Thursday, July 21, 2016

အလုပ်ရှာသူများ အဆင်ပြေရေး အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးနိုင်ရန် ဝန်ကြီးဌာနစီစဉ်



July 21, 2016
 


အလုပ်ရှာသူများ အဆင်ပြေစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုရှိ ခရိုင်/မြို့နယ်များတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံး (LEO) ၇၈ ရုံးဖွင့်လှစ်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး အလုပ်အကိုင်ပြပွဲများပြုလုပ်ခြင်း၊ သွားလာရခက်ခဲ၍ ရုံးဖွင့်လှစ်နိုင်ခြင်းမရှိသောဒေသများသို့ Mobile Team ဖြင့် ကွင်းဆင်း၍ အလုပ်ရှာ ဖွေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုပ်ရှာဖွေသူများ သင့်တော် ကောင်းမွန်သော အလုပ်ရရှိရေး နှင့် အလုပ်ရှင်များ သင့်တော်သော အလုပ်သမားများရရှိနိုင်ရန် ရည် ရွယ်၍ ထိုသို့ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ထိရောက်သော အလုပ်အကိုင် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် Labour Exchange Management System တစ်ရပ် ထူထောင်ကာ အွန်လိုင်းမှတစ်ဆင့်ဆောင်ရွက်နိုင်ရန်လုပ်ဆောင်လျက်ရှိကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။ ဝန်ကြီးဌာန၏ LEO ရုံးများသည် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ နှစ်ခုစလုံးအတွက် အလုပ်ရှာဖွေ ပေးနေခြင်းဖြစ်ပြီး ဇွန်လအတွင်း အစိုးရအလုပ်အကိုင် ၉၈၈ ခု၊ ပုဂ္ဂလိကအလုပ်အကိုင် ၁၆၉၁၃ ခု ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။ အလုပ်ရရှိမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး စုစုပေါင်း အလုပ်အကိုင် ၁၂၁၈၅ ခု ရှိခဲ့ကြောင်းသိရသည်။

ဒီခုံသမာဓိ ကိုယ်စားလှယ်အဖြစ် ဒီလူတွေကို အတည်ပြုလိုက်ပြီလို့ မပြောသေးပါဘူး။



July 21, 2016

အလုပ်ရုံအလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း အားတွေ့ဆုံမေးမြန်းခြင်း

အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးကျင်းပဖြစ်တဲ့ အလုပ်သမားအငြင်းပွားမှုညှိနှိုင်းဖြေရှင်းရေး ခုံသမာဓိကောင်စီ (အလုပ် သမားကိုယ်စားလှယ်) ရွေးချယ်ပွဲကတော့ ကန့်ကွက်မှုပေါင်းများစွာ နဲ့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ခုံသမာ ဓိကောင်စီဟာ ၂ နှစ်တစ်ခါ ရွေး ချယ်ပွဲပြုလုပ်ပြီး အလုပ်ရှင်၊ အလုပ် သမားအငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ နောက်ဆုံးအဆင့်လို့ပြောလို့ရတဲ့ ဖြေရှင်းရေးကောင်စီ လည်းဖြစ်ပါတယ်။ ခုံသမာဓိကောင်စီရဲ့ဆုံး ဖြတ်ချက်ကို မကျေနပ်လို့ရှိရင် တော့ ထပ်မံတက်ရောက် စစ်ဆေးဖို့ရာ တရားလွှတ်တော်ချုပ်နဲ့ စာချွန်တော်အဆင့်ပဲ ကျန်ပါတော့တယ်။ ယခင်အစိုးရလက်ထက် ကတည်းကရှိခဲ့တဲ့ ခုံသမာဓိကောင်စီဟာ တရားမျှတမှုမရှိဘူး၊ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက အလုပ်သမားတွေကို ကိုယ်စားမပြုဘူးစသဖြင့် ဝေဖန်မှုပေါင်းများစွာခံခဲ့ရပါတယ်။ ယခုတစ်ကြိမ်ပြုလုပ် တဲ့ ခုံသမာဓိကောင်စီကိုလည်း ကိုယ်စားလှယ်ရွေးချယ်ပွဲ စတင်ခဲ့ တဲ့နေ့ကတည်းက အလုပ်သမား အဖွဲ့တချို့က ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုကန့်ကွက်မှု တွေကြားမှာ ခုံသမာဓိကောင်စီ ကိုယ်စားလှယ်ရွေးချယ်ရေးကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ဆောင်ရွက်ဖို့ရှိတယ်၊ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းဖို့ရှိတယ် ဆိုတာတွေကိုသိရဖို့ အလုပ်သမားနှင့် လဝကဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒုညွှန်ချုပ် ဦးညွန့်ဝင်းကို ပေါ်ပြူလာ နယူးစ်က ဆက်သွယ်မေးမြန်းထားပါတယ်။
အခုနှစ်အတွက် ခုံသမာဓိ ကောင်စီ (အလုပ်သမား ကိုယ်စားလှယ်)ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ရွေးချယ်ခဲ့ပြီးပြီလို့သိရပါတယ်။ ဒါပေမယ့်ခုံသမာဓိကောင်စီ ကိုယ်စားလှယ်ရွေးတာ တရားမျှတမှုမရှိဘူး ဆိုပြီး အလုပ်သမားအဖွဲ့အစည်း တချို့ကကန့်ကွက်မှုတွေ လုပ်နေကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါခင်ဗျ။
ဒါကစောဒကတက်တာပေါ့ဗျာ။ ကျွန်တော်တို့ဘက်က လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပေးခဲ့တယ်။ ဖိတ်စာပို့တာလည်းပို့တယ်။ ဖိတ်စာမရတဲ့အဖွဲ့အစည်း တွေအတွက်လည်း ရုပ်မြင်သံကြားတွေ၊ သတင်းစာတွေကနေ ကြေညာပေးတယ်။ ဒီတော့နောင်ဒီလို မျိုးကိစ္စမျိုးတွေ မဖြစ်အောင်လို့ ကျွန်တော် တို့ဘက်က ဆောင်ရန်ရှောင်ရန်တွေ သတိထားပြီး ပြင်ဆင်လုပ်ဖို့ပဲ ရှိတာပေါ့ဗျာ။
အခုရွေးချယ်ပြီးသွားတဲ့ အလုပ်သမားကိုယ်စားလှယ်တွေအပေါ်မှာ ကန့်ကွက်နေကြတဲ့ကိစ္စကိုရော ဘယ်လိုမျိုး ဖြေရှင်းသွားဖို့ ရှိပါသလဲ။
ဒါကိုတော့ လူကြီးတွေ စိစစ်နေတုန်းပါ။ ပြောဆိုနေကြတုန်းပါပဲ။ အခုရွေးချယ်ထားတဲ့အတိုင်းပဲ အတည်ပြုမလား၊ ဒါမှမဟုတ် တခြားဘယ်လိုနည်းလမ်းနဲ့ စဉ်းစားလုပ်မလဲဆိုတာ ပြန်လည် သုံးသပ်နေတုန်းပါပဲ။ ဒီအပေါ်မှာ အလုပ်သမားတွေ အနေနဲ့စောင့်မလား၊ မစောင့်ဘူးလား၊ ဝေဖန် စရာတော့မရှိပါဘူး။ ကျွန်တော်တို့ ဘက်ကလည်း သုံးသပ်နေတုန်းပါပဲ။ ဒီခုံသမာဓိမှာပါတဲ့ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်၊ အစိုးရကိုယ်စားလှယ် ဒါတွေကို အတည်ပြုဖို့ အတွက် စဉ်းစားသုံးသပ်နေတာကလည်း မပြီးပြတ်သေးပါဘူး။
ခုံသမာဓိကောင်စီဟာဆိုရင် အရင်အစိုးရလက်ထက်ကလည်း ဝေဖန်မှုတွေ အများကြီးခံခဲ့ ရပါတယ်။ အဓိကကတော့ တရားမျှတမှု မရှိဘူးဆိုတာပါ။ ဒီအပေါ်မှာ အလုပ်သမားဝန်ကြီး ဌာနအနေနဲ့ ဘယ်လို ဖြေရှင်းချင်ပါသလဲ။
အလုပ်သမားတွေက တစ်ခုသိဖို့လိုပါတယ်။ ခုံသမာဓိကောင်စီဆိုတာ လွတ်လပ်တဲ့အဖွဲ့အစည်းပါ။ ဒီအဖွဲ့ နဲ့ပတ်သက်ပြီး ဝန်ကြီးဌာနဘက်က တိုက်တွန်းတာတွေ အကြံပေးတာတွေမရှိပါဘူး။ ဒီတော့ ခုံသမာဓိရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ရင် တရားလွှတ်တော်ချုပ်၊ စာချွန်တော်စသဖြင့် အဆင့်ဆင့် ထပ်ပြီးတက်လို့ရပါတယ်။ ပြီးတော့ အလုပ်သမားတွေကနေပြည်တော်ကိုလာတယ်။ နေ ပြည်တော်ထဲကို ဝင်လာရင် ရပ်ရွာ အေးချမ်းသာယာရေးအရ မဖြစ်သင့်တာတွေ မဖြစ်ရအောင်လို့ တားဆီးတာပဲရှိတာပါ။ ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်ကို ထိန်းချုပ်ထားတာ မျိုးမရှိပါဘူး။ ဝန်ကြီးဌာနက တရားရေးဆိုင်ရာကိစ္စနဲ့ ပတ် သက်ပြီးဘာမှ စွက်ဖက်တာမရှိပါ ဘူး။အဓိကကတော့ အလုပ်သမားတွေက အနည်းဆုံးလုပ်ခ ၃၆ဝဝ ကိုလောက်တယ်၊ မလောက်ဘူး အော်နေမယ့်အစား တိကျသေချာတဲ့ သုံးသပ်ချက်၊ အစီရင်ခံစာ တင်ပေါ့ဗျာ။ အဲဒီလိုမှ မဟုတ်ဘဲ ၄ဝဝဝ၊ ၅ဝဝဝ စသဖြင့် တောင်းနေရင်အဆင်မပြေဘူး။ အလုပ်ရှင် ကိုရန်သူလို သွားထင်နေရင်လည်း အဆင်မပြေဘူး။ မိဘနဲ့သားသမီး၊ ဆရာနဲ့ တပည့်လိုပဲ မုန့်ဖိုးတောင်း သလိုပေါ့ဗျာ။ ၁ဝဝ တောင်းတယ်၊ ၅ဝ ပေးနိုင်တဲ့အချိန် ၅ဝ ၊ ဒီကနေ ၇ဝ ပေးနိုင်တဲ့အချိန် ၇ဝ စသဖြင့် တိုးသွားမှာပေါ့ဗျာ။ အလုပ်သမားတွေက တစ်ခါတလေရန်တွေ့သလိုပြောတယ်။ ကျွန်တော်တို့ အလုပ်သမားဝန်ကြီးဌာနက ကြားထဲကငထွားခါးနာတာပေါ့ဗျာ။ အလုပ်ရှင်ဆိုတာကလည်း ဘတ်ဂျက်နဲ့သွားတာမဟုတ်ဘူး။ ဒီတော့သူတို့ရဲ့ ရောင်းရငွေ၊ ငွေကြေးဈေးနှုန်း ဒါတွေအပေါ်မှာ မူတည်နေတာ။ ပြီးတော့အားလုံးက ရပိုင်ခွင့်နဲ့ ရနိုင်ခွင့်ကို ခွဲခြားသိမြင်ဖို့လိုတယ်။ ဥပဒေမှာ ပါတာက ရပိုင်ခွင့်၊ ရကိုရမှာ။ မပါတာက ရနိုင်ခွင့် ဒါတွေကိုခွဲခြားသိဖို့လိုတယ်။ ဒါတွေသိရင် ခုံသမာဓိထိလည်း မရောက်တော့ဘူး။ ပြောချင်တာကတော့ ခုံသမာဓိရဲ့ဆုံးဖြတ်ချက်က ကျွန်တော်တို့ ဝင်စွက်ဖက်လို့ မရပါဘူး။
ခုံသမာဓိ ရွေးချယ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အလုပ် သမားတွေက သတင်းစာရှင်းလင်းပွဲတွေ လုပ်ပါတယ်။ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သွားဖို့ လည်းရှိတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ ဝန်ကြီးဌာနအနေနဲ့ အလုပ်သမားတွေကို ဘာများပြောချင်ပါသလဲခင်ဗျ။
ကျွန်တော်တို့ဘက်က လောလောဆယ် သုံးသပ်နေတုန်းပဲဆိုတော့ ဒါကိုစောင့်မလား၊ မစောင့်ဘူးလား တခြားမှတ်ချက်တော့ ပေးစရာမရှိပါဘူး။ ဒါပေမယ့် ဒါကိုကျွန်တော်တို့က အတည်မပြုသေးဘူးနော်။ ဒီခုံသမာဓိ ကိုယ်စားလှယ်အဖြစ် ဒီလူတွေကို အတည်ပြုလိုက်ပြီလို့ မပြောသေးပါဘူး။ ဒါလေးကို ဆောင်ရွက်နေတုန်းကာလမှာ တစ်ဖက်ဖက်ကို ထိခိုက်နိုင်တဲ့ကိစ္စမျိုးတွေမလုပ်ဖို့၊ မဖြစ်စေဖို့ မျှော်လင့် ပါတယ်။
ရဲ လွ င် ေ တြ ႕ဆံု ေ မ း မြ န်း သ ည်


မန္တလေးတိုင်းရှိ အလုပ်သမားအဖွဲ့အစည်းအချို့က သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်ကြားစာပို့မည်


Friday, July 22, 2016 
ပြည်ထောင်စုအဆင့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိကောင်စီဝင် အလုပ်သမားကိုယ်စားလှယ်ရွေး ချယ်ရာတွင် အခြေခံအလုပ်သ မားအဖွဲ့အစည်းများအား စာဖြင့် အသိပေးအကြောင်းကြားခြင်းမ ရှိသဖြင့် မန္တလေးတိုင်းဒေသကြီးမှ အလုပ်သမားအဖွဲ့အစည်းအချို့ က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ကန့်ကွက်တိုင်ကြားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ခုံသမာဓိကောင်စီအလုပ်သ မားကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အလုပ်သမားအဖွဲ့အစည်းများအား ဖိတ်ကြားခြင်းမရှိသည့်ကိစ္စနှင့်ပတ်သက်၍  ဇူလိုင် ၁၉ရက်က မန္တလေးမြို့ 88ကဖေး၌  မန္တလေးတိုင်းဒေသကြီးရှိမြို့နယ်ခုနစ်ခုမှ အလုပ်သမားအ
ဖွဲ့၃၀ခန့်က သတင်းစာရှင်းလင်းပွဲပြုလုပ်ကန့်ကွက်ခဲ့ရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘အရင်အစိုးရလက်ထက် တုန်းကတောင် အခြေခံအဖွဲ့အ ထိ ဖိတ်စာပို့ပြီးဖိတ်ခဲ့တယ်။ အခု ပြည်သူတွေ ရွေးချယ်ထားတဲ့၊ ပွင့် လင်းမြင်သာတဲ့ အစိုးရလက်ထက်ကျမှ အလုပ်သမားအဖွဲ့အ စည်းတွေကို တရားဝင်အကြောင်း ကြားဖိတ်ကြားခြင်းမရှိဘဲ လက် သိပ်ထိုးရွေးချယ်သွားတယ်။ ဒါနဲ့ ပတ်သက်ပြီး ၀န်ကြီးဌာနကို ကန့် ကွက်စာပေးပို့ပြီး နိုင်ငံတော်အစိုး ရကို တိုင်ကြားသွားမယ်’’ဟု ကျောက်ဆည်မြို့နယ် ဆင်မင်း ဘိလပ်မြေစက်ရုံမှ အလုပ်သမား ခေါင်းဆောင်ဦးအောင်သူဝင်းက အဆိုပါသတင်းစာရှင်းလင်းပွဲ ၌ ပြောကြားသည်။
ထိုသို့ အောက်ခြေအလုပ် သမားအဖွဲ့အစည်းများသို့စာဖြင့် အသိပေးအကြောင်းကြားခြင်းမရှိဘဲ ကိုယ်စားလှယ်များရွေးချယ်ခဲ့ ခြင်းကို ကန့်ကွက်ကြောင်း မန္တ လေးတိုင်းဒေသကြီးရှိ အလုပ်သ မားအဖွဲ့အစည်း များက အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ဇူလိုင်တတိယအပတ်က အသိပေးအကြောင်းကြားစာများပေးပို့ခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်ကြားစာများကိုလည်း  ယခုအပတ်အတွင်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံသို့ ပေးပို့တိုင်ကြားမည်ဟု အလုပ်သမားအဖွဲ့ခေါင်းဆောင်များကပြောသည်။
ပြည်ထောင်စုအဆင့် အ လုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးခုံသမာဓိကောင်စီဝင် ကိုယ်စားလှယ် ၁၅ဦးကို အလုပ် ရှင်များဘက်မှ ငါးဦး၊ အလုပ်သ မားများဘက်မှ ငါးဦး၊ ၀န်ကြီးဌာ နမှ ငါးဦးရွေးချယ်ရခြင်းဖြစ်ပြီး အလုပ်သမားကိုယ်စားလှယ်များ ရွေးချယ်ရာတွင် တရားဝင်အ ကြောင်းကြားခြင်းမရှိဟုဆိုကာ မန္တလေးတိုင်းမှ အလုပ်သမားအ ဖွဲ့အစည်းအချို့က ကန့်ကွက်ခြင်း ဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံးရှိ အလုပ် သမားအဖွဲ့အစည်းများ မဲပေးရွေး ချယ်ခွင့်ရှိသည့် အလုပ်သမားရေး ရာအငြင်းပွားမှုဖြေရှင်းရေး ခုံသ မာဓိကောင်စီဝင် အလုပ်သမားကိုယ်စားလှယ်ငါးဦးရွေးချယ်ခြင်းကို ဇူလိုင် ၁၂ရက်က ရန်ကုန်မြို့ တွင် ကျင်းပခဲ့သည်။ ထိုသို့ရွေး ချယ်ရာတွင် အလုပ်သမားအဖွဲ့ အစည်းများကို အလုပ်သမားဦးစီး ဌာနက တရားဝင်အကြောင်း ကြားစာမပေးပို့ခဲ့ကြောင်း မန္တ လေးတိုင်းဒေသကြီးအလုပ်သ မားခေါင်းဆောင်များကဆိုသည်။
 ‘‘ကျွန်တော်တို့ ဥပဒေအ တွင်းက တိုင်ကြားတယ်၊ ကန့် ကွက်တယ်။ ဥပဒေနဲ့အညီ ကန့် ကွက်တာကို ဥပဒေနဲ့အညီ အ ရေးယူပေးချင်ပါတယ်’’ဟု CCTU အလုပ်သမားအဖွဲ့အစည်း   ဦး ဆောင်သူဦးစောလှအောင်က ပြောသည်။
နေပြည်တော်  အလုပ်သ မားရေးရာ    ဆက်ဆံရေးဌာန ဒုတိယဦးစီးမှူးဦးမြင့်အောင်က ‘‘ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာအ ခြေခံအလုပ်သမားအဖွဲ့ ၂,၀၃၇ဖွဲ့၊ မြို့နယ်အဖွဲ့အစည်း ၁၁၅ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်က ၁၄ ဖွဲ့၊ အဖွဲ့ချုပ်က ရှစ်ဖွဲ့ရှိတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာအဖွဲ့တစ် ဖွဲ့ရှိတယ်။ အဲဒီတော့ ၂,၁၇၅ဖွဲ့ကို ဖိတ်စာပေးမယ်ဆိုရင် မရောက်နိုင်ဘူးလို့ ယူဆနိုင်တယ်။ အဲဒါကြောင့် သတင်းစာနဲ့ SkyNet ကပဲကြော်ငြာခဲ့တာပါ’’ဟု ပြောကြားခဲ့သည်။
အလုပ်သမားရေးရာ အငြင်းပွားမှု    ဖြေရှင်းရေးခုံသမာဓိ ကောင်စီဝင်များကို ၂နှစ်တစ်ကြိမ်အလုပ်သမား၊အလုပ်ရှင်နှင့် ၀န်ကြီးဌာနမှ ငါးဦးစီရွေးချယ်တင်မြှောက်ရခြင်းဖြစ်ကြောင်း သိရသည်။

Wednesday, July 20, 2016

အက်ဆစ်စက်ရုံပြောင်းရွှေ့ သင့်ကြောင်း အေအိုင်အကြံပြု



20 July 2016

ဆားလင်းကြီးမြို့ရှိ ဆာလ်ဖျူရစ် အက်စစ်စက်ရုံအနီးတွင် လယ်ယာလုပ်ကိုင်နေကြသည်ကို တွေ့ရစဉ်။ Photo: Amnesty International

Amnesty International လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ကျေးရွာနှစ်ရွာ အနီးမှာရှိနေတဲ့ ဆာလဖျုရစ်အက်စစ် စက်ရုံကို မြန်မာအစိုးရအနေနဲ့ ရွှေ့ပြောင်းနေရာချထားဖို့ အမိန့်ထုတ်ပြန်သင့်ကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

ပြည်သူတွေရဲ့ ကျန်းမာရေး နဲ့ စိုးရိမ်မှုတွေ လျော့ကျသွားအောင် စက်ရုံကို ပြောင်းရွှေ့သင့်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ထံကို တိုင်းအစိုးရကလည်း မှတ်ချက်ပြုတင်ပြထားတယ်လို့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။
ဆာလဖျူရစ်အက်ဆစ်စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် ဘေးပတ်ဝန်းကျင်ရွာတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနေတယ်ဆိုတာ ကို ဒေသခံတွေရဲ့ ပြောပြချက်တွေ စုစည်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့လည်း ဦးမြင့်ကြည်က ပြောပါတယ်။

စက်ရုံနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ကံကုန်းကျေးရွာက ဒေသခံတွေဟာ စက်ရုံကထွက်တဲ့ အက်ဆစ်နံ့တွေ ကြောင့် အသက်ရှုလမ်းကြောင်း၊ အရေပြားနဲ့ မျက်လုံးရော ဂါတွေ ခံစားနေရတယ်လို့ AI အဖွဲ့ သွားရောက်လေ့လာစဉ် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အစိုးရသစ်လက်ထက်မှာ အသစ်တင်မြှောက်လိုက်တဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စက်ရုံကြောင့်ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတွေကို ဆန်းစစ်မှု မပြီးမချင်း လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်ကို သက်တမ်းမတိုးပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဗဟိုအစိုးရဌာန အဖွဲ့အစည်းတစ်ခုက ဆက်လက်လည်ပတ်ခွင့်ပြုနေတာဖြစ်တယ်လို့လည်း AI အဖွဲ့က ဆိုပါတယ်။
အစိုးရသစ်အနေနဲ့ အဲ့ဒီစီမံကိန်းတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်နစ်နာနေတဲ့ ပြည်သူတွေနဲ့ ညှိနိုင်းဆွေးနွေးပြီး တဲ့အထိ သတ္တုတွင်းလုပ်ငန်းလည်ပတ်မှုတွေ ကို ရပ်ဆိုင်းထားသင့်ကြောင်း အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့ဇွန်လက အက်ဆစ်စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေကြောင့် စက်ရုံအနီးမှာရှိတဲ့ စာသင်ကျောင်း မှာ ကလေးတွေ ကျောင်းမတက်နိုင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီစက်ရုံဟာ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်က လုပ်ကိုင်နေတာဖြစ်ပြီး ဒီနှစ် အောက်တိုဘာလမှာ စက်ရုံလည်ပတ်ခွင့် သက်တမ်းကုန်ဆုံး မှာ ဖြစ်ပါတယ်။

RFA Burmese

အလုပ်သမား ၈၀ ကျော် ကို လျော်ကြေးငွေပေး



20 July 2016


လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ လဝန်းထက်သာ အထည်ချုပ်စက်ရုံက အလုပ်သမားတွေက အလုပ်ထုတ် နစ်နာကြေးရရှိဖို့နဲ့ လုပ်သက်လျော်ကြေးကို အမြန်ဆုံးပေးဖို့ ဇူလိုင်လ ၁၆ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်။ Photo: Kyaw Zaw Win/ RFA
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုံမှာရှိတဲ့ လဝန်းထက်သာ အထည်ချုပ် စက်ရုံက စက်ရုံရပ်နားလိုက်တဲ့အတွက် အလုပ်သမား ၈၅ ယောက်ကို စက်ရုံပိတ်နစ်နာကြေးနဲ့ လုပ်သက်အလိုက် လျော်ကြေးငွေတွေ ထုတ်ပေးနေပါတယ်။

စက်ရုံပိတ်နစ်နာကြေးနဲ့ လုပ်သက်အလိုက် လျော်ကြေးငွေ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ နီးပါးကို စက်ရုံဘက်က ပြန်ပေးတာဖြစ်ပြီး ဒီနေ့ အပြီးသတ်ထုတ်ပေး မှာ ဖြစ်တယ်လို့ အလုပ်သမား ခေါင်းဆောင် မ၀င်းဝင်းစိုး က ပြောပါတယ်။

စက်ရုံပိတ်သိမ်းမယ်ဆိုရင် အလုပ်သမားတွေကို တစ်လကြိုတင်အသိပေးရမှာ ဖြစ်ပြီး ကြိုတင် အသိမပေးဘဲ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ပိတ်သိမ်းလိုက် တာကြောင့် စက်ရုံပိတ်နစ်နာကြေးအဖြစ် အလုပ်သမားတွေရဲ့ လစာငွေ တစ်လစာစီကို ပေးရတာဖြစ်ပါတယ်။

ဒါ့အပြင် တစ်နှစ်မှာ ၁၀ ရက် လုပ်သက်ခွင့်ရတာကို ခွင့်မယူဘဲ အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားတွေ အတွက် လုပ်သက်ခွင့်လစာတွေကို စက်ရုံဘက်က လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ထုတ်ပေးမှာ ဖြစ်ပါတယ်။

လ၀န်းထက်သာ အထည်ချုပ်စက်ရုံဟာ ၂၀၁၃ ခုနှစ်က စပြီး အလုပ်သမား ၁၀၀၀ နီးပါးနဲ့ ကိုးရီးယားအနွေးထည်တွေ၊ ကုတ်အင်္ကျီနဲ့ ဘောင်းဘီတွေကို ချုပ်လုပ် ခဲ့တာဖြစ်ပါတယ်။

စက်ရုံဘက်က လုပ်ခလစာတွေ အချိန်မှန်မပေးတာကြောင့် အလုပ်ကနေ နှုတ်ထွက်သူတွေ များလာပြီး လုပ်သက် ၃ လကနေ ၃ နှစ်ကျော်အထိရှိတဲ့ အလုပ် သမား ၈၅ ယောက်သာ ကျန်နေတာ ဖြစ်ပါတယ်။

RFA Burmese