Saturday, September 8, 2012

မန္တလေး-မြစ်ကြီးနား ရထားလမ်း မိုင်တိုင်အမှတ် ၆၂၁/၈/၉ ကြားရှိတံတားအမှတ် ၅၅၅ ပျက်စီး




မန္တလေး-မြစ်ကြီးနား ရထားလမ်း မိုင်တိုင်အမှတ် ၆၂၁/၈/၉ ကြားရှိတံတားအမှတ် ၅၅၅ ပျက်စီးမှုမြင်ကွင်း

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကဒူ-မော်ဟန် ဘူတာအကြား မိုင်တိုင်အမှတ် ၆၂၁/၈/၉ ကြားရှိ တံတား အမှတ် ၅၅၅ ဗုံးထိမှန်၍ ပျက်စီးသွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါဖြစ်ပွားမှုမှာ စက်တင်ဘာလ ၆ ရက် ညနေ ၆နာရီ ၃၅ မိနစ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲခြင်းမရှိသေးသော ဗုံးတစ်လုံးကိုလည်း တွေ့ရှိခဲ့ကြောင်းသိရသည်။

တံတာပျက်စီးမှုကြောင့် မော်ဟန် ဘူတာတွင် ၃၇ အဆန် ရထား ၊ ရပ်နားနေပြီး စက်တင်ဘာလ ၇ ရက် ညနေ ၃နာရီ အချိန် ခန့် တွင် ရထားများပြန်လည် သွားလာ နိုင်မည် ဟု မော်ဟန် ဘူတာ ရုံပိုင်ကြီး မှပြောကြားခဲ့ပါသည်။
EMG

ရန်ကုန်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ စက် မှုဇုန်(၃)ခု၌ ယနေ့မနက်မှ စတင်ကာ အလုပ်သမား ဆန္ဒပြမှုများ တပြိုင်တည်း ဖြစ်ပေါ်




ရန်ကုန်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ စက် မှုဇုန်(၃)ခု၌ ယနေ့မနက်မှ စတင်ကာ အလုပ်သမား ဆန္ဒပြမှုများ တပြိုင်တည်း ဖြစ်ပေါ် နေကြောင်း သိရသည်။

ယင်းဆန္ဒပြမှုဖြစ်စဉ် များသည် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံဆိပ် ကမ်းမြို့နယ်တို့တွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။ စာချုပ်ပါ အချက်များကို အလုပ်များက ချိုးဖောက်ခြင်း၊ သမဂ္ဂများ ကိုအသိ အမှတ် မပြုခြင်း၊ ဖြန်ဖြေရေး အဖွဲ့များ ဖွဲ့စည်းရာတွင် ဘက်လိုက်မှုများ ရှိနေခြင်း ကြောင့် အလုပ် သမားဆန္ဒပြပွဲများ ပြန်လည်ပေါ် လာခြင်းဖြစ် ကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေ သူများက သုံး သပ်ကြသည်။

''အရင်ကဆန္ဒပြပွဲ တွေကြောင့်အလုပ် ရှင်နဲ့အလုပ်သမားနှစ်ဖက်ညှိနှိုင်းပြီး စာချုပ် တွေချုပ်ခဲ့ကြတယ်။ စာချုပ်ပါ အချက်တွေကို မလိုက်နာဘူး ။ပေါ်ပေါက်လာ တဲ့အလုပ်သမားသမဂ္ဂတွေကိုအသိအမှတ် မပြုဘဲ ပယ်ဖျက်ဖို့ကြိုးစား ကြတယ်။နောက် ပြီးအချိန်ပိုအလုပ်ချိန်လျော့ခိုင်း တဲ့အတွက် အချိန်ပိုကြေး ဘဲလျော့ ရမှာ ကိုအခြားဟာ တွေပါလျော့တဲ့အတွက်လစာ နည်းသွားလို့ မကျေနပ်ဘဲအခုလို ဆန္ဒပြမှု တွေပြန်ဖြစ် လာတာ''ဟုအလုပ်သမားအခွင့်အရေးလှုပ် ရှားသူများမှရှေ့နေတစ်ဦးကပြောသည်။

ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ အာရှနဂါးစက်ရုံတွင် အလုပ်သမားအဖွဲ့နှစ်ဖွဲ့ရှိ ပြီးအလုပ်ရှင် ဘက်မှ ဖွဲ့စည်း ထားသော အလုပ်သမားအဖွဲ့ကကျန်အဖွဲ့ ကိုပယ်ဖျက် ပေးရန်တောင်းဆို သဖြင့် မပြေလည် မှုများ ဖြစ်နေကြောင်းသိရသည်။

''ကျွန်မတို့အဖွဲ့ဖွဲ့ပြီးတော့မှ supervisor တွေ၊ Leader တွေကဦးဆောင်ပြီးအ ဖွဲ့တစ်ဖွဲ့ထပ်ဖွဲ့တယ်။ သူတို့အဖွဲ့ထဲ က သူတွေကို ဒံပေါက်ကျွေးတာ။ထီးပေးတာ တို့လုပ်ပြီး စည်းရုံးတယ်။Leader တွေဆို တော့ကြောက် လို့ဝင်တဲ့သူတွေ လည်းရှိတယ်။ကျွန်မတို့ အဖွဲ့သူတွေကို သူတို့အဖွဲ့ ထဲရောက်အောင် စည်းရုံးပြီး တော့ ကျွန်မတို့ အဖွဲ့ကိုပယ်ဖျက်ပေးဖို့အလုပ်သမားရုံးက သူတွေကိုခေါ်တယ်။ အလုပ် သမား ရုံးကလူ ကြီးတွေလာ လို့မေးတော့ နင့်အလုပ်နင်လုပ် ငါ့အလုပ်ငါလုပ် မယ်ဆိုပြီး ပြောတယ်။ ဒါ ကြောင့် အခုကျွန်မတို့အဖွဲ့ အလုပ်ခွင်ကိုပြန်မဝင်ဘဲနေနေ တယ်''ဟုအာရှနဂါးအထည် ချုပ်မှအ လုပ်သမား အဖွဲ့ ခေါင်းဆောင်တစ် ဦးကပြောသည်။

ဆန္ဒပြပွဲများပြီးနောက်ချုပ်ဆို သည့်အလုပ်ရှင်၊အလုပ်သမားသဘောတူစာ ချုပ်များကို လိုက်နာမှု မရှိခြင်း သည်အလုပ် သမားဆန္ဒပြမှုများထပ်မံပေါ်ပေါက်လာနိုင် ပြီးသက်ဆိုင်ရာဝန်ကြီး ဌာနမှ အောက်ခြေ ဝန်ထမ်းများ၏ဆောင်ရွက်ချက်များမှာယခင် အတိုင်းပင်ရှိနေ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသူများ ထံမှသိရသည်။ ဆန္ဒပြမှုများမှာလှိုင်သာယာ စက်မှုဇုန်တွင်မြူး နှင့်စူး အထည်ချုပ် ၊ ရွှေ ပြည်သာ စက်မှုဇုန်တွင်စန္ဒာကားစက် ရုံတို့ ဖြစ်ကြောင်းသိရသည်။

အေးမြမြထွန်း - Yangon Media Group


ပေါက်မြို့ တွင်စက်လှေတိမ်းမှောက်



ပေါက်မြို့၊ ကမ်းမဖြူဆိပ်ကျောချောင်းအတွင်း စက်လှေမှောက်ရာတွင် စုစုပေါင်း ၁၃ ဦးသေဆုံးကြောင်း ထပ်မံသိရှိရသည်
ပခုက္ကူဘက်ကမ်းမှ ခရီးသည်နှင့် ဆိုင်ကယ်များ တင်ဆောင် ဖြတ်ကူးလာသော ကူးတို့လှေတစ်စင်းသည် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့သို့သွားရာ ကမ်းမဖြူဆိပ်အနီး ကျောချောင်းလယ်တွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန်က တောင်ကျရေကြောင့် နစ်မြုပ်ခဲ့ပြီး ခရီးသည်နှင့် လှေသမားစုစုပေါင်း ၄၁ဦးပါရှိကာ ၁၃ဦးသေဆုံးပြီး ၂၈ ဦး အသက်ရှင် ကယ်ဆယ်ခဲ့ကြောင်း သတင်းရရှိပါသည်။

သေဆုံးသူ ၁၃ဦးတွင် ကျောင်းဆရာမ လေးဦး၊ ခရီးသွားသုံးဦးနှင့် လှေသမား ခြောက်ဦးဖြစ်ကြောင်း သိရသည်။
EMG 



ပိုင်နက်အငြင်းပွားမှုကြောင့်တင်းမာနေသောအာရှပစိဖိတ်နိုင်ငံများ ငြိမ်းချမ်းရေးရှေးရှုကြရန် ဟူဂျင်တောင်တိုက်တွန်း

ဗလာဒီဗိုစတော့၊ စက်တင်ဘာ - ၈
ပိုင်နက်အငြင်းပွားမှုများကြောင့် တင်းမားမှုမြင့်တက်လျက်ရှိသော အာရှပစိဖိတ်နိုင်ငံများအနေဖြင့် ဒေသတွင်း၌ ငြိမ်းချမ်းရေးခိုင်မြဲအောင်တည်ဆောက်ကြရန် တရုတ်သမ္မတ ဟူဂျင်တောင်က တိုက်တွန်းပြောကြားလိုက်သည်။

“အာရှပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းဖို့နဲ့ စီးပွားရေးအရှိန်အဟုန်တိုးတက်ကောင်းမွန်ဖို့ဟာ ဒေသတွင်းနိုင်ငံတိုင်းရဲ့အကျိုစီးပွားဖြစ်ပါတယ်။အဲဒါက ကျွန်တော်တို့အားလုံးမျှဝေယူရမဲ့တာဝန်လည်းဖြစ်ပါတယ်”ဟု ရုရှားနိုင်ငံတွင်ပြုလုပ်သည့် အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(APEC)ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်ရန်ရောက်ရှိနေသော တရုတ်သမ္မတ ဟူဂျင်တောင်ကပြောကြားသည်။

တရုတ်သမ္မတ ဟူဂျင်တောင်သည် အေပက်ထိပ်သီးဆွေးနွေးပွဲမစမီ တောင်တရုတ်ပင်လယ်တွင်းရှိ ပိုင်နက်များနှင့်ပတ်သက်၍ အငြင်းပွားနေသော နိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့် ဘရူနိုင်းနိုင်ငံများနှင့်သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်သမ္မတဟူဂျင်တောင်းသည် ဗီယက်နမ် သမ္မတ Truong Tan Sang နှင့်တွေ့ဆုံခဲ့ရာတွင် လက်ရှိဖြစ်ပွားလျက်ရှိသောပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံးအလျော့ပေး၍ ငြိမ်းချမ်းစွားအဖြေရှာနိုင်ရန် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်သင့်ကြောင်း တရုတ်သမ္မတ ဟူဂျင်တောင်က ဗီယက်နမ်သမ္မတ Truong Tan Sang ကိုပြောကြားခဲ့သည်ဟု China Daily သတင်းတွင်ဖော်ပြထားသည်။

တရုတ်နှင့်ဗီယက်နမ်တို့သည် အဆိုပါပိုင်နက်အငြင်းပွားနေသော ကျွန်းစုများနှင့်ပတ်သက်၍ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။

၁၉၇၄ခုနှစ်က တောင်တရုတ်ပင်လယ်တွင်းရှိ ပါစယ် ကျွန်းပိုင်နက်လုရာတွင် တရုတ်နှင့်ဗီယက်နမ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗီယက်နမ် တပ်သား ၅၃ဦးကျဆုံးခဲ့သည်။

ထို့အတူ ၁၉၈၈ ခုနှစ်ကလည်း အဆိုပါဒေသရှိ ကျောက်တန်းပိုင်ဆိုင်မှုအတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗီယက်နမ်တပ်သား ၇၀ ကျော်ကျဆုံးခဲ့သည်။

The Voice Weekly