Tuesday, September 18, 2012

ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အပြောင်းအလဲ ပြုလုပ်



ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း မြန်မာနိုင်ငံ ပြန်တမ်းမှတစ်ဆင့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ထိုသို့ အပြောင်းအလဲ ပြုလုပ်ခဲ့မှုအရ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်တို့ကို ပညာရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့တာဝန် ထမ်းဆောင်စေခဲ့ပြီး အဆိုပါ ညွှန်ကြားရေးမှူးချုပ် နေရာများသို့ ကာကွယ်ရေးဝန်ကြီးဌာနများမှ ဗိုလ်မှူးကြီးများကို ခန့်အပ်လိုက်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးကိုလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနများသို့ ပြောင်းရွေ့တာဝန်ပေးလိုက်ပါသည်။
ထိုနည်းတူ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးကို ပညာရေး ၀န်ကြီးဌာနသို့ လည်းကောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးကို ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေး ကျောင်းအုပ်ကြီး အဖြစ်လည်း ကောင်း ပြောင်းရွေ့တာဝန်ပေးလိုက်သည်။

သြစတေးလျှတွင် မီးဆင်နှာမောင်း တိုက်

ငရဲ မင်း ကြီး မြေပေါ် ထွက် လာသည် ဟု ဂျပန် တို့  ခေါ် သည့် ဆန်းကြယ်
သည့် သဘာဝ ဖြစ် ရပ် တစ်ခု ဖြစ်သော အမြင့် ပေ ၁၀၀ ခန့်  ရှိ မီးဆင်နှာ
မောင်း တစ်ခု သည် သြစလေး နိုင်ငံ အလယ် ပိုင်း က အေယာ သဘာဝ
ကျောက် တောင်
ကြီး တွေ ရှိ တဲ့ နေရာ (Alice Spring) မှာ စက်တင်ဘာ
လ ၁၁ ရက်နေ့ က တိုက် ခိုက် ခဲ့ တယ် လို့  ဗီဒီယို မှတ်တမ်း တင်ထား သူ
Chris Tangey က ဆစ်ဒနီ မောနင်း ဟာရယ် ကို ပြောပါတယ်။

Monday, September 17, 2012

မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဦးစားပေးမှုများ ပြန်လည်သတ်မှတ်ပေးရန် ဥရောပကော်မရှင် အဆိုပြု


ဘရပ်ဆဲလ်၊ စက်တင်ဘာ - ၁၇

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အားပေးကူညီသည့်အနေဖြင့် ဥရောပကော်မရှင်သည် မြန်မာနှင့် ကုန်သွယ်ရာ၌ ကုန်သွယ်ရေး ဦးစားပေးမှုများ ပြန်လည်သတ်မှတ်ပေးရန် အဆိုပြုခဲ့ကြောင်း သိရသည်။
ယနေ့ထုတ်ပြန်သော ဥရောပကော်မရှင်၏ ကြေညာချက်တွင် ယင်းကုန်သွယ်ရေးဦးစားပေးမှုများ မြန်မာနိုင်ငံအပေါ် ပြန်လည် သတ်မှတ်ပေးရန် အဆိုပြုထားခြင်း ဖြစ်သည်။ အဆိုပြုချက်အရ မြန်မာနိုင်ငံသည် ၎င်း၏ ထုတ်ကုန်ပစ္စည်းများအားလုံးတွင် လက်နက်နှင့် ခဲယမ်းမီးကျောက်များမှလွဲ၍ ကျန်ကုန်ပစ္စည်းများကို ဥရောပဈေးကွက်သို့ အကောက်ခွန်လွတ်၊ ကန့်သတ်ချက်လွတ် ချိတ်ဆက်တင်ပို့ခွင့်ရစေမည်ဖြစ်သည်။ ဥရောပသမဂ္ဂ၏ ကုန်သွယ် ရေးကော်မရှင်နာ ကာရယ်ဒီဂတ်က “မြန်မာဟာ ဒီနှစ် အစောပိုင်းကစလို့ ပွင့်လင်းလာကတည်းက ဒီလိုမျိုးနက်ရှိုင်းပြီး အရေးပါတဲ့ တကယ့်စီးပွားရေးအရ ထောက်ပံ့မှုအပြောင်းအလဲတွေ လုပ်ပေးဖို့လိုအပ်နေတယ်ဆိုတာ ကျွန်တော်မြင်ခဲ့ပါတယ်။ ကုန်သွယ်ရေးဟာ နိုင်ငံရေးတည်ငြိမ်မှုကို ထောက်ပံ့ပေးဖို့ အခြေခံအချက်ဖြစ်ပြီး အီးယူရဲ့ကုန်သွယ်ရေးဦးစားပေးမှုတွေက၊ ဆိုလိုတာက ကျွန်တော်တို့ဟာ ဒီပြုပြင်ပြောင်းလဲရေး အားသန်နေတဲ့နိုင်ငံကို ကမ္ဘာ့အကြီးဆုံးဈေးကွက် (ဥရောပဈေးကွက်)ကြီးနဲ့ ဦးစားပေး ချိတ်ဆက် ခွင့်ပေးသွားမယ်ဆိုတာပါ”ဟုပြောသည်။

ထို့အပြင် ဥရောပသည် မြန်မာနိုင်ငံ၏ တိုးတက်မှုကို တွန်းအားပေးရန် နေရာပေါင်းစုံ၌ ဆက်လက်ထိတွေ့ဆောင်ရွက်သွားမည်ဟု ၄င်းကပြောသည်။ ဥရောပ ကော်မရှင်၏ ယခု အဆိုပြုချက်အရ မြန်မာနိုင်ငံသည် “လက်နက်မှလွဲ၍အရာအားလုံး” ဟုခေါ်သော ကုန်သွယ်ရေးဦးစားပေးအဆင့်ကို ပြန်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ယခင်ရှိခဲ့သော ထိုအဆင့်မှ ၁၉၉၇ ခုနှစ်တွင် နိုင်ငံတကာအဓမ္မလုပ်အားပေးစေခိုင်းမှုဆိုင်ရာ သဘောတူညီချက်များ ချိုးဖောက်မှုကြောင့် ပယ်ဖျက်ခံခဲ့ရသည်။

သို့သော် ပြီးခဲ့သည့်ဇွန်လက နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) က မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေးစေခိုင်းမှုများပပျောက်ရေး၌ ထူးခြားသည့်တိုးတက်မှု ရခဲ့ကြောင်း သုံးသပ်ခဲ့ရာ အီးယူအတွက် မြန်မာနိုင်ငံကို ပိတ်ဆို့မှုများ ဖြေလျှော့ရန် အခြေခံအကြောင်းဖြစ်လာသည်။ ယနေ့ ဥရောပကော်မရှင်က တင်သွင်းခဲ့သော ကုန်သွယ်ရေးဦးစားပေးအဆိုပြုချက်ကို အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပပါလီမန်သို့ ပေးပို့ကာ အတည်ပြုချက်ရယူသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဥရောပသမဂ္ဂသို့ ပို့ကုန်တင်ပို့မှုသည် ၂၀၁၁ ခုနှစ်တွင် ယူရို ၁၆၉ သန်းသာရှိခဲ့ရာ ယင်းမှာ နိုင်ငံ၏ ပြည်ပပို့ကုန်စုစုပေါင်း ၃ ရာခိုင်နှုန်းနှင့် အီးယူ၏ သွင်းကုန် စုစုပေါင်းမှ ၀ ဒသမ ၀၁ ရာခိုင်နှုန်း အချိုးအစားသာရှိခဲ့သည်။

_The Star/AFP
 

ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်ဒီစီသို့ရောက်ရှိ



ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီသို့ စက်တင်ဘာ ၁၇ ရက် အမေရိကန်စံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ် (မြန်မာစံတော်ချိန် ည ၉ နာရီဝန်းကျင်)တွင် ခရီးစဉ် ချောမောစွာရောက်ရှိသွားပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။


အမေရိကန်နိုင်ငံသို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် စက်တင်ဘာ ၂၀ ရက် နံနက်၉ နာရီ၁၅ မိနစ်တွင် ၀ါရှင်တန်ဒီစီရှိ အမေရိကန်တက္ကသိုလ်၌ အမေရိကန်နိုင်ငံရောက်   မြန်မာလူမျိုးများနှင့်   တွေ့ဆုံသွားရန်ရှိကြောင်း သတင်းရရှိသည်။
 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း



နိုင်ငံတ၀ှမ်းအကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံလျှက်ရှိသော  နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင်စုစုပေါင်းအကျဉ်းသား(၅၁၄) ဦးတို့အား ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း   နိုင်ငံတော်သမ္မတရုံးဝက်ဆိုက်တွင်ဖော်ပြထားရှိသည်။
Mon, 09/17/2012 - 16:59
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဌ Mr. Wu Bangguo နှင့်ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း
 နေပြည်တော် စက်တင်ဘာ ၁၇ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရန် အတွက် လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့ အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ ဖြစ်ကြသည့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၁၄)ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း (၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရှိရပါသည်။

Sunday, September 16, 2012

မောင်တောမြို့တွင် ဘင်္ဂလီ ၂၀ ခန့်က ရခိုင်အမျိုးသားတဦးကို တိုက်ခိုက်



တိုက်ခိုက်ခံရသူမှာ မောင်တောမြို့နယ် ရွာသာယာကျေးရွာမှ ဦး အောင်လှဖြူ ဖြစ်ပြီး စက်တင်ဘာ လ ၁၄ ရက် သောကြာနေ့ ညနေ ၈ နာရီကျော်ခန့်တွင် လယ်တဲ စောင့် နေစဉ် ဘင်္ဂလီ ၂၀ ခန့်က သေနတ် တုတ်ဓါးများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဖြစ်ပွားပုံနှင့်ပတ်သတ်ပြီး ဦးအောင်လှဖြူ၏ မိသားစုဝင်တဦးက ယခုကဲ့သို့ ပြောသည်။

“ဖြစ်တာက ည ၈ နာရီမှာ ဖြစ်တာပါ။ လယ်တဲမှာဖြစ်တာပါ။ လယ်တဲနဲ့ ရွာနဲ့က ၅ မိ နစ်ခန့် ဝေးပါတယ်။ သူက အသက် ၆၀ နီးပါးရှိပါပြီ။ ဒဏ်ရာတွေက ၀မ်းဗိုက်နဲ့ လည်ပင်းမှာ ဒဏ်ရာ ၃ ချက်ရှိ ပါ တယ်။ အားလုံးက ဓါးဒဏ်ရာပါ။ သူက ရွာနဲ့နီးတဲ့ အတွက် သူ့မယားနဲ့ လယ်တဲ စောင့်နေတာပါ။ ပြဿနာ ဖြစ်မှ အော်သံကြားတဲ့အတွက် ရွာကလူတွေ လိုက်သွားတော့ ဒဏ်ရာတွေနဲ့ မြေကြီးမှာ လဲနေတာကို တွေ့ရပါတယ်”  ဟု ဆိုသည်။

ဦးအောင်လှဖြူအား တိုက်ခိုက်ခဲ့သူများမှာ ပန်းဇင်းပြင်ရွာနှင့် ညောင်ချောင်း ဘင်္ဂလီရွာမှ  ဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသ်ာလည်း နိရဉ္စရာမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ သူတို့လယ်တဲကို လာပြီး ဘင်္ဂလီ ၂၀ ခန့်က လာဝိုင်းတဲ့အတွက် အော်တဲ့အချိန်မှာ ရွာသားတွေ ထွက်လိုက်သွားတဲ့အတွက် ထွက်ပြေးသွားတယ်။ အောင် လှဖြူမှာတော့ ဓါးဒဏ်ရာ ၃ ချက်နဲ့ အခုတော့ မောင်တော  ဆေးရုံ ကိုပို့ထားပါတယ်။ သေမယ် ရှင်မယ်တော့မသိရပါဘူး” ဟု သူက ဆက်ပြောသည်။

အောင်လှဖြူ၏ ဇနီးဖြစ်သူမှာ လယ်တဲမှ ထွက်ပြေး လွှတ်မြောက်ခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ကျေးရွာတွင် အခင်းဖြစ်ပွားပြီးနောက် နစက တပ်ဖွဲ့ဝင် ၅ ဦးရောက်ရှိ နေပြီး လုံခြုံရေးယူထားကြောင်း သူကဆက်ပြောသည်။

နိရဉ္စရာ သတင်းဌာန