Monday, August 1, 2016

အလုပ်သမားခုံသမာဓိကောင်စီနှင့် အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်မှု ပြန်လည်သုံးသပ်မည်



အလုပ်သမားကိုယ်စားလှယ်များ ရွေးချယ်မှုနှင့်ပတ်သက်၍ ဆွေးနွေးနေကြစဉ် (ဓာတ်ပုံ - မိုးမင်း)
အလုပ်သမားအငြင်း ပွားမှုကို ဖြေရှင်းဆောင်ရွက်ရ မည့် ခုံသမာဓိကောင်စီ၊ အလုပ် သမားကိုယ်စားလှယ်ရွေးချယ်မှု ကို ပြန်လည်သုံးသပ်သွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာနှင့်အလုပ်သမားဝန်ကြီး  ဦးဇော်အေးမောင် ကပြောသည်။
ခုံသမာဓိကောင်စီ၊ အလုပ် သမားကိုယ်စားလှယ်ရွေးချယ်မှု ကို ဇူလိုင် ၁၂ရက်တွင် ပြုလုပ်ခဲ့ ရာ အလုပ်သမားအဖွဲ့ချုပ်တစ်ခု တည်းမှ တင်သွင်းသည့်ကိုယ်စား လှယ်များသာရွေးချယ်ခံရသည့် အပေါ် အငြင်းပွားမှုနှင့် ကန့်ကွက် မှုများရှိခဲ့၍ ပြန်လည်သုံးသပ်သွားမည်ဟု ၎င်းကပြောသည်။

  ‘‘ကန့်ကွက်တဲ့အသံတွေ ထွက်တာနဲ့ ပတ်သက်လို့ ကန့် ကွက်ရတဲ့အကြောင်းအရင်းဖြစ် တဲ့အလုပ်သမားတွေ အသံနား ထောင်တယ်။ ဒီရွေးချယ်ပွဲမှာဘာ တွေလိုအပ်ချက်ရှိခဲ့လဲ၊ ဘာတွေ ပြင်ဆင်ဖို့လိုလဲပေါ့။ အလုပ်သ မားတွေ တင်ပြတဲ့တင်ပြချက်ကို ပြည်ထောင်စုဝန်ကြီးကို တင်ပြ မယ်။ အခုရွေးကောက်ပွဲရလဒ် ဘယ်လိုသတ်မှတ်မလဲဆိုတာဝန် ကြီးက ဆုံးဖြတ်ပါလိမ့်မယ်’’ဟု ဦးဇော်အေးမောင်က ဇူလိုင် ၃၁ရက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းပင်လုံခန်းမ၌ ပြုလုပ်သောအဆိုပါရွေးချယ်ပွဲနှင့်ပတ်သက်၍ ၀န်ကြီးဌာနတာဝန်ရှိသူများနှင့်ကန့်ကွက်သူများ တွေ့ဆုံဆွေးနွေးပွဲတွင်ပြောသည်။

ခုံသမာဓိကောင်စီ၊အလုပ် သမားကိုယ်စားလှယ်ရွေးချယ်ပွဲ ပြုလုပ်ရာတွင် အလုပ်သမားအဖွဲ့ အစည်းဝင်များထံ ဖိတ်စာများမ ရောက်ရှိခြင်းကြောင့် ရွေးချယ်ပွဲ ပြုလုပ်ကြောင်း မသိလိုက်ရသ ဖြင့် အလုပ်သမားကိုယ်စားလှယ် ရွေးချယ်မှုသည် ပွင့်လင်းမြင်သာ မှုမရှိဟုဆိုကာ အဆိုပါတွေ့ဆုံပွဲ ၌ တက်ရောက်ခဲ့ကြသည့်အ လုပ်သမားခေါင်းဆောင်အချို့က ဝေဖန်ထောက်ပြခဲ့ကြသည်။
အလုပ်သမား ကိုယ်စား လှယ်အဖြစ် ခုံသမာဓိကောင်စီအ တွက် ရွေးချယ်ခံရသူငါးဦးမှာ မြန် မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှ အဖွဲ့ဝင်များဖြစ်နေခြင်းကြောင့် အခြားအလုပ်သမား အဖွဲ့အစည်းများအပေါ် လက်ဝါးကြီးအုပ်မှုဖြစ်သည်ဟုလည်း ၎င်းတို့က စွပ်စွဲကြသည်။

‘‘ဒီအလုပ်သမားကိုယ်စား လှယ်ရွေးချယ်မှုက အလုပ်သမား အားလုံးကို ကိုယ်စားပြုတဲ့ရွေး ချယ်မှုပဲဖြစ်သင့်တယ်’’ဟု လှိုင် သာယာမြို့နယ်အလုပ်သမားအ ငြင်းပွားမှုညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ မှ ကိုယ်စားလှယ် မ၀င်းသိင်္ဂီစိုးကပြောသည်။
အဆိုပါ အလုပ်သမားအ ငြင်းပွားမှုဖြစ်စဉ်များကိုဖြေရှင်း ဆောင်ရွက်ရမည့် ခုံသမာဓိ ကောင်စီတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်ငါး ဦးစီဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။
ပထမဆုံးခုံသမာဓိကောင်စီ ရွေးချယ်ပွဲကို ၂၀၁၂တွင် လည်းကောင်း၊ ဒုတိယရွေးချယ်ပွဲကို ၂၀၁၄တွင်လည်းကောင်းပြုလုပ်ခဲ့ပြီး ယခုတတိယအကြိမ်မြောက်ရွေးချယ်မှုပြုလုပ်ခြင်းဖြစ်သည်။
ယင်းအဖွဲ့၏ သက်တမ်းမှာ ၂နှစ်ဖြစ်ပြီး ဒုတိယအကြိမ်ရွေးချယ်ခံရသူများသည် အောက်တိုဘာလတွင် သက်တမ်းပြည့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအဖွဲ့အတွက် အလုပ် ရှင်ကိုယ်စားလှယ်ရွေးချယ်မှုတွင် တစ်စုံတစ်ရာအငြင်းပွားမှုမရှိခဲ့ဘဲ အလုပ်သမားကိုယ်စားလှယ်ရွေးချယ်ရာ၌ ထိုသို့မကျေလည်မှုများဖြစ်လာခဲ့ရကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်က ပြောသည်။
‘‘အခုလိုဖြစ်ရတဲ့အကြောင်း ရင်းမှာ ၀န်ကြီးဌာနရဲ့အားနည်း ချက်ကြောင့်လည်းပါတယ်။ အခု ပြည်တွင်းအလုပ်သမားဥပဒေ ရေးရာကိစ္စတွေက အားကောင်း အောင်အစပြုတဲ့အဆင့်ပဲရှိသေး တယ်။ လိုအပ်ချက်တွေရှိနေတဲ့ ကြားက ဌာနအနေနဲ့ကလည်း ဘယ်ဘက်မှ ထိခိုက်နစ်နာမှုမရှိ အောင် ထိန်းညှိဆောင်ရွက်နေရ တာကိုလည်း နားလည်ပေးစေချင် တယ်’’ဟု ၎င်းကပြောသည်။

ယခုဖြစ်ပေါ်ရသော အ ကြောင်းရင်းများတွင် ရွေးကောက် ပွဲပြုလုပ်ရန်ကြိုတင်စီမံချက်ရေး ဆွဲလုပ်ဆောင်မှုအားနည်းချက် များရှိခဲ့၍ နောင်ပြုလုပ်သည့်အကြိမ်များတွင် ပိုမိုစနစ်တကျဖြစ်စေရန် ပြင်ဆင်ဆောင်ရွက်သွားမည်ဟု ဦးမျိုးအောင်က ဆက်လက်ပြောကြားသည်။
အဆိုပါခုံသမာဓိကောင်စီ အတွက် အလုပ်သမားကိုယ်စား လှယ်ရွေးချယ်မှုအပေါ်လက်မခံ သည့်အလုပ်သမားအဖွဲ့အစည်း အချို့က ယင်းနေ့မွန်းလွဲပိုင်း၌ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

No comments:

Post a Comment