Thursday, August 11, 2016

ထိုင်းရောက်မြန်မာလုပ်သားများအတွက် ပတ်စ်ပို့နှင့် ယာယီသက်သေခံ လက်မှတ်ထုတ်ပေးရန် ထိုင်းနိုင်ငံတွင် စခန်းခြောက်ခုဖွင့်မည်


August 11, 2016
 
ထိုင်းနိုင်ငံတွင် ပန်း ရောင်ကတ် ကိုင်ဆောင်ထား သော မြန်မာလုပ်သားများအား ပတ်စ်ပို့နှင့် မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် CI များကို ထိုင်းနိုင်ငံတစ်ဝန်းစခန်း ခြောက်ခုဖွင့်လှစ်၍ ထုတ်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။

ပန်းရောင်ကတ်ကိုင်ဆောင် ထားသော မြန်မာလုပ်သားများအ နက် နိုင်ငံသားဖြစ်ကြောင်း အ ထောက်အထားတင်ပြနိုင်သော မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း တင်ပြနိုင်သူများအား ပတ်စ်ပို့ပြု လုပ်ပေးမည်ဖြစ်ပြီး နိုင်ငံသားဖြစ် ကြောင်း အထောက်အထားမတင် ပြနိုင်သူများကို မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် CI စသည်တို့ကို စက်တင်ဘာ ၁ ရက်တွင် စတင်ထုတ်ပေးမည်ဟု ၎င်းက ပြောသည်။
‘‘စခန်းခြောက်ခုဖွင့်ပြီး ထုတ်ပေးဖို့ လုပ်နေတယ်။ အဲဒီစခန်း ခြောက်ခုအတွက် Service Pro-vider အဖြစ် ၀န်ဆောင်မှုပေးဖို့အ တွက်လည်း တင်ဒါတွေခေါ်နေ တယ်။ လက်မှတ်တွေထုတ်ပေး ဖို့အတွက်ရော စခန်းခြောက်ခုအ တွက် တင်ဒါအတွက်ပါ သံရုံး ၀က်ဘ်ဆိုက်မှာ ကြေညာထား တယ်’’ဟု ၎င်းက ပြောသည်။
ဘန်ကောက်၊ စမုပရာကန်၊ စမုစခွန် (မဟာချိုင်)၊ မယ်ဆိုင်၊ မဲဆောက်နှင့် ရနောင်းမြို့စသည့် မြို့ခြောက်မြို့တွင် လက်မှတ် ထုတ်ပေးသည့်စခန်းများထားရှိ မည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ကြေညာထားသည်။
ပတ်စ်ပို့ပြုလုပ်သူများသည် ထိုင်းဘတ်ငွေ ၁,၉၀၀ ခန့်ကုန်ကျ မည်ဖြစ်ပြီး မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် CIပြုလုပ်သူများသည် ထိုင်းဘတ်ငွေ၅၀၀ ခန့်ကုန်ကျမည် ဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအနက် ငါးသိန်းကျော်သည် ပန်းရောင်ကတ်များကိုင်ဆောင်ထားကြပြီး ယင်းသည် တစ်နှစ်သက်တမ်းသာရှိကာ မတ်လ ၃၁ ရက်က သက်တမ်းကုန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါသက်တမ်းကုန်ကတ်များအစား ၂နှစ်သက်တမ်းရှိ ပန်းရောင်ကတ် သက်တမ်းတိုးမှုကို ဇူလိုင် ၂၉ ရက် နောက်ဆုံးပြုလုပ်ခဲ့သည်။ ယခုသက်တမ်းတိုးအပြီးတွင် ၂ နှစ်သက်တမ်းရှိ ပန်းရောင်ကတ်ကိုင်ဆောင်ရမည် ဖြစ်သည်။
ထိုင်းရောက်မြန်မာလုပ်သား များအား ပတ်စ်ပို့နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ် (CI လက်မှတ်) များ ရရှိအောင် ပြုလုပ်ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံမဟာချိုင်မြို့၌ ရွှေ့ပြောင်းမြန်မာလုပ်သားများနှင့် ဇွန်လ ၂၃ ရက်က လာရောက်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

No comments:

Post a Comment