လွန်ခဲ့သော ၃ရက်က လေယာဉ်ပျက်ကျရာတွင်ပျောက်ဆုံးနေသော ဖိလစ်ပိုင်ပြည်ထဲဝန်ကြီး
Jesse Robredo ၏ရုပ်အလောင်းအား Masbate ကျွန်းအနီးတွင် ရေငုပ်ရှာဖွေခဲ့ရာ
ပေ၁၈၀ရေအနက်တွင် ရုပ်အလောင်း၃လောင်းကို တွေ့ရှိပြီး
ယနေ့မနက်တွင်ပြန်လည်ရယူနိုင်ကြောင်း ရုပ်သံမီဒီယာမှတိုက်ရိုက်လွှင့်ထုတ်သွားခဲ့သည်။
လေယာဉ်ပေါ်တွင်လိုက်ပါလာသူ Jesse
Robredoနှင့်လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူး တို့ရဲ့ အလောင်းများကိုသယ်ဆောင်နိုင်ပြီး
စတုတ္ထမြောင်ရုပ်အလောင်းသည် လေယာဉ်ပျက်ထဲတွင် ကျန်ရှိနေသေးသည်။
Robredo သည် အသက်၅၄နှစ်အရွယ်ဖြစ်ပြီး
သမီး၃ယောက်ဖခင်ဖြစ်သည်။ သူသည် ဖိလစ်ပိုင်ရဲတပ်ဖွဲ့တိုက်ရိုက်စီမံကိုင်တွယ်ရသော
ပြည်ထဲရေးဝန်ကြီးတဦးဖြစ်ကာ အကျင့်ပျက်လဘ်စားမှု တိုက်ဖျက်ရေးကို
စွမ်းစွမ်းတမံဆောင်ရွက်သောကြောင့် ဖိလစ်ပိုင်ပြည်သူတို့၏
ချစ်ခင်လေးစားမှုကိုခံရသူတဦးဖြစ်သည်။
facebook

No comments:
Post a Comment