Monday, August 13, 2012

ဆော်ဒီအာရေးဗီးယားဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်



မြန်မာနိုင်ငံက ဘင်္ဂလီ ရိုဟင်ဂျာတွေအတွက် ဆော်ဒီအာရေးဗီးယားဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဆော်ဒီအာရေးဗီးယား အစိုးရ သတင်းဌာနက ရိုဟင်ဂျာ မူဆလင်တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ အဓမ္မပြောင်းရွှေ့ခံရမှုတွေ၊ အဓမ္မပြုကျင့်ခရမှုတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ခံနေရတယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

တခြားသတင်းတပုဒ်မှာတော့ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာ အရေးကို စိုးရိမ်ကြတဲ့ ဗြိတိန်အပါအ၀င် တခြား နိုင်ငံတွေ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ ဖိအားပေးနေတာမျိုးမဟုတ်ပဲ မြန်မာအစိုးရနဲ့ တိုက်ရိုက် ပြောဆိုကြဖို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Mrs. Sheikh Hasina က ပြောလိုက်ပါတယ်။

ဒီအတောအတွင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနား (Tomas Qintana) ရဲ့မြန်မာပြည်ခရီးစဉ်အပြီး ရခိုင်ပြည်နယ်အရေး ပြောဆိုချက်တွေကို ကန့်ကွက် လိုက်ပါတယ်။

သြဂုတ်လ(၁၂)ရက်ရက်စွဲနဲ့ ထုတ်ပြန်တဲ့ RNDP ရဲ့ကြောငြာချက်တွေထဲမှာ 'ရိုဟင်ဂျာ'ဆိုတဲ့ စကားလုံးကို တောမတ်(စ်)ကင်တားနားက သုံးနှုန်းပြောဆိုတာဟာ ရခိုင်လူမျိုးတွေရဲ့ သမိုင်းအစဉ်အလာနဲ့ ဖြစ်တည်မှုကို အသိအမှတ် မပြုရာ ရောက်နေ တဲ့အတွက် အဲဒီ စကားလုံးကို သုံးနှုန်းခြင်းမပြုဖို့ တိုက်တွန်းထားကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ (Burma Citizenship Law)ကို ပြန်လည်သုံးသပ်ပေးရန်ဆိုတဲ့ တောင်းဆိုခြင်းနဲ့ ပတ်သက်လို့လည်း နိုင်ငံတစ်နိုင်ငံရဲ့ အတည်ပြုပြဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာဖို့တိုက်တွန်း ကြောင်း၊ ဒါ့အပြင် မစ္စတာ ကင်တားနားဟာ ပဋိပက္ခဇာစ်မြစ်ကို တစ်ဖက်သတ်အမြင်နဲ့ ဖိအားပေး ပြောဆိုခြင်း ကြောင့်အဖြစ်မှန်တရား ပေါ်ထွက်နိုင်စရာအကြောင်း မရှိတဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂ အနေနဲ့ သမာသမတ် ကျတဲ့ အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးအပ်ဖို့ တောင်းဆိုကြောင်း RNDP ပါတီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese

 

No comments:

Post a Comment