Thursday, August 4, 2016

မြန်မာအပါအ၀င် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးနေမှု ရပ်တန့်ပေးရန် ထိုင်းလုပ်ငန်းရှင် ၁၀၀ ကျော် ဆန္ဒပြတောင်းဆို



Friday, August 5, 2016

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများ အပါအ၀င် ရွှေ့ပြောင်းလုပ်သားများအားဖမ်း ဆီးနေမှုကို ရပ်တန့်ပေးရန်ဖူးခက်  မြို့ရှိ ထိုင်းဆောက်လုပ်ရေး လုပ် ငန်းရှင်ဦးရေ တစ်ရာကျော်ကဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၃ ရက်တွင် ဖူးခက် မြို့ရှိ ထိုင်းဆောက်လုပ်ရေးလုပ် ငန်းရှင် တစ်ရာကျော်တို့သည်ဖူးခက်မြို့ဆနမ်ချိုင်းရင်ပြင်၌ စုဝေး ဆန္ဒပြတောင်းဆိုခဲ့ပြီးဖူးခက်ခရိုင် မြို့တော်ဝန်ထံသို့ တောင်းဆိုချက် များ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

Wednesday, August 3, 2016

ခေါင်းဆောင်တွေ အလုပ်ပြန်ခန့်ဖို့ Next Star စက်ရုံလုပ်သားတွေ ဆန္ဒပြ

2016-08-03

ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်းမြို့ လှိုင်သာယာစက်မှုဇုန် ၁ က Next Star အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို သြဂုတ်လ ၃ ရက်နေ့ကတွေ့ရစဉ်

ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်းမြို့ လှိုင်သာယာစက်မှုဇုန် ၁ က Next Star အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို သြဂုတ်လ ၃ ရက်နေ့ကတွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၁ မှာရှိတဲ့ Next Star အထည်ချုပ်စက်ရုံမှာ တစ်ရက်လုပ်အားခ ကျပ် ၃၆၀၀ တိုးပေးဖို့ တောင်းဆိုမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင် ၃ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမား တစ်ရာနီးပါးက ဆန္ဒပြတောင်းဆိုနေပါတယ်။

Tuesday, August 2, 2016

လူကုန်ကူးခံ ငါးဖမ်းလုပ်သား ၁၁ ဦးအတွက် သုံးလစာကို ဇူလိုင်လကစတင်ပေးအပ်



MoU အလုပ်သမားများကိုယ်တိုင် ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းပွဲတွင် MAT အဖွဲ့ဒါရိုက်တာအားတရားစွဲ



MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းအား အေဂျင်စီများအဖွဲ့ချုပ် moeaf နှင့် Lover world အေဂျင်စီတို့မှအမူဖွင့်တိုင်ကြား 
MoU.အလုပ်သမားများကိုယ်တိုင် ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းပွဲ

၂၀၁၆ သြဂုတ် ၂ရက်.
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများ အဖွဲ့( MAT ) အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းအား ရန်ကုန်အခြေစိုက်
ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ် moeaf အတွင်းရေးမှူး ဦးကျော်ထင်ကျော်နှင့် လပ်ဗီးဝေါလ် အေဂျင်စီ ဒါရိုက်တာ ဒေါ်ချိုချိုစန်းတို့က အသရေဖျက်မူ ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမူတို့ဖြင့် အမူဖွင့်တိုင်ကြားထားကြောင်း ကြားသိရပါသည်။