Saturday, August 11, 2012

OIC အဖွဲ့ကိုမြန်မာနိုင်ငံမှဖိတ်ခေါ်


ရခိုင်ပြည်နယ်က လူမျိုးရေးတင်းမာမှုတွေကို အထူးစိုးရိမ်နေဆဲဖြစ်ပေမဲ့ OIC အစ္စလမ္မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုန်းသတ်ဖြတ်နေတယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Quintana ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ်ကို သွားရောက်ချိန်
မှာ အမေရိကန်တာဝန်ရှိပုဂ္ဂိုလ်တွေလည်း လိုက်ပါသွားခဲ့ပါတယ်။ ဘင်္ဂလီရိုဟင်ဂျာတွေကို မြန်မာအစိုးရက တရားမဲ့ လူမျိုတုန်းသတ်ဖြတ် ကျူးလွန်နေတာကို နိုင်ငံတကာကရပ်တန့်သွားအောင် အရေးယူ ဆောင်ရွက်ပေးတာမရှိလို့ စိတ်ပျက်ရတဲ့အကြောင်း OIC အတွင်းရေးမှူးချုပ် Ihsanoglu က ပြောကြားပြီး နာရီပိုင်း အကြာမှာ အမေရိကန်ပြည်ထောင်စုက အဲဒီလို ပြောတာလည်း ဖြစ်ပါတယ်။

ဒီလို ရက်ရက်စက်စက်ကျူးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့နေရာကို အချက်အလက် ရှာဖွေရေးအဖွဲ့တဖွဲ့ စေလွှတ်ဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ အစ္စလမ္မစ်အဖွဲ့က လူ့အခွင့်အရေးကောင်စီကို အရေးတကြီးမေတ္တာရပ်ခံသင့်တယ်လို့လည်း OIC အစ္စလမ္မစ်နိုင်ငံများအဖွဲ့ အတွင်းရေးမှူးချုပ်က အကြံပေးပါတယ်။ ဒါ့အပြင် ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အစ္စလမ္မစ် စုံစမ်းရေးကော်မတီတရပ်ဖွဲ့စည်းဖို့လည်း သူက အဆိုပြုပြီး နောက်တကြိမ်ကျင်းပမယ့် ၀န်ကြီးအဆင့်ညီလာခံမှာ အစီရင်ခံစာတစောင် တင်သွင်းသင့်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း ၀ါရှင်တန် မြို့တော် မှာ သြဂုတ်လ ၃၁ ရက်က စတင်ကျင်းပမယ့် လေးရက်ကြာ ညီလာခံမှာ ဘင်္ဂလီရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ ကိစ္စဆွေးနွေးမယ်လို့ ISNA- မြောက်အမေရိက အစ္စလမ္မစ် အသင်းက ကြေငြာပါတယ်။
ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ ကမ္ဘာ့အကြီးဆုံး မူဆလင်အဖွဲ့ဖြစ်တဲ့ OIC အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားတယ်လို့နောက်ဆုံးသိရှိရပါတယ်။

No comments:

Post a Comment