Thursday, August 23, 2012

စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ အလုပ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ



                                                      အလုပ်သမားဝန်ကြီးဌာနဒုတိယ၀န်ကြီးဦးမြင့်သိန်း
 

ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀-၈-၂၀၁၂ ရက်နေ့ (၀၉း၃၀)နာရီတွင် ရုံးအမှတ်(၅၁) ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ပါသည်။

အစည်းအဝေးသို့အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာနမှကိုယ်စားလှယ်များ၊   နိုင်ငံခြားရးဝန်ကြီးဌာနမှကိုယ်စားလှယ်၊ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှကိုယ်စားလှယ်၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှကိုယ်စားလှယ်များနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးအဖွဲ့မှူး တို့တက်ရောက် ခဲ့ကြပြီး အစည်းအဝေး၌ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၂)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ အလုပ်သမားညှိနှိုင်းအစည်းအဝေးကိစ္စနှင့် ထိုင်းနိုင်ငံအတွင်း အလုပ်သမားအဖွဲ့(၆)ဖွဲ့ နှင့် နယ်စပ်စခန်း(၃) ခုအား လာမည့်စက်တင်ဘာလကုန်တွင် ပြန်လည် ခေါ်ယူခြင်းနှင့် အသစ်စေလွှတ်ခြင်း ကိစ္စများ ဆောင်ရွက်ရန်နှင့်ပတ်သက်၍လည်းကောင်း၊ ငွေစာရင်းရှင်းတမ်းများ  နှင့် ငွေပေးချေမှုအခြေအနေ များအားလည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

Wednesday, August 22, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တို့တတိယအကြိမ်မြောက် နေပြည်တော်မှာ တွေ့ဆုံ




                              ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးသိန်းစိန်တို့                                                                  တတိယအကြိမ်မြောက် နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
 


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

သူတို့နှစ်ဦး အဲဒီလို တွေ့ဆုံခဲ့တဲ့ အကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဌေးဇော်က အတည်ပြု ပြောဆိုပေမဲ့ ဘာတွေ ဆွေးနွေးကြတယ် ဆိုတဲ့ အသေးစိတ် တွေကိုတော့ မပြောပါဘူး။

ဒါဟာဖြင့် သီတင်းနှစ်ပတ်တောင် မရှိတဲ့အချိန်အတွင်း ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး နေအိမ်အကျယ်ချုပ်ကနေ
 ပြန်လွတ်လာချိန်ကတည်းကဆိုရင် သမ္မတနဲ့ တွေ့ဆုံတာဟာ စုစုပေါင်း သုံးကြိမ်ရှိသွားပြီဖြစ်ပြီး ဒီ့မတိုင်ခင် နောက်ဆုံးတွေ့ဆုံခဲ့တာက သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ်နဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို တက်ရောက်နေပြီး သြဂုတ်လ ၇ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်း ရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေပါတယ်။

 ဦးကျော်ကျော်သိန်း (ဗွီအိုအေ မြန်မာပိုင်း)

Tuesday, August 21, 2012

အင်းစိန်မြို့နယ်က ပန်းခြံအနီးဆန္ဒပြခဲ့သူများဒုတိယ အကြိမ် ရုံးတင် စစ်ဆေး



သြဂုတ် ၂၁
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ပန်းခြံအနီးမှာ “ဈေးမရောင်းရလို့ တောင်းစားနေရတယ်” ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး ဒီလ ၇ ရက်နေ့က လမ်းဘေးဈေးသည်တွေ ဆန္ဒပြခဲ့တဲ့ အတွက် ရဲက ဖမ်းဆီးပြီး တရားစွဲဆို ထားတဲ့ အမှုကို ဒီကနေ့ ဒုတိယ အကြိမ် ရုံးတင် စစ်ဆေးခဲ့ပါတယ်။

ဆန္ဒပြခဲ့တဲ့ လမ်းဘေးဈေးသည် ၂ဝ လောက်ထဲက ၁၅ ယောက်ကို တရားရုံးတင် စစ်ဆေးခဲ့တာပါ။

အဲဒီ လမ်းဘေးဈေးသည်တွေဟာ ပြီးခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက အင်းစိန်
ပန်းခြံအနီး၊ ဒက္ခိဏလမ်း နံဘေးမှာ ဈေးရောင်း လာကြရာကနေ ဒီလ ၃ ရက်နေ့က စပြီး အာဏာပိုင်တွေက ဈေးရောင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။

လမ်းဘေး ဈေးသည်တွေက သူတို့ကို ကြိုတင် အကြောင်းမကြားဘဲ
ဈေးရောင်းခွင့် ရုတ်တရက် ပိတ်ပင်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။



မြန်မာနိုင်ငံတွင် စာပေစိစစ်မှုဖျက်သိမ်းလိုက်ခြင်းအပေါ် တရုတ်အစိုးရသတင်းစာက ဝေဖန်ရေးသား



မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အစိတ်အပိုင်းအဖြစ် မကြာသေးမီက စာပေစိစစ်ခြင်း လုပ်ငန်းများ ဖျက်သိမ်းလိုက်ခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက တရုတ်တို့ အနေဖြင့် ယင်းကို စံနမူနာမတင်သင့်ဘဲ ကိုယ့်မူကိုယ့်ဟန်နှင့်သာ စာပေလွတ်လပ်ခွင့်ကို ရယူသင့်ကြောင်း ဝေဖန်ရေးသားလိုက်သည်။

“ တရုတ်နိုင်ငံ၏သတင်းစာလွတ်လပ်ခွင့်သည် သင့်တင့်မျှတသောခရီးရှည်ကြီးကိုလျှောက်လှမ်းခဲ့ပြီဖြစ် သည်။ အနာဂတ်တွင် ပို၍ခရီးဆက်လှမ်းကြရဦးမည်။တရုတ်တို့အနေဖြင့် စိတ်ရှုပ်ထွေးခံပြီး မြန်မာနှင့်ဗီယက်နမ် စသည့် နောက်ပေါက်ရွှေကြာနိုင်ငံများအား စံနမူနာယူနေခြင်းထက် အချိန်ကာလ လမ်းကြောင်း အတိုင်းသာလိုက်ပါသင့်ပြီး နိုင်ငံ၏လက်တွေ့အခြေအနေကိုသာ ကြည့်သင့်သည်”
ဟုတရုတ်သတင်းစာဂလိုဗယ်တိုင်း၏ အွန်လိုင်းစာမျက်နှာ အယ်ဒီတာ့အာဘော်တွင် ရေးသားထားသည်။

”မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် အောင်မြင်မှုသက်သေပြလိမ့်မည်ဟု ကျွန်ုပ်တို့ရိုးသားစွာယုံ ကြည်ပါသည်။သို့သော်ထိုအဖူးအညွန့်ကလေးက တရုတ်နိုင်ငံ၏ စည်ပင်နေသောပြုပြင်ပြောင်းလဲမှု အပင်နှင့် အမြင်ခြားနားနေရုံမျှနှင့် ကိုယ်လျှောက်နေသော ကိုယ့်လမ်းကို ကျွန်ုပ်တို့သံသယ၀င်ပါက နုံလွန်း အလွန်းရာကျပေမည်” ဟု အယ်ဒီတာက ဆက်လက်ရေးသားသည်။

အဆိုပါသတင်းစာအာဘော်တွင် တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် စမ်းသပ်မှုများစွာဖြင့် အောင်မြင်စွာအစမ်းသပ်ခံပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု များမှာ အဖူးအညှောင့် ထွက်ပြူခါစသာ ဖြစ်ပြီး လေနှင့်ရေကိုပင်မထိတွေ့ ရသေးကြောင်း ဝေဖန်ရေးသားထားသည်။
“မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် စမ်းသပ်အဆင့်သာဖြစ်သည်။တကယ်တမ်းဆိုရလျှင် ရဲတင်းမှုသည် မြန်မာ့ပြုပြင်ပြောင်းလဲရေး၏ ထင်ရှားအပေါ်လွင်ဆုံးလက္ခဏာတစ်ရပ်ဖြစ်သည်။`“ ဟု ဂလိုဘယ်လ်တိုင်းမ်က ဆက်လက်ရေးသားသည်။
တပ်မတော်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုတင်းကြပ်စွာလုပ်ခဲ့ကြသည့် အမေရိကန်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့က မြန်မာနိုင်ငံတွင် စာပေစိစစ်မှုရုပ်သိမ်းလိုက်ခြင်းအပေါ် ကြိုဆိုခဲ့ကြပြီး နောက် မြန်မာနိုင်ငံအပေါ် စီးပွားရေးအကူများစွာပေးခဲ့သည့် တရုတ်နိုင်ငံအစိုးရ သတင်းစာကြီးက ယခုလို ဝေဖန်ရေးသားလိုက်ခြင်းဖြစ်သည်။
Yangon Media Group

မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်အတွင်းရှိ ကျူးကျော်နေထိုင်သူများအား ရှင်းလင်းရာမှ အဓိကရုဏ်းဖြစ်ပွား

သြဂုတ် လ ၂၁ ရက်
မန္တလေးမြို့၊မြရည်နန္ဒာရပ်ကွက်အတွင်းရှိလယ်ယာမြေများ၊ မြေလွတ်မြေရိုင်းများတွင်ကျူးကျော်နေထိုင်သူများ အား ဖယ် ရှားရှင်းလင်းရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယနေ့နံနက်ပိုင်းက အ ဆိုပါမြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော်နေထိုင်သူများအား သက်ဆိုင်ရာအပိုင်ရဲစခန်းမှဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်အင်အား ၇၀ ကျော်ဝန်းကျင်ခန့်ဖြင့် ဖယ်ရှား ထွက်ခွာရန်ပြောကြားခြင်းနှင့်ဦးဆောင်သူ ဦးဝင်းမြင့်ထွန်းအား ဖမ်းဆီးခဲ့ရာမှ အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့ဖြစ်ပွားမှုကြောင့် ကျူးကျော်ဝင်ရောက်နေထိုင်သူ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ ဆောင်ကုသမှုများပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ ကျူးကျော်နေထိုင်သူများအား သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားထွက်ခွာရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြေညာချက်ထုတ် ပြန်ထားခဲ့ပြီး ယခုကဲ့သို့ ဖယ်ရှားကြရန်နှင့်ဦးဆောင်ပြုလုပ်နေသူ အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
``မနက် ၈ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး ထွက်ခွာဖို့ပြောတယ်။ နောက်ပြီး ဦးဝင်းမြင့်ထွန်းကို ဖမ်းဖို့လုပ်တာကို နေ ထိုင်သူတွေက ၀င်ရောက်ပြီး တားမြစ်တာကြောင့် ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဖမ်းသွားတာတော့ တစ်ယောက်မှမရှိပါ ဘူး´´ဟု အဆိုပါဖြစ်ပွားစဉ်ကို မျက်မြင်တွေ့ကြုံသူတစ်ဦးက ပြောပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ အရေးယူဆောင်ရွက်မှုများပြု လုပ်လျက်ရှိသော အောင်ပင်လယ် ရဲစခန်းသို့ သွားရောက်မေးမြန်း ခဲ့ရာ ရဲစခန်းအတွင်းအ၀င်ဝ၌ သံဆူးကြိုးများချထားကာ ၀င် ရောက်ခွင့်မည်သူမှ မရှိကြောင်း ဂိတ်ပေါက်ရှိ တာဝန်ကျရဲဝန် ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
``ဒီနေ့ထောက်ခံစာလာလုပ်တဲ့သူ လည်း လက်မခံပါဘူး။ဒီကိစ္စကို နောက်နေ့မှလာရောက်မေးမြန်း လှည့်ပါ။ဒီနေ့တော့ဘယ်သူမှ လက်ခံပြောမှာမဟုတ်ပါဘူး´´ ဟု အဆိုပါရဲအရာထမ်းကပြောပါသည်။
အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက် ၍ မြို့တော်စည်ပင်သာယာရေး ကော်မတီမြေယာဌာနမှ ဗိုလ်ကြီး ဌေးလင်းကလည်း``ဒီကိစ္စက ကျွန် တော်တို့မပါဘူး။အောင်ပင်လယ် ရဲစခန်းက ကိုင်တွယ်တာပါ´´ဟု ပြောကြားခဲ့သည်။
လူနေထိုင်ရန်အတွက် မြို့ ကွက်သစ်ဖော်ထုတ်ရေး အဖွဲ့မှ ချထားသော မြေကွက်များတွင် ယင်းကဲ့သို့ပိုင်ဆိုင်ကြောင်းအထောက်အထား ခိုင်လုံမှုမရှိဘဲ မြေကွက်များအား ၀န်းခြံခတ်၍ရောင်းချခြင်း၊၀င်ရောက်နေထိုင်ခြင်းများကို သြဂုတ်လ ၆ ရက်နေ့မှစတင်၍ ကွင်းဆင်းစစ် ဆေးခဲ့ရာချမ်းမြသာစည်မြို့ နယ်၊အောင်သာယာရပ်ကွက် နှင့်မြရည်နန္ဒာရပ်ကွက်၊ပြည် ကြီးတံခွန်မြို့နယ်၊ကံကြီး ကုန်းကျေးရွာ၊ဇီးအုပ်ကျေးရွာ နှင့်ရွာသစ်ကလေးကျေးရွာ ၊အမရပူရမြို့နယ်၊နတ်ရေကန်ကျေး ရွာတို့တွင် တရားမ၀င်ကျူးကျော် တဲ ၁၁၁၈ လုံး၊တရားမ၀င်ခြံခတ် ထားသည့်မြေကွက်လပ် ၂၂၂၆ ကွက်တို့ကို စစ်ဆေးတွေ့ရှိထား ကြာင်း မြို့တ်ာစည်ပင်သာ ယာရေးကော်မတီမြေယာဌာန၏အ ချက်အလက်များအရ သိရသည်။
Ref:EMG

မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်



မန္တလေး သြဂုတ်(၂၁)ရက်

၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေးမဟာမုနိဘုရားကြီးရှိဝန်ထမ်းအချို့က အလှူခံသေတ္တာပုံးများအတွင်းမှ
အလှူငွေများဖောက်ထွင်းခိုးယူသွားမှူကို (၆)လအကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍
အမှူဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

“အဲဒီအချိန်တုန်းကကိုယ်တို့ဂေါပကသက်တမ်း(၃)လပဲရှိသေးတယ်။ လုပ်သွားတဲ့ဝန်ထမ်းတွေကိုလည်း
အဲလိုလုပ်လိမ့်မယ်လို့ထင်မထားဘူး။ ဘုရားကြီးရဲ့ တခြားလုပ်ငန်းတွေဘက်အာရုံစိုက်နေတဲ့အချိန် ခုလိုဖြစ်သွားခဲ့တာပါ။ ခုကျမှ
သူတို့ချင်းအသံတွေထွက်လာတော့ စစ်လိုက်မှပေါ်လာတာ” မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်ကပြောသည်။

၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ(၇)ရက်နေ့ညက ဖြစ်ပွားခဲ့သည်ဟု ယူဆရပြီး၊ ငွေကြေးမည်မျှပါသွားသည်ကိုမူ
မသိရှိရသေးကြောင်း၊ယင်းကိစ္စတွင်ပါဝင်ပက်သက်နေသည်ဟု ယူဆရသောအခင်းဖြစ်ပွားရာညက တာဝန်ကျ ၀န်ထမ်း(၁၁)ယောက်ကို ရာထူးမှချကာချမ်းမြသာစည်မြို့နယ် ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့ယခုလ(၁၆)ရက်တွင် အမှူဖွင့်တိုင်ကြားထားကြောင်း ဦးစိန်သင်ကပြောသည်။

ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အလှူခံသေတ္တာများအပြင်အခြားလုံခြုံရေးအစီအမံများပြုလုပ်ရန် စီစဉ်နေသည်ဟု ၄င်းကဆိုသည်။
ထိုအမှူကိစ္စကို ကိုင်တွယ်နေသည်ဟု ဆိုသည့် ချမ်းမြသာစည်မြို့နယ်ဘုရားကြီးအောက်ကျင်းရှိ အမှတ်(၁၀)ရဲစခန်းသို့သွားရောက်မေးမြန်းရာစခန်းမှူးမရှိရွေ့ မဖြေကြားပေးနိုင်ကြောင်း၊ ဘုရားကြီးမှခိုးမှုတစ်ခုကိုတော့ ဆောင်ရွက်နေကြောင်းတာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြန်လည်ပြောကြားသည်။ မဟာမုနိဘုရားကြီးတွင်လျှပ်စစ်မီး၊ရွှေသင်ကန်းကပ်လှူရန်နှင့်အခြားဝေယျာဝစ္စလုပ်ငန်းများလုပ်ကိုင်ရန် အလှူခံသည့်အလှူခံသေတ္တာ(၂၂)လုံးရှိသည်ဟု သတင်းရရှိသည်။

NewsOfMyanmar Blog

စာပေစိစစ်ရေးကိုဖျက်သိမ်းလိုက်ပြီဆိုတဲ့ကြေငြာချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆို

မြန်မာနိုင်ငံက စာပေစိစစ်ရေးကိုဖျက်သိမ်းလိုက်ပြီဆိုတဲ့ကြေငြာချက်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး စာပေစိစစ်ရေးမရှိဘဲ ရှေ့ဆက်သွားဖို့တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှာနေ့စဉ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဗစ်တိုးရီးယား- နူးလန်းက ပြောကြားလိုက်ပါတယ်။

စာပေစိစစ်ရေးဌာနဟာ စာနယ်ဇင်းတွေကိုစောင့်ကြည့် ဖိနှိပ်နေတဲ့ အတွက်မြန်မာအစိုးရက စာပေစိစစ်ရေးဌာနကို ဖယ်ရှားလိုက်တာကို ကျမတို့မြင်ချင်တာပါလို့ ပြောပါတယ်။

အလားတူပဲ ပြင်သစ်နိုင်ငံ အခြေစိုက် RSF လို့  အသိများတဲ့ နယ်ခြားမဲ့ သတင်းထောက်များ အသင်းကြီးကလည်း ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ ထုတ်ဝေပြီးသား သတင်း ဆောင်းပါးတွေ ကို စောင့်ကြည့်နေဦးမယ်ဆိုတဲ့ အတွက် ပြည့်ဝတဲ့ စာနယ်ဇင်းလွတ်လပ်မှု ရနိုင်ပါ့မလားဆိုတာစောင့်ကြည့်ရအုံးမယ်လို့ အဖွဲ့ ပြောခွင့်ရှိသူ ပုဂ္ဂိုလ်တဦး က ပြောကြားသွား ပါတယ်။
 

ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များအား သမိုင်းမှတ်တမ်း ကဗ္ဗည်းကျောက်စာတိုင်တစ်ခုထားရှိရန် အစီအစဉ်ရှိ၊ မရှိလွှတ်တော်မေးခွန်း နှင့်ဖြေကြားချက်



ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များအား သမိုင်းမှတ်တမ်း ကဗ္ဗည်းကျောက်စာတိုင်တစ်ခုထားရှိရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်းကို ဦးစိန်မြင့်(ဗိုလ်တထောင်မဲဆန္ဒနယ်)က မေးမြန်းရာ--
ကျွန်တော်ကတော့ ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များအားလုံးဟာ အသက်၊ သွေး၊ ချွေးပေးပြီး တိုက်ပွဲဝင်ခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံ၏ နိုင်ငံနှင့်နိုင်ငံသားများ အကျိုးငှာ နောင်လာနောက်သားများအတွက် သမိုင်းမှတ်တမ်းတစ်ခု စိုက်ထူရန်အလို့ငှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့ကြသော ရဲဘော် သုံးကျိပ်အဖွဲ့ဝင်များသည် သမိုင်းစာပေမှတ်တမ်းများတွင် တည်ရှိခဲ့သော်လည်း သမိုင်း မှတ်တမ်းဝင် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့်တကွ ကျောက်စာတိုင်သမိုင်းမှတ်တမ်း မော်ကွန်း ကျောက်စာတိုင် တစ်ခု တည်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ ပြည်ထောင်စုအစိုးရအား ဥက္ကဋ္ဌကြီးမှ တစ်ဆင့် မေးမြန်းလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဖြေကြားချက်
ဦးစိုးမောင်(ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၂)) ။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားတဲ့ ဧည့်‌သည်တော် ကြီးများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံပါစေလို့ ကျွန်တော့်အနေနဲ့ ဂါရဝပြု ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်ရဲ့ ကြယ်ပွင့်ပြမေးခွန်း ဖြေကြားခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူ မိပါကြောင်း ပဏာမ ပြောကြားလိုပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ဦးစီးဦးဆောင်ပြုကာ ကြိုးပမ်းခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များရဲ့ သမိုင်းမှတ်တမ်းများအား စာပေဖြင့် နိုင်ငံတော်မှ မှတ်တမ်းတင် ထားရှိခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော်ကို လွတ်လပ်ရေးရရှိအောင် ဦးစီးဦးဆောင်ပြုကာ မိမိတို့ရဲ့ ဆန္ဒအလျောက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များအား ဂုဏ်ပြုသောအားဖြင့် သမိုင်းမော်ကွန်း ကျောက်စာတိုင် တည်ထားရန် လောလောဆယ်တော့ အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။
လွှတ်တော်ဖေ့ဘုတ်မှကူးယူဖော်ပြသည်

လေယာဉ်ပျက်မှ ဖိလစ်ပိုင်ပြည်ထဲရေးဝန်ကြီးရုပ်အလောင်း ယနေ့မနက်တွင်ဆယ်ယူနိုင်



လွန်ခဲ့သော ၃ရက်က လေယာဉ်ပျက်ကျရာတွင်ပျောက်ဆုံးနေသော ဖိလစ်ပိုင်ပြည်ထဲဝန်ကြီး Jesse Robredo ၏ရုပ်အလောင်းအား Masbate ကျွန်းအနီးတွင် ရေငုပ်ရှာဖွေခဲ့ရာ ပေ၁၈၀ရေအနက်တွင် ရုပ်အလောင်း၃လောင်းကို တွေ့ရှိပြီး ယနေ့မနက်တွင်ပြန်လည်ရယူနိုင်ကြောင်း ရုပ်သံမီဒီယာမှတိုက်ရိုက်လွှင့်ထုတ်သွားခဲ့သည်။

လေယာဉ်ပေါ်တွင်လိုက်ပါလာသူ Jesse Robredoနှင့်လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူး တို့ရဲ့ အလောင်းများကိုသယ်ဆောင်နိုင်ပြီး စတုတ္ထမြောင်ရုပ်အလောင်းသည် လေယာဉ်ပျက်ထဲတွင် ကျန်ရှိနေသေးသည်။

Robredo သည် အသက်၅၄နှစ်အရွယ်ဖြစ်ပြီး သမီး၃ယောက်ဖခင်ဖြစ်သည်။ သူသည် ဖိလစ်ပိုင်ရဲတပ်ဖွဲ့တိုက်ရိုက်စီမံကိုင်တွယ်ရသော ပြည်ထဲရေးဝန်ကြီးတဦးဖြစ်ကာ အကျင့်ပျက်လဘ်စားမှု တိုက်ဖျက်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်သောကြောင့် ဖိလစ်ပိုင်ပြည်သူတို့၏ ချစ်ခင်လေးစားမှုကိုခံရသူတဦးဖြစ်သည်။
facebook

သြဂုတ်လ ၂၁ ရက် RFA မနက်ပိုင်း အသံလွှင့်အစီအစဉ်

Monday, August 20, 2012

အခြေခံ ဥပဒေ ပြင်ဆင်ခြင်းသည် ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြ


နေပြည်တော်၊ သြဂုတ် ၂၀

မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းရေးတွင် စိန်ခေါ်မှုတစ်ခုအဖြစ် မှတ်ယူရမည် ဖြစ်သော အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြည်သူ သန်းခြောက်ဆယ်၏ မျက်နှာ ကို ထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်းလွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါက
ပိုမို ကောင်းမွန်မည်ဟု နိုင်ငံတော် သမ္မတ၏ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံ ပေးပို့သောသဝဏ်လွှာတွင် ဖော်ပြသည်။

နိုင်ငံတော် သမ္မတထံမှ ပေးပို့သော သဝဏ်လွှာတွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း ၁၂ တွင် တရားဝင် ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမှ ထိခိုက်မှု မရှိစေပဲ သင့်လျော်ကောင်းမွန်မည်ဟုယူဆပါသည်ဟု ဖော်ပြထားရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဖြစ် ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော် အသီးသီးက ဖွဲ့စည်းသော ကော်မ ရှင် နှင့် ကော်မတီ များသည်ပြည်ထောင်စု အဆင့် မဟုတ်ဟု သတ်မှတ် ခဲ့ခြင်းကြောင့် အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား ဖွဲ့စည်းပုံ အခြေခံပါ
ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်ထားသောတာဝန်များ ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း တို့ကြောင်း သြဂုတ်လ ၂၁ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ အနားယူရန်နှင့် အနားယူခြင်း မရှိပါက စွပ်စွဲ ပြစ်တင်ခြင်း ပြုလုပ် ရန် ဒေါ် အောင်ဆန်းစုကြည်နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် ကိုယ်စာလှယ်များ လက်မှတ်ရေးထိုး ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးတို့ က ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြ ပါသည်။ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာတွင် ကျွမ်းကျင်၍ တရားစီရင်ရေးတွင်နှစ်ပေါင်း များစွာ ဆောင်ရွက် ခဲ့ကြသူများဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စပေါ်တွင် ဘက်လိုက်၍ သော်လည်းကောင်း၊ မှားယွင်း၍သော် လည်းကောင်း ဆုံးဖြတ်ကြမည့်သူများ မဟုတ်ပါဟု နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြသည်။

အခြေခံ ဥပဒေ ခုံရုံးကို စွပ်စွဲ ပြစ်တင်ခြင်း နည်းလမ်းအစားဖြည့်စွပ်ပြင်ဆင်မှု အခြေအနေနှင့် ပတ်သတ်၍ သင်္ဃန်းကျွန်းမြို့ နယ်ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် တရားလွှတ်တော် ရှေ့ နေ ဦးသိန်းညွှန့်အား ဆက်သွယ် မေးမြန်းခဲ့ရာ “လွှတ်တော်ရေးရာ ကော်မတီတွေနဲ့ ပတ်သတ်ပြီး
အခြေခံဥပဒေ ဖြည့်စွပ်ချက် မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ကျွန်တော်ပြီးခဲ့တဲ့ တစ်ပတ်က တင်ထားခဲ့ပါတယ်။ ရှေ့ တစ်ပတ် ပြည်ထောင်စုလွှတ်တော်ကြရင် ပြင်ဆင်ခွင့် အဆိုကို တင်သွင်း နိုင်မယ် ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
Ref:7Days News

ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြန်မာက တက်ရောက် လေ့လာချင်

ရွှေမြွေဟောက် အမည်ရှိ ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြန်မာက တက်ရောက် လေ့လာချင်နေပြီး အမေရိကန်၏ သဘောတူခွင့်ပြုမှုကို ရရှိရန် ထိုင်းကို အကူအညီ တောင်းကြောင်း ၁၇.၈.၂၀၁၂ ရက်နေ့ထုတ်ဘန်ကောက်ပို့စ်သတင်းစာ က ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ်သွားခဲ့သော ထိုင်းကာကွယ်ရေးဝန်ကြီး ဆူခွန်ပိုး ဆူဝမ်နာထက်က ယမန်နေ့က မြန်မာပြည်ခရီးစဉ်မှ ပြန်ရောက်လာရာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်းတို့နှင့် တွေ့ဆုံရာ ယခုကဲ့သို့ တောင်းဆိုကြောင်း ပြောသည်။

မြန်မာကာကွယ်ရေးဦးစီးချုပ်အနေဖြင့်အမေရိကန်တို့၏ မြန်မာတို့အပေါ် တောင်းဆိုထားသောနိုင်ငံရေး လိုအပ် ချက်များ မပြည့်မီမှာ စိုးရိမ်နေကြောင်းလည်းထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။ ထိုင်းကာကွယ်ရေးဝန်ကြီးက သူ့အနေဖြင့် အမေရိကန်စစ်ဘက်ကို နားချပေးရန် ဆန္ဒရှိကြောင်းလည်း ဆိုသည်။

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုသည် အမေရိကန်နှင့် ထိုင်း စစ်တပ်များ နှစ်စဉ် ဧပြီလနှင့် မေလများတွင် ရက်သတ္တပါတ် ၆ ပါတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်သည်။ ထိုင်းနိုင်ငံသည် ပစိဖိတ်ဒေသရှိ အမေရိကန်၏ စစ်ရေးမဟာမိတ် ၅ နိုင်ငံထဲမှ တနိုင်ငံဖြစ်သည်။ အခြားနိုင်ငံများမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ နှင့် ဖိလစ်ပိုင်တို့ဖြစ်သည်။

ဇွန်လတွင် စင်ကာပူ၌ ကျင်းပခဲ့သော အာရှ-ပစိဖိတ်ဒေသလုံခြုံရေးဆွေးနွေးပွဲတွင် မြန်မာကာကွယ်ရေး ဝန်ကြီးက သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးကို မြန်မာ့တပ်မတော်အနေဖြင့် ရာခိုင်နှုန်းပြည့် ထောက်ခံကြောင်း၊ မြောက်ကိုရီးယားနှင့် ပူးပေါင်းသည့် ညူးကလီးယားအစီအစဉ်ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားအပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပါနတ်တာက ၂ နိုင်ငံစစ်ဘက်ဆက်ဆံရေး တိုးမြှင့်သွားရန် ကြိုးပမ်းမည်ဟု ကတိပေးပြောဆိုခဲ့ဖူးသည်။

ဒေသအတွင်း အင်အားကြီးမားလာနေသော တရုတ်နိုင်ငံ၏ ဩဇာကို ထိန်းညှိရေး မြန်မာအစိုးရက အမေရိကန်အစိုးရ၏ အကူအညီကို လိုအပ်နေသလိုအမေရိကန်အနေဖြင့်လည်း မြန်မာအစိုးရ ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုထောက်ခံကာ ၁၉၈၈ နောက်ပိုင်း ယိုယွင်းသွားခဲ့သည့် ၂ နိုင်ငံ သံတမာန်ဆက်ဆံရေး ပုံမှန်ပြန်လည်ဖြစ်လာခဲ့သည်။

လာမည့် စက်တင်ဘာလတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်မှ ချီးမြှင့်သောဆုအား လာရောက်လက်ခံယူရန် အမေရိကန်က ဖိတ်ကြားထားရုံမက သမ္မတဦးသိန်းစိန်ကိုလည်း လာရောက်လည်ပတ်ရန် ဖိတ်ကြားထားကြောင်းလည်း သိရသည်။
ဧရာဝတီ

ALP ဆက်ဆံရေးရုံး ဖွင့်ရက် ရွှေ့ဆိုင်း





                                             ALP အဖွဲ့နှင့် အစိုးရ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့
                             စစ်တွေမြို့ပေါ်တွင် တွေ့ဆုံ ဆွေးနေကြစဉ် (ဓာတ်ပုံ - alpbranchmalaysia.blogspot.com)


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ပထမဆုံး ဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့ရက်ကို ရခိုင်ပြည်နယ်က လက်ရှိ အကြမ်းဖက်မှု ပဋိပက္ခ အခြေအနေတွေကြောင့်ရွှေ့ဆိုင်းထားရတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ALP ရဲ့ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လက ဖွင့်လှစ်ဖို့ စီစဉ်ထားခဲ့တာပါ။

အတွင်းရေးမှူး ဦးခိုင်သုခ က-

"အစိုးရကနေ ၁၄၄ ထုတ်ထားတဲ့ ကိစ္စနဲ့ တခြား မငြိမ်မသက်မှုလေးတွေ ရှိနေတဲ့အတွက်ကြောင့်မို့လို့ အစိုးရဘက်ကနေ ခဏလေး ဆိုင်းထားဖို့ပြောနေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ရုံးဖွင့်မယ့်ကိစ္စက နဲနဲ ကြန့်ကြာနေတာ ဖြစ်ပါတယ်။"

ALP အဖွဲ့ဟာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ပြီးခဲ့တဲ့ ဧပြီလ (၅) ရက်နေ့မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရထားတာပါ။

နောက်တဆင့်ဖြစ်တဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးရေး မတိုင်ခင်မှာတော့ ALP တပ်ဖွဲ့ဝင်တွေ နေရာချထားရေး ကိစ္စ ဆွေးနွေးဖို့ကျန်နေသေးတယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ALP ကို ၁၉၆၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

RFA Burmese


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့ ရေကြီး




လားရှိုးမြို့ ရပ်ကွက်(၁)တွင် တောင်ကျ ရေစီးဆင်း လာမှုကြောင့် ဈေးဆိုင်အတွင်း ပိတ်မိနေ သူများအား ရွှေ့ပြောင်း ပေးနေစဉ် ဓါတ်ပုံ - Eleven Media Group


လားရှိုးမြို့တွင် သြဂုတ်လ ၁၉  ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ အရှိန်ပြင်းစွာ စီးဆင်းလာမှုကြောင့် လားရှိုးမြို့အ၀င် ပြည်ထောင်စုလမ်းမကြီးပေါ်နှင့် မြေနိမ့်ပိုင်းကျသော ရပ်ကွက်များသို့ ရေ၀င်ရောက်မှုများရှိခဲ့ရာ လူနေအိမ်များမှ ပစ္စည်းများရေစီးနှင့်မျောပါခြင်း၊ အိမ်အချို့ပြိုကျခြင်း၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။


                                                                                       ဓါတ်ပုံ - Eleven Media Group 
သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်မှစ၍ တောင်ကျရေများ ပြင်းထန်စွာကျဆင်းလာပြီး လားရှိုးမြို့ ရပ်ကွက် ၁၊ ၇၊ ၈၊ ၉၊ ၁၁၊ ၁၂ တို့တွင် ရေစတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
''မနက် ၈ နာရီလောက်ထိ  မိုးကသိပ်မသည်းဘူး။ ရေလည်းသိပ် မပါဘူး။ မနက် ၉ နာရီလောက်မှ တောင်ကျရေတွေကျလာတာ။ ၁၀ မိနစ်လောက်အတွင်း အိမ်ထဲကိုရေ တွေဝင်လာပြီး ပေါင်လောက်ထိ တက်လာတယ်။ ဒါနဲ့အားလုံး ကယ်ဆယ် ရေးစခန်းကို ရောက်လာတာ။ ဘေးအိမ်တချို့ဆို ပြိုကုန်တယ်''ဟု ရပ်ကွက်(၇) မှ ဒေသခံတစ်ဦးက ပြောပါသည်။
ရေကြီးမှုကြောင့် လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ရေကျော်နေစဉ် 
ဓါတ်ပုံ - Eleven Media Group


အလားတူ လားရှိုးမြို့အ၀င် လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင်လည်း လေးပေအထိ မြင့်တက်ရေကျော်လာမှုကြောင့် လားရှိုးမှရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်များနှင့် ၀င်ရောက်မည့်ယာဉ်များ မထွက်ခွာနိုင်၊ မ၀င်ရောက်နိုင် ဖြစ်ခဲ့ရသည်။ ''ဒီလောက်ရေကြီးတာတော့ လားရှိုးမှာ ဒါပထမဆုံး ကြုံဖူးတာပါ။ အခုအိမ်တွေထဲက ပစ္စည်းတွေ မျောပါကုန်တယ်။ အုတ်တံတိုင်းတွေ လွင့်ထွက်ကုန်တယ်။ မြောင်းကူးတံတားတွေ ကျိုးတယ်''ဟု ရပ်ကွက် (၁)မှ ဒေသခံတစ်ဦးကပြောသည်။
လားရှိုးမြို့ ရပ်ကွက်(၁၂)တွင် လည်းအိမ်ခြေ ၂၀၀ ခန့်ထိရေ၀င် ရောက်ခဲ့ပြီး မန်ဆူမှ ဟူးမွန်သွား လမ်းတံတားပေါ်လေးပေခန့်အထိ ရေကျော်ခဲ့ကြောင်း၊ ရပ်ကွက်(၅)တွင်  မန်အိုင်တောင်ကုန်းပေါ်မှ တောင်ကျရေများ စီးဆင်းလာမှုကြောင့် ခိုင်ရွှေဝါလမ်းပေါ် ရေကျော်ခဲ့ရာ ရေထွက်ပေါက်ရစေရန် အုတ်တံတိုင်းများ ဖြိုပေးခဲ့ရကြောင်း သိရသည်ဟု Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

 Eleven Media Group

Sunday, August 19, 2012

ရခိုင်ပြည်နယ်တိုင်းရင်းသားကလေးငယ်များ ပညာရေးရန်ပုံငွေပွဲ



ယနေ့ကျင်းပပြုလုပ်လျှက်ရှိသည့် ရခိုင်ပြည်နယ်တိုင်းရင်းသားကလေးငယ်များ ပညာရေးရန်ပုံငွေပွဲတွင် အဆိုတော် Lလွန်းဝါ မှ သီဆိုဖျော်ဖြေနေစဉ်
အဆိုပါပွဲအတွက်AGD bank မှ main sponsor အဖြစ် ပူးပေါင်းပါဝင်ထားကြောင်းသိရသည်။ 
ရခိုင်ပြည်နယ်တိုင်းရင်းသားကလေးငယ်များ ပညာရေးရန်ပုံငွေပွဲတွင် အဆိုတော် ဟဲလေးမှ မေတ္တာဖြင့် သီဆိုဖျော်ဖြေနေစဉ်

မြန်မာ့လေကြောင်းနှင့် UAE နိုင်ငံအခြေစိုက် Dnata တို့ပထမဦးဆုံးမြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း(Joint Operation)ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး




ရန်ကုန်၊ သြဂုတ်-၁၈
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်းနှင့် UAE နိုင်ငံအခြေစိုက် Dnata တို့ သြဂုတ် ၁၇ ရက်တွင် မြန်မာနိုင်ငံ၌ ပထမဦးဆုံးမြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း(Joint Operation)ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။

မြေပြင်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၌ မြေပြင်ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစား ၁၄ မျိုးပါဝင်ပြီး လေယာဉ်ဆိုက်ရောက်ချိန်တွင် လေယာဉ်သန့်ရှင်းရေးမှစ၍ ယာဉ်ယန္တရားများဖြင့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသည် ခရီးဆောင်အိတ်၊ ကုန်စည်တင်/ ချဝန်ဆောင်မှုများနှင့် လေယာဉ် ပြန်လည်မထွက်ခွာမီ စက်မှုလက်မှုပိုင်းဆိုင်ရာ စစ်ဆေးထိန်းသိမ်းမှုများ ပါဝင်သည်။ လေယာဉ်ပျံ သန်းနိုင်ရန် စီမံမှု၊ လေယာဉ်တင် အစားအသောက်၊ လေယာဉ်ရပ်နားစဉ် လုံခြုံရေး၊ ဆက်သွယ်ရေး နှင့် လေယာဉ်အား ယာဉ်ယန္တရားများဖြင့် တွန်းထုတ်သည်အထိ ၀န်ဆောင်ခ၀င်ငွေများစွာရသည့် လေကြောင်းစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပြီး နိုင်ငံတကာ အဆင့် အတန်းရောက်အောင် UAE နိုင်ငံ Dnata ကုမ္ပဏီနှင့် မြန်မာနိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းတို့ ပထမဦးဆုံး ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။

Ref:7Days News

UNHCR ရုံးရှေ့တွင် ရခိုင်တိုင်းရင်းသားများဆန္ဒဖေါ်ထုတ်



သြဂုတ် ၁၉
ယနေ့ ရန်ကုန်မြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသားများသည် နံနက် ၁၁း၃၀ နာရီအချိန်တွင် UNHCR ရုံးရှေ့တွင် ရှင်စောပုလမ်းနှင့် ဗဟိုလမ်း
မပေါ်တွင် ဆန္ဒဖေါ်ထုတ်လျှက်ရှိကြောင့်သိရသည်။
(၁) ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်းလုံးဝရပ်တန့်ပါ။
(၂)သမ္မတကြီး၏ဆုံးဖြတ်ချက်ကိုလေးစားပါ။
(၃)ရခိုင်ပြည်တွင်း ပဋိပက္ခဖန်တီးခြင်းကိုရပ်တန့်ပါ။
(၄)ကျွန်ုပ်တို့မြေသို့အကြမ်းဖက်မူမသယ်ယူလာနှင့်။
(၅)တရားမ၀င်လာရောက်နေထိုင်သူများ၏အခွင့်အရေးအတွက် နိုင်ငံသားများ၏အခွင့်အရေးကို အလွဲသုံးစားလုပ်ခြင်းရပ်တန့်ပါ။
(၆)မမျှမတဆောင်ရွက်မူရပ်တန့်ပါ။

ဆန္ဒဖေါ်ထုပ်သူများ၏ တီချပ်ရှေ့မျက်နှာတွင် ရေးသားထားသောစာသည် (တရားမျှတမူကိုမြတ်နိုးသည်)
(UN-INGO) ရခိုင်ပြည်သူများအားခွဲခြားဆက်ဆံခြင်းလုံးဝရပ်တန့်ပါ။ ဟု ဖေါ်ပြပါရှိသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖန်တီးခြင်းလုံးဝရပ်တန့်ပါ။ ဟု နောက်ကျော့ဖက်တွင် ရေးသားပါရှိသည်။
နေ့လည်၁၂နာရီအချိန်တွင် ဆန္ဒဖေါ်ထုတ်သူများလူစုခွဲလိုက်ကြကြောင်း ဖုန်းဖြင့်အဆက်သွယ်မေးမြန်ချက်အရ လှုပ်ရှားမှုခေါင်းဆောင် ကိုစည်သူ ကပြောကြားသည်။