Wednesday, July 27, 2016

မလေးရှားတွင် အသတ်ခံရသည့် မြန်မာသုံးဦးနှင့် ပတ်သက်၍ ထိန်းသိမ်းထားသည့် မြန်မာ ၁၅ ဦး ပြန်လွှတ်


Wed, 2016-07-27
 
မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားသုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ထိန်းသိမ်းထားသည့် မြန်မာလုပ်သား ၁၅ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မလေးရှားနိုင်ငံ ပီနန်ဘာ တာဝပ်နယ်မြေတွင် မြန်မာလုပ်သားသုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ၎င်းတို့၏ လုံခြုံရေးနှင့် သက်သေအဖြစ် ထိန်းသိမ်းထားသော မြန်မာလုပ်သား ၁၅ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဇူလိုင် ၂၅ ရက်၌ ပြန်လွှတ်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

‘‘သူတို့ လုံခြုံရေးအရရော သက်သေအရပါ မေးမြန်းဖို့အတွက် ထိန်းသိမ်းထားတာလို့ ပြောပါတယ်။ ပြန်လွှတ်ပေးလိုက်ပါပြီ။ သူတို့ကိုမေးပြီး ဒီမှာပဲ ဆက်လုပ်ချင်သလား၊ နေရပ်ပဲ ပြန်မလားဆိုတာ မေးပြီးစီစဉ်ပေးမှာပါ’’ ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဇူလိုင် ၁၁ ရက်တွင် မြန်မာလုပ်သားများ နေထိုင်သော အဆောင်သို့ ဆိုင်ကယ်စီးမျက်နှာဖုံးစွပ် လူအုပ်စုက ပစ္စည်းများ လုယက်ပြီး မြန်မာလုပ်သားသုံးဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာလုပ်သားသုံးဦးကို သတ်ဖြတ်သွားသည့် တရားခံများကို မလေးရှားရဲတပ်ဖွဲ့က လက်ရှိအချိန်အထိ ဖမ်းဆီးမိခြင်းမရှိသေးပေ။

No comments:

Post a Comment