Thursday, August 11, 2016

ပန်ဒါစက်ရုံ အလုပ်သမား ၃၀၀ ခန့် မန္တလေးမြို့သို့ ချီတက်ဆန္ဒပြမည်



August 11, 2016
ပလိပ်မြို့ရှိ ပန်ဒါစက်ရုံဝန်ထမ်းများ စက်ရုံရှေ့၌ ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ-ချမ်းဇော်အောင်)

စက်ရုံတွင်း မပြေလည် မှုများ ဖြေရှင်းပေးရန် စက်ရုံရှေ့ တွင် ရက်ပေါင်း ၆၉ ရက်ကြာ ထိုင်သပိတ် ဆန္ဒဖော်ထုတ်ပြီး နောက် သြဂုတ် ၁၂ ရက်တွင် မန္တ လေးမြို့သို့ အလုပ်သမား ၃၀၀ ခန့်ဖြင့် ချီတက်ဆန္ဒပြမည်ဟု ပုလိပ် မြို့ ပန်ဒါစက်ရုံမှ ဆန္ဒပြအလုပ် သမားများက ဆိုသည်။
အလုပ်ရှင်ဘက်က အလုပ် ရှင်-အလုပ်သမား သဘောတူ စာချုပ် ဖောက်ဖျက်၍ စနေနေ့ နားရက်ကို အလုပ်ဆင်းခိုင်း သဖြင့် ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ အလုပ်သမား ၂၅၀ ခန့်သည် ဇွန်လ ၃ ရက်မှစ၍ ထိုင်သပိတ် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ပြီး သြဂုတ် ၁၀ ရက်တွင် ဆန္ဒ ထုတ်ဖော်ခဲ့သည့် ရက်ပေါင်း ၆၉ ရက်ရှိပြီဖြစ်သည်။

နှစ်လကျော်ကြာ ထိုင် သပိတ်ဆန္ဒထုတ်ဖော်ခဲ့သော် လည်း ညှိနှိုင်းအဆင်ပြေမှု မရရှိ ဘဲ   ဆန္ဒပြဝန်ထမ်းများ၏ စား ဝတ်နေရေး၊ ကျန်းမာရေးပြဿ နာများ    ပေါ်ပေါက်လာသဖြင့် ဖြေရှင်းပေးရန် အစိုးရကို နည်းလမ်းအမျိုးမျိုးဖြင့်   တောင်းဆိုဆန္ဒဖော်ထုတ်မည်ဟု ဆန္ဒပြအလုပ်သမားများက ဆိုသည်။
‘‘ဆန္ဒပြခဲ့တာလည်း ရက် ပေါင်း ၇၀ လောက်ကြာလာတော့ ဒီဘက် အလုပ်သမားတွေရဲ့ လူမှု ရေး၊ ကျန်းမာရေး၊ စားဝတ်နေ ရေးတွေက ခက်ခဲလာပါပြီ။ ဒီလို စားစရာမှ မရှိတော့တဲ့အချိန် ရောက်လာမှတော့ ကျွန်မတို့ နိုင်ငံ့ဝန်ထမ်းဟောင်းတွေရဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ ဌာနနဲ့ ပြည်သူ့အစိုးရက အရေး ယူဆောင်ရွက်ပေးဖို့ မန္တလေးမြို့ ပေါ်မှာ သနားခံတောင်းဆိုဖို့ ဆန္ဒ ဖော်ထုတ်မှာဖြစ်ပါတယ်’’ဟု ဆန္ဒပြ အလုပ်သမားခေါင်းဆောင် မဇာခြည်ဝင်းက ပြောသည်။

ပန်ဒါစက်ရုံ အလုပ်သမား ပြဿနာကို ဇူလိုင် ၉ ရက်က မန္တ လေးတိုင်းဒေသကြီး အစိုးရရုံး ဟောင်း၌ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် လာရောက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အလုပ် ရှင်နှင့်အလုပ်သမား နှစ်ဖက်တွေ့ ဆုံညှိနှိုင်းပေးခဲ့သော်လည်း ပြေ လည်မှု မရရှိခဲ့ပေ။
နှစ်ဖက်ညှိနှိုင်းမှုများ အဆင် မပြေရခြင်းမှာ အလုပ်သမားဦးစီးဌာန တာဝန်ရှိသူများသည် စက်ရုံ၏ ဥပဒေချိုးဖောက်မှုများကို ထိရောက်စွာ အရေးယူပေးနိုင်မှု မရှိခြင်းကြောင့်ဟု အလုပ်သမားများကဆိုသည်။ အလုပ်ထုတ်ခဲ့ သည့် အလုပ်သမားများကို အလုပ်ပြန်လည် ခန့်ထားရေး၊ စာချုပ်ပါအချက်အလက်များ လိုက်နာ ရေး၊ ဥပဒေချိုးဖောက်သည့် ပန်ဒါစက်ရုံကို အစိုးရက အရေးယူပေးရေး စသည့်အချက်များ ကို အစိုးရထံ တောင်းဆိုမည်ဖြစ် ကြောင်း ဆန္ဒပြအလုပ်သမားများ ထံမှ သိရသည်။


No comments:

Post a Comment