Wednesday, August 9, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၇)

Nay Pyi Taw (9-8-2017)

ရက်စွဲ - (၉-၈-၂၀၁၇) (၁၄:၀၀ )နာရီ
      ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ (၈) ရက်နေ့၊ (၁၄:၀၀) နာရီမှ သြဂုတ်လ (၉) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သံသယလူနာ (၄၁) ဦးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ (၁၇) ဦး တွေ့ရှိခဲ့ပါသည်။ ဇူလိုင်လ (၂၁) ရက်နေ့မှ ယနေ့မွန်းလွဲ (၁၄:၀၀) နာရီအထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း လူနာ (၄၇၄) ဦး အနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၈၃) ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉) ဦး ရှိပါသည်။
    ယနေ့ (၁၄:၀၀) နာရီ အချိန်အထိ အထူးကုဆေးရုံကြီး (ဝေဘာဂီ)တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၁၁) ဦးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၅၂) ဦး၊ စုစုပေါင်း (၆၃)ဦး ဆက်လက် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး အများစုမှာ သက်သာလျက်ရှိပါသည်။
       H1N1 ပိုးတွေ့ရှိသော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အခြားရောဂါအခံများကြောင့် သေဆုံးသူစုစုပေါင်း (၁၄)ဦးရှိပါသည်။
     ခုခံကျကာလသားရောဂါ၊ ကျောက်ကပ်ရောဂါ၊ ပြင်းထန် အဆုတ်တီဘီရောဂါ၊ ဆီးချိုသွေးချို စသည့် အခြားရောဂါအခံရှိသောသူများနှင့် ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာခံစားရနိုင်သော အသက်အရွယ်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် လတ်တလော ပြင်းထန်အဆုတ်ရောင် ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်၍ အချိန်မီထိရောက်စွာ ကုသမှုခံယူသင့်ပါကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။

No comments:

Post a Comment