Monday, August 1, 2016

ဖမ်းဆီးခံ မြန်​မာနိုင်​ငံသားများ မြ၀တီ ၉၉၉ ဂိတ်​​ဟောင်းတွင်​ တစ်​ဦး ဘတ်​ ၁၇၀၀ ဖြင့်​​ ရွေး​နေရ၍ များစွာ အခက်​ကြုံ



ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်
ထိုင်းနိုင်ငံအတွင်း ထိုင်းစစ်တပ်၏ ဦးဆောင်မှုဖြင့် မြန်မာအပါအ၀င် တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများအား ဇူလိုင် ၂၇ ရက်​​မှ စတင်ကာ ဖမ်းဆီးလျက်ရှိပြီး ဖမ်းဆီးခံ မြန်မာနိုင်ငံသားများအား နေရပ်သို့ပြန်ပို့ ရာတွင် မြ၀တီ (၉၉၉) ဂိတ်​​ဟောင်း၌ လူကယ်ရီ ပွဲစားများထံ တစ်ဦးလျှင် ဘတ် ၁၇၀၀ ပေးနေရ၍ နေရပ် ပြန်ပို့ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်ကြုံနေရကြောင်း သိရသည်

ထိုင်းစစ်တပ်၏ ဦးဆောင်ဖမ်းဆီးမှုများကြောင့် ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်း လုပ်သားများအား နေရပ်မြန်မာနိုင်ငံသို့ ပြန်ပို့လျက်ရှိရာ ဇူလိုင် ၃၀ ရက်​​က ၇၀၀ ခန့်၊ ဇူလိုင် ၃၁ ရက်​​ က ၄၀၀ ခန့် ပြန်ပို့ခဲ့ကြောင်း သိရသည်

မြန်မာနိုင် ငံသို့ပြန်ပို့ခံရသည့် ဖမ်းဆီးခံ မြန်မာနိုင်ငံသားများအနက် မဲဆောက်လုပ်ငန်းခွင်မှ ဖမ်းဆီး ခံရသူများအနေဖြင့် မြ၀တီဂိတ်တွင် ငွေပေးဆောင်ရခြင်း မရှိသော်လည်း ဘန်​​ကောက်၌ ဖမ်းဆီးခံရ၍ ပြန်ပို့ခံရသူများမှာ ဘတ်​​ ၁၇၀၀ မဖြစ်နေ ပေးကြရသည်ဟု သိရသည်
“တကယ် ကို သနားစရာကောင်းတယ်။ အဖမ်းခံလာရလို့ ငွေမရှိဘူး ပြောလည်းမရဘူး။ မြန်မာအလုပ်သမားတွေ ဒုက္ခဖြစ်လာတဲ့အတွက် သက်ဆိုင်ရာကနေ တရားဝင် လက်ခံပေးဖို့ သင့်ပါတယ်” ဟု မြ၀တီမြို့ ၉၉၉ ဂိတ်အနီးတွင် နေသူတစ်ဦးက ပြောကြားသည်

ဇူလိုင် ၃၀ ရက်​​ ထိုင်းစံတော်ချိန် ညနေ ၄ နာရီ  မိနစ် ၃၀ ခန့်က ဘန်​​ကောက်မြို့အနီးနှင့် နိုင်ငံအ၀ှမ်းမှ ဖမ်းဆီး ရမိသော အထောက်အထား မပြည်စုံသည်  မြန်မာရွှေ့ပြောင်းလုပ်သား ၇၀၀ ခန့်အား အချုပ်ကား ၁၁ စီးဖြင့် ထိုင်းနိုင်ငံ ဘန်​​ကောက်မြို့မှ ထိုင်းမြန်မာ-နယ်စပ် မဲဆောက်မြို့ရှိ ထိုင်းလ၀ကရုံးသို့ လာရောက်ပို့ဆောင်​​ခဲ့ကြောင်း၊ မဲဆောက် လ ၀ က ရုံးတွင် မြန်မာလုပ်သားများ၏ လက်​​ဗွေနှင့် ဓာတ်ပုံ မှတ်တမ်းရယူကာ မဲဆောက် တပ်မအံကျေးရွာ  ၁၀ ဂိတ်သို့ ပို့ဆောင်​​ပေးခဲ့ပြီး ထိုမှတစ်ဆင့် မြ၀တီမြို့ အမှတ်(၅)ရပ်ကွက် ၉၉၉ ဂိတ်​​ဟောင်းသို့ ပို့ဆောင်​​ခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်
အဆိုပါ မြန်မာရွှေ့ပြောင်း လုပ်သားများအား မြန်မာနိုင်ငံဘက်သို့ စေလွှတ်ရာတွင် မြန်မာဘက်ကမ်းရှိ ၉၉၉ ဂိတ်​​ဟောင်း၌ လူကယ်ရီ ပွဲစားများထံ တစ်ဦးလျှင် ဘတ်​​ ၁၇၀၀ တရားမ၀င်​​ ပေးဆောင်​​နေကြရပြီး ယင်းအနက်မှ ထိုင်း လ၀ကအား ဘတ် ၅၀၀ ပေးကြရကြောင်း သိရသည်

“ဘန်ကောက်မှာ အဖမ်းခံရပြီး ပြန်ပို့ခံရတဲ့သူတွေက မြ၀တီ ၉၉၉ ဂိတ်မှာ လူကယ်ရီပွဲစားတွေကို  ဘတ် ၁၇၀၀ ပေးရတယ်။ ထိုင်းလ၀ကတွေက တစ်ယောက်ကို ဘတ် ၅၀၀  ရတယ်လို့ သိရတယ်။ ချစ်ကြည်ရေး တံတားပေါ်က တရားဝင်ပြန်မပို့ဘဲ တရားမ၀င် ဂိတ်ကပြန်ပို့နေတာ မြန်မာဘက်မှာလည်း လုပ်စားတဲ့အဖွဲ့ တွေရှိနေလို့ပါ” ဟု  မြ၀တီ ဒေသခံတစ်ဦးက ပြောကြားသည်။

Writer: 
ကိုရွှေသိန်း (မြဝတီ)

No comments:

Post a Comment