ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု
လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနဲ့
ဇနီးဒေါ်ဝေေ၀သာတို့ပါဝင်တဲ့ အဖွဲ့ဟာမယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်နဲ့
တွှေ့ဆုံကာ မယ်တော် ဆေးခန်းက လူနာတွေကို မြ၀တီဆေးရုံနဲ့ မဲဆောက်ဆေးရုံတို့မှာ
လွယ်ကူချောမွေ့စွာ လွဲပြောင်းကုသပေးနိုင်ရေးအတွက် တနင်္ဂနွေနေ့ က
တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မယ်တော်ဆေးခန်းရဲ့ တာဝန်ခံ ဒေါက်တာစင်သီယာမောင်က အခုလို
ဆွေးနွေးခဲ့ပါတယ်။
“မဲဆောက်ဆေးရုံနဲ့ မြ၀တီဆေးရုံနဲ့ မယ်တော်ဆေးခန်းနဲ့
လုပ်နိုင်မယ့်လုပ်ငန်းအစီအစဉ်အ အတွက်ကို လူနာလွဲပြောင်းတာပဲဖြစ်ဖြစ်သတင်းအချက်အလက်တွေဖလှယ်တာပဲဖြစ်ဖြစ်
လုပ်ငန်းတွေအစီအစဉ်အတွက်ပဲ ကျမတို့ ဖော်လိုအပ်မိတင်တခုတော့ လုပ်ဖို့ လိုအပ်တယ်
ပေါ့နော်။၂၀၀၈ခုနှစ်မတိုင်ခင်မွေးဖွားတဲ့ကလေးရှိတယ်။၂၀၀၈နောက်မှာမွေးဖွားတာရှိတယ်
ဒီထိုင်းနိုင်ငံထဲမှာရှိနေတဲ့အချိန်မှာ သူတို့ ရရှိတဲ့ စာရွက်စာတမ်းတွေက ကွဲပြားမှုတွေရှိတယ်
လေ သို့သော်လည်း သူတို့အားလုံးဟာ မြန်မာပြည်ထဲမှာ မေးစါရင်းပြန်လည်ရရှိဖို့တို့
နိုင်ငံသား ဖြစ်ရေး အဲဒီကိစ္စတွေကိုလည်း ခြုံငုံပြီးတော့
သိသွားပြီဆိုလို့ရှိရင်တော့ လုပ်မဲ့ပရောဆက်တွေ
ရှင်းရှင်းလင်းလင်းဆွေးနွေးလို့ရမှာပေါ့။”
ဒေါက်တာဝေေ၀သာနဲ့အဖွဲ့ဟာ မယ်တော်ဆေးခန်းအတွက် ဒေါက်တာစင်သီယာမောင်ထံ ထိုင်းဘတ်ငွေ
တစ်သိန်း လှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် ညနေပိုင်းမှာ မယ်တော်ဆေးခန်းကို
ဖိတ်ကြားထားတဲ့ မဲဆောက်ဆေးရုံ ကြီးက တာဝန်ရှိသူတွေနဲ့လည်း မြန်မာရွှေ့ပြောင်း
အလုပ်သမားတွေ ကျန်းမာရေး ကုသမှုဆိုင် ရာ ကူညီဆောင်ရွက်ပေးနိုင် မယ့်အခြေ အနေတွေကို
ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
မယ်တော်ဆေးခန်းကို ညနေပိုင်းမှာရောက်ရှိလာတဲ့်ပြည်ထောင်စု
ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ရထားပို့ဆောင်ရေးဝန်ကြီး
ဦးအောင်မင်းကတော့ ဒေါက်တာ စင် သီယာမောင်ရဲ့ တင်ပြဆွေးနွေးမှုတွေကို ကူညီဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း
အခုလို ပြောပါတယ်။
“ဆေးခန်းမှာတက်နေတဲ့သူတွေကလည်း မြန်မာနိုင်ငံကတိုင်းရင်းသားတွေပါပဲ တိုင်းရင်းသား
တွေရဲ့ အရေးကိစ္စက ကျနော်တို့ နိုင်ငံတော်အစိုးရရဲ့ ကိစ္စဖြစ်တယ် ဒါကြောင့်မို့
ကျနော်တို့က လာပြီးတော့ ဆရာမကြီးကို အားပေးတယ် ဆရာမကြီးလိုအပ်ချက်တွေကိုလုပ်ပေးမယ်။
နောက်ပိုင်းကြ ဆရာမကြီးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။အဲဒီအတွက် လာတာဖြစ်တယ်။
ကျနော်တို့ မြ၀တီဆေးရုံကို အဆင့်မြင့်ပါ့မယ်အခုကတော့ ဖစ်ပတီဘတ်ဂျက်ပဲဖြစ်တယ်။
အဲဒီမှာ စပယ်ရှယ်လစ်တွေကိုပို့ပေးမယ် အဲဒါတွေပြီးတဲ့အခါမှာ ဒီကဆရာမကြီးကနေ
အမ်ဗြူလပ်ကားတစီးနဲ့ ဆရာမကြီးလက်မှတ်ထိုးပြီးတော့ ရီဖားလုပ်တဲ့လူနာအားလုံးကို ဟိုက
လက်ခံပြီးကုသသွားမှာဖြစ်တယ်။ ကျနော်ထင်တယ် တစ်လနှစ်လအတွင်းမှာ ဒါတွေကိုစတင်
ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ဘတ်စတီဖီကိစ်တို့ ဘာတို့ညာတို့ကတော့ ဒါက
ချက်ချင်း လုပ်လို့ရတဲ့ ကိစ္စပါ။”
မယ်တော်ဆေးခန်းမှာလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးက
ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အဆင့်အလိုက် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက
ပြုလုပ်ပေးမဲ့ ရက်တိုသင်တန်းတက်စေပြီး အစိုးရအနေနဲ့ တရာဝင်လက်မှတ်ထုတ်ပေးကာ
မြန်မာနိုင်ငံတ၀ှမ်း ဘယ်နေရာမှာမဆို လုပ်ကိုင်စားသောက်လို့ရတဲ့ အခြေအနေထိ
ကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ၀န်ကြီးဦးအောင်မင်းက ပြောဆိုခဲ့ပါတယ်။
မယ်တော်ဆေးခန်းကို ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့အတူ စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာ ၀န်ကြီး ဦးခင်ရီ၊
ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း အပါအ၀င်
ငြိမ်းချမ်းရေးအကြိုးတော်ဆောင်အဖွဲ့ကပုဂ္ဂိုလ်တွေလည်း လာရောက်ခဲ့ပါတယ်။