Saturday, August 11, 2012

AGD ၏ညောင်ရွှေဘဏ်ခွဲတွင်ငွေလဲကောင်တာစတင်ဖွင့်လှစ်မည်



                                                   ညောင်ရွှေ ရှိအာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်ခွဲ


အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ညောင်ရွှေဘဏ်ခွဲတွင် နိုင်ငံခြားငွေလဲကောင်တာ (Money Changer) ကို ၁၃-၈-၂၀၁၂ ရက်နေ့မှ  စတင်ပြီး ဖွင့်လှစ်မည်ဖြစ်ပြီး၊ မည်သူမဆို အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို မည်သည့်စာရွက်စာတမ်းမှ မလိုအပ်ဘဲ လွတ်လပ်စွာ လဲလှယ်နိုင်မည်ဖြစ်ကြောင်းကိုယင်းဘဏ်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာဖော်ပြထား ပါတယ်။ နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဗဟိုဘဏ်မှ သတ်မှတ်ပေးသော Reference Rate ပေါ်တွင် သတ်မှတ်စည်းကမ်းအတိုင်း တွက်ချက်ထားသော နှုန်းထားဖြစ်ပြီး၊ ရန်ကုန်မြို့ရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ငွေလဲကောင်တာများမှ နှုန်းထားနှင့် အတူတူပင်ဖြစ်ကြောင်းနဲ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် ညောင်ရွှေမြို့များတွင် နိုင်ငံခြားငွေလဲကောင်တာ (၇)ခုကို ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်းသိရပါတယ်။

No comments:

Post a Comment