Monday, August 1, 2016

ခုံသမာဓိ အလုပ်သမား ကိုယ်စားလှယ်ရွေးချယ်မူ နဲ့ပက်သက်ပြီး အလုပ်သမား သမဂ္ဂ ကွန်ရက် ဆန္ဒပြဖော်ထုတ်မူ ရပ်ဆိုင်းခြင်းခံရ


ခုံသမာဓိ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်မူ နဲ့ ပက်သက်ပြီး အလုပ်သမား သမဂ္ဂ ကွန်ရက်က ဆန္ဒထုတ်ဖော်ခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့ရဲ့ တားမြစ်မူကြောင့် ဆန္ဒပြမူ ရပ်ဆိုင်းခဲ့ရပါတယ်။

" နေရာက ကျွန်တော်တို့ ခွင့်ပြုထားတဲ့ နေရာ မဟုတ်ပါဘူး။ ဗိုလ် စိန်မှန် ကွင်းမှာ ပါ" လို့ ကျောက်တံတားမြို့နယ်က ရဲအရာရှိ ဦးသန်းဌေးက အဆိုပါ စုဝေးရာနေရာမှာ ရပ်ဆိုင်းဖို့ ပြောဆိုခဲ့ပါတယ်။

ခုံသမာဓိအဖွဲ့ အလုပ်သမား ကိုယ်စားလှယ် နှင့် ခုံသမာဓိ ကောင်စီ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ် ပွဲနှင့် ပက်သက်ပြီး အလုပ်သမဂ္ဂ ကွန်ရက်က မကျေနပ်တာကြောင့် သည်ကနေ့ နေ့ တစ်နာရီခွဲက စပြီး မဟာဗန္ဓုလ ပန်းခြံရှေ့မှာ လူအင်အား သုံးရာကျော် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ 

အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ မလှလှက ဒီနေရာမှာ ဆန္ဒပြဖို့ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးကို လျောက်ထားခဲ့တာဖြစ်ပါတယ်။အ ခုမှ ရဲစခန်းက တာမွေက ဗိုလ်စိန်မှန်ကွင်းမှာ ခွင့်ပြုပေးတာဖြစ်ပြီး အလုပ်သမား တွေရဲ့ ရှေ့ရေးအတွက် သက်ဆိုင်ရာက တရားဝင်တားလို့ ရပ်ဆိုင်းလိုက်တာပါလို့ ပြောပါတယ်။
author မေဘယ်လ် နေရဲရင့်
photo ကိုမျိုးခိုင်





No comments:

Post a Comment