့စဉ် ၅၀၀ လောက်တိုးနေတာ၊ အခုဆို ၂၀၀၀၀န်းကျင်လောက်ရှိနေပြီး၊Over Stay ဖြစ်နေတဲ့သူတွေက သူ့ နိုင်ငံရဲ့ လ၀က ဥပဒေနဲ့ဆို ပြည်နှင်ဒဏ်ခံရမှာပါ။ ဒါပေမယ့် အဲဒီ့ကရဲတွေက ဖမ်းတယ်။ ပြီးရင် ငွေညှစ်ပြီး ပြန်သွားတာများတယ်။ ဘာပဲ ပြောပြော မလုံခြုံဘူးပေါ့”ဟုရွှေ့ပြောင်းလုပ်သား များအခွင့်အရေးကွန်ရက် (MWRN) မှ ဒါရိုက်တာ ကိုစိန်ဌေးက ပြောကြားသည်။ ယင်းအပြင် အလုပ်သမားများမှာ အလုပ်ရှင်တို့မှ ဗီဇာသက်တမ်းကုန်ဆုံး သွားသဖြင့် အလုပ်မှရပ်နားထားပြီး ဗီဇာအသစ်ရရှိပြိးမှသာ အလုပ် ပြန်ဝင်ရန် ပြောဆိုခြင်းကြောင့် အလုပ်လက်မဲ့များဖြစ်နေကြောင်း၊ပွဲစားများက ဗီဇာ ဆက်ပေးမည်ဟုဆိုကာ တစ်ဦးလျှင်ဘတ် ၃၅၀၀မှ ဘတ် ၅၀၀၀ထိ လိမ်လည်ယူဆောင်သွားခြင်းများအပြင် ပွဲစားများက အလုပ်ရှင်များနှင့် ဆက်သွယ်၍ နိုင်ငံကူးလက်မှတ်လုပ်ရန်အတွက်တစ်ဦး လျှင် ဘတ် ၁၀၀၀၀မှ ၁၅၀၀၀ထိ ပေးဆောင် ရမည်ဖြစ်ကြောင်း ပြောဆို၍ ကြိုတင်တောင်းခံလျက် ရှိနေကြောင်း အလုပ်ရှင်အချို့ထံ သိထားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုင်းနှင့် မြန်မာအစိုးတို့မှ ၂၀၀၉ခုနှစ်၊ ဇူလိုင် ၁၅ရက်မှ စတင်၍င်ငံသား စိစစ်ခြင်းနှင့် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ရာ ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၁၁ရက်အထိ မြန်မာအလုပ်သမားဦးရေ ၁ဒသမ၇သန်းကျော် တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ၂၀၀၉ခုနှစ်က ဗီဇာရရှိသူများမှာ ၄နှစ်သက်တမ်း ကုန်ဆုံးပြီဖြစ်၍အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။ ရေးသားသူ - ဝေဖြိုး People power

Wednesday, October 16, 2013

နမ့်ခမ်းမြို့ တွင်ဗုံးများဆက်တိုက်နီးပါးပေါက်ကွဲ

Thursday, 17 October 2013

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် ယနေ့ 17.10.2013 မနက်၇ နာ၇ီ အချိန် တွင် နမ့်ခမ်း မြို့ လည်ရှိ ဘုရားကြီး ရှေ့ ၌ ဗုံး တစ်လုံး ပေါက်ကွဲ ပြီး အမှိုက်သိမ်းသာစည်ပင် ၀န်ထန်းတစ်ဦး သေဆုံးခဲ့ပါသည်။


ထိုဗုံးပေါက်ကွဲခြင်းသည် ၃လုံးမြောက် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါမြို့တွင် ၁၆.၁၀.၂၀၁၃ ရက်နေ့ ည ၁၀း ၄၅တွင်တစ်လုံး ၁၇.၁၀.၂၀၁၃ ရက်နေ့ မနက် ၇း၀၀တွင် တစ်လုံး ယင်းနေ့ ၇း၃၀တွင် တစ်လုံး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်တွင်တာဝန်ထမ်းဆောင်မည့်အမျိုးသမီး ဗိုလ်လောင်းများပထမဦးဆုံးအကြိမ်ခေါ်ယူထား

မြန်မာ့တပ်မတော်တွင်တာဝန်ထမ်းဆောင်ရန် ဘွဲ့ ရအမျိုးသမီး ဗိုလ်လောင်းများ ကို 
စစ်ရာထူးခန့်ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ပထမဦးဆုံးအကြိမ်အဖြစ်ခေါ်ယူထားကြောင်းသိရသည်။
စိတ်ပါဝင်စားသူအောက်ပါအချက်အလက်များဖြင့်ပြည့်စုံသူများလျှောက်ထားနိုင်ကြောင်းသိရှိရသည်-

၁။ လျှောက်ထားသူသည် -

(က) ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (အပျို) ဖြစ်ရမည်။

(ခ) အနည်းဆုံး အရပ်(၅)ပေ(၃)လက်မနှင့် ကိုယ်အလေးချိန်ပေါင် (၁၀၀)ထက်မနည်းရ၊ ပေါင်(၁၃၀)ထက် မကျော်ရ။

(ဂ) မျက်မှန်တပ်ဆင်ထားသူများ မဖြစ်စေရ။

(ဃ) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ ရရှိပြီးသူဖြစ်ရမည်။ ဘွဲ့ လက်မှတ်(မူရင်း)အား ပြသနိုင်ရမည်။

(င) မဟာဘွဲ့ သင်တန်းတက်ရောက်ရန် အဆင့်မီသူ ဦးစားပေးမည်။ မဟာဘွဲ့ ရသူများ၊ပါရဂူဘွဲ့ ရရှိသူများလည်း လျှောက်ထားနိုင်သည်။

(စ) အသက်သတ်မှတ်ချက်နှင့် ပတ်သက်၍ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့ တွင် အသက်(၂၅)နှစ်ထက် မကျော်လွန်စေရ၊ မဟာဘွဲ့ ရထားသူများအနေဖြင့် အသက်(၂၇)နှစ်အထိလည်းကောင်း၊ပါရဂူဘွဲ့ ရထားသူများအနေဖြင့် အသက်(၃၀)နှစ် အထိလည်းကောင်း လျှောက်ထားနိုင်သည်။

(ဆ) ဗိုလ်လောင်းသင်တန်းတက်ရောက်အောင်မြင်ပြီးပါက ဒုတိယဗိုလ်အဆင့်ဖြင့် စတင်ခန့် အပ်ခြင်းခံရမည်။ မဟာဘွဲ့ ရသူ၊ ပါရဂူဘွဲ့ ရသူများသည် ဗိုလ်အဆင့်ဖြင့် စတင်ခန့် အပ်ခြင်းခံရမည်။

(ဇ) သက်ဆိုင်ရာတက္ကသိုလ်မှ ဘွဲ့ ရအမှတ်စာရင်းပါရှိရမည်။

(ဈ) တပ်မတော်မှ လေ့ကျင့်သင်ကြားမှုစနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။

၂။ လျှောက်လွှာများကို မိမိတို့ နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူနိုင်သည်။

၃။ လျှောက်ထားသူနှင့်အတူ အကျင်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့ နယ်ရဲတပ်ဖွဲ့ စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စ်ပို့ အရွယ် ဓါတ်ပုံ(၃)ပုံနှင့် တပ်မတော်ဆေးရုံ/ပြည်သူ့ ဆေးရုံတို့ မှ ပဏာမဆေးစစ်အောင်မြင်ကြောင်း ထောက်ခံချက် ပူးတွဲတင်ပြရမည်။

၎။ လျှောက်လွှာများကို ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့ တွင် စတင်ထုတ်ပေး မည်ဖြစ် ပြီး နိုဝင်ဘာလ(၁၇)ရက်နေ့  နောက်ဆုံးထား၍ လျှောက်လွှာတောင်း ခံရရှိသော တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် စစ်ရာထူးခန့် ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) သို့ ပေးပို့ ရမည်။

၅။ သတ်မှတ်ချက်နှင့် ပြည့်စုံပြီး အရည်အချင်းမီသော လျှောက်လွှာရှင်များသာ တပ်မတော်ဗိုလ်ရွေးအဖွဲ့ တွင် ဝင်ရောက်အစစ်ဆေးခံရမည်။ အစစ်ဆေးခံရန် အကြောင်းကြား စာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှတဆင့် အချိန်မီပေးပို့ သွားမည်။

၆။ သတ်မှတ်ထားသည့်အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်းမပြုသော လျှောက်လွှာများ၊ မမှန်မကန် ဖြည့်စွက်ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မိမိတို့ လျှောက်လွှာ တင်သွင်းသည့် တိုင်းစစ်ဌာနချုပ်တွင် ရွေးချယ်ခြင်း ခံရသည်/မခံရသည်ကို သွားရောက်စုံစမ်းမေးမြန်းနိုင်သည်။


Tuesday, October 15, 2013

ဗုံးသို့မဟုတ် ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကတာဝန်ရှိသူများအား သတင်းပို့ပြီး ဆောင်ရွက်ရန်နည်းလမ်းများအား အသိပေးနှိုးဆော်ခြင်း

ရန်ကုန်၊ အောက်တိုဘာ ၁၅

(၁) ဗုံး(သို့)မသင်္ကာဖွယ်ပစ္စည်းတစ်ခုခုကို တွေ့ရှိပါက ကိုင်တွယ်ခြင်း၊
ရွှေ့ပြောင်းခြင်းမပြုလုပ်ပဲ သက်ဆိုင်ရာတာဝန်ရှိသည့်ဌာနသို့
အမြန်ဆုံးသတင်းပို့အကြောင်းကြားရန်

(၂) သက်ဆိုင်ရာတာဝန်ရှိသည့် ၀န်ထမ်းများမှ ဗုံး(သို့)မသင်္ကာဖွယ်ရာ
တစ်ခုခုတွေ့ရှိသည့် နေရာပတ်ဝန်းကျင်မှ လူများအား သတိပေး
ဖယ်ရှားရန်နှင့် အမှတ်အသား အလံစိုက်ထူထားရှိရန်

(၃) ဗုံးနှင့်ဗုံးဟု မသင်္ကာဖွယ်ရာပစ္စည်းများတွေ့ရှိပါကအနီးပတ်ဝန်းကျင်ရှိ
လူများအားရှင်းလင်း၍မိုင်းစွန့်ကျင်းသို့သွားရောက်ထည့်ခြင်း၊သဲအိတ်၊
ကားတာယာ၊အ၀တ်အထည်အိတ်စသည့်အနီးအနားရှိပစ္စည်းများဖြင့်
ကာရံထားရှိရန်

(၄) မသင်္ကာဖွယ်ရာတွေ့ရှိသည့်ပတ်ဝန်းကျင်သို့တာဝန်မရှိသူများ
ဝင်ရောက်မှုမရှိစေရေးအတွက်တာဝန်ရှိသူများနှင့်ပူးပေါင်း၍
လုံခြုံရေးဆောင်ရွက်ရမည်။ယာဉ်ပိတ်ဆို့မှုမရှိစေရေးအတွက်
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ လွှဲပြောင်းမောင်းနှင်စေရန်
စီစဉ်ဆောင်ရွက်ပေးရမည်။

(၅) အနီးပတ်ဝန်းကျင်ရှိ အရေးကြီးပစ္စည်းများနှင့်မီးလောင်စေတတ်သော
ပစ္စည်းများအား အဝေးသို့ရွှေ့ရန်။

(၆) ဗုံး(သို့)ပေါက်ကွဲစေတတ်သောပစ္စည်းသေချာပါက စစ်မြေပြင်
အင်ဂျင်နီယာတပ်မှ မိုင်းရှင်း စစ်သည်များနှင့် တာဝန်ရှိများထံ
တင်ပြပြီး တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် သက်မဲ့ဖြစ်အောင်
ဆောင်ရွက်ရန်၊

ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကမိဘပြည်သူများထိခိုက်မှု
မဖြစ်စေရေးအတွက်အထက်ပါအတိုင်းလိုက်နာဆောင်ရွက်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အသိပေးနှိုးဆော်အပ်ပါသည်။

တရာခံဘယ်သူလဲ

(အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) တရားခံ ဘယ်သူလဲ ရန်ကုန်မြို့တော်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့က နာရီပိုင်းအတွင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုနှင့် မရှေးမနှောင်း တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ယင်းမတိုင်မီ ဖြူးမြို့တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး တွေ့ရှိခဲ့သည်။ ထိုမှတစ်ဆင့် နောက်ကြောင်းပြန် ကြည့်သော် ကုန်ခဲ့သည့် နှစ်၂၀ ကာလအတွင်း ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် မြန်မာနိုင်ငံ အနှံ့အပြား ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများ၊ မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိမှုများ မကြာခဏ ဆိုသလို ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ ဗုံးပေါက်ကွဲမှုများကို ယခင်အစိုးရ လက်ထက်များတွင် ဗကပ ခေါ် ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကျောင်းသား တပ်မတော်နှင့် ပြည်ပရောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့ကို အသေးစိတ် အထောက်အထားနှင့်တကွ တရားခံများအဖြစ် ဖော်ထုတ်ပြခဲ့သည်။ ယခုနောက်ပိုင်း ဗုံးပေါက်ကွဲမှုများကိုမူ ထိုကဲ့သို့ ဗုံးခွဲသူနောက်မှ လိုက်ကြည့်ထားသည့်အလား အသေးစိတ် ဖော်ထုတ်တင်ပြ ရှင်းလင်းသည်မျိုး လုပ်ဆောင်နိုင်သည်ကို မတွေ့ရပေ။ စင်စစ်အားဖြင့် မြန်မာနိုင်ငံသားတို့၏ ပင်ကို စရိုက်လက္ခဏာမှာ အေးချမ်းစွာ နေလိုကြပြီး တစ်ပါးသူ သို့မဟုတ် လူအများကို အကြောင်းမဲ့ ဒုက္ခရောက်စေရန် တမင်သက်သက် ဒုက္ခပေးခြင်း၊ အသက်အန္တရာယ်ပြုခြင်း စသဖြင့် ကျူးလွန် စော်ကားတတ်သည့် သဘောမရှိပေ။ သမိုင်းတွင် အာဏာအတွက် ဖခင်အရင်း ကိုသတ်၊ မင်းညီမင်းသားများကို သုတ်သင်ခဲ့သည့် နန်းတွင်း လုပ်ကြံမှု သာဓကများ ရှိခဲ့သော်ငြား အပြစ်မဲ့ ပြည်သူများ အကြားတွင်မူ ထိုမျှရက်စက်သည့် ကျူးလွန်မှုမျိုး မရှိခဲ့ပေ။ ဆိုလိုသည်မှာ နိုင်ငံရေးအာဏာ အတွက်မှတစ်ပါး အခြားကိစ္စများတွင် ထိုမျှလောက် ရက်စက်သော အပြုအမူမျိုး မရှိခဲ့ဆိုသည့် သဘောဖြစ်သည်။ သို့သော် ပြည်တွင်းစစ်ကာလ တစ်လျှောက်လုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား အပြန်အလှန် ရက်စက်မှုများ ရှိခဲ့သောကြောင့် မီးရထားလမ်းနှင့် တံတားများ မိုင်းခွဲဖျက်ဆီးခြင်း၊ တိုက်ပွဲဖြစ်ပွားရာ ဒေသတို့တွင် အပြန်အလှန် မြေမြှုပ်မိုင်း ထောင်ခြင်းတို့ ရှိခဲ့သည်မှတစ်ပါး ပြည်သူလူထုကို အဓိကဦးတည် တိုက်ခိုက်မှုမျိုး မရှိခဲ့ပေ။ ၂၀၀၀ ပြည့်လွန်နှစ်များမှစကာ အများပြည်သူကို တိုက်ရိုက်ထိခိုက်စေသော ဗုံးခွဲ တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း အာဏာသုံးရပ်ကို တစ်သီးတခြားစီ ခွဲခြား ကျင့်သုံးခဲ့သည့် အချိန်မှစကာ ဗုံးပေါက်ကွဲမှုများ၊ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ တစ်လှည့်စီ ဖြစ်ပေါ်နေခြင်းမှာ များစွာ မေးခွန်းထုတ်စရာ ရှိပေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနေသောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ စွပ်စွဲရန် ခက်ခဲလှသည်။ သို့ဆိုလျှင် မည်သူ၊ မည်သည့် အဖွဲ့အစည်းက ကြံစည် ကျူးလွန်နေသနည်း။ မည်သည့် အတွက်ကြောင့် ပြည်သူလူထုကို ထိခိုက်စေလိုသနည်း။ ထိုသို့ ထိခိုက်ခြင်းအားဖြင့် မည်သည့် အကျိုးအမြတ် ရသွားသနည်း။ များစွာစဉ်းစားစရာ ရှိသည်မှာ လက်ရှိ မြန်မာနိုင်ငံ သွားနေသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မလိုလား၊ ဆန့်ကျင်လိုသူများသာ ဤသို့ ကျူးလွန်ဖွယ် ရှိသည်ဆိုသော အချက်ပင်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတိုင်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ် ပြောင်းလဲနေသော အခြေအနေတို့ကို ချိတ်ဆက် စဉ်းစားကြည့်လျှင် မည်သည့် အင်အားစုတို့က ကျူးလွန်နိုင်ဖွယ် ရှိကြောင်း ရိပ်စားမိနိုင်စရာ ရှိသည်။ ထို့အတူ ယခင့်ယခင် အတိတ်ကာလ စုံစမ်းထောက်လှမ်းမှုများကဲ့သို့ ဖော်ထုတ်ပါက အမှန်တကယ် ကျူးလွန်သူများထက် အစိုးရနှင့် တပ်မတော်ကို ဆန့်ကျင်သူဟု ယူဆရသည့် တစ်ဦးဦး သို့မဟုတ် အပြစ်မရှိသူ အခြားတစ်ဦးဦးကို ဇွတ်ဝန်ခံခိုင်းသည့် ပုံစံမျိုး ထွက်ပေါ်လာနိုင်သည်ကိုလည်း အထူးသတိထားရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယနေ့ ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုများ၊ ဘာသာရေး အကြမ်းဖက်မှုများသည် လက်ရှိ ပြည်သူလူထု တစ်ရပ်လုံး၊ အာဏာသုံးရပ်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တပ်မတော်တို့ အကောင်အထည် ဖော်နေသော ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေနိုင်သည့်အပြင် နိုင်ငံတကာ တွင် ကောင်းသတင်း ကျော်စောနေသော နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာကို ကြီးစွာထိခိုက်နိုင်သည်ကို အထူးသတိချပ်ရမည် ဖြစ်ပေသည်။
 အယ်ဒီတာ (၁၄-၁၀-၂၀၁၃)

ရန်ကုန်တွင် ဗုံးပေါက်ခွဲသူဟု သံသယရှိသူအား ဘီးလင်းတွင်ဖမ်းဆီးရမိ

နေပြည်တော် ၁၅.၁၀.၂၀၁၃

• (၁၄.၁၀.၂၀၁၃)နေ့ည သန်းခေါင်ယံ အချိန်တွင် ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူ စောမြင့်လွင်၊(၂၆)နှစ်၊(ဘ)ဦးကိုညွန့် ၊နိုင်ငံသား စီစစ်ရေး ကဒ်ပြား အမှတ်-၃/ဖမန(နိုင်)၀၂၂၅၇၆ သူမွဲထကျေးရွာ၊ ဖာပွန်မြို့နယ် နေသူအား (၁၅.၁၀.၂၀၁၃)နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူး ဖမ်းဆီးရေးအဖွဲ့ မှ ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါတယ်။

• အခင်းဖြစ်စဉ်မှာ ရရှိတဲ့ တရားခံရဲ့ အချက်အလက်တွေရရှိရှိခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သန်းက သထုံခရိုင် (၄) မြို့နယ်လုံးကို ပေးပို့ပြီး၊ အဓိကနေရာတွေမှာ ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။ အဓိကသွားလာမှု လမ်းကြောင်းဖြစ်တဲ့ ဘီးလင်းမြို့နယ် နဲ့ တည်းခိုနိုင်မယ့် အိမ်တွေကိုရှာဖွေတဲ့အခါမှာ တရားခံပုံပန်းသဏ္ဍာန် မသင်္ကာဖွယ်ရာလူတစ်ဦး နတ်ကြီးလမ်းပေါ်မှာ တွေ့ရှိကြောင်းသတင်းရရှိတဲ့ အတွက် ဘီးလင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်း ဒုရဲအုပ်ကျော်မြတ်သူ နဲ့ အဖွဲ့က လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်းကို သထုံခရိုင် ရဲတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

• အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု ဖြစ်စဉ်ကတည်းက စတင်ခြေရာခံ မိခဲ့ပြီး၊၄င်းစီးနင်းလာတဲ့ Taxi ပေါ် မှတ်ပုံတင် ကျန်ခဲ့ရာမှ သူ့ရဲ့ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။

• ဖမ်းဆီးရမိတဲ့ တရားခံကိုတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အထူးဖမ်းဆီးရေး ရဲမှူးသိန်းလွင် ဦး စီးတဲ့အဖွဲ့အား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် ဘီးလင်းရဲစခန်း တာဝန်ရှိသူများက ဒီနေ့ မနက်မှာဘဲ လွဲပြောင်း ပေးအပ် လိုက်ပြီလို့သိရပါတယ်။

Monday, October 14, 2013

ယောက်ကျားတွေက ဒီလိုပဲလား (လူတိုင်းဖတ်ထားသင့်သည်)

ဝုန်း...
ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။ 
နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။

အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ့  ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို့  နှစ်ယောက် ဧည့်ခန်းကိုရောက်တော့။

အဖေက ကျွန်တော့်ချစ်သူအား။ သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား။
ဘာ ဘာမှ မလုပ်ပါဘူးဦး သမီးသမီးတို့ ဘာမှ မဖြစ်ကြပါဘူး။ ကျွန်တော့်ချစ်သူက ကြောက်အား လန့် အားနဲ့ အထစ်ထစ် ငေါ့ငေါ့ ပြန်ဖြေသည်။
အဖေက ကျွန်တော့်ကိုကြည့်ပြီး။ မင်းသူ့ကို ပြန်လိုက်ပို့ ပေးလိုက်။
ကျွန်တော် ချစ်သူလက်ကို ဆွဲပြီး ဘတ်စကား မှတ်တိုင်မှ ကားပေါ် တင်ပေးလိုက်ပါတယ်။ အိမ်သို့ ပြန်ရောက်သည်နှင့် အဖေက ဒီမှာထိုင် ဒါလားကွ ယောင်္ကျား ။။
မင်းကို ငါတို့ က တစ်ယောက်ထဲ မွေးထားတာ မင်းမှာ ညီမ မရှိဘူးဆိုပြီး နှမချင်း မစာနာပဲ ဒီလို လုပ်တာလား။

မဟုတ်ပါဘူး အဖေရာ သားတို့ ခုလဲ ဘာမှ မဖြစ်ကြပါဘူး။ သူလဲ ပြောသွားတယ်လေ။
ဖြစ်ဖြစ် မဖြစ်ဖြစ် မင်း အခွင့်အရေး ယူဖို့ ကျိုးစားတယ် မဟုတ်လား မလိမ်နဲ့ ငါ့ကို မှန်မှန်ပြော။
ဟုတ်ပါတယ် အဖေ သား ၀န်ခံပါတယ်။ သား ကျိုးစားမိပါတယ် သား မှားပါတယ်။
ငါအိမ်ပြန်ရောက်တာ မြန်ပေလို့ ပေါ့ကွာ။ ဒီမှာ မောင်မောင် မင်းကို အဖေ ငယ်ငယ်လေးကတည်းက ဘုရား ရှစ်ခိုးတိုင်း ငါးပါးသီလ ခံပြီး ရှစ်ခိုးခိုင်းတာ မင်းစိတ်ထဲမှာ ကဗျာရွတ်တာ သီချင်းဆိုတာလိုမျိုး သဘောထားခဲ့တာလား။

မထားပါဘူးအဖေရာ ကံငါးပါးကို မကျူးလွန်အောင် အဓိပ်ပါယ်ပါ အဖေရှင်းပြပြီးမှ ရှစ်ခိုးခိုင်းခဲ့တာပါ။
ဒါဆို ဘာကြောင့် ခုလို လုပ်ရသလဲ ကဲပြော။ ဒါ ကာမေသု မိစ္ဆာစာရကံလေ။
ဟုတ်ပါတယ်အဖေ သားကလဲ လူငယ်ဆိုတော့ စိတ်အလိုလိုက်ပြီး ခုလို ဖြစ်ခဲ့ရတာပါ။ သားတောင်းပန်ပါတယ်အဖေ။ တကယ်ပြောတာပါ နောက်ဒီလို ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဂတိပေးပါတယ်။ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်အဖြစ် ခွင့်လွှတ်ပေးပါ။
အေးမှတ်ထား ယောင်္ကျားဆိုတာ ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး။ စိတ်ဓါတ်ကအစ တကယ်ယောင်္ကျား ပီသတဲ့စိတ်မျိုး ထားနိုင်မှ ယောင်္ကျားကွ။ ကိုယ်လက်ထပ် မယူနိုင်သေးတဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဒီလို မလုပ်နဲ့ ။ သူက ကိုယ့်ကို ချစ်လို့  အလို လိုက်မယ် ဆိုရင်တောင်မှ ကိုယ်က အခွင့်အရေး မယူသင့်ဘူး။ မှတ်ထား ကိုယ်ကလဲ ချစ်သူဘ၀မှာ ဒီလိုမျိုး အခွင့်အရေး မတောင်း အပ်ဘူး။

ဟုတ်ကဲ့ပါအဖေ သားမှတ်ထားပါ့မယ် ။ သားချစ်သူကိုလဲ တွေ့ ရင် တောင်းပန်လိုက်ပါ့မယ် အဖေ။
အေး ဒါက လုပ်သင့်တဲ့ အလုပ်ပဲ။ ယောင်္ကျားကောင်းမှန်ရင် မှားတာကိုလဲ ရဲရဲ ရင့်ရင့် ၀န်ခံရဲတဲ့ သတ္တိ ရှိရမယ်။ အေး နောက်ထပ် ဒါမျိုး အဖေ မတွေ့ ချင်ဘူး။ မင်းဂတိကိုလဲ မင်းမှတ်ထား။ သွားတော့။
ဒီလိုနဲ့  ၂ ရက်လောက် အကြာ ညနေဖက် အဖေ့ရဲ့ ညီ ဦးချစ်ခင်ရဲ့ အိမ်ကို ကျွန်တော် ရောက်သွားပါတယ်။
ဟာ လာဟေ့ ငါ့တူ မောင်မောင် ဘယ်လိုလဲ ပျောက်ချက်သား ကောင်းနေပါလား။ မင်းကိုကြည့်ရတာ မျက်နှာလဲ မကောင်းပါလား။

ဟုတ်တယ် လေးလေးချစ်ရေ အိမ်မှာ ဟိုနေ့ က ပြဿနာ အကြီးကြီး တက်လို့ ။
ကျွန်တော်က အဖေ့ညီ ဦးချစ်ခင်ကို ဦးလေးချစ်ဟု မခေါ်ပဲ လေးလေးချစ်ဟုခေါ်ပါသည် ။
ဘယ်လို ဖြစ်တာလဲ မင်းအဖေနဲ့ လား။
ဟုတ်တယ်လေးလေးချစ် အဖေနဲ့ ကျွန်တော်နဲ့ ။
ဘယ်လိုဖြစ်တာလဲကွ ပြောစမ်းပါဦး။
ကျွန်တော်က ဟိုတနေ့ က အကြောင်းကို ပြန်ပြောပြလိုက်ပါတယ် ။။
အင်းမင်းကလဲ မင်းပဲ အေးလေ မင်းက လူငယ်ပဲ။ ဒါပေမဲ့ ငါ့အကိုကြီး အကြောင်းကို ငါသိတယ်။ သူက ဒါမျိုး မရဘူးကွ။ သူနဲ့ ငါနဲ့ က ၁၀ နှစ်လောက် ကွာတော့ ငါငယ်ငယ် ကလဲ မင်းလိုပဲ သူ့ ကိုကြောက်ခဲ့ရတာကွ။ ဘုရားရှစ်ခိုးတိုင်းလဲ ငါးပါးသီလ ခံပြီး ရှစ်ခိုးရတာ အင်း ခုထိပါပဲကွာ။ အဲဒီ အကျင့်ကောင်းလေးကတော့ ခုထိကို စွဲနေတော့တာပါပဲ။ မင်းအန်တီလေးနဲ့ လေးလေးနဲ့ အိမ်ထောင် မကျခင် ချစ်သူဘ၀မှာလဲ မင်းအဖေ က လေးလေးကို မင်းကို အခုပြောသလိုပဲ ဆုံးမခဲ့တာကွ။ ငါနဲ့ မင်းအန်တီလေး ချစ်ဘူဖြစ်ပြီး ၂ နှစ်လောက်ကြာမှ သူကိုယ်တိုင်ပဲ မင်းအန်တီလေးမိဘ တွေဆီလိုက်တောင်းပြီး ပေးစားခဲ့တာကွ။
ဟုတ်လား အန်တီလေး။

ကျွန်တော်က လေးလေးချစ် ဘေးနားတွင် ထိုင်နေသော လေးလေးချစ် မိန်းမ အန်တီ မိုးမိုး ကိုလှမ်းမေးလိုက်ပါတယ်။
အမလေး မင်းအဖေကတော့ မပြောပါနဲ့ တော့ မောင်မောင် ရေ့ ။
မင်းလေးလေးနဲ့ ချစ်သူဖြစ်တာ မင်းအဖေ သိသွားတော့ အန်တီလေးကို တွေ့ ချင်တယ် ခေါ်ခဲ့လို့ ပြောတယ်။ အန်တီလေးလဲ ကြောက်ကြောက်နဲ့ လိုက်ပြီး တွေ့ ခဲ့ရတယ်။
ပြောတာများ စုံနေတာပဲ။ လက်မထပ်ခင်မှာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေဖို့ ။ တစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့ စိတ်အလို မလိုက်ကြဖို့  ၂ ယောက်စလုံးကို ပြောဆို ဆုံးမပြီး ဂတိတောင်းတယ်လေ။ နောက်တော့လဲ မင်းအဖေ ကိုယ်တိုင်ပဲ လက်ထပ်ပေးခဲ့တယ်။ မင်းအဖေက ကိုယ်ကျင့်သီလကို အရမ်း တန်ဖိုးထားတဲ့လူ။ မင်းလဲ မင်းအဖေ စကားကို နားထောင်ပါ ငါ့တူရယ်။
ဟုတ်ကဲ့ပါ အန်တီလေးရယ် ကျွန်တော်လဲ နောက်မဖြစ်အောင် သတိထားပါတော့မယ် ဂတိပေးပါတယ်။
မင်းကိုတော့ လေးလေးချစ် အပြစ် မတင်ချင်ပါဘူးကွာ ဒါပေမဲ့ နောက်ထပ် ဒီလိုမျိုး မဖြစ်စေနဲ့ ကွာ။ ဒီခောတ်မှာ မင်းတို့ အရွယ် လူငယ်လေးတွေ အတွေးအခေါ် မှားနေတာလေးတွေတော့ လေးလေးချစ် ပြောပြချင်တယ် ။ ဒါပေမဲ့ ခောတ်ရေစီးကြောင်းကို အပြစ်ပုံချမယ်ဆိုရင်တော့ ရတာပေါ့ ကွာ။

ဟိုတစ်နေ့ က မနက်ပိုင်းလေးလေး ထိုင်နေကြ လ္ကက်ရည်ဆိုင်မှာ ထိုင်နေတုံး လေးနားဝိုင်းမှာ ငါ့တူအရွယ် လူငယ် ၃ ယောက် စကားပြော နေတာများကွာ လေးလေး ကြားရတာနဲ့ တင် ဒေါသဖြစ်မိတယ်။ မိန်းကလေးတွေကို ဟင်းရွက်ကစွန်းများ အောက်မေ့နေသလား မသိပါဘူးကွာ။ ဘယ်မိန်းကလေးနဲ့ ဘယ်လို စွံနေတာ သူ့ ကိုဘယ်လို အခွင့်အရေးပေးတာ သူပြောသမျှ အားလုံး လိုက်လျောတာ သူ့ ကို ဘယ်လောက်ချစ်တာ စုံနေတာပါပဲကွာ။ တစ်ယောက်နဲ့ တစ်ယောက် ကောင်မလေးတွေနဲ့ ပတ်သက်လို့  ဂုဏ်ဖေါ်ပြောနေကြတာ။ လေးလေးက သူတို့ စကားတွေကြားရတော့ သူတို့ အကြောင်း မသိပဲ ချစ်နေကြတဲ့ မိန်းကလေးတွေကို သနားမိသလို ကိုယ်ကျငိ့တရား ကောင်းအောင် မဆုံးမခဲ့ကြတဲ့ သူတို့ မိ ဘတွေကိုပဲ အပြစ်တင်ချင်နေမိတော့တယ်။ ဒီလိုသာဆိုရင် ငါတို့ တိုင်းပြည်မှာ ကိုယ်ကျင့် သီလကို တန်ဖိုးထားတဲ့ ယောင်္ကျားကောင်းတွေ တဖြည်းဖြည်း ရှားပါးလာပြီး နောက်ဆုံး ယောင်္ကျား ခန္မာကိုယ် ရှိတဲ့ ယောင်္ကျားယုတ်တွေပဲ များလာတော့မယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ယောင်္ကျားတွေတောင် ပျောက်ကုတ်မှာစိုးရိမ်ရတယ် ။ ပတ်ဝန်းကျင်မှာလဲ မြင်နေရတာပဲ။ စိတ်ကို မနိုင်ကြလို့ ငယ်ငယ် ရွယ်ရွယ်နဲ့  မဖြစ်သင့် တာတွေဖြစ်ပြီး လက်ထပ်ကြ မကြာပါဘူး ပြန်ကွဲသွားကြ နဲ့  မင်းလဲ မြင်နေရတာပဲ။ ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကွဲလေးတွေဖြစ် သွားကြတော့ မပျက်စီးသင့်တဲ့ မိန်းကလေးတွေ အများကြီး ပျက်စီးသွားရတာပေါ့ကွာ ။

ဒီလို ကိစ္စတွေဟာ ဘယ်သူ့ ကိုမှလဲ အပြစ်ပြောလို့ မရပြန်ဘူးကွ။ ခုခောတ် သူတို့ လေးတွေ ပတ်ဝန်းကျင် မှာလဲ နိုင်ငံခြား ရုပ်ရှင်တွေ ဗွီဒီယိုတွေ သတင်းတွေ စာပေတွေကလဲ အတုယူမှားလောက်အောင် တနည်းတဖုံအားဖြင့် ဆွဲဆောင် သလို ဖြစ်နေကြတာလဲ ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ အဓိကအနေနဲ့  မိန်းကလေးတွေ ကလည်း စိတ်အလို မလိုက်ပဲ စည်းတဲ့ ကမ်းနဲ့ နေထိုင်ပြီး ကိုယ့်ချစ်သူကို လေ့လာရမယ် အကဲခတ်ရမယ် အလိုမလိုက်သင့်တာကို အလို မလိုက်ရဘူး။ ယောင်္ကျားလေးတွေကလည်း ငါဟာ ယောင်္ကျားဆိုတဲ့စိတ်ကို မွေးပြီး သူ့ နှမ ကိုယ့်နှမ စာနာတဲ့စိတ်နဲ့  ကိုယ့်ချစ်သူကို မြင့်မြတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် သဘောထားနိုင်ရမယ် အချောင်ရတာပဲ ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါဈေးဆိုတဲ့ ယောင်္ကျားယုတ်တွေရဲ့ စိတ်မျိုး မထားအပ်ဘူး။ ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုရင် နောက်ဆုံး ဖြစ်ချင်တာ ဖြစ်လိုက်လို့ တကယ် နစ်နာသွားတာက မိန်းကလေးတွေ ဖြစ်နေလို့ ပဲ။ ဒါကြောင့် မိန်းကလေးတွေထက် ယောင်္ကျားလေးတွေကပိုပြီး အရေးကြီးတယ်လို့ ပြောချင်တာ။ နောက်ဆုံး ပြောချင်တာကတော့ မိဘတွေပဲ ငယ်ငယ် ကတည်းက ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး သားသမီးလေးတွေကို သွန်သင်ပြသ ဆုံးမ ပေးခဲ့ကြရမယ်။ ဒါမှ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ သားသမီးလေးတွေ ဖြစ်လာကြမှာ။ အခုလို ဖြစ်ချင်တာ ဖြစ်ကုန်ကြတာကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ်မျိုး မရှိကြလို့ ပဲ။ အဲဒီလိုစိတ်မျိုးရှိလာအောင်လည်း သွန်သင် ဆုံးမမခံခဲ့ကြရလို့ ပဲ။
ဒါကြာင့် ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုသလို အနာဂတ် တို့ တိုင်းပြည်ကို လွှဲပြောင်းယူမဲ့ ယနေ့ လူငယ်လေးတွေဟာ ကိုယ်ကျင့်သီလကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ လူငယ်လူရွယ်လေးတွေ များများ ပေါ်ပေါက်လာပါစေလို့ ပဲ လေးလေး ဆုတောင်းနေမိပါတော့တယ်ငါ့တူရယ် ။။။။။။။။။
ကိုမောင်မောင်(ရွှေမြို့ တော်)
By ရိုးရာလေး