Monday, August 27, 2012

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် ငွေအကန့်အသတ်ဖြင့်လဲပေးတော့မည်



အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ နိုင်ငံခြားငွေလဲကောင်တာများတွင် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်သောင်းပမာဏနှင့် ညီမျှသော နိုင်ငံခြားငွေများကို မည်သည့်စာရွက်စာတမ်းမျှ မလိုအပ်ဘဲ နေ့စဉ် လဲလှယ်ပေးခဲ့ကြောင်းသိရသည်။

လာရောက်လဲလှယ်သူအရေအတွက် အလွန်များပြားသော နိုင်ငံခြားငွေပမာဏများကို နေ့စဉ်လာရောက် လဲလှယ်ဝယ်ယူရောင်းချနေခြင်းအတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်းများဖြစ်ပေါ်နေခြင်း ကြောင့် ကောင်တာအသစ်များ ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေပြီး လတ်တလောကာလတွင် အများပြည်သူအဆင်ပြေစေရန်အတွက် တုံကင်စနစ်ကျင့်သုံးခြင်းနှင့် ပိုမိုလျင်မြန်စေရန်ငွေပမာဏ ကန့်သတ်ဝယ်ယူခြင်းတို့ကို ၂၈-၈-၂၀၁၂ ရက်နေ့မှ စတင်ပြီး ကျင့်သုံးတော့မည်ဟုသိရသည်။

လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ထောင်၊ စင်္ကာပူဒေါ်လာ တစ်ထောင်နှင့် ယူရိုတစ်ထောင်သာ ယင်းနေ့မှစ၍ လဲလှယ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း AGD ဘဏ်ဖေ့ဘုတ်စာမျက်နှာမှာရေးသား ဖော်ပြထားကြောင်းသိရသည်။

No comments:

Post a Comment