Monday, August 27, 2012

အခြေခံဥပဒေခုံရုံးနှင့် ပတ်သတ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ



ယနေ့ကျင်းပနေသော ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့် ပတ်သတ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိနေပြီး လွှတ်တော် ကိုယ်စားလှယ်အချို့၏ ဆွေးနွေးမှု အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

“လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်၊ အဖွဲ့များ၏ ပြည်ထောင်စုအဆင့်နှင့် ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုပေးရန် အဆိုပြုချက်တင်သွင်းရာတွင် နိုင်ငံတော်သမ္မတမှ တိုက်ရိုက်တင်သွင်းခြင်း မဟုတ်ဘဲ ဦးမင်းဇော်၊ (ညွှန်/ချုပ်)ဟု လိပ်မူပြီး တင်သွင်းထားခြင်း ဖြစ်ကြောင်း၊ ဥပဒေတွင် နိုင်ငံတော် သမ္မတကိုယ်စား မည်သူက တင်သွင်းခွင့်ရှိကြောင်း မပါရှိဘဲ ခြွင်းချက်ပေးထားခြင်း မရှိကြောင်း၊ ထို့ကြောင့် မူလမှစတင်၍ မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်ကြောင်း၊ ထိုသို့ အဓိပ္ပါယ်ဖွင့်ဆိုရန် ခုံရုံးအား တာဝန်ပေးရာတွင် မည်သည့် ဥပဒေပြဋ္ဌာန်းချက် ကို တိတိကျကျအဓိပ္ပါယ် ဖွင့်ဆိုပေးရန် အချက်မပါသည့်အတွက် လုပ်ထုံးလုပ်နည်းနှင့် မညီကြောင်း၊ ထို့ကြောင့် ခုံရုံးအနေဖြင့် မှားယွင်းစွာ ဆုံးဖြတ်ခဲ့ကြောင်းကို ပြန်လည် ထုတ်ပြန်ပေးရန်” ဦးခက်ထိန်နန် (ကချင်ပြည်နယ် မဲဆန္ဒနယ် ) က ထည့်သွင်းဆွေးနွေးခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုတည်းကို ဆွဲကိုင်၍ အဓိပ္ပါယ်ဖွင့်ဆို၍ မရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုအဆင့်ဟု တိကျစွာအဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိသဖြင့် ပြည်ထောင်စု အဆင့်မဟုတ်လျှင် အခြားအဖွဲ့အစည်းများဖြစ်သော နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ စာရင်းစစ် ချုပ်ရုံး၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၊ အပါအ၀င် အခြားပြည်ထောင်စုအဆင့်ဟု သတ်မှတ်ထားသည့် အဖွဲ့များသည်လည်း ပြည်ထောင်စု အဆင့်ဟု သတ်မှတ်၍ မရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အဆိုပါ အဖွဲ့အစည်းများအတွက် တည်ဆဲ ဥပဒေများ ကို ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း” ဒေါ်နန်းဝါနု (ကွန်ဟိန်း မဲဆန္ဒနယ်) က ထည့်သွင်းဆွေးနွေးခဲ့သည်။
Ref: EMG

No comments:

Post a Comment