Friday, August 24, 2012

ခုံရုံးကိစ္စ မည်သို့ ဆက်ဆောင်ရွက်မည်ကို ပြည်သူ့လွှတ်တော်၌ အရေးကြီး အဆိုတင် မေးခွန်းထုတ်



နေပြည်တော်၊ သြဂုတ် ၂၄

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဌက မည်သို့ ဆက်လက် ဆောင်ရွက်သွားမည်ကို လွှတ်တော် ကိုယ်စားလှယ်များက သိရှိလိုကြောင်း ပြည်သူ့လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း၍ မေးခွန်းထုတ်သည်။

သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက အရေးကြီး အဆို တင်သွင်းရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကို အထက်ပါအတိုင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်အသီးသီး က ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင် နှင့် အဖွဲ့အစည်းများသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆုံးဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ယနေ့အထိ ပြည်သူ့လွှတ်တော် ဥက္ကဌ ထံမှ ထူးခြားသော တုန့်ပြန်မှု မရရှိသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒကို မည်ကဲ့သို့ သဘောထားသည်ကို သိလိုကြောင်း မေးမြန်းရခြင်း ဖြစ်သည်ဟု ဦးဝင်းသန်းက ပြောဆိုသည်။

ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင် ကလည်း သြဂုတ်လ ၂၀ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌထံ ပေးပို့သော နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာ ရောက်ရှိလာပြီးနောက် ပြည်သူ့ လွှတ်တော် ဥက္ကဌ အနေနှင့် သဘောထား ရှင်းလင်းချက် ပေးရန် လိုအပ်ကြောင်း ဦးဝင်းသန်း၏ အဆိုကို ထောက်ခံ ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားသည်။

ယခု ရက်ပိုင်းအတွင်း အမျိုးသား လွှတ်တော်က စတင်ကာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲ ပြစ်တင်မှု ပြုလုပ်မည်ဟု ကြားသိရပြီး ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာသည့် အခါ လုပ်ဆောင်ရမည့် ကိစ္စရပ်များ ရှိလာမည် ဖြစ်သည့်အတွက် သည်းခံ စောင့်ဆိုင်းပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို အလေးအနက် ပြောကြားသည်။

၎င်းအနေနှင့် အားလုံး၏ ဂုဏ်သိက္ခာနှင့် ထိခိုက်မှု နည်းစေရန် ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သူရဦးရွှေမန်းက ရှင်းလင်း ပြောဆိုသည်။

အဆိုပါ အဆိုတင်သွင်းသည့် သြဂုတ်လ ၂၄ ရက်နေ့တွင်ပင် အမျိုးသား လွှတ်တော်၌ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှု အဆို တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၅၆ ဦး ထောက်ခံသဖြင့် ယင်းအဆိုကို အမျိုးသား လွှတ်တော်၌ ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။

Ref:The Voice

မောင်တောတောင်ပိုင်း ကိုင်းကြီးတွင် ဆူပူလိုသူများကို စစ်တပ်က သေနတ် ပစ်ဖေါက် လူစုခွဲခဲ့ရ



မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးရွာတွင် ဆူပူ အကြမ်းဖက်ရန် ကြိုးစားခဲ့ကြသော လူအုပ်စု တစ်ခုကို စစ်တပ်က သေနတ် မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်တွင် ရခိုင်ကျေးရွာများ မီးရှို့ခံနေရစဉ်။
“ဖြစ်တာက ဒီလ ၁၈ ရက်နေ့ ညနေမှာ ဖြစ်ပွားတာပါ။ ကိုင်းကြီးရွာမှာ ဘုန်းတော်ကြီးကျောင်းကို မီးရှို့ခံရတဲ့ ဓါတ်ပုံတွေ ပြသထားတဲ့ နေရာကို သြဂုတ်လ ၁၇ ရက်နေ့ ညက ၀င်ရောက် ဖျက်ဆီး သွားခဲ့ပါတယ်။ နောက်တစ်နေ့  ၁၈ ရက်နေ့ ညနေမှာ ကင်းပုန်း ၀ပ်နေတဲ့ အခါ ရွာနားကို ကပ်လာတဲ့ မွတ်ဆလင် ဘင်္ဂလီ (၃) ဦးကို စစ်တပ်က ဖမ်းမိပါတယ်။ အဲသလို ဖမ်းဆီးတဲ့ နောက်ပိုင်း ဇော်မတက် ရွာက ဘင်္ဂလီတွေ ၀ိုင်းလိုက်လာတဲ့ အတွက် စစ်တပ်က သေနတ် သုံးလေးချက် မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲလိုက်ရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဓါတ်ပုံများမှာ ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအား  မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ပုံများ ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများနှင့် နိုင်ငံခြားမှ ဧည့်သည်များ လာရောက်သော အခါ ကြည့်ရှု့နိုင်ရန် ရွာလမ်းထိပ် အဆောက်အအုံတစ်ခုတွင် ပြသထားသော ဓါတ်ပုံများ ဖြစ်ကြောင်း  ရွာသားက ဆိုသည်။

“ သူတို့ ဒီလို ဓါတ်ပုံတွေကို ပြသထားတာကို မကြိုက်တဲ့ အတွက် ၀င်ရောက် ဖျက်ဆီးတာ ဖြစ်ပါတယ်။ လုံခြုံရေး ယူထားတဲ့ စစ်တပ်က ၁၈ ရက်နေ့ မနက်မိုးလင်းမှ ဖျက်ဆီးခံရတာကို သိပါတယ်။ နောက်တစ်နေ့ ညဥ့်မှာ စစ်တပ်က ရွာအ၀င် ကင်းပုန်းဝပ်တော့ ရွာထဲ ၀င်လာတဲ့ ဘင်္ဂလီ လူမျိုး သုံးဦးကို မိပါတယ်။ အခုတော့ သူတို့ကို ရဲလက်ထဲ လွဲပေးလိုက်ပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။
အလားတူ မောင်တောတောင်ပိုင်း အလယ်သံကျော် အနီး ဥဒေါင်းရွာတွင်လည်း သြဂတ်စ်လ ၁၇ ရက်နေ့က နစက တာဝန်ရှိသူ တစ်ဦးကို ဖမ်းဆီးရန် အလိုရှိနေသူ ၀ရမ်းပြေး တစ်ဦးက ဓါးနှင့် ခုတ်သဖြင့် သေနတ် ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်။

“သြဂုတ်လ ၁၇ရက်နေ့ ည ၁၂နာရီခန့်မှာ ဥဒေါင်း ဘင်္ဂလီရွာကို နစက ဗိုလ်လေးလို့ လူသိများတဲ့ ဒုရဲအုပ် ဖြိုးဝေအောင် တပ်ဖွဲ့က ပဋိပက္ခအတွင်းက အကြမ်းဘက်၊ မီးရှို့ရာမှာပါတဲ့ ဆော်လီမူလာကို သတင်းအရ ဖမ်းဖို့သွားပါတယ်။ အိပ် နေတဲ့ ဆော်လီကို လက်နဲ့ လှမ်းနှိုး လိုက်တော့ အသင့် အိပ်ရာဘေးမှာ ချထားတဲ့ ဓါးနဲ့ ထပြီး ဓါးနဲ့ လှမ်းခုတ်တာပါ။ နစက ဗိုလ်လေး လက်မောင်းကို ထိသွားပါတယ်။ ပါလာတဲ့ သူတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတော့ ဆော်လီမူလာမှ လက်မောင်းမှာ ဒဏ်ရာ ရရှိသွားပါတယ်” ဟုပြောသည်။
နစက ဗိုလ်အား ဓါးနှင့် ခုတ်သူ ဆော်လီမူလာ(ဓါတ်ပုံ- မောင်ကျောက်ခဲ– မြန်မာပြည်)
အခင်း ဖြစ်ပွားပြီးနောက် ဒုရဲအုပ် ဖြိုးဝေအောင်နှင့် ဆော်လီမူလာတို့ကို ဆေးရုံသို့ ပို့ပေးခဲ့ရပြီး ဆော်လီမူလာအား ယခုအခါ ဖမ်းဆီးထားကြောင်း သိရသည်။ ဖြိုးဝေအောင်တွင် ၀ဲဘက် လက်မောင်းတွင် ၂ လက်မခန့် ဒဏ်ရာ ရရှိသွားကြောင်း  သိရသည်။

ဗိုလ်ကလေးခေါ် ဖြိုဝေအောင် (ဓါတ်ပုံ- မောင်ကျောက်ခဲ- မြန်မာပြည်)
လက်ရှိ မောင်တော တောင်ပိုင်း အခြေအနေမှာ အေးချမ်းနေပြီး စစ်တပ် တပ်ရင်း (၂) ခု မှ လုံခြုံရေးကို တာဝန် ယူထားပြီး  မီးရှို့ခံထားရသော ကျေးးရွာများမှ နေအိမ်များကို ၀ိုင်းဝန်း ဆောက်ပေးနေကြကြောင်း ကျေးရွာသားများက ပြောသည်။
မောင်တော မြို့နယ် တောင်ပိုင်း သရေကုန်ဘောင်တွင် မွတ်ဆလင် ဗလီများနှင့် ဘာသာရေး ကျောင်းတစ်ခုအား စစ်တပ်နှင့် နတလ ရွာသားများက သြဂတ်စ်လ ၂၂ ရက်နေ့က ဖြိုဖျက်လိုက်ကြောင်း ပြည်ပ အခြေစိုက် သတင်းဌာန တစ်ခုတွင် ဖေါ်ပြထားမူနှင့် ပတ်သက်ပြီး ကျေးရွာ သားများအား မေးမြန်းရာ အဆိုပါ သတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် မည်သူမျှ ဖျက်ဆီးခြင်း မရှိကြောင်း ပြောကြားသွားသည်။

နိရဉ္စရာ သတင်းဌာန

ကားတိုက်သူမှတာဝန်မယူ၍ သေဆုံးသူမြန်မာလုပ်သား အလောင်းမြေချရန်ဆိုင်းငံ့

မဲဆောက်သြဂုတ် ၂၄
မဲဆောက်မြို့တွင်ယာဉ်တိုက်မှုကြောင့်သေဆုံးခဲ့ရသည့် နောင်ဘွားအထည်ချုပ်စက်ရုံမှ မအေးအေးမော်( ၃၃) နှစ်ကို ယာဉ်မောင်းသူထိုင်းနိုင်ငံသား(မျှော့လူမျိုး)က တစုံတရာ


တာဝန်ယူမှုမရှိသည့်အတွက် နာရေးကိစ္စမြေချမှုကိုဆိုင်းငံ့ထားပြီး မဲဆောက်ရဲ စခန်းတွင်ဥပဒေကြောင်းအရအမှုဖွင့်တရားစွဲဆိုထားသည်။
မြေချရန်ဆိုင်းငံခြင်းနှင့် ဥပဒေကြောင်းအရအမှုဖွင့်တရားစွဲဆိုရန် သေဆုံးသူ၏ အလုပ်ရှင်နှင့်နာ ရေးကူညီ မှုအသင်း(မဲဆောက်)အဖွဲ့ ကတောင်း ဆိုထားခြင်းဖြစ်သည်။မအေးအေးမော်သည် ပြီးခဲ့ သည့်တ နင်္ဂနွေနေ့ ညနေ ၅ နာရီခန့်တွင် အဌားဆိုင်ကယ်နှင့်မြို့ထဲအသွား တွင်ဂေါ်ဖီထုပ်တင်လာသည့်ကားမှ ၀င်တိုက်ခဲ့ခြင်း ဖြစ်ပြီး ဆိုက်ကယ်မောင်းသူလွှတ်မြောက်ကာ မအေးအေးမော် မှာနေရာတွင် ပင်ပွဲခြင်းပြီးသေ ဆုံးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
 

နာရေးကူညီမှုအသင်း(မဲဆောက်)မှကိုအရှည်ကြီးက” ကားသမားကတိုင်ချင်ရာတိုင်လို့ပြောတယ် တိုက်တဲ့ကားကိုရဲစခန်းမှာဖမ်းထားတယ် ဒါကြောင့်ဒီအမှုကိစ္စပြီးမှမြေချဖို့ အလုပ်ရှင်နဲ့ကျွန်တော် တို့ဆုံးဖြတ်ထားတယ်”ဟု ပြောသည်။
သေဆုံးသူမအေးအေးမော်သည် ရန်ကုန်တိုင်းဒေသကြီးသံလျှင်မြို့နယ်အောင်ချမ်းသာရပ်ကွက်နေ ဦးသောင်းရွှေဒေါ်ကြင်ဥတို့၏သမီးဖြစ်ပြီး မဲဆောက်တွင်တရားဝင်အလုပ်သမားလက်မှတ်နှင့်ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားပြီး မဲဆောက်မြို့ပြင်ရှိနောင်ဘွားရပ်ကွက်အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။
ယနေ့မွန်းလွဲပိုင်းတွင်မဲဆောက်ရဲစခန်း၏အဆိုအရ သေဆုံးသူအတွက်နစ်နာကြေးအဖြစ် ယာဉ်မောင်းသူက ထိုင်းဘတ်ငွေ ၁၅၀၀၀ ပေးမည်ဟုကမ်းလှမ်းချက်ကို အလုပ်ရှင်နှင့်နာရေးကူညီမှုအသင်းကလက်မခံဘဲ ငြင်းပယ်လိုက်ကာ ဥပဒေကြောင်းအရသာရင်ဆိုင်သွားမည်ဟု သေဆုံးသူ၏ထိုင်းအလုပ်ရှင်ကပြောသည်။
အလုပ်ရှင်က”ဒီလိုဘဲအလွယ်တကူလက်ခံလိုင်ရင် နောက်ကိုဘတ်ငွေ ၁၅၀၀၀ ပေးရင်လူတွေကိုကားနဲ့ တိုက်သတ်လို့ရတယ်ဆိုတဲ့ အစဉ်အလာဖြစ်သွားမှာပေါ့ ကျွန်တော်တို့ဖြစ်စေချင်တာကနားလည်မှုနဲ့လူမှုရေး စိတ်ဓါတ်ပါ အခုဖြစ်ပုံကလာလည်းမကြည့်ဘူး လူမိုက်စကားလည်းပြောသေးတယ်”ဟုဆိုသည်။
 

သေဆုံးသူ၏ရုပ်ကလပ်ကို နောင်ဘွားထိုင်းဘုန်းတော်ကြီးကျောင်း၏ အသုဘရှုဇရပ်ရှိ အအေးခန်းထဲတွင် ထားရှိပြီး မအေးအေးမော်အတွက် ထိုင်းလူမှုဖူလုံရေးဌာနကပေးအပ်မည့်ခံစားခွင့်ကိုလက်ခံရယူရန် မိသား စုဝင်တစ်ဦး ထိုင်းနိုင်ငံမဲဆောက်သို့ အထောက်အထားစာရွက်စာတမ်းများဖြင့်လာရောက်ရမည်ဖြစ်သည်။
ထိုင်းနိုင်ငံဥပဒေအရ တရားဝင်အလုပ်သမားတဦးသေဆုံးပါက ထိုင်းလူမှုဖူလုံရေးဌာနမှ နစ်နာကြေးနှင့်ခံ စားခွင့် ထိုင်းဘတ်ငွေ ၁၈၅,၀၀၀ ရရှိမည်ဖြစ်ပြီး ငွေလက်ခံမည့်သူသည်မိသားစုဝင်ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
 

ထိုင်းလူမှုဖူလုံရေးဌာနမှပေးအပ်သည့်နစ်နာကြေးများကို ယခင်ကမဲဆောက်ဒေသတွင် အလားတူသေဆုံးခဲ့ကြသည့် မြန်မာအလုပ်သမား(၁၀)ဦးခန့်၏ မိသားစုဝင်များရရှိခဲ့ကြသည်ဟု နာရေးကူညီမှုအသင်း(မဲဆောက်)မှကိုအရှည်ကြီးကပေါ်ပြူလာနယူးစ်ဂျာနယ်သို့ပြောသည်။
(ပုံစာ - နောင်ဘွားထိုင်းဘုန်းတော်ကြီးကျောင်းရှိ မအေးအေးမော်၏ရုပ်ကလပ်။)
ဓာတ်ပုံ/ သတင်း ရဲရင့်မောင်။

Air KBZ လေယာဉ် မြိတ်လေဆိပ်ဆင်းသက်ခါနီး ငှက်များနှင့်တိုးတိုက်မိ



ကြာသပတေးနေ့နံနက်ပိုင်းက ထားဝယ်လေဆိပ်မှ မြိတ်-ကော့သောင်းခရီးစဉ်အဖြစ် ပျံသန်းသော Air KBZ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် K7-319 XY-AIW သည် မြိတ်လေဆိပ်သို့ ဆင်းသက်ခါနီးတွင် ငှက်များနှင့် တိုးတိုက်မိပြီးလေယာဉ်အင်ဂျင်ထဲသို့ ငှက်နှစ်ကောင် ၀င်ရောက်သွားခဲ့သည်။

လေယာဉ်မှာမူ မြိတ်လေဆိပ်သို့ အန္တရာယ်ကင်းစွာဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်လေယာဉ်မှာမူ ခရီးစဉ်ကို ဆက်လက်ပျံသန်းနိုင်ခြင်းမရှိဘဲ ယနေ့ညတွင် မြိတ်လေဆိပ်၌ ညအိပ်ရပ်နားနေရသည်။

ယနေ့ ခရီးစဉ်များအဆင်ပြေစေရန်အတွက် မြန်မာ့လေကြောင်းမှ MA_60 လေယာဉ်ကို ငှားရမ်းကာ အစားထိုး ပျံသန်းပေးခဲ့ကြောင်း လေကြောင်းသတင်းရပ်ကွက်ထံမှ သိရသည်။

သတင်း - ဖိုးဇော်(ထားဝယ်)
ဓာတ်ပုံ - ရှုမငြီးမဂ္ဂဇင်း
ဧရာဝတီ ဘလော့

ထိုင်း မြန်မာနယ်စပ် မြ၀တီ နဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာခင် တည်ဆောက်တော့မည်

ထိုင်း မြန်မာနယ်စပ် မြ၀တီ နဲ့ မဲဆောက်မြို့တွေကို ဆက်သွယ်မယ့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို မကြာခင် တည်ဆောက်တော့မယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး ၀န်ကြီးဌာနက ပြောဆိုကြောင်း ထိုင်းနိုင်ငံ ထုတ် The Nation သတင်းစာ က ဖေါ်ပြပါတယ်။

လက်ရှိ ချစ်ကြည်ရေးတံတားမှာ အသေးစား နဲ့ အလတ်စားမော်တော်ယာဉ်တွေ သာ သွားလာနိုင်ပြီး၊ မကြာခင် တည်ဆောက်မယ့် ချစ်ကြည်ရေးတံတားသစ်မှာ တန် (၆၀) အထိ အကြီးစားမော်တော်ယာဉ်တွေ
ဖြတ်သန်းနိုင် မယ်လို့ မြန်မာ ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးကျော်လင်းက ပြောဆို ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်လွင် ကလည်း
ဆောက်လုပ်မယ့် နေရာကို သတ်မှတ်ပြီးပြီ ဖြစ်ကြောင်း၊ ၂၀၁၀ ဇွန်လ က နှစ်နိုင်ငံကိုယ်စားလှယ်တွေ အဆိုပြုခဲ့တဲ့ နေရာ သုံးနေရာထဲက လက်ရှိ တံတား ရဲ့ မြောက်ဘက် သုံးမိုင် အကွာနေရာကို ရွေးချယ်ထားကြောင်း
ပြောဆိုပါတယ်။
Ref: RFA