Saturday, September 8, 2012

မန္တလေး-မြစ်ကြီးနား ရထားလမ်း မိုင်တိုင်အမှတ် ၆၂၁/၈/၉ ကြားရှိတံတားအမှတ် ၅၅၅ ပျက်စီး




မန္တလေး-မြစ်ကြီးနား ရထားလမ်း မိုင်တိုင်အမှတ် ၆၂၁/၈/၉ ကြားရှိတံတားအမှတ် ၅၅၅ ပျက်စီးမှုမြင်ကွင်း

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကဒူ-မော်ဟန် ဘူတာအကြား မိုင်တိုင်အမှတ် ၆၂၁/၈/၉ ကြားရှိ တံတား အမှတ် ၅၅၅ ဗုံးထိမှန်၍ ပျက်စီးသွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါဖြစ်ပွားမှုမှာ စက်တင်ဘာလ ၆ ရက် ညနေ ၆နာရီ ၃၅ မိနစ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲခြင်းမရှိသေးသော ဗုံးတစ်လုံးကိုလည်း တွေ့ရှိခဲ့ကြောင်းသိရသည်။

တံတာပျက်စီးမှုကြောင့် မော်ဟန် ဘူတာတွင် ၃၇ အဆန် ရထား ၊ ရပ်နားနေပြီး စက်တင်ဘာလ ၇ ရက် ညနေ ၃နာရီ အချိန် ခန့် တွင် ရထားများပြန်လည် သွားလာ နိုင်မည် ဟု မော်ဟန် ဘူတာ ရုံပိုင်ကြီး မှပြောကြားခဲ့ပါသည်။
EMG

No comments:

Post a Comment