Monday, August 8, 2016

ထိုင်းရောက် မြန်မာလုပ်သားများအား ကူညီနေသောအဖွဲ့နှစ်ဖွဲ့ကို ဖမ်းဆီးစစ်ဆေးရန် ထိုင်းအစိုးရက ညွှန်ကြား



ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူက MAT နှင့် AAC အဖွဲ့တို့က အချက်အလက် အမှားများ ဖြန့်ဝေသည့်အတွက် စုံစမ်းစစ်ဆေးမည့်အကြောင်း ပြောကြားနေစဉ် (ဓာတ်ပုံ - dailynews.co.th)
ထိုင်းနိုင်ငံရောက် မြန် မာလုပ်သားများအရေး ကူညီ ဆောင်ရွက်ပေးနေသော MAT (ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့)နှင့် AAC မဟာမိတ်အဖွဲ့တို့မှ တာဝန်ရှိသူများကို ဖမ်းဆီး၍ စစ်ဆေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
ထိုင်းရောက် မြန်မာလုပ် သားအများစုရှိသော မဟာချိုင်အခြေစိုက်
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT)နှင့် AAC မဟာမိတ်အဖွဲ့တို့သည် သြဂုတ် ၂ ရက်က ရန်ကုန်မြို့သို့ လာရောက်ပြီး မြန်မာလုပ်သား များ၏ လက်ရှိဖမ်းဆီးခံနေရမှု အခြေအနေနှင့် MoU လုပ်သား များ ဒုက္ခရောက်နေသည့် အခြေအနေများကို သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုခဲ့သည့် စကား များသည် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု ဆို ကာ ယင်းအဖွဲ့နှစ်ဖွဲ့ကို ဖမ်းဆီး စစ်ဆေးပေးရန် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးက DSI အထူး စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့အား သြဂုတ်၅ ရက်၌ ညွှန်ကြားလိုက်ကြောင်း MAT နှင့် AAC အဖွဲ့ တာဝန်ရှိ သူများက 7Day Daily အား ပြောသည်။ယင်း အဖွဲ့အစည်းနှစ်ခု သည် ထိုင်းရောက်မြန်မာလုပ် သားများ လူကုန်ကူးခံရမှု၊ လုပ်အားခမရရှိမှုများ၊ MoU စနစ်ဖြင့် လာရောက်လုပ်ကိုင်ပြီး ဒုက္ခ ရောက်သူများအရေးတို့ကို အဓိက ကူညီဆောင်ရွက်ဖြေရှင်းပေးနေ သော အဖွဲ့အစည်းများ ဖြစ်သည်။ထို့အပြင် မြန်မာအစိုးရက ဖွဲ့စည်းပေးထားသော ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းလုပ် သားများ ကာကွယ်စောင့်ရှောက် ရေးကော်မတီမှ အဖွဲ့ဝင်များ လည်း ဖြစ်သည်။
MAT နှင့် AAC အဖွဲ့တို့က ရန်ကုန်မြို့တွင် သြဂုတ် ၂ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ - ရဲမင်း)
‘‘ရန်ကုန်မှာ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့ နေ့မှာပဲ ထိုင်းအလုပ်သမားဝန် ကြီးက ရန်ကုန်ရောက်နေတယ်။ ကျွန်တော်တို့ ပြောတာထက်ပိုပြီး ဒီဘက်က ထိုင်းဝန်ကြီးကို ပြော လိုက်တာလို့ သိရတယ်။ ထိုင်း အစိုးရက မြန်မာအလုပ်သမား တစ်သောင်းကျော်ဖမ်းဆီးပြီး ပြန်ပို့နေတာလို့ သတင်းစာရှင်းလင်း ပွဲမှာ ကျွန်တော်တို့က ပြောတယ် ဆိုပြီး ထိုင်းဝန်ကြီးဆီကို ပြန်ပြော တယ်လို့ ကြားတယ်။ တကယ် တော့ ကျွန်တော်တို့က အဲဒီလိုမ ပြောပါဘူး။ ကျွန်တော်တို့ ရှင်း လင်းတာက အကျင့်ပျက်အေဂျင် စီအကြောင်းနဲ့ MoU စနစ်ကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက် ရတဲ့အကြောင်း ရှင်းလင်းတာပါ’’ ဟု MAT အဖွဲ့ ဒါရိုက်တာ ဦးကျာ်သောင်းက ပြောသည်။
MAT နှင့် AAC အဖွဲ့တို့ကို ဖမ်းဆီးစစ်ဆေးရန် သတင်းထွက် ပေါ်မှုကို ကန့်ကွက်ကာ ထိုင်း ရောက်မြန်မာလုပ်သားများက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပရိုဖိုင်များကို MAT နှင့် AAC အဖွဲ့တို့၏ အမှတ်တံဆိပ်များ ပြောင်း လဲ၍ ဆန္ဒထုတ်ဖော်နေကြသည်။
‘‘ထိုင်းဘယ်အဖွဲ့အစည်းလဲ တော့ မသိဘူး။ ကျွန်တော်တို့ကို လာမေးတယ်။ မင်းတို့ဘာလုပ်နေ တာလဲပေါ့။ ဒီက အလုပ်သမား တွေရဲ့ ဖေ့စ်ဘွတ်ခ်တွေမှာ ပရိုဖိုင်တွေချိန်းတာ ဘာကြောင့်လဲ မေး တယ်။ ဒီက အလုပ်သမားတွေကို လည်း မြန်မာပြည်ပြန်ဖို့ ဖိအား မပေးနဲ့လို့လည်း ပြောသွားတယ်။ ခုထိတော့ ဖမ်းဆီးတာတွေ မလုပ်သေးဘူး’’ဟု AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။
‘‘ထိုင်းနိုင်ငံမှာ မြန်မာလုပ် သားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအများကြီးရှိပါတယ်။ ထိုင်းဥပဒေအရ တရားဝင်ရပ် တည်ခွင့်မရှိပေမယ့် ဒီလိုမျိုးစုံစမ်းစစ်ဆေးမှာကိုတော့ အများကြီးစိုး ရိမ်စရာဖြစ်တယ်။ နောက်ပြီး အခု စစ်ဆေးခံရမယ့် အဖွဲ့တွေက လည်း မြန်မာအစိုးရက ဖွဲ့စည်း ပေးထားတဲ့ ကော်မတီမှာ ပါဝင် နေတဲ့သူတွေ ဖြစ်တယ်။ အဲဒါ ကြောင့် မြန်မာအစိုးရအနေနဲ့ လည်း တရားဥပဒေကြောင်းအရ အကာအကွယ်ပေးသင့်တယ်’’ဟု ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေးကို ကူညီဆောင်ရွက် ပေးနေသော ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
MAT အဖွဲ့သည် ၂၀၀၃ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံ၌ ပြဿနာပေါင်းစုံကြုံတွေ့ရသော ထောင်နှင့်ချီသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများ၏ အရေးများကို ကူညီဖြေရှင်းပေးနေသော အဖွဲ့ဖြစ်သည်။ AAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူများသည် ယခင်က တစ်ဦးချင်းအလိုက် မြန်မာလုပ်သားများအရေး ကူညီဖြေ ရှင်းပေးနေပြီး ၂၀၁၅ တွင် AAC အမည်တပ်၍ အုပ်စုဖွဲ့ကူညီဖြေရှင်းပေးနေသောအဖွဲ့ ဖြစ်သည်။

No comments:

Post a Comment