Tuesday, August 2, 2016

ထိုင်းနိုင်ငံရှိ အလုပ်သမားများကို ကူညီပေးနေသောMAT ဒါရိုက်တာ ဦးကျော်သောင်းကို Lover world အေဂျင်စီက တရားစွဲဆိုမည်




ထိုင်းနိုင်ငံရှိ အလုပ်သမားများကို ကူညီပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်းကို ပြည်ပ အလုပ်အကိုင် ရှာဖွေရေး Lover world အေဂျင်စီ က တရားစွဲဆိုမည် ဟု သိရသည်။
 
ဦးကျော်သောင်းသည် မေလ ၄ ရက်နေ့ သမ္မတရုံး၊ ပြည်တွင်း၊ ပြည်ပ လုပ်သားကော်မတီ၊ ဝန်ကြီးဌာန အပါ အဝင် စာပါ အချက်အလက်များ မှားယွင်းနေသည့် ကိစ္စနှင့် ကုမ္ပဏီကို အကြိမ်ကြိမ် အကျင့်ပျက် ဟူသည့် အသုံး အနှုန်းကြောင့် တရားစွဲဆိုရခြင်း ဖြစ်သည် ဟု Lover world အေဂျင်စီ မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ချိုချိုစန်း က ဧရာဝတီသို့ ပြောသည်။

အလုပ်သမားရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ပထမဆုံးအကြိမ်ဖွင့်

စီမံခန့်ခွဲမှုသင်တန်းပို့ချနေစဉ် (ဓာတ်ပုံ - ထက်အာကာကျော်)
အလုပ်သမားများ ရွှေ့ ပြောင်းသွားလာခြင်းဆိုင်ရာ မူဝါဒ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၀န်ဆောင် မှုများ တိုးမြှင့်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် အပြည်ပြည်ဆိုင်ရာ အ လုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှုသင်တန်း ကို စတင်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။

သားလေးဖတ်ဖို့


-စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ
မှတ်ပါ

-လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား . ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ

-ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား . သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ

-စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ

ထိုင်းမှာ မြန်မာအလုပ် သမားတွေ ပြန်ပို့ခံနေရ


ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားများကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ မြန်မာအလုပ်သမား အရေအတွက် သောင်းဂဏန်းလောက်ရှိမယ်လို့ မြန်မာ အလုပ် သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ က ပြောပါတယ်။

အဖမ်းခံရတဲ့ အလုပ်သမား ၉၀ ရာခိုင်နှုန်းလောက်ဟာ တရားဝင်နေထိုင်ခွင့်၊ တရားဝင်အလုပ်လုပ်ခွင့် လက်မှတ် ရှိနေသူတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။