Thursday, August 11, 2016

လူကုန်ကူးခံရတဲ့ မိသားစု နှစ်စုအား MAT အဖွဲ့ ကယ်တင်


ထိုင်းနိုင်ငံတောင်ပိုင်း ဘန်ကောက်မြို့မှ ကီလိုမီတာ ၅၀၀ ကျော်အကွာတွင်ရှိသော ခြုံဖော်မြို့နယ် လန်ဆွမ်ခရိုင် ပါတကိုကျေးရွာအပြင်ဘက် အုန်းသီးခြံတစ်ခုတည်းတွင်
သုံးလကျော်ကြာ ရောင်းစားခံနေရသည့်ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှ မသန္တာ ၂၆ နှစ်၊ စည်သူရ ၃၀ နှစ်၊ မဇင်မင်းသူ တစ်နှစ်ကိုသီတာပေါက် ၂၂ နှစ်နှင့်


မသန်းသန်းမိုး ၂ဝ နှစ် တို့ကို ထိုင်းအစိုးရ လူကုန်ကူးမူတိုက်ဖျက်ရေး အထူးထောက်လှမ်းရေးအဖွဲ့ DSI မှ အရာရှိကြီးဖြစ်သူ MR KOMVICH , ထိုင်းအစိုးရ လူကုန်ကူးမူ တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ AHTD , နယ်
မြေခံ ထိုင်းစစ်တပ်မှ ဗိုလ်ကြီး SANAE ,နယ်မြေခံ အလုပ်သမားဝန်ကြီးဌာန. ထိုင်း ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) တို့ ပူးပေါင်း၍ ကယ်ထုတ် နိုင်ခဲ့ခြင်းဖြစ်သည်။


၎င်းတို့ကို ပွဲစားမောင်တင်လှ (ကုလား)၏မိခင်က ပဲခူးမြို့မှ အလုပ်သမားများကို စုဆောင်း၍ လူကုန်ကူးနေကြောင်း ကယ်တင်လွှတ်မြှောက်လာသော အလုပ်သမားများက ပြောသည်။
လူကုန်ကူးခံရသူ မစန္ဒာမင်းက ကယ်ဆယ်ရေးဆရာတော် ဦးဇောတိကမှ MAT အဖွဲ့ဖုန်းနံပါတ်ကို ပေးလိုက်သည်ဟု ဆိုပါသည်။
နယ်စွန်နယ်ဖျားတွင်ရှိသော အဆိုပါ အုန်းသီးခြံကို MAT အဖွဲ့မှ ယမန်နေ့က ငါးနာရီခန့် ရှာဖွေခဲ့ရသည်ဟု ကိုစိုင်းအေးမှ ပြောသည်။

အလုပ်သမားများသည် လုပ်အားခ မရ ရုံ မျှသာမက ပွဲစားမှ ဓားဖြင့်ခုတ်ခြင်းကိုပင် ခံခဲ့ရသည်ဟု ဆိုသည် အလုပ်သမားများကို သရေစာများ စားသုံးနိုင်ရန်အတွက်ဘတ်ငွေတစ်ထောင်ပေးလှူခဲ့ပါသေးသည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက"အလုပ်သမားတွေဟာ နေရာလည်း မပြောနိုင် ဓာတ်ပုံလည်းမပို့တတ်ပဲ Soi.DONPLAဟူသည့် လမ်းနာမည်ကိုပဲ ပြောနိုင်ပါတယ်။
တော်တော်ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ရှာဖွေခဲ့ရပါတယ်။ ထိုင်းနိုင်ငံ နေရာအနှံ လုပ်ငန်းပေါင်းစုံတွေမှာ ကျွန်တော်တို့် မသိပဲလူကုန်ကူးခံနေရတဲ့ လူတွေ ဘယ်လောက်ရှိနေမယ်ဆိုတာ မတွေးရဲအောင်ပါပဲ " ဟု ပြောသည်။


လာမည့်ရက်ပိုင်းအတွင်း ထိုင်းတောင်ပိုင်းရှိ မြို့တစ်မြို့တွင် ၂နှစ်ကျော်ရောင်းစား
ခံနေရသည့် လက်ရှိ အသက် ၁၆ နှစ်အရွယ်ရှိ မိန်းခလေးငယ် တစ်ဦးအား ကယ်ထုတ်နိုင်ရန် DSI နှင့် MAT အဖွဲ့တို့ ပြင်ဆင်နေကြောင်း သိရပါသည်။


အောင် စိုင်း သန့် ခက်

No comments:

Post a Comment