Sunday, August 19, 2012

ရခိုင်ပြည်နယ်တိုင်းရင်းသားကလေးငယ်များ ပညာရေးရန်ပုံငွေပွဲ



ယနေ့ကျင်းပပြုလုပ်လျှက်ရှိသည့် ရခိုင်ပြည်နယ်တိုင်းရင်းသားကလေးငယ်များ ပညာရေးရန်ပုံငွေပွဲတွင် အဆိုတော် Lလွန်းဝါ မှ သီဆိုဖျော်ဖြေနေစဉ်
အဆိုပါပွဲအတွက်AGD bank မှ main sponsor အဖြစ် ပူးပေါင်းပါဝင်ထားကြောင်းသိရသည်။ 
ရခိုင်ပြည်နယ်တိုင်းရင်းသားကလေးငယ်များ ပညာရေးရန်ပုံငွေပွဲတွင် အဆိုတော် ဟဲလေးမှ မေတ္တာဖြင့် သီဆိုဖျော်ဖြေနေစဉ်

မြန်မာ့လေကြောင်းနှင့် UAE နိုင်ငံအခြေစိုက် Dnata တို့ပထမဦးဆုံးမြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း(Joint Operation)ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး




ရန်ကုန်၊ သြဂုတ်-၁၈
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းနှင့် UAE နိုင်ငံအခြေစိုက် Dnata တို့ သြဂုတ် ၁၇ ရက်တွင် မြန်မာနိုင်ငံ၌ ပထမဦးဆုံးမြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း(Joint Operation)ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။

မြေပြင်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၌ မြေပြင်ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစား ၁၄ မျိုးပါဝင်ပြီး လေယာဉ်ဆိုက်ရောက်ချိန်တွင် လေယာဉ်သန့်ရှင်းရေးမှစ၍ ယာဉ်ယန္တရားများဖြင့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသည် ခရီးဆောင်အိတ်၊ ကုန်စည်တင်/ ချဝန်ဆောင်မှုများနှင့် လေယာဉ် ပြန်လည်မထွက်ခွာမီ စက်မှုလက်မှုပိုင်းဆိုင်ရာ စစ်ဆေးထိန်းသိမ်းမှုများ ပါဝင်သည်။ လေယာဉ်ပျံ သန်းနိုင်ရန် စီမံမှု၊ လေယာဉ်တင် အစားအသောက်၊ လေယာဉ်ရပ်နားစဉ် လုံခြုံရေး၊ ဆက်သွယ်ရေး နှင့် လေယာဉ်အား ယာဉ်ယန္တရားများဖြင့် တွန်းထုတ်သည်အထိ ၀န်ဆောင်ခ၀င်ငွေများစွာရသည့် လေကြောင်းစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပြီး နိုင်ငံတကာ အဆင့် အတန်းရောက်အောင် UAE နိုင်ငံ Dnata ကုမ္ပဏီနှင့် မြန်မာနိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းတို့ ပထမဦးဆုံး ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။

Ref:7Days News

UNHCR ရုံးရှေ့တွင် ရခိုင်တိုင်းရင်းသားများဆန္ဒဖေါ်ထုတ်



သြဂုတ် ၁၉
ယနေ့ ရန်ကုန်မြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသားများသည် နံနက် ၁၁း၃၀ နာရီအချိန်တွင် UNHCR ရုံးရှေ့တွင် ရှင်စောပုလမ်းနှင့် ဗဟိုလမ်း
မပေါ်တွင် ဆန္ဒဖေါ်ထုတ်လျှက်ရှိကြောင့်သိရသည်။
(၁) ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်းလုံးဝရပ်တန့်ပါ။
(၂)သမ္မတကြီး၏ဆုံးဖြတ်ချက်ကိုလေးစားပါ။
(၃)ရခိုင်ပြည်တွင်း ပဋိပက္ခဖန်တီးခြင်းကိုရပ်တန့်ပါ။
(၄)ကျွန်ုပ်တို့မြေသို့အကြမ်းဖက်မူမသယ်ယူလာနှင့်။
(၅)တရားမ၀င်လာရောက်နေထိုင်သူများ၏အခွင့်အရေးအတွက် နိုင်ငံသားများ၏အခွင့်အရေးကို အလွဲသုံးစားလုပ်ခြင်းရပ်တန့်ပါ။
(၆)မမျှမတဆောင်ရွက်မူရပ်တန့်ပါ။

ဆန္ဒဖေါ်ထုပ်သူများ၏ တီချပ်ရှေ့မျက်နှာတွင် ရေးသားထားသောစာသည် (တရားမျှတမူကိုမြတ်နိုးသည်)
(UN-INGO) ရခိုင်ပြည်သူများအားခွဲခြားဆက်ဆံခြင်းလုံးဝရပ်တန့်ပါ။ ဟု ဖေါ်ပြပါရှိသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖန်တီးခြင်းလုံးဝရပ်တန့်ပါ။ ဟု နောက်ကျော့ဖက်တွင် ရေးသားပါရှိသည်။
နေ့လည်၁၂နာရီအချိန်တွင် ဆန္ဒဖေါ်ထုတ်သူများလူစုခွဲလိုက်ကြကြောင်း ဖုန်းဖြင့်အဆက်သွယ်မေးမြန်ချက်အရ လှုပ်ရှားမှုခေါင်းဆောင် ကိုစည်သူ ကပြောကြားသည်။

အီဂျစ်သမ္မတက စစ်ကောင်စီဥက္ကဋ္ဌ ဖီးမာရှယ်တန်တာဝီကို ရာထူးမှထုတ်ပယ်



အီဂျစ်သမ္မတ မိုဟာမက်မော်ဆီက စစ်ကောင်စီ(SCAF) ဥက္ကဋ္ဌနှင့် ကာကွယ်ရေးဝန်ကြီးဖီးမာရှယ်မိုဟာ မက်ဟူစိန်တန်တာဝီကိုရာထူးမှ ဖယ်ရှားခဲ့ကြောင်း သမ္မတရုံးက သြဂုတ် လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သမ္မတဟောင်း ဟိုစနီမူဘာရက် ရာထူးမှဆင်းပေးခဲ့ရအပြီး အာဏာကြားဖြတ်ယူခဲ့သော တန်တာဝီကို ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဆာမိအန်နန်ကိုပါ အငြိမ်းစားယူရန် ညွှန်ကြားခဲ့ကြောင်း မော်ဆီ၏ ပြောခွင့်ရ ပုဂ္ဂိုလ်ယာဆာအလီက နိုင်ငံပိုင်နိုင်း ရုပ်သံသို့ ပြောကြားခဲ့သည်။ တန်တာဝီနှင့်အန်နန်တို့ကို မော်ဆီ၏ အကြံပေးများအဖြစ် ခန့်အပ်ထားကြောင်း သိရသည်။
တန်တာဝီနေရာတွင် စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲဖြစ်သော အဗ္ဗဒူဖာတာခါလီအယ်ဆီဆီကို ကာကွယ်ရေးဝန်ကြီးနှင့် စစ်ကောင်စီဥက္ကဋ္ဌအဖြစ် အစားထိုးခန့်အပ်ခဲ့ကြောင်း နိုင်းရုပ်သံက ထုတ်လွှင့်ခဲ့သည်။
ဇွန်လ ၃၀ ရက်တွင် မော်ဆီ သည် သမ္မတရာထူးယူခဲ့ပြီးနောက် စစ်ကောင်စီအမိန့်ကို အာခံကာဖျက် သိမ်းထားသောလွှတ်တော်ပြန်ခေါ် ခဲ့ပြီး သမ္မတဖြစ်ပြီး တစ်လကျော်အတွင်း ယခုကဲ့သို့ရာထူးအစားထိုး ခန့်အပ်မှုများ ထပ်မံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မော်ဆီ၏ Freedom and Justice ပါတီက မော်ဆီ၏လုပ်ရပ်ကို ထောက်ခံသည့်အနေဖြင့် လူထုတော်လှန်ရေး ဗဟိုချက်နေရာဖြစ်သော တဟီရာရင်ပြင်တွင် စုဝေးကြရန် တိုက်တွန်းခဲ့သည်။ 
ယခုနှစ်ကုန်တွင် လွှတ်တော် စတင်ခေါ်ယူနိုင်မည့်အချိန်အထိ ဥပဒေပြုခွင့်အာဏာရယူထားမည့် စစ်ကောင်စီ၏ ဇွန်လက ထုတ်ပြန်ခဲ့ သောအမိန့်ကိုလည်း အစိုးရက ပယ်ဖျက်ခဲ့ကြောင်း သိရသည်။


      (၀ဲမှယာ) ဟူစိန်တန်တာဝီ၊ မိုဟာမက်မော်ဆီ၊ ဆာမိအန်နန်တို့ကို ဇူလိုင်လ ၉ ရက်က ကိုင်ရိုမြို့တွင် တွေ့ရစဉ် Photo: AFP
 EMG

ရေကြီးမှုအခြေအနေ ဆိုးရွားလာ၊ နိုင်ငံတစ်ဝန်း လယ်ယာမြေဧက ၅၃၀၀၀၀ နီးပါး ရေနစ်မြုပ်နေ


                
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများ ရေမြုပ်နေသည်ကို သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ- သက်ဆွေ(ပုသိမ်)
မြန်မာနိုင်ငံတစ်ဝန်းတွင်မိုး အဆက်မပြတ်ရွာသွန်း၍ လယ် ယာမြေရေကြီးနစ်မြုပ်မှုမှာ ဆိုးရွားလျက်ရှိပြီး လယ်မြေဧက ၅၃၀၀၀၀ နီးပါးရေးနစ်မြုပ်ခဲ့ကြောင်း လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနမှ တာဝန်ရှိသူများက ပြော ကြားခဲ့သည်။ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မွန်၊ ကရင်၊ ရှမ်း ပြည်နယ်မြောက်ပိုင်း ဒေသများတွင် အဆိုးဆုံးနစ်မြုပ်ပြီး သြဂုတ်လ ၁၇ ရက်နေ့အထိ လယ်မြေ ၅၂၈၀၀၀ ဧကနစ်မြုပ်ခဲ့ကြောင်း၊ နောက်ဆုံး စာရင်းများအရ ဧက ၅၆၇၆၇ မှာ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ဧက ၁၃၆၀၀၀ မှာ ရေပြန်ပေါ်သည့် အနေ အထားရှိသော်လည်း ကျန်ဧကများ ဆက်လက်နစ်မြုပ်နေဆဲဖြစ်ကြောင်း သိရသည်။

မြို့ပေါင်း ၅၅မြို့တွင် ရေနစ်မြုပ်နေခြင်းဖြစ်ပြီး ရေနစ်မြုပ်နေသည်မှာ အချို့တိုင်းဒေသများတွင် ရက်ပေါင်း ၁၅ ရက်၊ အချို့တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့တွင် ရက် ပေါင်း ၂၀ မှ ၃၀ နီးပါးအထိကြာ ရှည်လာကြောင်း သိရသည်။စပါးပင်များ ရေနစ်မြုပ်ခံနိုင်သည့် ကာလမှာ အလွန်ဆုံး ၁၅ ရက် အထိသာဖြစ်သည့်အတွက် ယခုရက်အပိုင်းအခြားအတိုင်း ဆိုပါက ရေနစ်မြုပ်သည့် ဧရိယာများအားလုံး ပြန်လည်စိုက်ပျိုးရမည်ဟု တောင်သူများက ပြောကြားသည်။
သတင်းအပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့ရှိ မိုးပျံတံတားများ တည်ဆောက်မှု တစ်နှစ်အတွင်း ပြီးစီးရန် မလွယ် တည်ဆောက်ရာ၌ အင်အားနှင့်အတွေ့အကြုံ မရှိသော ပြည်တွင်းကုမ္ပဏီများကို တာဝန်ပေးသည့်အတွက် အချိန်မီမပြီးနိုင်ဘဲ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားလာ




SUNDAY, 19 AUGUST 2012 10:03
                                 
မိုးပျံတံတားတည်ဆောက်ရန် ဆောင်ရွက်နေသည့် လှည်းတမ်းလမ်းဆုံ မီးပွိုင့်ကို သြဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်

ရန်ကုန်မြို့ရှိ မိုးပျံတံတားများ တည်ဆောက်မှုမှာ တစ်နှစ်အတွင်း ပြီးစီးရန် မလွယ်ကူကြောင်းနှင့် တည်ဆောက်ရာတွင် အင်အားနှင့် အတွေ့အကြုံမရှိသော ပြည်တွင်း ကုမ္ပဏီများကို တာဝန်ပေးခဲ့သည့် အတွက်ဖြစ်ကြောင်း လေ့လာထားသူ များက ပြောကြားခဲ့သည်။

ထိုသို့မပြီးစီးသည့်အတွက် ရန်ကုန်မြို့နေ ပြည်သူအများစုမှာ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ယခင်ကထက် ပိုမိုဆိုးရွားစွာခံစားရမည် ဖြစ်ကြောင်းလည်း သိရသည်။

ရေရှည်ကောင်းရန်အတွက် ခဏတာကျပ်တည်းခြင်း၊ ခက်ခဲခြင်း ဟု ဆိုနိုင်သော်လည်း လိုအပ်သည်ထက် ပိုမိုအချိန်ကြန့်ကြာခြင်း၊ စီမံ ခန့်ခွဲမှုညံ့ဖျင်း၍ အများပြည်သူ ဒုက္ခ ရောက်ရသည့်အချိန် ပိုမိုများမည့် အရေးကိုလည်း ထည့်တွက်သင့်သည်
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ခုံးကျော်တံတားများကို လေးလအတွင်း အပြီးတည်ဆောက်မည်ဟု ပြောကြားခဲ့ပြီး အဆိုပါလေး လပြည့်မည့် ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြီးစီးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထပ်မံ၍ တစ်နှစ်အချိန်ယူရမည်ဟု ထပ်မံပြောင်းလဲသည့် ကာလမှာလည်း ပန္နက်တင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဖြစ်ပြီး ယခုအခါ ခြောက်လ ကျော်လွန်သွားပြီဖြစ်ကြောင်း၊ နောက်ခြောက်လဖြင့် အားလုံးအပြီး တည်ဆောက်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိသေးကြောင်း ထောက်ပြခဲ့ကြသည်။

လှည်းတန်းခုံးကျော်ကို ပြည်တွင်းကုမ္ပဏီဖြစ်သည့် ရွှေတောင်ကုမ္ပဏီအား အဓိကမြှုပ်နှံလုပ်ကိုင် ခွင့်ပေးထားကြောင်းနှင့် လက်ရှိတွင် ပိုင်တူးခြင်း၊ တိုင်ထူရန်ပြင်ဆင်နေသည့် အဆင့်သာ ရှိသေးခြင်းကြောင့်လည်း ယခုပုံစံတည်ဆောက်မှုနှုန်းအတိုင်းဆိုပါက ခြောက်လဖြင့် ပြီးရန် မလွယ်ဟု သုံးသပ်ကြခြင်းဖြစ်သည်။

ဘုရင့်နောင် ခုံးကျော်တံတားကို FMI ကုမ္ပဏီမှ ၎င်းတို့ငွေကြေးဖြင့် တာဝန်ယူဆောက်လုပ်မည် ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင် ပန္နက်တင်အခမ်းအနား ပြုလုပ်ခဲ့ကာ တံတားကို ပန္နက်တင်သည့် အချိန်မှစတင်၍ တစ်နှစ်အတွင်းအပြီး တည်ဆောက်ရန် မျှော်မှန်ထားကြောင်း၊ သို့သော် အခက်အခဲရှိပါ က တစ်နှစ်အတွင်းပြီးမည် မဟုတ်ကြောင်းကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် FMI ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ခုံးကျော်တံတားက နှစ်စင်း ဆောက်ရမှာပါ။ ဘုရင့်နောင်လမ်းပေါ်မှာတစ်စင်း၊ သမိုင်းဘူတာရုံ လမ်းပေါ်မှာ တစ်စင်းဖြစ်ပါတယ်။ တံတားတည်ဆောက်ဖို့အတွက် ပြီးခဲ့ တဲ့ ဇွန်လမှာ ပန္နက်တင်ခဲ့ပြီး အခုအကြို အင်ဂျင်နီယာလုပ်ငန်း တွေလုပ်နေပြီ။ လုပ်တဲ့နေရာမှာ မြေပြင် အခက်အခဲအချို့ရှိပါတယ်။ တံတားကို ပန္နက်တင်ပြီးတဲ့အချိန်ကစပြီး တစ်နှစ်အတွင်းမှာ အပြီးဆောက်မယ်လို့ မှန်းထားပါတယ်။ မြေပြင်အခက်အခဲ များရင်တော့ အဲဒီထက်လည်းကျော် ရင်ကျော်သွားနိုင်တယ်”ဟုFMI ကုမ္ပဏီ မှတာဝန်ရှိသူတစ်ဦးက တရားဝင် ထုတ်ဖော်ပြောခဲ့သည်။

လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင် ခုံးကျော်တံတားများ တည်ဆောက်ရန်အတွက် ပြည်တွင်းကုမ္ပဏီများအား တာဝန်ပေးထားပြီး အဆိုပါ ကုမ္ပဏီများမှာ နိုင်ငံတကာအဆင့်မီ မိုးပျံလမ်း(Fly Over)များ တည်ဆောက်ရာ၌ ယခင်အတွေ့အကြုံရှိ မထားကြောင်း သိရသည်။

ဘုရင့်နောင်နှင့် လှည်းတန်းခုံးကျော်များ အချိန်မီမပြီးသေးဘဲ ရွှေဂုံတိုင်ခုံးကျော် တံတားကိုပါ တစ်ပြိုင်နက် တည်ဆောက်သွားလျှင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်းများစွာမှ သွားလာသူများ ယခုထက် ပိုမိုဆိုးရွားသည့် ကားပိတ်ဆို့မှုဒဏ်ကို ခံစားရမည် . . .
“ပြောထားတဲ့ Intime တစ်နှစ်အတွင်းပြီးမယ်လို့ ယတိပြတ်ပြောဖို့ မလွယ်ဘူး။ ပြီးဖို့မလွယ်ဘူး။ လုပ်ငန်းသုံးပစ္စည်း၊ လုပ်ငန်းသုံးယန္တရားတွေ အင်နဲ့အားနဲ့သုံးပြီး လုပ်ရင်တော့ ပြီးမယ်။ အတွေ့အကြုံမရှိတောင် အင်နဲ့အားနဲ့သုံးပြီး ဆောက်ရင်ပြီးနိုင်ပါသေးတယ်။ ဥပမာပြပါဆိုရင် ပခုက္ကူတံတားကို ဆောက်တုန်းက ယန္တရားနဲ့ ပစ္စည်းအင်အား ပုံအောပြီး ဆောက်တာ ဘာမှမကြာဘူး ခဏနဲ့ ပြီးသွားတယ်။ ဒါအကောင်းဆုံး သက်သေပဲ။ လက်ရှိတာဝန်ယူထားတဲ့ ပြည်တွင်း ကုမ္ပဏီတွေကတော့ Fly Over တည်ဆောက်တာအတွက် အတွေ့အကြုံမရှိဘူး။ အတွေ့အကြုံရှိတဲ့ နိုင်ငံခြားကုမ္ပဏီ အချို့နဲ့ပေါင်း လုပ်တယ်။ လုပ်အားနဲ့ ယန္တရား၊ ပစ္စည်းကတော့ ပြည်တွင်းကုမ္ပဏီကပဲ အဓိကလုပ်ရတာ။ အဲဒီအတွက် ပြည်တွင်းကုမ္ပဏီအနေနဲ့ အင်အာ သုံးလုပ်ရင်တော့ Intime ပြီးမယ်လို့ ပြောလို့ရတယ်။ မသုံးရင်တော့ ပြီးမယ်လို့ ယတိပြတ်သူတို့လည်း ပြောနိုင်မှာမဟုတ်ဘူး”ဟု အင်ဂျင်နီယာ တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ပါဝင်လုပ်ဆောင်နေသည့် အင်ဂျင်နီယာတစ်ဦးကလည်း “စီမံကိန်းကို ချမှတ်တဲ့သူတွေ အမြော်အမြင်နည်းလို့ပဲ။ စီမံကိန်းတစ်ခုစပြီဆိုရင် အရင်ဆုံးရှောင်သွားရမယ့် လမ်းကိုကောင်းမွန် လုံလောက်အောင် လုပ်ရတယ်။ ဒါပြီးမှ တည်ဆောက်ရတာ။ အခုလို ထပ်ချဲ့စရာ၊ ရှောင်စရာ သိပ်မပေးနိုင်တဲ့နေရာမျိုးမှာ ဆောက်မယ်ဆိုရင် အတွေ့အကြုံရှိတဲ့ ကုမ္ပဏီကိုခေါ် ယန္တရား၊ ပစ္စည်းအင်အားကို ပုံအောသုံးပြီး အချိန်မီပြီး အောင်ဆောက်နိုင်မယ့် ကုမ္ပဏီမျိုးကို ရှာဖို့လိုတယ်။ ဒါက ကုမ္ပဏီအင်အားသုံးဖို့လိုသလို အစကတည်းက စီမံခန့်ခွဲသူတွေ စဉ်းကိုစဉ်းစားပေးရမယ့်အချက်။ အခုက တစ်ရက်မပြီးရင် တစ်ရက်ခရီးသွားပေါင်းများစွာ ဒုက္ခတွေ့ရတဲ့နေရာပါ။ အတွေ့အကြုံသာ ရှိရင်တော့ ဒီလိုနေရာမှာ ဘယ်နှုန်းနဲ့ဆောက်သင့်တယ်ဆိုတာ သိကြမှာပေါ့။ စီမံခန့်ခွဲသူတွေက အဓိကပါပဲ”ဟု သုံးသပ်ခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌဦးစိုးသိန်းက ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့တွင် ခုံးကျော်များအား လေးလအတွင်း အပြီးတည်ဆောက်မည် ဟု စတင်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ စတင်ပြောကြားရာတွင် BOT စနစ်ဖြင့် တည်ဆောက်မည်ဆိုသော်လည်း ဝေဖန်မှုများကြောင့် BOT စနစ်ဖြင့် တည်ဆောက်မည် မဟုတ်ဘဲ BT စနစ် ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခုံးကျော်များ တည်ဆောက်ခွင့် ချထားပေးရာတွင်လည်း လေလံခေါ်ယူကာ ယှဉ်ပြိုင်လုပ်ကိုင်သည့် စနစ် ဖြင့်မဟုတ်ဘဲ လက်ရှိတာဝန်ယူ တည်ဆောက်နေသည့် ပြည်တွင်း ကုမ္ပဏီအချို့ကိုသာ ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဘုရင့်နောင်နှင့်လှည်း တန်းခုံးကျော်တံတားများ တစ်ပြိုင်နက်တည်ဆောက်နေပြီး ဘုရင့်နောင် နှင့် လှည်းတန်းမီးပွိုင့်များအား ဖြတ်သန်းသွားလာရသည့် လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းစသည်ဖြင့် မြို့နယ်နေပြည်သူများမှ သွားလာသည့်အခါတွင် လည်းကောင်း အဆိုပါမြို့နယ် များ၊ စက်မှုဇုန်များသို့ သွားလာရသည့် အခြားမြို့နယ်နေ အများပြည်သူများသည်လည်းကောင်း ကားကြပ်မှုဒဏ်ကို ဆိုးရွားစွာခံစားနေရသည်။

ရန်ကုန်မြို့နေပြည်သူအများစုမှာ နေ့စဉ် အလုပ်သွားအလုပ်ပြန်မှုအတွက် ယာဉ်စီးချိန် အနည်းဆုံး ၁ နာရီမှ ၅ နာရီကျော်ကြာမြင့် သည်အထိ အချိန်ပေးစီးနင်းလာရကြောင်း၊ ခရီးသည်တင်ယာဉ်များ အနေဖြင့် လည်း ယခင်က တစ်ရက်ပြေးဆွဲနိုင်သော အခေါက်ရေထက် ၂၀ ရာခိုင် နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျော့ကျ လာကြောင်း အထောက်အထားများဖြင့် ပြောကြားလာသည်။

“တစ်ရက်ကိုအရင်က ၁၀ ခေါက် ဆွဲတဲ့ လိုင်းကားက တချို့လိုင်းက ၈ ခေါက်၊ တချို့လိုင်းက ၆ ခေါက် ပဲရတော့တယ်။ အခေါက်ရေက ယာဉ်ပိတ်ဆို့မှုကြောင့် ပိုလျော့လာတယ်။ ခရီးသည်တွေလည်း ကြန့်ကြာလို့ အခက်အခဲတွေ ကြုံနေရတယ်”ဟု မထသ(ရန်ကုန်တိုင်းဒေသကြီး)မှ ဒု-ဌာနမှူး ဦးဝင်းဇော်က ပြောသည်။

အချိန်များစွာပေးကာ လိုင်းကားစီးနင်းလာရသည့် ပြဿနာ၊ ကြာချိန်ခန့်မှန်း၍ မရသည့် ပြဿနာ များကြောင့် ကုမ္ပဏီအချို့မှ ၀န်ထမ်းများနောက်ကျလျှင် ကောက်ယူသည့် ဒဏ်ကြေးကိုပင် လျော့ချပေး ခဲ့ကြောင်း၊ ၀န်ထမ်းများ အနေဖြင့် ကုမ္ပဏီ ရုံးချိန်များစွာ နောက်ကျသည့် ရက်မျိုးဆိုလျှင် လမ်းတစ်ဝက်မှပင် လှည့်ကာ အိမ်ပြန်ရသည့် ရက်များ ရှိလာကြောင်း ထောက်ကြန့်မြို့တွင် နေထိုင်သူ ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှဝန်ထမ်းတစ်ဦးကပြောသည်။

တံတားတည်ဆောက်နေစဉ် ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ နည်းပါးစေရန် ယင်းဧရိယာအတွင်း ၀င်ရောက်ပြေးဆွဲလျက်ရှိသော ခရီးသည်ယာဉ်လိုင်းများအား လျှော့ချခြင်း၊ ယာဉ်စည်းကမ်းအတွက် ယာဉ်ထိန်းများ ထပ်မံတိုးချဲ့ခြင်းများ ပြုလုပ်ထားကြောင်း၊ ဘုရင့်နောင်လမ်း ဆုံ၏အနေအထားမှာ နေရာပတ်ဝန်းကျင် ကျဉ်းမြောင်းခြင်းကြောင့် ခုံးကျော် တံတားတည်ဆောက်ရေး စီမံကိန်း တည်ဆောက်ရေး ကာလတွင် လှည်းတန်းခုံးကျော် တံတားဆောက်ရေးထက် ယာဉ်ကြော ပိုမိုကျပ်တည်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက တရားဝင်ပြောကြားထားပြီး ဖြစ်သည်။

ယခုအချိန်၌ပင် ဘုရင့်နောင် လမ်းဆုံတွင် တစ်နာရီကြာသည်အထိ စောင့်ဆိုင်းသွားလာရနေပြီး ထပ်မံကျပ်မည်ဆိုပါက မည်သို့အခြေအနေဖြင့် သွားလာရမည်ကို ကြိုတင် မှန်းဆနိုင်ကြပြီ ဖြစ်သည်။

ထိုသို့သော အခြေအနေတွင် ဘုရင့်နောင်နှင့် လှည်းတန်းခုံးကျော်များ အချိန်မီမပြီးသေးဘဲ ရွှေဂုံတိုင်ခုံး ကျော်တံတားကိုပါ တစ်ပြိုင်နက် တည်ဆောက်သွားလျှင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ပေါင်းများစွာမှ သွားလာသူများ ယခု ထက်ပိုမိုဆိုးရွားသည့် ကားပိတ်ဆို့ မှုဒဏ်ကို ခံစားရမည်ဖြစ်သည့် အတွက် ခုံးကျော်တစ်ခု အမြန်ပြီးစီးအောင် တည်ဆောက်ပြီးမှ နောက်တစ်ခုကို တည်ဆောက်သင့်ကြောင်း ဆိုကြသည်။

ယခုပင် တစ်ရက်လျှင် ကားစီးချိန်တစ်နာရီမှ ငါးနာရီကြာအောင် အချိန်ပေးနေရသည် ဖြစ်ရာ ရွှေဂုံတိုင်ပါ တစ်ပြိုင်တည်းဆောက်မည်ဆိုပါက ရန်ကုန်မြို့နေ ပြည်သူများသည် ကားကျပ်မှုပြဿနာမှာ လွန်မင်းစွာ ဆိုးရွားမည်ဖြစ်သည်ဟု သုံးသပ်ကြသည်။

ရေရှည်ကောင်းရန်အတွက် ခဏတာကျပ်တည်းခြင်း၊ ခက်ခဲခြင်း ဟု ဆိုနိုင်သော်လည်း လိုအပ်သည်ထက် ပိုမိုအချိန်ကြန့်ကြာခြင်း၊ စီမံ ခန့်ခွဲမှုညံ့ဖျင်း၍ အများပြည်သူ ဒုက္ခ ရောက်ရသည့်အချိန် ပိုမိုများမည့် အရေးကိုလည်း ထည့်တွက်သင့်သည် ဟု အင်ဂျင်နီယာများက ဆိုသည်။
EMG

ရှမ်းပြည်တောင်ပိုင်း အင်တာနက်ဆိုင်များ WIFI မလွှင့်ရန် ညွှန်ကြား



ရန်ကုန်၊ သြဂုတ် ၁၉

ရှမ်းပြည်နယ် တောင်ပိုင်းတွင် အင်တာနက်ဆိုင်များ အနေဖြင့် Wifi မလွှင့်ရန် ဒေသခံရဲစခန်းများက ခေါ်ယူ ပြောဆိုထားကြောင်း နမ့်စန် မြို့ရှိ အင်တာနက် ဆိုင်ပိုင်ရှင် ဒေါ်မီးမီးက The Voice Weekly သို့ ပြောကြားသည်။

ဒီဘက်မှာ အိမ်တွေကလဲ ကိုယ်ပိုင် စကိုင်းနက်တွေ ၀ယ်ပီး အဲလိုပဲ လွှင့်သုံးကြတယ်။ စကိုင်းနက်ပဲ မိတာလေ။ ဆိုင်တွေကိုတော့ Wifi မပေးရဘူး။ အိမ်တွေ ပေးတာတော့ ဘာမှမပြောဘူး ဆိုတော့ မတရားဘူးလေ ဟု နမ့်စန် တွင် အင်တာနက်ဆိုင် ဖွင့်ထားသူ ၄င်းက ရှင်းပြသည်။

ရဲစခန်းက စာရောက်လို့ ခေါ်ပြောတာလို့ ပဲပြောတယ် ။ ဘယ်သူ ပိတ်ခိုင်းတာကို မပြောဖူး။ အိမ်တွေကတော့ လိုင်းဖြန့်သုံးလို့ ရပြီး ဆိုင်က မပေးရဘူး ဆိုတာ မဖြစ်ရဘူးလေ။ အမတို့လည်း ၀ယ်ထားတာ။ သူတို့ နဲ့ တန်းတူ အခွင့်အရေး ရရ မှာပေါ့ ဟု ရဲစခန်းက ပြန်ရောက်လာသူ နမ့်စန် မှ အင်တာနက် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

Sky net ရုံးချုပ်ကပြောတယ်..သူတို့ကတော့ တရားဝင် Wifi လွှင့်ခွင့် မပေးထားဘူး။ အိမ်သုံး သမားရော ဆိုင်သုံးသမား ရော တူတူပဲတဲ့ ဟု ရန်ကုန်ရုံးချုပ်ကို ဖုန်းဆက် မေးမြန်းခဲ့သူ မမီးမီးက The Voice Weekly သို့ ရှင်းပြသည်။

အဆိုပါကိစ္စ နှင့် ပတ်သက်၍ သြဂုတ်လ ၁၈ရက်နေ့ နံနက် ၁၁နာရီတွင် Skynet ရုံးသို့ တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်းရာ တယ်လီဖုန်းဖြင့် ပြန်လည် ဆက်သွယ်ပါမည်ဟုသာ ဖြေကြားသည်။
The Voice Weekly 

သြဂုတ်လ ၁၉ ရက် RFA မနက်ပိုင်း အသံလွှင့်အစီအစဉ်

ABSDF မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

ဒီကနေ့ ညနေ အချိန်က လက်ဂျားယန်အနီးရှိ တောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မြန်မာပြည်မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကနေ မြစ်ကြီးနားကိုသွားမဲ့ ကားလမ်း

နဘေးရှိ တောင်ကုန်းပေါ်မှာ အစိုးရတပ် ခလရ ၄၀ တပ်ရင်း တပ်စွဲထားတာ
ဖြစ်ပါတယ်။

အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်းကျောင်းသားအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးပုံကို
မြောက်ပိုင်းကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက ခုလိုပြောပြပါတယ်။

"ခလရ ၄၀ ဆင်းလာတာ အဲဒါကြောင့် ကျနော်တို့ဆီကဟာနဲ့ ထိပ်တိုက်
တွေ့ကြတာပေါ့။ ဒါပေမဲ့ အခြေအနေကတော့ သူတို့ကတော့
ပြန်ဆုတ်သွားတဲ့ အနေအထား ၅နာရီခွဲကျော်ကျော်လောက်ကနေဖြစ်တာ။ တိုက်ပွဲကြီးတော့ မဟုတ်ပေမဲ့ လက်ဂျားယန်မှာ ထိုင်တဲ့ ခလရ ၄၀ လေ သူတို့ရိက္ခာပြတ်တယ်လေ။ ရိက္ခာလာပို့တဲ့အဖွဲ့တွေကို ကြိုမဲ့သဘောရှိတယ်။ အဲဒီအခါမှာ ကျနော်တို့စောင့်နေတဲ့ ကျောင်းသားရဲဘော်တွေနဲ့ ထိပ်တိုက်တွေ့တာ။ ဒါပေမဲ့ အခြေအနေက ဘယ်လိုလာအုံးမလဲမသိဘူး။ ဆက်ဖြစ်ပွါးနေတာ"

ကျောင်းသားတပ်မတော်က အင်အား ၅၀ ကျော်လောက်ရှိပြီး ကေအိုင်အေ တပ်တွေနဲ့ ပူးတွဲ နေရာယူထားတယ်လို့လည်း သိရပါတယ်။

လဂျားယန်တောင်ကုန်းဟာ ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးပြီး
၂၀၁၁ ဇွန်လ မှာ ကေအိုင်အေ နဲ့ တိုက်ပွဲ စဖြစ်ကတည်းက အစိုးရတပ်က အခိုင်အမာ တပ်စွဲထားတာ ဖြစ်ပါတယ်။

အခုလို ရိက္ခာပို့လာတိုင်း ကေအိုင်အေနဲ့ ကျောင်းသားတပ်ဖွဲ့တွေနဲ့ အမြဲလိုလို တိုက်ပွဲဖြစ်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လက အဲဒီတိုက်ပွဲမှာ ကျောင်းသားတပ်ဖွဲ့က တစ်ဦး ကျဆုံး
သွားတယ်လို့ သိရပါတယ်။

အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေလည်း နေ့တိုင်းလို တိုက်ပွဲဖြစ်နေပြီး ဒီနေ့ဆိုရင် ပန်ဝါဒေသ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ ဒေသ၊ တပ်မဟာ ၃နဲ့ ဗဟိုဌာနချုပ် ဒေသအတွင်း တပ်မဟာ ၅ ဒေသရှိ နမ့်ဆန်ယန် ရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကိုလဆိုင်းက ပြောပါတယ်။


(Photo: jinghpawkasa; ၂၀၁၁ ခုနှစ် ကျောင်းသား တပ်မတော် ၂၃ နှစ်ပြည့် အခန်းအနားတွင် ABSDF မြောက်ပိုင်းကျောင်းသား အဖွဲ့နှင့် ကေအိုင်အို အဖွဲ့ဝင်များကို အတူတွေ့ရစဉ်)




ရန်ကုန်ကွန်ပြူတာ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ဖွဲ့စည်း



ရန်ကုန်ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမဆုံး သမဂ္ဂအဖွဲ့ကို
ကျောင်းသူကျောင်းသား (၅၀) ကျော်နဲ့ မနေ့က စတင်ဖွဲ့စည်းလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။
ရန်ကုန် ကွန်ပြူတာ တက္ကသိုလ် ဖွဲ့စည်းခြင်းနဲ့ သမဂ္ဂခွတ်ဒေါင်းအလံ
ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်က အိမ်တစ်အိမ်မှာ မနေ့ မနက်ပိုင်းက ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အခမ်းအနားကို ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားပေါင်း (၅၀) လောက် အပါအ၀င် တခြားတက္ကသိုလ် အသီးသီးက
ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တယ်လို့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီက
ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစည်သူမောင်က RFA ကို အခုလို ပြောပါတယ်။

"မနေ့က ၁၇ ရက်နေ့မှာ ရန်ကုန် ကွန်ပြူတာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို စတင် ဖွဲ့စည်းဖြစ်တယ်။ ဖွဲ့စည်းပြီး ဖြစ်တဲ့ တခြား တက္ကသိုလ်
ကျောင်းသားသမဂ္ဂ အမှုဆောင်တွေလည်း လာတက်ကြတယ်။ ရန်ကုန်စီးပွားရေး တက္ကသိုလ် သမဂ္ဂ၊ ဒဂုံ တက္ကသိုလ် သမဂ္ဂက အမှုဆောင်တွေလည်း လာတက်ကြတယ်။"

မကြာသေးမီ ရက်ပိုင်း အတွင်းကလည်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်လုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ထားဝယ်နည်းပညာ တက္ကသိုလ်၊ ထားဝယ် ၀ိဇ္ဖာသိပ္ပံတက္ကသိုလ်နဲ့ ထားဝယ် ကွန်ပျူတာ တက္ကသိုလ် စတဲ့ တက္ကသိုလ်(၃) ခု ပေါင်းပြီး ကျောင်းသူကျောင်းသား (၈၀) ကျော်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။



လေယာဉ်ကွင်းနဲ့ စက်မှုဇုံအတွက် သာသနိက အဆောက်အဦးတွေ အဓမ္မ ဖယ်ရှား


ပဲခူးတိုင်း ဥဿာမြို့သစ်အတွင်း အစိုးရပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်း (၂၀၀) ကျော်ကို ဖယ်ရှားမယ့် အစီအစဉ်အရ ဒီကနေ့ မနက်ပိုင်းမှာ ကျောင်းတွေကို အဓမ္မ အင်အား သုံးပြီး ဆက်လက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ကျောင်းတွေအားလုံးကို သီတင်းတစ်ပတ် အတွင်း ဖျက်သိမ်းပေးဖို့မြို့နယ်အာဏာပိုင်တွေက အခုလ (၅) ရက်နေ့က ညွှန်ကြားခဲ့ပြီးနောက် ၁၆ ရက်နေ့ကစလို့ ဥဿာမြို့သစ် (၈) ရပ်ကွက်က ကျောင်းတွေကို စတင်ဖျက်ဆီးခဲ့တာ ဒီကနေ့အထိ ကျောင်းပေါင်း (၂၀) လောက် ဖျက်ဆီးခံထားရပြီးဖြစ်တယ်လို့ ဆွမ်းဆန်စိမ်းအလှူခံထွက်နေချိန်ကျောင်းဖျက်ဆီးခံလိုက်ရတဲ့ သီလရှင်တစ်ပါးက RFA ကို မိန့်ကြားပါတယ်။

"ဒီနေ့မနက် ၉ နာရီ အကုန်ဖျက်ပေးရမယ်ဆိုပြီးတော့ ပြောသွားတယ်။ လာဖျက်တာက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဦးမြတ်ကျော်။ သူတို့ အဖွဲ့တွေ လာဖျက်သွားတာ အခုသူတို့ဖျက်နေပြီ ပေါ့။ ကျောင်းတွေ အများကြီးပဲ သူတို့ ဖျက်တာ။"

အဲဒီလို အာဏာပိုင်တွေဘက်က အင်အားသုံးပြီး အဓမ္မလာရောက်
ဖြိုဖျက်တဲ့အခါမှာ ရဲအချုပ်ကားတွေပါ ခေါ်ဆောင်လာပြီး၊ ဖယ်မပေး လိုသူတွေကို ဖမ်းဆီးထောင်ချတာတွေလည်း မျက်မြင်ကြုံရတယ်လို့ သီလရှင်က ဆက်မိန့်ပါတယ်။

"ရဲအချုပ်ကားတွေတောင် ပါတယ်။ သူတို့ရဲ့ သြဇာကို ဖီဆန်မယ်ဆိုရင် ဖမ်းမယ်ဆီးမယ် ဆိုတဲ့ အနေအထားတွေပေါ့နော်။ ဖမ်းထားတာတွေလည်း အများကြီးပဲ။ လောလောဆယ်ဆိုရင် ဆရာလေးတို့နားက ဒကာကြီးတွေ ဖမ်းထားတယ်။ ထောင်တလစီ ချလိုက်တယ်ဆိုတဲ့ အသံတွေလည်း ကြားလိုက်တယ်ပေါ့နော်။ တော်တော်ဒုက္ခရောက်နေကြတယ်။ တချို့ ဒကာတွေ သံဃာတွေဆိုလည်း ထွက်ပြေးနေရတယ်။"

အခုလို ပဲခူးတိုင်း ဥဿာမြို့သစ်က သာသနိက အဆောက်အဦးတွေ အဓမ္မဖယ်ရှား ဖျက်ဆီးနေမှုတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ကျူးကျော် နေထိုင်မှုတွေကို ဖယ်ရှားတာဖြစ်ပြီး၊ သာသနာရေး ၀န်ကြီးဌာနကို တင်ပြပြီး ဆောင်ရွက်တာဖြစ်ကြောင်းတာဝန်ရှိသူ တစ်ဦးက ဖြေကြားပါတယ်။

ဥဿာမြို့သစ်အတွင်း အခုလို အဓမ္မဖယ်ရှားခံရတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်းတွေဟာ အဲဒီနေရာမှာ ဆောက်လုပ်နေထိုင်လာခဲ့တာ (၅) နှစ်ကနေ အနှစ် (၂၀) အကြား သက်တမ်းရှိတယ်လို့ သိရပါတယ်။

အဲဒီနေရာတွေမှာ အစိုးရက နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းနဲ့ စက်မှုဇုံ စီမံကိန်း အပါအ၀င် မြို့ပြစီမံကိန်းတွေ တည်ဆောက် အကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်း လယ်သမားအထောက်အကူပြု ကွန်ယက်ဖွဲ့စည်း



ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့နယ်မှာ လယ်သမားသမဂ္ဂ
ပေါ်ပေါက်ရေး ကြိုးပမ်းမှု အဖြစ် ဒေသတွင်း လယ်သမားများ အထောက်အကူပြု ကွန်ယက်တခုကို ဒီနေ့ ဖွဲ့စည်းလိုက်တယ်လို့ သတင်း ရရှိပါတယ်။
လယ်ယာမြေ ဖျက်သိမ်းခံရတာ၊ ရေလွှမ်းမိုးမှုကြောင့် လယ်ယာတွေရေနစ်မြုပ်တာ၊ စိုက်စရိတ် ချေးငွေတွေ အချိန်မှီ မရတာတွေကို နိုင်ငံတော် အဆင့်ဆင့် အထိ တင်ပြ တောင်းဆိုခဲ့ပေမဲ့ အခုချိန်အထိ တာဝန်ရှိ သူတွေက ထိရောက်စွာ အရေးယူပေးတာ မရှိတဲ့အတွက် လယ်သမားများ အထောက်အကူပြု ကွန်ယက် ကို ၁၈ ရက် ၈ လ ၂၀၁၂ ရက်နေ့မှာ ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်မှာ ဖွဲ့စည်းရတာ  ဖြစ်တယ်လို့ ကွန်ယက်အဖွဲ့တာဝန်ခံ လယ်သမား ကိုအုန်းဟန်က RFA ကို ပြောပါတယ်။

ဒီနေ့ပြုလုပ်ခဲ့တဲ့ လယ်သမား အထောက်အကူပြု ကွန်ယက် ဖွဲ့စည်းတဲ့ပွဲကို သဲကုန်းမြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာအုပ်စု ၁၃ စုက လယ်သမား အယောက် ၅၀ ကျော် တက်ရောက်ကြပြီး အများစုဆန္ဒနဲ့ ဖွဲ့လိုက်ကြောင်းပြောပါတယ်။

အဲဒီဒေသမှာ ပုဂ္ဂလိက လုပ်ငန်းရှင်က အာဏာပိုင်နဲ့ ပေါင်းပြီး အင်းတည်ဆောက်ထားတဲ့ အတွက် အဲဒီကနေ လျှံထွက်တဲ့ရေတွေကဒေသခံတွေရဲ့ လယ်တွေကိုလွှမ်းလို့ စိုက်ပျိုးရေး ထိခိုက်တာ၊ စစ်တပ်က လယ်သိမ်းထားတာတွေ အတွက် မူလလယ်လုပ်ခွင့် ရထားသူတွေက ဒီကိစ္စ ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ သတင်းပတ်တွေထဲမှာ ဆန္ဒပြ  တောင်းဆိုထားပါတယ်။

ဒါပေမယ့် ဆန္ဒပြခေါင်းဆောင်တွေပဲ ခေါ်ယူ သတိပေးခံရပြီး
ပြဿနာပြေလည်အောင် မဖြေရှင်းပေးသေးဘူးလို့ သိရပါတယ်။




Saturday, August 18, 2012

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအားကန့်ကွက်

ရန်ကုန် သြဂုတ်လ ၁၈

မြန်မာနိုင်ငံအမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအား မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂမှကန့်ကွက်ကြောင်း အဆိုကို သြဂုတ်လ ၁၈ရက်နေ့ နေ့လည် ၁နာရီတွင်
Home Media ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ ကန့်ကွက်ကြောင်း အဆိုကို အချက်၃ချက်ဖြင့် ရှင်းလင်းခဲ့ သည်။မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီသည် အစိုးရမှ ဖွဲ့ စည်းပေး ထားသဖြင့် လွတ်လပ်သော အဖွဲ့ အစည်း မဟုတ်ဘဲ စာနယ်ဇင်း လောကကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း အစိုးရနှင့် မပတ်သတ်ဘဲလွတ်လပ်သော အသင်းဖွဲ့များ ရှိခြင်းကြောင့် ထိုအမြုတေ စာနယ်ဇင်းကောင်စီ အားကန့် ကွက်ကြောင်းနှင့် ယင်းကောင်စီ သည်အစိုးရ ကို ကိုယ်စားပြုသောကြောင့် လွတ်လပ်သော စာပေလောကကို အကျိုးပြုသော အဖွဲ့စည်း မဟုတ်ကြောင်းဆွေးနွေးခဲ့ကြသည်။

၎င်းအဆို ၃ ရပ်အား ဆရာနေ၀င်းစံ ၊ ဆရာထွန်းဝင်းငြိမ်း နှင့် ဆရာငြိမ်းသစ်တို့က အဆိုပြု ကန့်ကွက်ခဲ့ပြီး ၊ ဆရာကြည်နိုင် ၊ဆရာညီငယ်လေး ဆရာလင်းထင်နှင့် ဆရာမသက်ဝေနှင်း တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

Popular Myanmar News Journal

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင်ပြန်ရွေးမည်



ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ဖို့
ရွေးချယ်ထားတဲ့ အဓိက သရုပ်ဆောင် ကိုကျောက်ခဲဟာ မိမိဆန္ဒအရ
နုတ်ထွက်သွားပြီလို့ သိရပါတယ်။ သူ့ရဲ့ နုတ်ထွက်လွှာကို သဘောတူ လ
က်ခံပြီးပြီလို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး
တာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို ဒီကနေ့ အတည်ပြု ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကာယကံရှင် ကိုကျောက်ခဲက -

"ကျွန်တော့်မှာ အိမ်ထောင်ရေး မပြေလည်မှု ရှိခဲ့ပါတယ်။ တခြား ပတ်သက်မှု ရှိခဲ့ပါတယ်။ အဲဒါကို သူတို့က ဗိုလ်ချုပ်နေရာမှာ ကိုယ့်ကိုယ်ကို ဖြစ်နိုင်လား၊ မဖြစ်နိုင်လား။ သူတို့ ပြောတဲ့ ဆုံးဖြတ်ချက် ၂ ခုကတော့ ဒီ ၁၀- ၁၅ မိနစ်အတွင်းမှာ ကိုယ့်ဟာကိုယ် နုတ်ထွက်သွားမလား၊ ဒါမှမဟုတ်ရင် အကျင့်စာရိတ္တ မကောင်းလို့ ပယ်လိုက်တယ်လို့ ခုချက်ခြင်း ကြေညာ
လိုက်ရမလားလို့ ၂ လမ်းပေးပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် အကျင့်စာရိတ္တ မကောင်းဘူးလို့ အပြောမခံနိုင်ပါဘူး။ ကျွန်တော် အကျင့်ပျက်နေတာမဟုတ်ဘူးဗျ။ ကျွန်တော်လုပ်တဲ့ အလုပ်ကို ကျွန်တော် သိတယ်။ ဒီ အတ္ထုပ္ပတ္တိ ပေါ်မှာ ကျွန်တော့်စေတနာ ဘယ်မှ မရောက်ပါဘူး။ ဒါပေမဲ့ သူတို့ ဖြစ်စေချင်တဲ့အတိုင်း၊ အားလုံး စိတ်ချမ်းသာအောင် ကျွန်တော်လုပ်ပေးလိုက်တယ်လို့ ကျွန်တော်ယူဆပါတယ်။"

အခုလို မူလရွေးချယ်ထားတဲ့ ကိုကျောက်ခဲ နုတ်ထွက်သွားတဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မယ့် ဇတ်ဆောင်သစ် နောက်တဦး ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး နောက်ဆုံး ဆန်ခါတင်ရွေးချယ်
ခံရတဲ့ သရုပ်ဆောင် ခုနှစ်ယောက်ထဲက ပြန်လည်ရွေးချယ်မှာ ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ပြောပါတယ်။

ဒီဇာတ်ကားအတွက် စာရေးဆရာ ဦးချစ်ဦးညိုနဲ့ ရုပ်ရှင်ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့ ရေးသားနေတဲ့ ဇာတ်ညွှန်းအကြမ်း ဒီကနေ့ ပြီးစီး
သွားပြီဖြစ်တဲ့ အတွက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမှာ ဖြစ်ကြောင်း သိရပါတယ်။

RFA Burmese


ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဒေသခံ ပြည်သူတွေနဲ့တတိယအကြိမ်တွေ့ဆုံ



အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်မှာ ဒေသခံ
ပြည်သူလူထုနဲ့ တွေ့ဆုံပြီး အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့
ပြောကြားခဲ့ပါတယ်။

ဒေသခံတွေ အနေနဲ့ အချင်းချင်း တိုင်
ပင်ပြီးမှ ဘယ်လို အလုပ်အကိုင်မျိုး လိုအပ်နေတယ် ဆိုတာ တင်ပြဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့ပါတယ်။

"တယောက်က ဒီလိုဟာလေးလုပ်ရင်ကောင်းမယ်။ တယောက်က ဟိုလိုဟာလေး လုပ်ရင်ကောင်းမယ် ဆိုပြီး တယောက်တမျိုးစီ
ဖြစ်နေတဲ့အခါကျတော့ ကျွန်မတို့က ဘယ်ဟာကို ဦးတည်ပြီးတော့ ဘယ်လို အလုပ်အကိုင်မျိုး ဖန်တီးဖို့ ဦးတည်ရမလဲဆိုတာ နဲနဲ ဆုံးဖြတ်ဖို့ ခက်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် ဒေသခံ ပြည်သူတွေရဲ့ ဒီကနေ့ တွေ့ဆုံမှုဟာ တတိယ အကြိမ် ဖြစ်ပါတယ်။

ဒေသခံတွေက အလုပ်အကိုင် ရှားပါးမှု၊ သောက်သုံး မရရှိမှု၊ ဥပဒေနဲ့ မညီညွတ်ဘဲ တရားစွဲဆို ခံနေရမှုတွေကို တင်ပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အစိုးရကိုချည်း အားမကိုးဖို့
ပြည်သူတွေကလည်း ကိုယ့်တာဝန် ကိုယ်ယူဖို့၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံရဲ့  ဒီမိုကရေစီ အလေ့အကျင့်နဲ့ ပတ်သက်လို့ ညှိနှိုင်း အဖြေရှာတဲ့ အလေ့အကျင့်၊ ယဉ်ကျေးမှု ထွန်းကားအောင် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။






(ဓာတ်ပုံ - NLD -သြဂုတ်လ (၁၁) ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီရွာက ဒေသခံကျေးရွာပြည်သူတွေနဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံခဲ့စဉ်က ဖြစ်ပါတယ်။)

ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို

သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး  အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ် ဆေးရေး ကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက် တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။ --
သစ်ထူးလွင်တွင်အပြည့်အစုံဖတ်ရန်

KNU နဲ့ဆက်ဆံရေးအတွက် မြ၀တီမြို့တွင်ရုံးခန်းဖွင့်လှစ်

KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ ၆ နဲ့ ၇ နယ်မြေအတွက်မြန်မာအစိုးရနဲ့ ဆက်ဆံရေးရုံး ကို ကရင်ပြည်နယ် မြဝတီမြို့မှာ ဒီနေ့မနက်က ဖွင့်လှစ်လိုက်ပါတယ်။
မြန်မာအစိုးရနဲ့ KNU တို့အကြား အပစ်အခတ် ရပ်ပြီးတဲ့နောက် နှစ်ဘက် ဆက်ဆံရေးရုံးတွေ ဖွင့်နေရာမှာ ဒီရုံးက စတုတ္ထမြောက်ရုံး ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အပစ်အခတ် ရပ်စဲရေး တိုးတက်လာတယ်လို့
ပြောလို့ရပေမယ့် တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး ဆက်လက်
ဆောင်ရွက်ရဦးမယ်လို့ KNU ဒု-ဥက္ကဋ္ဌ ဖဒိုစောဒေးဗစ်တာကပေါ ကပြောပါတယ်။

"အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာ နဲနဲ တိုးတက်လာတဲ့ သဘောပေါ့ဗျာ။ လိုရင်းက ကျွန်တော်တို့ ချထားတဲ့မူ ရှိတယ်မဟုတ်လား။ တပြည်လုံး အတိုင်းအတာနဲ့ ရပ်ဖို့။ အခုဟာက ကချင်ဘက်မှာ မရပ်တဲ့ အခါကျတော့
ရှေ့ဆက်သွားဖို့က ဒီ အပစ်အခတ်ရပ်စဲရေး ကိစ္စတောင်
နောက်ဆန်တင်းနေရတဲ့ အခြေအနေမှာ ရှိပါတယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ကြိုးစားမယ်လေ။ ဆက်ပြီးတော့။"

ဒီနေ့ရုံးဖွင့်ပွဲကို အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု
ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနဲ့ KNU ဘက်က ဗိုလ်ချုပ်ကြီး
စောမူတူးဆေးဖေါတို့ တက်ရောက် ဖွင့်လှစ် ပေးတာပါ။

အဲဒီပွဲမှာ နှစ်ဘက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအပြင် မဟာမိတ်တွေ အဖြစ် DKBA၊ BGF ခေါ် နယ်ခြားစောင့်တပ်၊ KNU-KNLA ငြိမ်းချမ်းရေး ကော်မတီက ကိုယ်စားလှယ်တွေနဲ့ NLD ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေ၊ ကရင်နဲ့
မွန်ပါတီက ပုဂ္ဂိုလ်တွေ၊ ဒေသခံ ပြည်သူတွေ စုစုပေါင်း ၅ ရာကျော်လောက် တက်ရောက်ကြ ပါတယ်။

သြဂုတ်လ ၁၈ ရက် RFA ညပိုင်း အသံလွှင့်အစီအစဉ်

မြန်မာလေကြောင်းလိုင်းများ အမေရိကန်ထိပ်တန်းကုမ္ပဏီ GE Capital Aviation Services မှ လေယာဉ်သစ်များဝယ်ယူရေး ဆွေးနွေး




အမေရိကန် ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်သော GE Capital Aviation Services နှင့် မြန်မာ့ လေကြောင်းနှင့် MAI လေကြောင်းလိုင်းတို့သည် လေယာဉ်သစ်များ ၀ယ်ယူရေး ဆွေးနွေးခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် GE Capital Aviation Services မှ လေယာဉ်သ
စ်များ ၀ယ်ယူရန် အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။

"အဓိကက လေယာဉ်သစ်တွေ ၀ယ်ယူဖို့ပါ။ ဒီကုမ္ပဏီက လေယာဉ် အင်ဂျင်တွေကို အဓိက တပ်ဆင်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး လေယာဉ်တွေကို ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်လို့ လေယာဉ်သစ်တွေဝယ်ဖို့ ဆွေး နွေးခဲ့တာပါ" ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၈၈မျိုးဆက် ကျောင်းသားများ ဂီတပွဲ ကျင်းပ၍ ရန်ပုံငွေ ရှာမည်



ရန်ကုန်၊ သြဂုတ် ၁၈

၈၈မျိုးဆက်ကျောင်းသားများက ဦးဆောင်၍ စေတနာဝဿန် ဟု အမည် ပေးထားသော ဂီတ ဖျော်ဖြေပွဲ တစ်ခုကို စက်တင်ဘာက ၁ ရက်နေ့တွင် မင်းဓမ္မလမ်းရှိ Myanmar Convention Center (MCC) တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသား တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားသည်။

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် မိမိတို့ ၈၈ မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်းများ ဆက်လက် လုပ်ဆောင်သွားရန် ရန်ပုံငွေ လိုအပ်ပြီး မိမိတို့သည် စီးပွားရေး အဖွဲ့အစည်းမျိုး မဟုတ်သဖြင့် ရန်ပုံငွေ လိုအပ်ကြောင်း ၄င်းက ရှင်းပြသည်။

အဆိုပါဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံ၏ တေးသံရှင် ၅၀ နီးပါး ပါဝင် ကူညီသီဆိုမည့်ဖြစ်ပြီး ဂီတ တီးဝိုင်း ၈၀ိုင်းက တီးခတ်ကြမည်ဖြစ်ကာ ၀င်ကြေး ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀ကျပ် သတ်မှတ် ထားသည်။