Monday, August 27, 2012

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast မြန်မာနိုင်ငံသို့ လာမည်

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast သည် မြန်မာနိုင်ငံသို့ လာမည့် စက်တင်ဘာလ ၂ ရက်နေ့တွင် လာရောက်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသို့ မလာရောက်မီ ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast သည် ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် လာမည့် သောကြာနေ့တွင် ကျင်းပမည့် အာဆီယံနိုင်ငံများနှင့် ကနေဒါနိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ်အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံသည် ကနေဒါနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများစာရင်းတွင် ခုနစ် နေရာတွင် တည်ရှိနေပြီး နှစ်ဖက်ကုန်သွယ်မှုတန်ဖိုးမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံ ရှိကြောင်း သိရသည်။

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Ed Fast ၏ အရှေ့တောင်အာရှနိုင်ငံများခရီးစဉ်မှာ သြဂုတ်လ ၂၆ ရက်နေ့က စတင်ခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

Ref: EMG

No comments:

Post a Comment