Monday, August 27, 2012

မိုးဘိုင်းတာဝါတိုင်မှ ထွက်ရှိသည့် ဓာတ်ရောင်ခြည်မှာ ကျန်းမာရေး ထိခိုက်စေသည်ဟု လူထုက ယူဆသည့်အတွက် ရန်ကုန်မြို့၌ မိုဘိုင်းတာဝါများ တိုးချဲ့ရန် အခက်တွေ့



မိုဘိုင်း တာဝါတိုင်များမှ ထွက်ရှိသည့် ဓာတ်ရောင်ခြည်သည် ကျန်းမာရေးကို ထိခိုက်သည်ဟု လူထုအနေဖြင့် ယူဆလာသည့်နောက် ရန်ကုန်မြို့၌ မိုဘိုင်းတာဝါတိုင်များ ဆက်လက်တိုးချဲ့တပ်ဆင်ရန် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် အခက်တွေ့လာခဲ့သည်ဟု အဆိုပါလုပ်ငန်းဌာနက ထုတ်ပြန်ပြောဆိုလိုက်သည်။ ကျန်းမာရေး အခြေအနေကြောင့်ဟုဆိုကာ တာဝါတိုင်ပြန်ဖြုတ်ခိုင်းတာမျိုးများလည်း ရှိကြောင်း ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ရန်ကုန်မြို့အတွက် မိုဘိုင်းကွန်ရက်များ ချဲ့ထွင်ရန် စက်ပစ္စည်း အလုံအလောက်ကို လက်ဝယ်၌ ပိုင်ဆိုင်ထားရှိသော်လည်း မြေနေရာ အခက်အခဲကြောင့် တာဝါတိုင်များ တိုးချဲ့တပ်ဆင်ရန် အကန့်အသတ်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။ “တကယ်ကို ကျန်းမာရေး လိုက်စားပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ဆက်သွယ်ရေး တာဝါတိုင်တွေကို သူတို့ရဲ့ ခေါင်မိုး ထိပ်တွေမှာ တွေ့မြင်နိုင်ပါတယ်။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးနဲ့ စင်ကာပူမျာဆိုရင် အထပ်မြင့် အဆောက်အဦတွေရ
ဲ့ အမိုးပေါ်မှာ ဆက်သွယ်ရေး အင်တာနာတွေ တပ်ဆင်ခွင့် ပြုရမည်ဖြစ်တဲ့အကြောင်းကို ဥပဒေနဲ့ အခိုင်အမာ ပြဋ္ဌာန်းပြီး ဆောင်ရွက်ပေးထားတာ တွေ့ရတယ်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီအနေနဲ့လည်း ဥပဒေပြဋ္ဌာန်းပြီး အဆောက်အဦ ခေါင်မိုးတွေပေါ်မှာ မိုဘိုင်းအင်တာနာ တပ်ဆင်ခွင့်ပြုမယ်ဆိုရင် မြို့နေလူထုအနေနဲ့ မိုးဘိုင်းဖုန်းနဲ့ ဆက်သွယ်ပြောဆိုတဲ့နေရာမှာ ပြတ်တောက်ခြင်း ကြုံတွေ့ရမှာ မဟုတ်တော့ပါဘူး” ဟု ဆက်သွယ်ရေး သင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Ref:International Social Network Myanmar

No comments:

Post a Comment