Thursday, August 2, 2012

မအေးအေးအောင်ဂျူဒိုပြိုင်ပွဲရူံးနိမ့်

လန်ဒန် အိုလံပစ် ၂၀၁၂ မှာ ပြိုင်ပွဲ ၀င်နေတဲ့ မအေးအေးအောင်ဟာ အနုတ် ၇၈ ကီလိုတန်း ဂျူဒိုပြိုင်ပွဲ ရှုံးထွက်ပြိုင်ပွဲမှာ တရုတ်က အားကစားသမား Xiuli Yang နဲ့ ဒီကနေ့ သြဂုတ် ၂ က ကစားခဲ့ရပြီး ရှုံးနိမ့်သွားခဲ့လို့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။
အိုလံပစ်သတင်းများဖတ်ရန်

NLD နှင့် ကြံ့ခိုင်ရေးပါတီများအပါအ၀င် ၀ါဆိုသင်္ကန်း စုပေါင်းကပ်လှူ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ NLD နှင့် အခြားနိုင်ငံရေး လူမှုရေးအဖွဲ့အစည်းများစုပေါင်းပါဝင်သည့် ပထမ ဆုံးအကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပွဲကို သန်လျင်မြို့၌၀ါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့ နေ့လည်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါအလှူပွဲသို့ သန်လျင်မြို့ နတ်စင်တစ်ရာကျောင်းတိုက်ဆရာတော် ဘန္ဒန္တပညာတေဇက နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအား ဖိတ်ကြား၍ပြုလုပ်ခြင်းဖြစ်ပြီး ၄င်းပါတီနှစ်ခုအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ပြည်တွင်းမီဒီယာများနှင့် ဒကာ၊ဒါယိကာမများလည်းတက်ရောက်လှူဒါန်းခဲ့ကြသည်။ “ပါတီအနေနဲ့ကတော့ နှစ်စဉ်အဖွဲ့ချုပ်ရုံးမှာ လုပ်ပါတယ်။ အခုလိုစုပေါင်းလှူဒါန်းတာကတော့ ပထမဆုံးပါပဲ”ဟု သန်လျင်မြို့ NLDပါတီမှ ဦးစိုးဟန်က ပြောသည်။ အလှူပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့မှသံဃာတော်အပါး ၃၀ နှင့် ဗဟိုဝန်ဆောင်သံဃာတော် ၁၈ ပါးတို့အားဝါဆိုသင်္ကန်းကပ်လှူကြပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သူမ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းတက်ရောက်လှူဒါန်းခဲ့သည်။ ၄င်းအပြင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဥာဏ်ထွန်း၊ ပြည်တွင်းမီဒီယာအဖွဲ့မှ ဦးဇေယျာမြတ်ခိုင်တို့မှလည်း ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြေငလျင်သတင်း


(မြန်မာစံတော်ချိန်၀၅း၀၀နာရီအချိန်ထုတ်ပြန်ချက်)
၂၀၁၂ ခုနှစ်သြဂုတ်လ(၂)ရက်နေ့မြန်မာစံတော်ချိန်(၀၄)နာရီ၊(၂၈)မိနစ်၊(၁၆)စက္ကန့်အချိန်တွင်
မန္တလေးမြေငလျင်စခန်းမှမြောက်ဘက်မိုင်(၂၉၀)မိုင်ခန့် (မြစ်ကြီးနားမြို့၏အနောက်မြောက်ဘက်
မိုင်(၉၀)ခန့်)ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်းကိုဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး(၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါသည်၊
"မိုးလေဝသနှင့်ဇလ‌ဗေဒ ညွှန်ကြားမှုဦးစီးဌာန"

စက်ဘီးဖြင့် ကမ္ဘာပါတ်နေသူ နီပေါနိုင်ငံသား မြန်မာပြည်သို့ ရောက်ရှိ

ရန်ကုန်၊သြဂုတ်၂
နီပေါ နိုင်ငံသားတစ်ဦး ဖြစ်သူ saurab သည်စက်ဘီးစီးပြီး ကမ္ဘာပါတ်နေကာ သဘာဝပါတ်ဝန်း ကျင် ကာကွယ် ထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေ သူဖြစ်သည်။နိုင်ငံပေါင်း လေးဆယ့်ကိုး နိုင်ငံ ကို စက်ဘီးတစ်စီးဖြင့် ပတ်ခဲ့ပြီး ဖြစ်ပြီး မြန်မာနိုင်ငံ မှာ နိုင်ငံငါးဆယ်မြောက် ခရီးထွက်သည့် နိုင်ငံ ဖြစ်သည်။ ရှေ့ဆက်ပြီးလည်း ဂျာမနီနှင့် ဥရောပ နိုင်ငံများသို့ဆက်လက် ခရီးဆက်ဦးမည်ဖြစ်ပြီး သူ၏ခရီးစဉ် အတွက်ထောက်ပံပေးထားသူ မရှိကြောင်း ၊ လူမှုအဖွဲ့ အစည်း တစ်ခုဖြစ်သည့် Lion Club Cycle Association နှင့် နီပေါ နိုင်ငံသံရုံး၊ နီပေါနိုင်ငံ လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံသားများက ထောက်ပံ့ပေးကြောင်း၊ ခရီးစဉ် အစတွင်မူ ဆင့်ရှစ်ဆယ်သာ သူ့ထံတွင်ရှိကြောင်း မြန်မာနိုင်ငံအခြေစိုက်နီပေါသံရုံးမှတာဝန်ရှိသူ များမှတဆင့် မေးမြန်းသိရှိရသည်။"လူသားအားလုံး စက်ဘီးစီးခြင်းသည်ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ကြောင့် အိုဇုန်းလွှာ ပေါက်ခြင်းမှ ကာကွယ်ပေးနိုင်တယ် လူသားများလည်း ကျန်းမာရေး ကောင်းမွန်ပြီးအသက်ရှည်၊ အနာမဲ့စွာနေထိုင် နိုင်ပါတယ်။Traffic Jump လည်းမဖြစ်နိုင်တဲ့အပြင် ငွေပိုစုဆောင်းမိနိုင်ပါတယ်။ဒါ့ပြင် ကမ္ဘာကြီးရဲ့ဘယ်နေရာမှာနေနေ၊ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ် တစ်ခုတည်းသော ကောင်းကင်အောက်မှာနေကြတဲ့အတွက် လူသားတိုင်းနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်သွားကြ ရပါမယ် "ဟုနီပေါနိုင်ငံသား Saurab ကဆိုသည်။

 The Voice Weekly

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား

စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) ခု၌  ပြဿနာ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။ပထမ တစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည် ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဦးအောင်မြကျော်က ယခုလို ပြောသည်။
“ ဖြစ်တာက သဲချောင်းကို ဖြတ်ပြီ မန်ဇီဘက်က မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီကို ဆန်သွားပို့တဲ့ ကားကို ၀ိုင်းပြီး လမ်းကနေတားကြပါတယ်။ အဲသလို တားဆီးတာကို  အဲဒီဆန်ကားကို နောက်ကနေ မော်တော်ဆိုင်ကယ်တွေနဲ့ အစောင့်အရှောက် လိုက်ပါလာတဲ့ မင်းဂံရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့တွေက ဟန့်တားတယ်။ အဲသလို ဟန့်တားနေစဉ် မွတ်ဆလင် လူအုပ်က တိုက်ခိုက်ဖို့ ၀ိုင်းလာတဲ့ အတွက် ဆိုင်ကယ်ကို ပစ်ထားပြီး ကိုယ်လွှတ်ထွက်ပြေးခဲ့ကြရပါတယ်” ဟု ပြောသည်။
စခန်းမှူး အပါအ၀င် ရဲတပ်သား ၄ ဦးမှာ  အနီးအနားရှိ စစ်သားများ ယာယီ စခန်းချနေသော မန်ဇီ ရွာ စခန်းသို့ ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ရသည်ဟု သူက ဆက်ပြောသည်။
သတင်းအပြည့်အစုံဖတ်ရန်

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ဖွဲ့စည်း


သြဂုတ်လ(၁)ရက်နေ့ ညနေပိုင်းက တော်ဝင်နှင်းဆီစာသောက်ဆိုင်တွင် သတင်းမီဒီယာသမားများတွေ့ဆုံဆွေးနွေးကြပြီးနောက်
သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကို အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ထို့နောက် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ယင်းထုတ်ပြန်ချက်တွင် အချက်(၇)ချက်ပါရှိပြီး၊ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်ကြသည်။
(၁) ပိတ်ပင်ခံထားရသော The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်၊ လျှပ်တစ်ပြက် တို့ကို ချက်ချင်း ပြန်လည်ထုတ်ဝေခွင့်ပေးရန်။
(၂) ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့် နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆို အရေးယူ ဖယ်ရှားပေးရန်။
(၃) ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်။
(၄) သတင်းမီဒီယာများအပေါ် အရေးယူမှုများကို ထပ်မံဆောင်ရွက်ခြင်း မပြုရန်။
(၅) ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုများကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲဆိုမှုများကို ချက်ချင်းရပ်ဆိုင်းရန်။
(၆) မီဒီယာသမားများ၏ သဘောဆန္ဒမပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။
(၇) လက်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးမှုများအတွက် မီဒီယာများအား နိုင်ငံတော်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန်
ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ သတင်းမီဒီယာသမား တစ်ရာခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

Wednesday, August 1, 2012

သတင်းဂျာနယ်နှစ်စောင် ထုတ်ဝေခွင့်ယာယီရပ်ဆိုင်း

The Voice Weekly နှင့် Envoy News Journal တို့အား စာပေစိစစ်ရေးမှ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်း
ပြန်ကြားရေးဝန်ကြီးဌာန၊ လက်အောက်ရှိ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက သတင်းဂျာနယ်နှစ်စောင် ဖြစ်သော The Voice Weekly နှင့် Envoy News Journal တို့အား ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ပြီး ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်တွင်းဂျာနယ်များအား စာပေစိစစ်ရေးမှ ခေါ်ယူတွေ့ဆုံရာ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက အဆိုပါဂျာနယ်နှစ်စောင်အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားကြောင်း ပြောကြားသွားခြင်းဖြစ်သည်။
သတ်မှတ်ထားသော စည်းကမ်းချက်များကို ချိုးဖောက်သည်ဟုသော စွပ်စွဲချက်ဖြင့် လာမည့်အပတ်မှ စတင်ပြီး The Voice Weekly ဂျာနယ်နှင့် Envoy News Journal တို့ အား စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ထုတ်ဝေခွင့် ယာယီရပ်နားလိုက် ကြောင်း The Voice Weekly သတင်းဂျာနယ်၏ Facebook စာမျက်နှာတွင် ဖော်ပြထားပြီး အဆိုပါထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရခြင်း မှန်ကန်ကြောင်း Envoy News Journal ကလည်းအတည်ပြုကြောင်း အဆိုပါဖော်ပြချက်အရသိရှိရသည်။
''ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ကျနော် တို့ The Voice Weekly ကို ထုတ်ဝေခွင့် ယာယီရပ်နားလိုက်တယ်။ အကြောင်းပြချက်ကတော့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာလို့ ပြောတယ်။ အဓိကအချက်ကတော့ ကျနော့်အထင် အခုနောက်ဆုံး ထွက်ထားတဲ့ စာစောင်မျက်နှာဖုံးသတင်းနှစ်ပုဒ်ကြောင့်လို့ဖြစ်မယ်။ တစ်ပုဒ်က ၀န်ကြီး အပြောင်းအရွှေ့သတင်းနဲ့ ကာတွန်းပြပွဲမှာ အပယ်ခံရတဲ့ပုံကို စာပေစိစစ်ရေးကလာစစ်နေတဲ့ ဓာတ်ပုံနဲ့ ကာတွန်းပြပွဲ သတင်းပါ။ လောလောဆယ်တော့ ဘယ်လောက် အပိတ်ခံရမယ်ဆိုတာ မပြော နိုင်သေးဘူး''ဟု The Voice Weekly သတင်းဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုကျော်မင်းဆွေက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြ ထားသည်။
The Voice Weekly သတင်းဂျာနယ် အနေဖြင့် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရခြင်းမှာ ခြောက်ကြိမ်မြောက် ရပ်ဆိုင်းခံရခြင်းဖြစ်ကြောင်း သိရှိရပြီး ယခု ဂျာနယ်နှစ်စောင်အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခဲ့ခြင်း မတိုင်မီက လျှပ်တစ်ပြက်သတင်း ဂျာနယ်အား စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားခဲ့ပြီး ရက်သတ္တ(၇)ပတ် ကျော်လာသည်အထိ ထုတ်ဝေခွင့် ရပ်ဆိုင်းခံထားရသည်။

Tuesday, July 31, 2012

အစိုးရအဖွဲ့ဝင်များပိုင်ဆိုင်မှုစာရင်းကောက်ခံ

 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များအနေနဲ့ ပိုင်ဆိုင်မှု ပစ္စည်းများနဲ့ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကြပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဝင်များအားလုံး စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြကြရန် အမိန့်တစ်ရပ် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ တင်ပြကြရမယ့် အစိုးရအဖွဲ့ဝင်များမှာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်တယ်လို့ အဲဒီအမိန့်စာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ပိုင်ဆိုင်မှု တင်ပြရမယ့်စာရင်းမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ ပါဝင်ပြီး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနဲ့ ဝတ်ဆင်ရန် ရတနာများ၊ စီးပွားရေးလုပ်ငန်း၊ စုဆောင်းထားရှိတဲ့ ငွေပမာဏ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မြေ၊ အိမ်၊ အဆောက်အအုံများ တင်ပြရမှာဖြစ်ပြီး၊ ကြွေးမြီနဲ့ အခြားအထွေထွေပိုင်ဆိုင်မှုများ ရှိပါကလည်း တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
 အသေးစိပ်ကတော့ဒီမှာပါ

အစိုးရအဖွဲ့ဝင်များပိုင်ဆိုင်မှုစာရင်းကောက်ခံ


 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များအနေနဲ့ ပိုင်ဆိုင်မှု ပစ္စည်းများနဲ့ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကြပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဝင်များအားလုံး စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြကြရန် အမိန့်တစ်ရပ် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ တင်ပြကြရမယ့် အစိုးရအဖွဲ့ဝင်များမှာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်တယ်လို့ အဲဒီအမိန့်စာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ပိုင်ဆိုင်မှု တင်ပြရမယ့်စာရင်းမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ ပါဝင်ပြီး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနဲ့ ဝတ်ဆင်ရန် ရတနာများ၊ စီးပွားရေးလုပ်ငန်း၊ စုဆောင်းထားရှိတဲ့ ငွေပမာဏ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မြေ၊ အိမ်၊ အဆောက်အအုံများ တင်ပြရမှာဖြစ်ပြီး၊ ကြွေးမြီနဲ့ အခြားအထွေထွေပိုင်ဆိုင်မှုများ ရှိပါကလည်း တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
 အသေးစိပ်ကတော့ဒီမှာပါ

RFA (31.7.2012)

(၁) ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ကိစ္စနှင့် စပ်လျဉ်းသော မေးခွန်း။
(၂) ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော ပြည်သူများ
မူလ အခြေအနေသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် ပြန်လည် ထူထောင်ရေး အခြေအနေများနှင့် နောင် အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး၊ လုံခြုံမှု တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အပြည့်အ၀ ရရှိရေးအတွက် ရေရှည်အစီအမံများ ချမှတ်ရေးဆွဲ ထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း။
(၃) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဒေသပြည်သူအပေါ် အမှီအခိုကင်းပြီး ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်တာဝန် ထမ်းဆောင်နိုင်ရေး အတွက် လုံလောက်သော ခရီးစရိတ်၊ အသုံးအဆောင် ပစ္စည်းနှင့် ရုံးသုံးစက်ပစ္စည်း စသည်တို့ကို ငွေစာရင်း ခေါင်းစဉ် အလိုက် ရံပုံငွေ ခွဲဝေချထားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း အစရှိသည့် မေးခွန်းများကို မေးမြန်းကြမည် ဖြစ်သည်။
ထို့နောက် အဆိုတင်သွင်းမှု အစီအစဉ်တွင်
(၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ကာလ စည်းကမ်းသတ် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေး စဉ်းစားရန် အဆိုတင်သွင်းခြင်း။
(၂) ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးက တရားရုံးများ မထီမဲ့မြင် ပြုမှု ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေး စဉ်းစားရန် အဆို တင်သွင်းခြင်။
(၃) ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးက ရာဇ၀တ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းခြင်း။
(၄) ငွေကြေးနှင့် အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးနှင့် အရင်းအနှီးဈေးကွက် ဥပဒေကြမ်း ရေးဆွဲနေစဉ် ကာလအတွင်း ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ပြုပြင် ဖွဲ့စည်းမှုများ ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခြင်း။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်းနှင့်
အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
(၅) အိန္ဒိယနိုင်ငံရှိ ရတနာဂီရိရှိ နတ်ရွာစံ သီပေါ မင်းတရားကြီး၏ ရုပ်အလောင်းများမှ အရိုးများကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်း။
(၆) အခြေခံ ပညာ အထက်တန်း စာမေးပွဲ အောင်မြင်မှု၊ ကျရှုံးမှုနှင့် စပ်လျဉ်း၍ လက်ရှိ ကျင့်သုံးနေသည့် စနစ်အား ပြန်လည် သုံးသပ်လျက် အရည်အချင်း ပြည့်မီသော အောင်မြင်သူများ ပိုမို မွေးထုတ် နိုင်ရေးအတွက် အောင်မြင်မှု အခြေခံ ရမှတ် သတ်မှတ်ချက် မြှင့်တင်ရန်နှင့် ကျရှုံးသူများ မနစ်နာစေရန် အတွက် ကျရှုံးပြီး ဘာသာကိုသာ အချိန်တို အတွင်း ပြန်လည် ဖြေဆိုခွင့် ရရှိရေး အခွင့်အရေး ပေးသည့် စနစ် ပြုပြင်ပြောင်းလဲ ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို တင်သွင်းခြင်း အစရှိသည်တို့ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းကြမည်ဟု သိရပါသည်။
Eleven Media Group

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝအာမခံချက် အဆို

နိုင်ငံခြားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝအာမခံချက် လုံခြုံမှုရရှိစေရေး မူဝါဒ ချမှတ် ဆောင်ရွက်နိုင်ရေးအဆိုကို ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက လွှတ်တော်မှာ ဒီကနေ့တင်သွင်းခဲ့ပြီး
ရှေ့ဆက် ဆွေးနွေးဖို့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

တချိန်ထဲမှာပဲ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝအာမခံချက်ကို
ဖြည့်ဆည်းဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သေး တာကြောင့် ဦးဌေးဦးရဲ့
အဆိုကို ဆက်လက်မဆွေးနွေးသင့်ဘူးလို့ NLD ပါတီပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက ကန့်ကွက်ဆွေးနွေးပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးစောလှထွန်းနဲ့ NLDပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာအောင်မိုးညိုတို့ကို - RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေးအတွက် အစည်းအဝေး ကျင်းပ


ရန်ကုန်မြို့မှာ ၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေးအတွက် အစည်းအဝေး တခုကို နိုင်ငံရေး အကျဉ်းသားဟောင်း
များ အဖွဲ့က ဦးစီးပြီး ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ အစည်းအဝေးကနေ “ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး ကော်မတီ” တရပ်ကို ဖွဲ့စည်းခဲ့ရာမှာ ကော်မတီဝင်တွေ အဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ၊ Generation Wave အဖွဲ့၊ တကသ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ၇၄ ၊ ၇၆ နဲ့ ၈၈
ကျောင်းသားဟောင်းတွေ ပါဝင်ပါတယ်။
၂ဝ၁၂ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့မှာ ကျရောက်မယ့် ရှစ်လေးလုံး
နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခမ်းမမှာ ကျင်းပမယ်လို့ သိရပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး အစည်းအဝေးကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ကိုယ်စား ကျောင်းသား
ခေါင်းဆောင် ကိုမင်းဇေယျ တက်ရောက်ခဲ့ပါတယ်။
ရှစ်လေးလုံး အခမ်းအနား ကျင်းပရေးအတွက် ၈၈ မျိုးဆက် ကျောင်းသား
များအဖွဲ့က အလှူငွေ တသိန်း ထည့်ဝင် ခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဦးဆောင်ကျင်းပမယ့် ရှစ်လေးလုံး အခမ်းအနားကို မန္တလေးမြို့မှာ ကျင်းပမယ်လို့လည်း သိရပါတယ်။

ယနေ့လွှတ်တော်ပုံရိပ်များ