Tuesday, August 21, 2012

စာပေစိစစ်ရေးကိုဖျက်သိမ်းလိုက်ပြီဆိုတဲ့ကြေငြာချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆို

မြန်မာနိုင်ငံက စာပေစိစစ်ရေးကိုဖျက်သိမ်းလိုက်ပြီဆိုတဲ့ကြေငြာချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး စာပေစိစစ်ရေးမရှိဘဲ ရှေ့ဆက်သွားဖို့တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှာနေ့စဉ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဗစ်တိုးရီးယား- နူးလန်းက ပြောကြားလိုက်ပါတယ်။

စာပေစိစစ်ရေးဌာနဟာ စာနယ်ဇင်းတွေကိုစောင့်ကြည့် ဖိနှိပ်နေတဲ့ အတွက်မြန်မာအစိုးရက စာပေစိစစ်ရေးဌာနကို ဖယ်ရှားလိုက်တာကို ကျမတို့မြင်ချင်တာပါလို့ ပြောပါတယ်။

အလားတူပဲ ပြင်သစ်နိုင်ငံ အခြေစိုက် RSF လို့  အသိများတဲ့ နယ်ခြားမဲ့ သတင်းထောက်များ အသင်းကြီးကလည်း ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ ထုတ်ဝေပြီးသား သတင်း ဆောင်းပါးတွေ ကို စောင့်ကြည့်နေဦးမယ်ဆိုတဲ့ အတွက် ပြည့်ဝတဲ့ စာနယ်ဇင်းလွတ်လပ်မှု ရနိုင်ပါ့မလားဆိုတာစောင့်ကြည့်ရအုံးမယ်လို့ အဖွဲ့ ပြောခွင့်ရှိသူ ပုဂ္ဂိုလ်တဦး က ပြောကြားသွား ပါတယ်။
 

No comments:

Post a Comment