Monday, August 8, 2016

လူသတ်မှုစွပ်စွဲခံ မြန်မာလုပ်သားလေးဦး အခင်းဖြစ်ပွားချိန်တွင် လုပ်ငန်းခွင်၌ ရှိနေကြောင်း အလုပ်ရှင် သက်သေထွက်


ထိုင်းနိုင်ငံ ရနောင်းမြို့ ၌ ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် စွပ်စွဲခံထားရသော မြန်မာလုပ်သား လေးဦးအမှုကို ဒုတိယမြောက်ရုံးချိန်းတွင် တရား လိုပြသက်သေအဖြစ် အလုပ်ရှင် ကို စစ်ဆေးရာ စွပ်စွဲခံမြန်မာလုပ် သားလေးဦးသည် အခင်းဖြစ်ပွား ချိန်၌ လုပ်ငန်းခွင်တွင် ရှိနေသည် ဟု ထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။


သြဂုတ် ၅ ရက်က တတိယ အကြိမ် ရုံးထုတ်စစ်ဆေးရာ ထိုင်း ရဲတပ်ဖွဲ့သည် တရားလိုပြသက် သေများအဖြစ် တင်သွင်းထား သော စကားပြန်နှင့် စွပ်စွဲခံမြန်မာ လုပ်သားလေးဦး၏ အလုပ်ရှင်တို့ ကို စစ်ဆေးရာ အလုပ်ရှင်က အထက်ပါအတိုင်း ထွက်ဆိုခြင်းဖြစ် ကြောင်း မြန်မာလုပ်သားလေးဦး ၏ အမှုကို ကူညီဆောင်ရွက်ပေး နေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း (FED)မှ ကိုမင်းဦးကပြောသည်။

‘‘အခင်းဖြစ်ပွားတာက ည ၇ နာရီခွဲလောက်မှာဖြစ်တာပေါ့။ ရှေ့နေတွေက အခင်းဖြစ်ပွားတဲ့ အချိန်မှာ ကလေးတွေက ဘယ် မှာရှိနေလဲလို့ မေးတာပေါ့။ အဲဒီ ညက ကလေးတွေက အလုပ်ကို ၈ နာရီမှ ပြီးတယ်လို့ ပြောတယ်။ အလုပ်ပြီးပြီးချင်း ပိုက်ဆံရှင်းပေး ပြီးတော့ ချက်ချင်းမပြန်ကြသေး ဘူးလို့ သူနဲ့အတူတူရှိနေတယ်လို့ ပြောတယ်။ ကောင်မလေး သေ ပြီးတဲ့အချိန်အထိ သူနဲ့ အတူတူ ရှိနေတယ်လို့ ထွက်ဆိုသွားတယ်’’ ဟု ကိုမင်းဦးက ပြောသည်။
‘‘ည ၁၀ နာရီလောက်မှာ သူ့ ညီရဲ့ ကားပျက်နေလို့ တွန်းပေးဖို့ အတွက် ကလေးတွေကို ဖုန်း ဆက်ခေါ်ရာမှာလည်း ချက်ချင်း လာပြီး လုပ်ပေးသွားတယ်လို့ပြောတယ်။ တကယ်လို့ သူတို့ သတ်တာမှန်ရင် ထွက်ပြေးနေပြီဆိုပြီးပြောသွားတယ်။ ရှေ့နေတွေက ကလေးတွေအိမ်ရောက်လာတော့ အင်္ကျီတွေမှာ သွေးစွန်းတာတွေ တွေ့ရလားမေးတော့လည်း  ဘာမှမတွေ့ရဘူးလို့ ပြောသွားတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

သြဂုတ် ၄ ရက်ကလည်း ရနောင်းလူသတ်မှုနှင့်ပတ်သက်၍ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးရာ သေဆုံးသူ၏ အစ်မနှင့် သူ ငယ်ချင်း၊ အခင်းဖြစ်ပွားရာနေရာ အနီးရှိ ထိုင်းဘုန်းကြီးကျောင်းမှ အမျိုးသားတစ်ဦးနှင့် စကားပြန် အဖြစ်ဆောင်ရွက်ပေးသူ လေးဦး တို့ကို စစ်ဆေးခဲ့သည်။

‘‘သေဆုံးသူရဲ့ သူငယ်ချင်း ကတော့ ကောင်မလေး မသေခင် မှာ နောက်ဆုံးအချိန်အထိ စကား ပြောခဲ့တဲ့ ကောင်မလေးဖြစ်တယ်။ သူ့ကို မေးတော့လည်း အမှုကို ဘာမှမသိဘူးလို့ပဲ ဖြေသွားတယ်’’ ဟု FED မှ ဦးထူးချစ်က ပြောသည်။

စွပ်စွဲခံရသူ လေးဦးထဲမှ စိန်ကတုံးနှင့် ဝေလင်းတို့၏ လေး ကြိမ်မြောက် ရုံးချိန်းကို သြဂုတ် ၆ ရက်သို့ ထပ်မံချိန်းဆိုထားသည်။ အသက် မပြည့်သေးသည့် မိုးဇင် အောင်နှင့် ကျော်စိုးဝင်းတို့ကို သြဂုတ် ၁၀ ရက်တွင် ကလေးသူ ငယ်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

၂၀၁၅ စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရ နောင်းမြို့တွင် အသက် (၁၈) နှစ် အရွယ် ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာရေလုပ်သား မိုးဇင်အောင်၊ စိန်ကတုံး၊ ကျော်စိုးဝင်းနှင့် ဝေ လင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်း ဆီးထားသည်။

ရနောင်းလူသတ်မှုနှင့်ပတ် သက်၍ ထိုင်းရဲတပ်ဖွဲ့က တရား လိုပြ သက်သေ ၁၇ ဦးတင်သွင်း ထားပြီး ယင်းသက်သေ ၁၇ ဦးစ လုံးကို ပြီးပြတ်အောင်စစ်ဆေး မည်ဖြစ်သည်။ မြန်မာလုပ်သား လေးဦးဘက်ကလည်း တရားခံပြ သက်သေ ၂၀ ဦးတင်သွင်းထားပြီး ယင်းသက်သေ ၂၀ ဦးစလုံးကို ရုံး ချိန်းငါးချိန်းဖြင့် အပြီးပြတ် စစ် ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment