Monday, August 13, 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း တွေ့ဆုံဆွေးနွေး



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း တို့ ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော်အစည်းအဝေးခေတ္တရပ်နားချိန်မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ တွေ့ဆုံပွဲဟာ ၂ နာရီ နီးပါးခန့်ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ် ။

လွှတ်တော်ဥက္ကဌ နဲ့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာကော်မတီဥက္ကဌတွေ နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို အတည်ပြုကြောင်းလဲ သိရပါတယ်။

RFA 

No comments:

Post a Comment