Sunday, April 8, 2012

Q and A Pills တားဆေး အမေး-အဖြေ


အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄၅)
9 Feb 11, 20:08
သမီးအသက် ၂၅။ အိမ်ထောင်နဲ့ပါ။ ၁ လဆေး သောက်ပါတယ်။ ဒီလက ဆေးသောက်ဖို့ ၃ ရက် ပျက်သွားပါတယ်။ ပထမ တရက်က ၂ ရက်မြောက်။ ဒုတိယရက်က ၇ ရက်မြောက်။ တတိယတရက်က အလယ်ရက်ကြီး။ အခုဆေးအဖြူ ကုန်သွားတယ်။ ရာသီမလာသေးဘူး။ • The combined oral contraceptive pill (COCP), the birth-control pill, the Pill မှာ Estrogen (Oestrogen) နဲ့ Progestin (Progestogen) ဟော်မုန်း ၂ မျိုးတွဲပါတယ်။
• တနေ့ ၁ လုံး ၂၁-၂၈ ရက် သောက်ရမဲ့ ဟော်မုန်း ၂ မျိုးတွဲ ကိုယ်ဝန်တားဆေးကို ဆေးသောက်ရမှာ ၁၂ နာရီ နောက်ကျရင်ကို ကိုယ်ဝန်ရလမ်း စရှိလာတယ်။ အဲလိုဖြစ်ရင် စိတ်အချရဆုံးက နောက် ၇ ရက်အတွက် တခြား တားနည်း တခုခုကိုပါ သုံးပါ။ Condom (ကွန်ဒွမ်)၊ Spermicide သုတ်ပိုးသေဆေး၊ Withdrawl သုတ်ရည်အပြင်ထုတ်နည်း၊ Diaphragms and caps သားအိမ်ဝအဖုံးများ။
• ဆေးသောက်ဘို့ ၂၄ နာရီ မကျော်သေးရင် ဆေး ၂ လုံးကို တခါထဲ သောက်လိုက်ပါ။ နောက်ရက်ကျ ပုံမှန်သာ ဆက်သောက်ပါ။
• တကယ်လို့ ၁ ရက်ခြားမှာ၊ သောက်ရမဲ့အချိန်အတိုင်း တိတိကျကျ သတိရတယ်ဆိုရင်တော့ ၁ လုံးထဲသာ သောက်ပါ။
• ဆေး မသောက်မိတာ ၂၄ နာရီကျော်သွားမှ သတိရတယ်ဆိုရင် ၁ ပြားထဲသာသောက်ပါ။ ရက်ကျော်သွားတဲ့ ဆေးလုံးကို လွင့်ပြစ်လိုက်ပါ။
• တကယ်လို့ သတိမေ့တာက နောက်ဆုံး ရက်သတ္တပါတ်မှာဆိုရင် ဆေးအဖြူတွေ ကုန်အောင် သောက်ပါ။ အရောင်ရင့် (ဟော်မုန်း မပါတာ) ၇ လုံးကို မသောက်ပါနဲ့တော့။ သွေးဆင်းမှာကို စောင့်မနေတော့ဘဲ နောက်တကပ် အသစ်ကို ပုံမှန် ဆက်သောက်ပါ။ အဲဒီဆေးကပ်အသစ်ကုန်မှ ရာသီလာလိမ့်မယ်။
• ဒီလိုဆေးမျိုးကို သောက်ရက်သားနဲ့ ကိုယ်ဝန်ရနိုင်တာဟာ ဆေးစသောက်တဲ့ရက် နောက်ကျလို့ ဖြစ်တယ်။
• ဆေးကပ်အသစ်သောက်ရမှာ ၁ ရက်နောက်ကျရင် ၂ လုံးတခါထဲသောက်ပါ။ နောက် ၁-၂ ပါတ်အတွက် တခြား တားနည်း တခုခုကိုပါ သုံးပါ။
• ဆေးကပ်အသစ်သောက်ရမှာ ၂ ရက်နောက်ကျရင် ၂ လုံးတခါထဲ၊ ၂ ရက်ဆက်သောက်ပါ။ နောက် ၁-၂ ပါတ်အတွက် တခြား တားနည်း တခုခုကိုပါ သုံးပါ။
• ဆေးကပ်အသစ်သောက်ရမှာ ၃-၅ ရက် နောက်ကျရင် အတူနေပြီးလဲဖြစ်ရင် အရေးပေါ်တားဆေး Plan B = Emergency contraception (EC), Morning-after pill, E Pills, i-pill, Preventol, ECee2, Pill 72, ECee2 သောက်ပါ။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။
• ဆေးသောက်ဘို့ မေ့တဲ့ရက်က လ လယ်ရက် ဖြစ်နေရင် အတူနေပြီးလဲဖြစ်ရင် အရေးပေါ်တားဆေး သောက်ပါ။ ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။
• Progestin only oral contraceptives, POP, Minipill, Micronor, Noriday, Femulen, Norgeston, Cerazette ဟော်မုန်း ၁ မျိုးထဲပါတဲ့ ဆေးအမျိုးအစား သောက်နေတာ ဆိုရင်လဲ ၁ ရက်ကျော်ရင် တခါထဲ ၂ လုံးသောက်ပါ။ တခြားတားနည်းကို နောက် ၂ ရက်မှာသုံးပါ။
• မေးတဲ့သူ ဆီးစစ်ပါ။ ဆရာဝန် ညွှန်သလိုလုပ်ပါ။ သတိမေ့တတ်သူဖြစ်လို့ တခြားနည်းလမ်းတခုခုကို သုံးသင့်တယ်။

Q: ကျွန်တော့ အသက် ၂၇ ရှိပါပြီ။ မိန်းမ ရာသီလာပြီးတဲ့ နေကစပြီး ၇ ရက်နဲ့ မလာခင် ၇ ရက်အတွင်းကို ဆက်ဆံရင် ကိုယ်ဝန် ရနိုင်တယ်လို့ ဆိုလိုတာလား။ ရာသီလာပြီး ၇ ရက်၊ မလာခင် ၇ ရက် အတွင်း ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ဆိုလိုတာလား သိချင်ပါတယ်။ သဘာဝအတိုင်း ဆက်ဆံမှုမျိုးနဲ့ ယောက်ျားလေးက ဘယ်လို နည်းလမ်း သုံးပြီး ဆက်ဆံသင့်ပါသလဲ။ ကိုယ်ဝန် တားဆေးကို အမြဲသုံးနေရင် ကလေး လိုချင်တဲ့အခါ အခက်တွေ့နိုင်ပါသလား။

ရာသီမလာခင် ၇ ရက်ကနေ လာပြီး ၇ ရက်အတွင်းမှာ ဆက်ဆံရင် သီအိုရီအရ ကိုယ်ဝန် မရနိုင်ပါ။ ကိုယ်ဝန်တားဆေး သုံးပြီးတဲ့နောက် ကလေးယူချင်ရင် ရနိုင်ပါတယ်။ ဆေးတွေက ၁ လအတွက်ဆေးနဲ့ ၃ လအတွက် ဆေးတွေသာ ဖြစ်တယ်။ ဆေးသုံးတာကို ရပ်လိုက်တာနဲ့ ကိုယ်ဝန်မဆောင်အောင် လုပ်နိုင်စွမ်း မရှိတော့ပါ။

ဒါပေမဲ့ တချို့အမျိုးသမီးတွေက ဆေးရပ်လိုက်တာနဲ့ နောက်လကစပြီး ကိုယ်ဝန်ဆောင်တယ်။ တချို့က အချိန်ကာလ တခုကို စောင့်ရတယ်။ ဘာလို့လဲဆိုတော့ တယောက်နဲ့တယောက်က သူ့သဘာဝအတိုင်း ဟော်မုန်းအခြေအနေ ပြန်ရောက်အောင် အချိန်ယူတာချင်း မတူကြလို့ပါ။ တချို့ဆိုရင် ၁ လ မဟုတ်ဘဲ ၁ နှစ်အထိ အချိန်ယူတာလဲရှိတယ်။

ကောင်းတာက အမျိုးသမီးဟာ ဆေးမကူဘဲ သဘာဝအတိုင်း ရာသီ ၂ လ၊ ၃ လ ပြန်ဆင်းပြီဆိုမှ ကလေးယူတာ ပိုကောင်းတယ်။ ဒီကြားကာလမှာ (ကွန်ဒွမ် )နည်းစတာကို သုံးရမယ်။ ဟော်မုန်းအပိုတွေ မရှိတော့ဘဲ၊ နောက်ကိုယ်ဝန်မှာ ဘာမှ သက်ရောက်မှု မရှိစေတော့ဘူး။ ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားဆေးတွေ မသုံးတော့တာတောင် ကိုယ်ဝန်မရနိုင်သေးတာကတော့ ရပ်လိုက်ပေမဲ့ အမျိုးသမီးရဲ့ကိုယ်ထဲမှာ အခိုက်အတန့်အားဖြင့် သက်ရောက်မှု ဆက်ရှိနေနိုင်သေးလို့ ဖြစ်ရတာပါ။ ဟော်မုန်း ၂ မျိုးတွဲ စားဆေး သုံးသူဆိုရင် အများအားဖြင့် ၂ လ၊ ၃ လ နောက်မှ ကိုယ်ဝန် ပြန်ရနိုင်တယ်။ Depo-Provera ထိုးဆေး ဆိုရင် ၆ လ၊ ၁ နှစ်ကြာမှ ကိုယ်ဝန်ပြန်ရတတ်တယ်။ ဒီကြားကာလမှာ သွေးမဆင်းဘဲနေတာလဲ ရှိနိုင်သေးတယ်။

နည်းဆိုတာ အမေးက သိပ်မရှင်းပါ။ ဒါပေမဲ့ ဒီလိုဖြေပါရစေ။ လှေကြီးထိုး ရိုးရိုးနည်း၊ သဘာဝနည်းတွေသာ အကောင်းဆုံး ဖြစ်ပါတယ်။ (ကာမသျှတြ) နည်းလမ်း ခြောက်ဆယ့်လေးသွယ် ဆိုတာ S Positions and S poses အဖြစ် ရာဇဝင် တွင်တယ်။ နှစ်ဦးနှစ်ဘက် အလိုကျတာကို သုံးသင့်ပါတယ်။

Q: ဆေးစားရင်းနဲ့ ကိုယ်ဝန်ရခဲ့ရင် ကလေးကို ထိခိုက်နိုင်ပါသလား သိပါရစေရှင်။ ကိုယ်ဝန်တားဆေးကို ပြောတာပါဆရာ။ Family Planning Pills 3 cycles Microgynon Fe အဲဒီဆေးတွေက လင်မယားတွေ အတူမနေခင် ကတည်းက စားရတာ ပါလား။ အတူနေမှ စားပြီး ကိုယ်ဝန်ရခဲ့ရင် ကလေးနဲ့ လူကြီး ထိခိုက်မှာစိုးလို့ပါ။

ပဋိသန္ဓေတားဆေးတွေထဲမှာ Estrogen နဲ့ Progestogen ဟော်မုန်းနှစ်မျိုး ပူးတွဲပါတာကို COC လို့ ခေါ်တယ်။ Microgynon ဆေးက Progestogen-only pill (POP) ခေါ်တဲ့ ဟော်မုန်း တမျိုးတည်းပါ စားဆေးဖြစ်တယ်။ အမျိုးမျိုး ရှိတယ်။ ဒီဆေးကြောင့် သားအိမ်အဝမှာ ရှိနေတဲ့ ချွဲကျိတဲ့ အရည်ကို ပြစ်စေးလာစေပြီး၊ ကျားသုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် ထားဆီးတယ်။ နောက်ပြီး သားအိမ် အတွင်းသား နံရံကို ပါးလွှာစေပြီး၊ သန္ခေဥတွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။ ၉၉% ထိရောက်တယ်။

လစဉ်ရာသီ စလာတဲ့နေ့ကစ ဆေးသုံးရတယ်။ နေ့စဉ် ဆေး ၁ ပြားကို အချိန်မှန်မှန် ဆေးကပ် ကုန်တဲ့အထိ သောက်ရတယ်။ ဆေးကပ် ကုန်တာနဲ့ နောက်ထပ်တကပ် ဆက်သောက်ပါ။ ကလေးနို့တိုက်နေစဉ်လည်း သောက်နိုင်တယ်။ နို့ထွက် မနည်းစေပါ။ အသက်ကြီးရင်လည်း သောက်နိုင်တယ်။ ရာသီမလာမီဖြစ်တဲ့ လက္ခဏာတွေ ကိုလည်း သက်သာစေတယ်။

ရင်သားတင်းခြင်း၊ အရေပြားပေါ် အစက်အပျောက် ပေါ်ခြင်းတို့ဖြစ်စေတတ်တယ်။ ရာသီနည်းခြင်း၊ မလာခြင်း၊ ရှားရှားပါးပါး မျိုးဥအိမ် အကျိတ်အလုံးပေါ်ခြင်း ဖြစ်တတ်တယ်။ အခု ဒါမှမဟုတ် အရင်က ရင်သား-ကင်ဆာရှိနေရင်၊ ကိုယ်ဝန် ရှိနေရင်၊ အသဲ၊ သဲခြေအိတ် ရောဂါ ရှိနေရင်၊ မျိုးဥအိမ် အကျိတ် အလုံးရှိဘူးရင်၊ (မိုင်ဂရင်း) အမူးရောဂါရှိရင် မသုံးသင့်ပါ။

ဆေးသောက်ပါလျက် ကိုယ်ဝန်ရှိတာ အတော်ကြီးနည်းတယ်။ ကိုယ်ဝန်ရှိပြီးမှ ဆေးသောက်လို့လည်း ဖြစ်နိုင်တယ်။ ဒီဆေးသောက်တာ ရက်မကျော်ရပါ။ အစပိုင်းလတွေမှာ ကြားရက် သွေးနဲနဲဆ င်းတာ ဖြစ်တတ်ပေမဲ့ နောက်ဆို မဖြစ်တော့ဘူး။ ဆေးထဲမှာပါတဲ့ ဟော်မုန်း အနည်းအများက တိုင်းပြည်တခုနဲ့တခုမှာ မတူကြပါ။

ဆေးက ကိုယ်ဝန်ဖြစ်လာမှာကိုသာ တားဆီးတယ်။ ကိုယ်ဝန်ဖြစ်လာပြီးတာကို သက်ရောက်မှာ မဟုတ်ပါ။ ကိုယ်ဝန် ဆောင်နေတုံးမှာ ကိုယ်ကထုတ်ပေးနေတဲ့ ဟော်မုန်းတွေမှာ ဒါမျိုးလည်း ပါတယ်။ ဒီဆေးသောက်မိရင် အချိုးအဆ ပြောင်းသွားစေနိုင်တယ်။ ဒါ့ကြောင့် ကိုယ်ဝန်မရှိမှ အသောက်ခိုင်းတာ။ မတော်တဆ သောက်ခဲ့ရင် ကိုယ်ဝန်-မိခင်ကို ထိခိုက်တာအတွက် သုတေသန လုပ်ထားတာ မတွေ့သေးပါ။

Dr. တင့်ဆွေ
၁ဝ-၂-၂ဝ၁၁

No comments:

Post a Comment