Monday, August 27, 2012

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး သြဂုတ်လ ၂၇ ရက်နေ့


ယနေ့ (သြဂုတ်လ ၂၇ ရက်နေ့) တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေးကြ မည် ဖြစ်ပါသည်။

(၁) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေများ အရ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆောင်ရွက် ခဲ့မိ ကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံပဒေဆိုင်ရာ ခုံရုံးက ကြေညာချက် ထုတ်ပြန်ပေးရေးအတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို တပ်မတော်သား ကိုယ်စားလှယ် သုံးဦး အပါအ၀င် လွှ
တ်တော် ကိုယ်စားလှယ် ၃၉ ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်း ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၂) နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များနှင့် အတူ ပြန်လည်ပေးပို့လာသော ပို့ကုန် သွင်းကုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက ဖတ်ကြားခြင်း။ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီက
ရှင်းလင်း တင်ပြခြင်း။

(၃) နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများသို့ လှည့်ပတ် ရံပုံငွေအဖြစ် နိုင်ငံတော် ဘဏ်မှ ချေးယူသုံးစွဲရန် ကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းတင်ပြခြင်း။ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် အစီရင်ခံစာကို ရှင်းလင်း တင်ပြခြင်း။

(၄) ခုနှစ်ကြိမ်မြောက် အာရှ-ဥရောပ ပါလီမန်များ မိတ်ဖက်အစည်းအဝေးသို့ တက်ရောက်ရန် ရှိကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်အား အာရှ-ဥရောပ ပါလီမန် အဖွဲ့ဝင်အဖြစ် လက်ခံမည့် အခြေအနေကို ပြည်ထောင်စု လွှတ်တော် နာယကက လွှတ်တော်သို့ အသိပေးတင်ပြခြင်း။

(၅) ပြည်ထောင်စု လွှတ်တော် နာယကက တိုင်းဒေသကြီး ပြည်နယ်အချို့ရှိ ခရိုင်မြို့နယ် ကျေးရွာ နယ်နိမိတ်များ စိစစ်ခြင်းတို့ကို တင်ပြခြင်းနှင့်
ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ခြင်း။
Ref: EMG

No comments:

Post a Comment