Tuesday, August 2, 2016

အလုပ်သမားရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ပထမဆုံးအကြိမ်ဖွင့်

စီမံခန့်ခွဲမှုသင်တန်းပို့ချနေစဉ် (ဓာတ်ပုံ - ထက်အာကာကျော်)
အလုပ်သမားများ ရွှေ့ ပြောင်းသွားလာခြင်းဆိုင်ရာ မူဝါဒ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၀န်ဆောင် မှုများ တိုးမြှင့်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် အပြည်ပြည်ဆိုင်ရာ အ လုပ်သမားရေးရာအဖွဲ့ (ILO) တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှုသင်တန်း ကို စတင်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။



အဆိုပါသင်တန်းကို သြဂုတ် ၁ ရက်က ရန်ကုန်မြို့ရှိ ကျွမ်းကျင် မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းများကိုတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက်ဖွင့်လှစ်မည်ဟုအလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

‘‘ILO မှာက ရွှေ့ပြောင်းသွား လာခြင်းဆိုင်ရာနဲ့ပတ်သက်ပြီး တိကျတဲ့ မူဝါဒတွေရှိပြီးသား။ ဒါ ပေမဲ့ ဆရာတို့ နိုင်ငံနဲ့ လိုက်လျော ညီထွေဖြစ်မယ့် စီမံခန့်ခွဲမှုလုပ် ငန်းစဉ်တွေကို ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကို ပို့ချပေးတဲ့ သင်တန်းလည်းဖြစ်သလို အလုပ် ရုံဆွေးနွေးပွဲလည်း ဟုတ်တယ်’’ ဟု ဦးမျိုးအောင်က ရှင်းပြသည်။

အဆိုပါအလုပ်သမား ရွှေ့ ပြောင်းသွားလာခြင်းဆိုင်ရာ စီမံ ခန့်ခွဲမှု သင်တန်းကို ငါးရက်ကြာ ပို့ချမည်ဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦး စီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ် ၄၀ ဦးခန့်ပါဝင်သည်။

အလားတူ သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ယခု ပို့ချနေသည့် ရန်ကုန်သင်တန်းပြီး နောက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ဆက်လက်ဖွင့်လှစ် မည်ဖြစ်ကြောင်း ဦးမျိုးအောင်က ပြောသည်။

No comments:

Post a Comment