Friday, August 24, 2012

လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးမျှ မရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်မှ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် သည်းခံစောင့် ဆိုင်းပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌပြောကြား

လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း(သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးမျှမရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်မှ စတင်ဆောင်ရွက်မည်ဖြစ်သဖြင့် မိမိတို့ လွှတ်တော်၏ အခန်းကဏ္ဍ ရောက်ရှိလာသည့် အခါတွင် ဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်နိုင်အောင် သည်းခံစောင့်ဆိုင်းပေးပါရန် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သြဂုတ်လ ၂၄ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း တင်သွင်းသည့် "ပြည်သူ့ လွှတ်တော်ဥက္ကဌ၏ ၁၄.၈.၂၀၁၂ ရက်စွဲပါ သ၀ဏ်လွှာနှင့် နိုင်ငံတော် သမ္မတက ပြန်လည်ပေးပို့သော သ၀ဏ်လွှာများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ မှန်ကန်သော ဆန္ဒကို မည်သို့ သဘောထားသည်ကို ရှင်းရှင်းလင်းလင်း သိခွင့်ရရှိသင့်ပါကြောင်း" အ ရေးကြီးအဆိုကိုတင်သွင်းခဲ့သည့် အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
No comments:

Post a Comment