Monday, August 22, 2016

ထိုင်းသို့ ကျပ်ခြောက်သောင်းခွဲကျော်ဖြင့် အလုပ်သွားလုပ်နိုင်မည့် ၀န်ဆောင်မှု Thai Union ပေးမည်ဟုဆို




သြဂုတ် ၂၀ ရက်က Thai Union မှ ၎င်းတို့၏ ၀န်ဆောင်မှုအတွက် ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - ထက်အာကာကျော်)
ထိုင်းသို့ နှစ်နိုင်ငံသ ဘောတူစာချုပ် MoUဖြင့် သွား ရောက်အလုပ်လုပ်ကိုင်သူများအ တွက် အလုပ်ရှင်ဘက်က လိုအပ် သည့် ကုန်ကျစရိတ်ကျခံနေရ သည့်စနစ်ကို Thai Union Group က စတင်ကြောင်း သတင်းရရှိသည်။

အစိုးရချင်းသဘောတူညီ ချက်ဖြင့် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်သူများသည် ၀န်ဆောင်မှုနှင့် ကုန်ကျစရိတ်ကျပ်တစ်သိန်းခွဲအကုန်အကျခံရန် လိုအပ်ပြီး ၆၅,၅၀၀ကျပ်သာ ကုန်ကျမည့်စနစ်ကို Thai UnionGroupက အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့တင်ပြကာ သြဂုတ် ၂၀ရက်တွင်ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ပင်လုံအလုပ်သမားသင်တန်း ကျောင်း၌ ယင်းစနစ်အကြောင်း ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။‘‘အလုပ်သမားတွေကို MoU နဲ့ စေလွှတ်တဲ့လုပ်ငန်းစဉ်မှာ အေ ဂျင်စီတွေရော၊ ရွှေ့ပြောင်းအ လုပ်သမားအခွင့်အရေးကွန်ရက် ရော၊ အလုပ်ရှင်တွေရော၊ Thai Unionရောအခုလိုပူးပေါင်းပြီးရေ ရှည်တည်တံ့အောင်လုပ်သွားဖို့ လိုပါတယ်။ Zero Recruitment (အခမဲ့ဝန်ဆောင်မှု)ဆိုတဲ့အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ဖို့ လည်း မေတ္တာရပ်ခံလိုပါတယ်’’ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာ နညွှန်ကြားရေးမှူးချုပ်ဦးနေမျိုး အောင်ကပြောသည်။

Thai Union Groupသည် နိုင်ငံတကာ ပင်လယ်စာထုတ် လုပ်သော လုပ်ငန်းကြီးဖြစ်ပြီး ၎င်း၏လက်အောက်တွင် ကုမ္ပဏီ ကိုးခုခန့်ရှိကာ အလုပ်ရှင်ဘက်က ကုန်ကျစရိတ်ခံရသည့်စနစ်ဖြင့်မြန်မာလုပ်သားနှစ်ထောင်ခန့်အား ခေါ်ယူလုပ်ကိုင်ခွင့်ပေးထား ကြောင်းရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN)ဥက္ကဋ္ဌ ဦးစိန်ဌေးကပြောသည်။
‘‘Thai Union အနေနဲ့ အ လုပ်သမားခေါ်ယူရာမှာ စုဆောင်းဝန်ဆောင်ခလုံးဝမယူဘူး ဆိုတာ မူဝါဒချမှတ်ထားပြီးဖြစ်ပါ တယ်။ တစ်ဆင့်အေးဂျင့်ကနေ အလုပ်သမားတွေဆီက အကျိုး အမြတ်ရှာတာကို လုံးဝလက်မခံ ပါဘူး’’ဟု Thai Union Groupမှ တာဝန်ရှိသူကဆိုသည်။ထိုင်းသို့သွားရောက်မည့်အ လုပ်သမားများအတွက် အေဂျင်စီ သို့ ပေးသွင်းရမည့် ၆၅,၅၀၀ကျပ် စနစ်မှာ Thai Union Groupတစ် ခုတည်းနှင့်သာသက်ဆိုင်ပြီး အ ခြားအလုပ်အကိုင်များသို့ သွား ရောက်လုပ်ကိုင်မည့်သူများသည်ကျပ်တစ်သိန်းခွဲသာ ဆက်လက်ရှိနေမည်ဟု ဦးမျိုးအောင်က ရှင်းပြသည်။

Thai Union Groupသည် ပြည်တွင်းအေဂျင်စီများနှင့်တိုက် ရိုက်ချိတ်ဆက်ကာ အလုပ်သမား များအတွက် ကုန်ကျစရိတ်သက် သာရန်လုပ်ဆောင်သည့်အစီအ စဉ်ကို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN)က လေ့လာစောင့်ကြည့်မည်ဖြစ် ပြီး ထိုင်းသို့သွားရောက်မည့်အ လုပ်သမားများ အမှန်တကယ် ကုန်ကျစရိတ်သက်သာရေးမှာ လက်တွေ့ကျရန်လိုအပ်ကြောင်း အေဂျင်စီအချို့ကသုံးသပ်သည်။

No comments:

Post a Comment