Monday, August 27, 2012

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ရွေးချယ်



 
အမှုဆောင်ကော်မတီဖွဲ့စည်းစဉ်
 


မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ရွေးချယ်မှုကို သြဂုတ်လ ၂၇ ရက် (ယနေ့) တွင် ဆန္ဒမဲပေးမှုများဖြင့် ပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဦးတင်ဦးလေးက ရွေးချယ်ခံခဲ့ရပြီး အထွေထွေ အတွင်းရေးမှူး အဖြစ် ဖြူဖြူကျော်သိန်းက ရွေးချယ် ခံခဲ့ရကြောင်း သိရပါသည်။

အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ဒုတိယ ဥက္ကဌများနှင့် တွဲဖက်အတွင်းရေးမှူးများ အပါအ၀င် အခြား တာဝန်များကို ဂီတ အလွှာလိုက် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

၁။ ဦးတင်ဦးလေး (ဥက္ကဋ္ဌ)
၂။ စောင်းဦးသိန်းဟန်ကြီး (ဒုတိယဥက္ကဋ္ဌ)
၃။ ဂီတစာဆိုဦးလွင်မြင့် (ဒုတိယဥက္ကဋ္ဌ)
၎။ ဒေါ်ဟေမာနေဝင်း (ဒုတိယဥက္ကဋ္ဌ)
၅။ ဦးရေအေး (ဒုတိယဥက္ကဋ္ဌ)
၆။ ဖြူဖြူကျော်သိန်း (အထွေထွေ အတွင်းရေးမှူး)
၇။ ဦးသက်ဆွေ (တွဲဖက်အတွင်းရေးမှူး)
၈။ ဦးမျိုးနွယ်ဆွေ (တွဲဖက်အတွင်းရေးမှူး)
၉။ မြင့်မိုးအောင် (တွဲဖက်အတွင်းရေးမှူး)
၁၀။ KGK (တွဲဖက်အတွင်းရေးမှူး)
၁၁။ ကျော်ဇေယျ (Pro)
၁၂။ ဦးဇော်ထူးအောင် (တွဲဖက်အတွင်းရေးမှူး)
၁၃။ ဒေါ်တင့်တင့်ဝင်း (စည်းရုံးရေးမှူး)
၁၄။ ဦးမျိုးမြင့်လေး (စည်းရုံးရေးမှူး)
၁၅။ ဦးတင်ဦးသောင်း (စည်းရုံးရေးမှူး)
၁၆။ သားစိုး (စည်းရုံးရေးမှူး)
၁၇။ အေးစိုး (စည်းရုံးရေးမှူး)
၁၈။ ညွန့်လှိုင်လှိုင် (စည်းရုံးရေးမှူး)
၁၉။ ဒေါ်ခင်ရွှေ (စာရင်းစစ်မှူး)
၂၀။ တွတ်ပီ(idiots) (စာရင်းစစ်မှူး)
၂၁။ နွဲ့ယဉ်ဝင်း (နိုင်ငံခြားဆက်သွယ်ရေးမှူး)
၂၂။ ကျားပေါက် (နိုင်ငံခြားဆက်သွယ်ရေးမှူး)
၂၃။ ဦးတင်မောင်ဝင်း (ပြန်ကြားရေးမှူး)
၂၄။ ရွှေဂျော်ဂျော် (ပြန်ကြားရေးမှူး)
၂၅။ ဦးမျိုးဆွေ (ဘဏ္ဍာရေးမှူး)
၂၆။ ဦးလှအေး (ဘဏ္ဍာရေးမှူး)
၂၇။ ဦးသန်းအေး (ရုံးအဖွဲ့မှူး)
၂၈။ ဂစ်တာအောင်တင် (ရုံးအဖွဲ့မှူး)
၂၉။ ပက်ထရစ် (ရုံးအဖွဲ့မှူး)
၃၀။ ရဲလေး (ရုံးအဖွဲ့မှူး)
၃၁။ ဖြိုးလေး (ရုံးအဖွဲ့မှူး)
၃၂။ ဦးရှည်ကြီး (wanted) (ရုံးအဖွဲ့မှူး)

REF: Eleven Media Group

ယနေ့ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသည့် အရေးကြီးအဆိုအား ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်



လေးစားအပ်သော နာယကကြီးရှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်များရှင့်
အခု ဦးမြင့်စိုးတင်သွားတဲ့အဆိုကို တရားဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင်လည်းရပါတယ်။ နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ရပါတယ်။ တရားဥပဒေရှုထောင့်ကနေ အများအပြားဆွေးနွေးသွာ
းပြီးဖြစ်ပါတယ်။ အဲ့ဒါတွေကိုတော့ ကျွန်မထပ်ပြီးတော့ မဆွေးနွေးချင်ပါဘူး။ ကျွန်မ နိုင်ငံေ၇းရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။ နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်နဲ့ တရားရေးမှဏ္ဍိုင်တို့အကြား ချိန်ခွင်လျှာ ညီမျှရေးအတွက် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲ့ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့လည်း အငြင်းအခုံတွေဖြစ်ကြတာ၊ ပြသနာတွေတက်တာဟာ မထူးဆန်းပါဘူး။

ထို့နည်းတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်တာ၊ သဘောမတူညီမှုတွေဖြစ်တာ၊ ပြသနာတွေ တက်တာလည်း မထူးဆန်းပါဘူး။ ဒီလိုအခြေအနေတွေရောက်တဲ့အခါကျလို့ရှိရင် ကြိုက်သလို၊ မကြိုက်သလို ဒီဘက်ဟိုဘက် ဝေဖန်တာ တိုက်ခိုက်တာ ပြောဆိုတာတွေဟာ ရှိတတ်ပါတယ်။ ဒီလိုပြသနာတွေ တက်လို့ ကျွန်မတို့အ နေနဲ့ စိတ်ပျက်စရာလည်း မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မ၇ှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြသနာဖြစ်ဖြစ်၊ တကယ်အရေးကြီးတာက ဒီပြသနာကို ဘယ်လို ဖြေရှင်းလဲ ဆိုတဲ့ဟာပါပဲ။

ကျွန်မတို့ ပြသနာကို ဖြေ၇ှင်းတဲ့ နေရာမှာ တကယ့် ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ မှီအောင် တကယ်ကို ပြည်သူ ပြည်သားတွေရဲ့ အေးချမ်းသာယာရေးကို ကျွန်မတို့ ဦးတည်ရဲ့လားဆိုတာ စဉ်းစားပြီး ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ပြသနာဖြေရှင်းပုံ ဖြေရှင်းနည်းဟာ မှန်လို့ ရှိလို့ရှိရင် ကျွန်မတို့ရဲ့နိုင်ငံရဲ့ သိက္ခာလည်း တက်ပါလိမ့်မယ်။ ကျွန်မတို့ ပြည်သူတွေကလည်း ဖြေရှင်းပုံဖြေရှင်းနည်းရဲ့ ရလဒ်ကို လေးလေးစားစားနဲ့ လက်ခံမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မပြောချင်တာက အခုကိစ္စဟာ တရားဥပဒေကိစ္စဖြစ်တဲ့ပိုင်းမှာ တရားဥပေဒအရ ကျေကျေလည်လည် နှစ်ဦးနှစ်ဖက်ဟာ ဆွေးနွေး ဖို့လိုပါတယ်။ တစ်ဖက်ကို တစ်ဖက် လေးစားဖို့ လိုပါတယ်။ ကိုယ့်အမြင်နဲ့ မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့ မ၇ပါဘူး။ ကိုယ့်အမြင် သူ့အမြင် နှစ်ဖက်စလုံးကို ကျွန်မတို့ လေးစားဖို့ လိုပါတယ်။ နားလည်အောင် လုပ်ဖို့ လိုပါတယ်။

ပြည်သူတွေလည်း နားလည်အောင် လုပ်ဖို့ လိုပါတယ်။ အဓိကကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့လေးစားမှုကို ခံနိုင်မှ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ ကိုက်ညီမှ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ ပြသနာတက်နေတာ မှန်ပါတယ်။ ဒီပြသနာကို ဖြေ၇ှင်းတဲ့နေရာမှာ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနဲ့ အမြော်အမြင်ရှိ၇ှိနဲ့ ဖြေရှင်းဖို့ကိုပဲ ဦးတည်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။

REF: The Voice Weekly

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် ငွေအကန့်အသတ်ဖြင့်လဲပေးတော့မည်



အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ နိုင်ငံခြားငွေလဲကောင်တာများတွင် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်သောင်းပမာဏနှင့် ညီမျှသော နိုင်ငံခြားငွေများကို မည်သည့်စာရွက်စာတမ်းမျှ မလိုအပ်ဘဲ နေ့စဉ် လဲလှယ်ပေးခဲ့ကြောင်းသိရသည်။

လာရောက်လဲလှယ်သူအရေအတွက် အလွန်များပြားသော နိုင်ငံခြားငွေပမာဏများကို နေ့စဉ်လာရောက် လဲလှယ်ဝယ်ယူရောင်းချနေခြင်းအတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်းများဖြစ်ပေါ်နေခြင်း ကြောင့် ကောင်တာအသစ်များ ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေပြီး လတ်တလောကာလတွင် အများပြည်သူအဆင်ပြေစေရန်အတွက် တုံကင်စနစ်ကျင့်သုံးခြင်းနှင့် ပိုမိုလျင်မြန်စေရန်ငွေပမာဏ ကန့်သတ်ဝယ်ယူခြင်းတို့ကို ၂၈-၈-၂၀၁၂ ရက်နေ့မှ စတင်ပြီး ကျင့်သုံးတော့မည်ဟုသိရသည်။

လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ထောင်၊ စင်္ကာပူဒေါ်လာ တစ်ထောင်နှင့် ယူရိုတစ်ထောင်သာ ယင်းနေ့မှစ၍ လဲလှယ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း AGD ဘဏ်ဖေ့ဘုတ်စာမျက်နှာမှာရေးသား ဖော်ပြထားကြောင်းသိရသည်။

အခြေခံဥပဒေခုံရုံးနှင့် ပတ်သတ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ



ယနေ့ကျင်းပနေသော ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့် ပတ်သတ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိနေပြီး လွှတ်တော် ကိုယ်စားလှယ်အချို့၏ ဆွေးနွေးမှု အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

“လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်၊ အဖွဲ့များ၏ ပြည်ထောင်စုအဆင့်နှင့် ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုပေးရန် အဆိုပြုချက်တင်သွင်းရာတွင် နိုင်ငံတော်သမ္မတမှ တိုက်ရိုက်တင်သွင်းခြင်း မဟုတ်ဘဲ ဦးမင်းဇော်၊ (ညွှန်/ချုပ်)ဟု လိပ်မူပြီး တင်သွင်းထားခြင်း ဖြစ်ကြောင်း၊ ဥပဒေတွင် နိုင်ငံတော် သမ္မတကိုယ်စား မည်သူက တင်သွင်းခွင့်ရှိကြောင်း မပါရှိဘဲ ခြွင်းချက်ပေးထားခြင်း မရှိကြောင်း၊ ထို့ကြောင့် မူလမှစတင်၍ မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ ထိုသို့ အဓိပ္ပါယ်ဖွင့်ဆိုရန် ခုံရုံးအား တာဝန်ပေးရာတွင် မည်သည့် ဥပဒေပြဋ္ဌာန်းချက် ကို တိတိကျကျအဓိပ္ပါယ် ဖွင့်ဆိုပေးရန် အချက်မပါသည့်အတွက် လုပ်ထုံးလုပ်နည်းနှင့် မညီကြောင်း၊ ထို့ကြောင့် ခုံရုံးအနေဖြင့် မှားယွင်းစွာ ဆုံးဖြတ်ခဲ့ကြောင်းကို ပြန်လည် ထုတ်ပြန်ပေးရန်” ဦးခက်ထိန်နန် (ကချင်ပြည်နယ် မဲဆန္ဒနယ် ) က ထည့်သွင်းဆွေးနွေးခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုတည်းကို ဆွဲကိုင်၍ အဓိပ္ပါယ်ဖွင့်ဆို၍ မရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုအဆင့်ဟု တိကျစွာအဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိသဖြင့် ပြည်ထောင်စု အဆင့်မဟုတ်လျှင် အခြားအဖွဲ့အစည်းများဖြစ်သော နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ စာရင်းစစ် ချုပ်ရုံး၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၊ အပါအ၀င် အခြားပြည်ထောင်စုအဆင့်ဟု သတ်မှတ်ထားသည့် အဖွဲ့များသည်လည်း ပြည်ထောင်စု အဆင့်ဟု သတ်မှတ်၍ မရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အဆိုပါ အဖွဲ့အစည်းများအတွက် တည်ဆဲ ဥပဒေများ ကို ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း” ဒေါ်နန်းဝါနု (ကွန်ဟိန်း မဲဆန္ဒနယ်) က ထည့်သွင်းဆွေးနွေးခဲ့သည်။
Ref: EMG