Tuesday, August 2, 2016

MoU အလုပ်သမားများကိုယ်တိုင် ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းပွဲတွင် MAT အဖွဲ့ဒါရိုက်တာအားတရားစွဲ



MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းအား အေဂျင်စီများအဖွဲ့ချုပ် moeaf နှင့် Lover world အေဂျင်စီတို့မှအမူဖွင့်တိုင်ကြား 
MoU.အလုပ်သမားများကိုယ်တိုင် ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းပွဲ

၂၀၁၆ သြဂုတ် ၂ရက်.
ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများ အဖွဲ့( MAT ) အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းအား ရန်ကုန်အခြေစိုက်
ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ် moeaf အတွင်းရေးမှူး ဦးကျော်ထင်ကျော်နှင့် လပ်ဗီးဝေါလ် အေဂျင်စီ ဒါရိုက်တာ ဒေါ်ချိုချိုစန်းတို့က အသရေဖျက်မူ ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမူတို့ဖြင့် အမူဖွင့်တိုင်ကြားထားကြောင်း ကြားသိရပါသည်။


moeaf အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ဂုဏ်သိက္ခာ ညှိုးနွမ်း အောင် အင်တာနက် အွန်လိုင်းတွင် ရေးသားထားသည်ဆို၍ အကြောင်းပြချက်ဖြင့် ပန်းဘဲတန်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် မောင်မောင်မြင့် ဆိုသူက ယနေ့ သတင်းစာရှင်းပွဲတွင် လာရောက်၍ ဦးကျော်သောင်းကို ပြောဆိုခဲ့သည် အလားတူ လပ်ဗီးဝေါလ် အေဂျင်စီဒါရိုက်တာ ဒေါ်ချိုချိုစန်းကလည်း သတင်းစားရှင်းပွဲတွင် ဦးကျော်သောင်းကို လာရောက်တွေ့ဆုံရခြင်းမှာ လူကြီးလူကောင်း ပီသစွာဖြင့် လာရောက်ဖြေရှင်းရန် ပြောဆိုခဲ့သလို ၎င်းအမူဖွင့်တိုင်ကြားထားသော သုဝဏ္ဍရဲစခန်းမှ ဒုရဲအုပ် အောင်မျိုးဦး ဆိုသူသည်လည်း ဦးကျော်သောင်းထံသို့
ဖုန်းဆက်၍ အကြောင်းကြားလာခဲ့သည်ဟုသိရှိပါသည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက '' ကျွန်တော်ကို ပြောတဲ့ ဒုရဲအုပ်ကို ကျွန်တော် ပြောလိုက်တယ်ဗျ သူတို့က အမုတိုင်ထားလို့ ကျွန်တော်ကို ခေါ်စစ်သလို သူတို့ကြောင့် ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေကိုခေါ်ပြီး အမူဖွင့်ရင်လည်း ခင်ဗျာတို့ တိတိကျကျကိုင်တွယ်ပြီး အရေးယူဆောင်ရွက်ပါ
မနက်ဖြန် မနက် ၁၀ နာရီတွင် ယခု ပတ်စပို့ထုတ်လုပ်ရေးရုံး (ပြည်တွင်းရေး ရုံးဟောင်းနေရာ) သို့ လာခဲ့ပါဟု'' ပြောဆိုခဲ့ပါသည်။

MAT အဖွဲ့နှင့် AAC အဖွဲ့တို့သည် ယနေ့နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ
ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ယုဇန ဟိုတယ်တွင် သတင်းစာ
ရှင်းပွဲ ပြုလုပ်ခဲ့ပါရာ အဆိုပါ သတင်းစာရှင်းပွဲသို့ အလုပ်သမားများနှင့် မိသားစုများ သတင်းမီဒီယာများအပြင် အေဂျင်စီ အဖွဲ့များတက်ရောက်ခဲ့ပါသည်
လူဦးရေ အများအပြားတက်ရောက်ခဲ့သဖြင့် အခန်းလျှံခဲ့ပါသည် သတင်းစာရှင်းပွဲ၏ ရလဒ် အနေဖြင့် လူမှောင်ခိုကူးအဖွဲ့ဟု
ပြောဆိုနေကြသော moeaf အဖွဲ့ကို MAT အဖွဲ့ အနေဖြင့် မှန်ကန်စွာ ကိုင်တွယ် ဖြေရှင်း နိုင်မည်ဟု မျှော်လင့်ပါသည်။

No comments:

Post a Comment