Wednesday, July 27, 2016

vivo smart phone ရုံးမှ အလုပ်သမား တွေကို အလုပ်ရှင်မှ လုပ်အားခများကို နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ထားတဲ့ စာချုပ်ကို အတင်းအဓမ္မ စာချုပ်ချုပ်ခိုင်းသဖြင့် လက်မခံဘဲ ပြန်လည်တောင်းဆိုမှုဖြစ်



(၂၅-၇-၂၀၁၆) ရက်နေ့ မနက် (၈း၀၀) နာရီမှာ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ လမ်းရှည်လမ်းရို vivo smart phone ရုံးခွဲ (ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း) မန်နေဂျာ တာဝန်ခံ (အလုပ်ရှင်) ရှီးကော် (ခ) ရှီးယွီးလင်(နိုင်ငံခြားသား တရားမဝင် ရုံးတွင်နေထိုင်သူ) မှ vivo smart phone ရံးမှ ဝန်ထမ်းတွေရဲ့ လုပ်အားခများကို နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်ထားတဲ့ စာချုပ်ကို အတင်းအဓမ္မ စာချုပ်ချုပ်ခိုင်းသဖြင့် လက်မခံဘဲ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား အငြင်းပွားမှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ် ပါတယ်။
အလုပ်သမားတွေဟာ vivo smart phone ဝန်ထမ်းအဖြစ်အနည်းဆုံး ၆ လ မှ ၁ နှစ်ကျော်ထိ လုပ်ခဲ့တယ်။ အငြင်းပွားမှုမှာ မပြေလည်သဖြင့် ပြည်ခရိုင် အလုပ်သမား ညွှန်ကြားရေးဦးစီဌာနရုံးသို့ ရောက်ရှိပြီး ခရိုင်ဦးစီးအရာရှိကိုတိုင်ကြားရာ အလုပ်ရှင်မှရောက်ရှိပေမယ့် ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိခဲ့ပါ။
ကျနော်နဲ့ အလုပ်သမား (၂၉) ဦးဟာ လမ်းရှည်လမ်းရို vivo smart phone ရုံးခွဲသို့ ပြန်လည်သွားပြီး တရားသဖြင့် တောင်းဆိုမှုဖြင့် အလုပ်ရှင်နှင့်ညှိနှိုင်းဖျန်ဖြေမှု ရရှိအောင်လုပ်ဆောင်သော်လည်း ပြေလည်မှုမရှိခဲ့ပါ။ ပြေလည်မှုမရမရှိခြင်း vivo smart phone ရုံးခွဲရှေ့မှ မခွာရန် နေထိုင်ခဲ့ပါတယ်။ ကိုညီညီအောင်တို့ ရောက်ရှိလာပြီး ညစာအတွက် မိုးမေတ္တာမှ ခေါက်ဆွဲထုတ်များလာရောက် ဝေငှပေးခဲ့ပါတယ်။ ည (၇) နာရီအချိန်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုကျော်ဇေယျ၊ အလုပ်သမားရုံးမှ ခရိုင်ဦးစီးအရာရှိတို့ ရောက်လာပါတယ်။ အလုပ်သမားတွေမှ
(၁) တည်ဆဲဥပဒေနှင့်အညီ တစ်ရက် လုပ်ခဖြစ်သည့် အခြေခံလုပ်ခ ၃၆၀၀ိ/-ကျပ်
(၂) တရားဝင်အလုပ်ချိန် (၈) နာရီ၊
(၃) တစ်ပတ်တစ်ရက် ပိတ်ရက်အပါအဝင် အစိုးရ၏ တရားဝင်နေ့ရက်များတွင် ပိတ်ပေးပြီး လုပ်အားခအားများ ဖြတ်တောက်ခြင်းမရှိရန်
(၄) အလုပ်သမားရေး ရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (ည) နူတ်ဖြင့် အလုပ်ခန့်ထားမှုသဘောတူညီချက် အရ ကျွန်တော်/ကျွန်မတို့ အလုပ်ခွင်မဝင်ခင်က ယခင်သဘောတူထားသည့် အလုပ်ရှင်နှင့် အလုပ်သမားတို့သည် ဖုန်းတစ်လုံး ပါဆင့်နစ်များကို ပေးရန်
(၅) အလုပ်ရှင်မှ အလုပ်သမားများ စာချုပ်ချုပ်ရာတွင် သက်ဆိုင်ရာ အလုပ်သမားဌာနမှ ဆောင်ရွက်ပေးရန်စတဲ့
အချက် (၅) ချက်ကို တောင်းဆိုရေးသားပြီး ညှိနိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားစာကို ခရိုင်ဦးစီးအရာရှိအားပေးခဲ့ပါတယ်။ ခရိုင်ဦးစီးအရာရှိမှ ( ၂၇ ) ရက်နေ့မှာ စစ်ဆေးဆောင်ရွက်ပေးမည်ဟုပြောတယ်။ နောက် အလုပ်သမားတွေ မိမိအိမ်သို့ ပြန်ကြတယ်။




No comments:

Post a Comment