Monday, August 8, 2016

လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးစက်ရုံ ဝန်ထမ်းများ ဆန္ဒပြ



ဗိုလ်စိန်မှန်ကွင်းတွင် သြဂုတ် ၇ ရက် နံနက်က လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးစက်ရုံ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

 နိုင်ငံပိုင် လယ်ယာသုံး စက်ကိရိယာထုတ်လုပ်ရေးစက်ရုံ ကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီး နောက် အကြောင်းမဲ့အလုပ်ထုတ် ခံရခြင်း၊ ဖိအားပေးခံရခြင်းများရှိ သည်ဆိုကာ ဝန်ထမ်းများက ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

 လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက် အောက်ရှိ လယ်ယာသုံးစက်ကိရိ ယာထုတ်လုပ်ရေးစက်ရုံမှ ဝန်ထမ်းဦးရေ ၁၀၀ ခန့်သည် ဩဂုတ်၇ ရက် နံနက် ၉ နာရီခန့်မှစ၍ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

 လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက် အောက်ရှိ အမှတ်(၁) လယ်ယာ သုံး စက်ကိရိယာထုတ်လုပ်ရေး စက်ရုံကို ၂၀၁၃ တွင် နိုင်ငံပိုင်မှ ပုဂ္ဂလိကပိုင်အဖြစ် YIG ကုမ္ပဏီ က လွှဲပြောင်းရယူခဲ့ပြီးနောက် ယခင်ဝန်ကြီးဌာန လက်ထက်ကတည်းက လုပ်ကိုင်ခဲ့သည့် ဝန်ထမ်းများအား အလုပ်မှထုတ်ပယ်ခြင်း၊ ဌာနသို့ ပြန်ပို့ခြင်းနှင့် ဖိအားပေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဝန်ထမ်းများ ဘဝအာမခံချက်မရှိ ဘဲ နစ်နာနေရသည်ဟု ဆန္ဒပြ စက်ရုံလုပ်သားများက ပြောကြားသည်။
 အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ တွင် စာချုပ်ပါအတိုင်း လုပ်ဆောင်မှုမရှိသော YIG ကုမ္ပဏီအား ဖယ်ရှားပေးရန်၊ နိုင်ငံပိုင်စက်ရုံကို ကိုယ်ကျိုးအတွက် အသုံးချနေသော YIG ကုမ္ပဏီအား ဖယ်ရှားပေးရန်၊ စက်မှုလယ်ယာဦးစီးဌာန၏ ရုံးအမိန့်စာ(၆၉၆)ကို စစ်ဆေးပေးရန်၊ စာချုပ်ချိုးဖောက်ခြင်းကို အရေးမယူသော ဝန်ကြီးဌာနအား စစ်ဆေးပေးရန် စသည့်အချက်များ တောင်းဆိုခဲ့ကြသည်။

ထို့အပြင် လွှဲပြောင်းဝန်ထမ်း များ လုပ်ငန်းခွင်တည်မြဲရေး၊ လွှဲ ပြောင်းဝန်ထမ်းများ လုပ်ခလစာ အပြည့်အဝရရှိရေး၊ လွှဲပြောင်း ဝန်ထမ်းများ ဘဝလုံခြုံမှုကို ကာကွယ်ပေး စသည့်အချက်များကို တောင်းဆိုခဲ့သည်။
အဆိုပါ အမှတ်(၁) လယ် ယာသုံး စက်ကိရိယာစက်ရုံသည် ပုဂ္ဂလိကသို့ မလွှဲပြောင်းမီက ဝန်ထမ်းအင်အား ၂၀၀ ခန့်ဖြင့် တစ် နှစ်လျှင် လက်တွန်းထွန်စက် အစီး ၂,၀၀၀ ထုတ်လုပ်နိုင်ခဲ့ပြီး ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့သည့် သုံးနှစ်တာအတွင်း၌ စပါးခြွေလှေ့စက် ၁၅ စီး၊ ထော်လာဂျီငါးစီး၊ စပါးခြွေစက်သယ် ထော်လာတစ်စီးသာ ထုတ်လုပ်နိုင်ခဲ့သည်ဟု ဆန္ဒထုတ်ဖော်သူများ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အစိုးရထံမှ လွှဲ ပြောင်းရယူထားသည့် YIG ကုမ္ပဏီသည် အစိုးရနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းကမ်းချက်တွင် မပါဝင်သော လယ်ယာသုံးလုပ်ငန်းနှင့် မသက်ဆိုင်သည့် တယ်လီကွန်လုပ်ငန်းများ၊ အာမခံလုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်နေသည် ဟု ဆန္ဒပြလုပ်သားများက စွပ်စွဲ ဖော်ပြထားသည်။


No comments:

Post a Comment