Saturday, September 8, 2012

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံတွင် ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် ဥပဒေ ပညာရှင်များတွေ့ဆုံပွဲကိုယနေ့ကျင်းပပြုလုပ်



ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံတွင် ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် ဥပဒေ ပညာရှင်များတွေ့ဆုံပွဲကိုယနေ့ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က အမှာ စကားပြောကြားရာတွင် တရားဥပဒေ စိုးမိုးရေးသည် လက်ရှိ အခြေ အနေ၌ ပြည်သူတို့၏ ယုံကြည်ထားမှု ၊ ပြည်သူအများ၏ အကြားရောက်ရှိနေသာ ဥပဒေ ကိစ္စရပ်များ ကော်မတီဥက္ကဌ အနေဖြင့် လုပ်ငန်းများကို စတင် လုပ်ဆောင် သည့်အခါ ခေတ် အဆက်ဆက် ဖြတ်သန်းခဲ့သော ၊ ရင့်ကျက်မှုရှိသော ပုဂ္ဂိုလ် များထံမှသင်ယူ လိုသော ကိစ္စများရှိနေသောကြောင့် ယခုကဲ့သို့ တွေ့ဆုံပွဲကို ဖိတ်ခေါ်ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကာကွယ်ရေး၊ ပြည်ထဲရေး အစရှိသည့် ဌာနများကိုလည်း ဖိတ်ခေါ်ထားကြောင်း၊ ပြည်သူများ ၄င်းတို့ ၏ အခွင့် အရေး ကို သိရှိ နားလည် ရန်နှင့် ထိုအခွင့်အရေးကို ကာကွယ်ခြင်းအားဖြင့် ဥပဒေကို မြင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သို့မှသာ တရားဥဒေ စိုးမိုးရေးအတွက် ပြည့်ဝစွာ လုပ်ကိုင် ဆောင်ရွှက်သွားနိုင်ဟု ထင်ကြောင်း ပြောကြားသွားသည်။

ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် ဥပဒေ ပညာရှင်များတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့မှအမှာစကားပြောကြားခဲ့ပြီး၊တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဥပဒေ ပညာရှင်များ တက်ရောက်ကြကြောင်းသိရသည်။

No comments:

Post a Comment