Tuesday, August 21, 2012

အင်းစိန်မြို့နယ်က ပန်းခြံအနီးဆန္ဒပြခဲ့သူများဒုတိယ အကြိမ် ရုံးတင် စစ်ဆေး



သြဂုတ် ၂၁
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ပန်းခြံအနီးမှာ “ဈေးမရောင်းရလို့ တောင်းစားနေရတယ်” ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဒီလ ၇ ရက်နေ့က လမ်းဘေးဈေးသည်တွေ ဆန္ဒပြခဲ့တဲ့ အတွက် ရဲက ဖမ်းဆီးပြီး တရားစွဲဆို ထားတဲ့ အမှုကို ဒီကနေ့ ဒုတိယ အကြိမ် ရုံးတင် စစ်ဆေးခဲ့ပါတယ်။

ဆန္ဒပြခဲ့တဲ့ လမ်းဘေးဈေးသည် ၂ဝ လောက်ထဲက ၁၅ ယောက်ကို တရားရုံးတင် စစ်ဆေးခဲ့တာပါ။

အဲဒီ လမ်းဘေးဈေးသည်တွေဟာ ပြီးခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက အင်းစိန်
ပန်းခြံအနီး၊ ဒက္ခိဏလမ်း နံဘေးမှာ ဈေးရောင်း လာကြရာကနေ ဒီလ ၃ ရက်နေ့က စပြီး အာဏာပိုင်တွေက ဈေးရောင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။

လမ်းဘေး ဈေးသည်တွေက သူတို့ကို ကြိုတင် အကြောင်းမကြားဘဲ
ဈေးရောင်းခွင့် ရုတ်တရက် ပိတ်ပင်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။



No comments:

Post a Comment