Saturday, September 8, 2012

မုံရွာမြို့ ချင်းတွင်းမြစ်ကျောက်ဆောင်ဆိပ် မြို့ပတ်လမ်းဇက်ဆိပ်အနီးတွင်လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မကြာမီပျက်စီးသွားမည့် တောင်တန်းကြီးအား တမ်းတကြည့်ရှုခြင်းအခမ်းအနား ပြုလုပ်



မုံရွာမြို့ ချင်းတွင်းမြစ်ကျောက်ဆောင်ဆိပ် မြို့ပတ်လမ်းဇက်ဆိပ်အနီးတွင် စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီဝန်းကျင်မှစ၍ မုံရွာဒေသခံ ၁၀၀ ကျော်သည် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မကြာမီပျက်စီးသွားမည့် တောင်တန်းကြီးအား တမ်းတကြည့်ရှုခြင်းအခမ်းအနား ကို ပြုလုပ်ခဲ့သည်။

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှ နေ၀င်ချိန်တွင် လက်ပန်းတောင်းတောင်တန်းကြီးကို လွမ်းဆွတ်တမ်းတဖွယ်ရှုခင်းအဖြစ် စုပေါင်းကြည့်ရှုခြင်းဖြစ်ကြောင်း တောင်ကြည့်ပွဲ အခမ်းအနားတက်ရောက်လာကြသူများကပြောသည်။ ထိုအစီအစဉ်သို့ ချင်းတွင်းမြစ် အနောက်ဘက် လက်ပန်းတောင်းတောင်ခြေ ဒေသခံကျေးရွာသားများလာရောက်ရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာက တားမြစ်မှုကြောင့် ချင်းတွင်းမြစ်ကူးစက်လှေများအားလုံး ရပ်နားသွားသဖြင့် လာရောက်ပူးပေါင်းကြည့်ရှုနိုင်ခြင်းမရှိပေ။

စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီခွဲအချိန်မှ ညနေ ၆ နာရီခန့်အထိ သက်ဆိုင်ရာက ချင်းတွင်းမြစ်ကူးစက်လှေများ သွားလာခွင့်မပြုသောကြောင့် ခရီးသည်များ အခက်တွေ့ခဲ့သည်။


 7 Day News journal

No comments:

Post a Comment