Wednesday, August 8, 2012

၈ရက်နေ့လွှတ်တော်မေးခွန်းများ


သြဂုတ်လ ၈ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးခင်မောင်ဝင်း၊ လမ်းမတော် မဲဆန္ဒနယ်၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာ ၇ ခုနှင့် စပ်လျဉ်းသည့် မေးခွန်း၊ ဦးရဲထွန်း၊ သံတွဲ မဲဆန္ဒနယ်၏ MRTV4 ရုပ်သံလိုင်းအား နေပြည်တော်၊ ရန်ကုန်မြို့များကဲ့သို့ Free to Air ထုတ်လွှင့်ပေးနိုင်ခြင်း ရှိမရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊ ဦးအောင်ဆန်း၊ ပန်းဘဲတန်း မဲဆန္ဒနယ်၏ မြန်မာ့ ယဉ်ကျေးမှု
အမွေအနှစ် ဓလေ့စရိုက်များအတွက် သီးခြားပြသ ထုတ်လွှင့်သော Channel အသစ်တစ်ခု ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိမရှိနှင့် စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းကြမည်ဖြစ်ကြောင်း Eleven Media Group - Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

ထိုပြင် ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၏ Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀င်များအား၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုကို

ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ်။
ဦးကျော်မင်း၊ လက်ပံတန်း မဲဆန္ဒနယ်။
ဒေါ်ဖြူဖြူသင်း၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်။
ဦးကျော်မြင့်၊ မြန်အောင် မဲဆန္ဒနယ်။
ဦးရဲထွန်း၊ သီပေါ မဲဆန္ဒနယ်။
ဒေါ်မြင့်မြင့်စန်း၊ ၀ါးခယ်မ မဲဆန္ဒနယ်။
ဒေါက်တာ ဇော်မြင့်မောင်၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ်။
ဒေါက်တာမျိုးအောင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ်များ မှဆွေးနွေးကြမည်ဖြစ်သည်။

ဒေါက်တာစိုးရင်၊ ကမာရွက် မဲဆန္ဒနယ်၏ မြန်မာနိုင်ငံရှိ တက္ကသိုလ် အသီးသီးတွင် ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဆောင်များ ဖွင့်လှစ်ထားရှိပြီး အဆောင်နေခွင့် စနစ်ကို ကျင့်သုံး အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အတွက် ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆို တင်သွင်းမည်ဖြစ်သည်။

ဦးမောင်တိုး၊ မင်းလှ မဲဆန္ဒနယ်က ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းမည်ဖြစ်ကြောင်း Eleven Media Group သတင်းအရသိရှိရပါသည်။

နေပြည်တော် ၈၈၈၈


NLD ပါတီမှ 8888 အထိမ်းအမှတ် ကို ယနေ့ည ၈ နာရီခန့်တွင် နေပြည်တော်စည်ပင် ဧည့်ရိပ်သာအတွင်း ကျင်းပမည်ဖြစ်ကြောင်း ဥတ္တရ သီရိမြို့နယ် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ် NLD ပါတီမှ ဒေါ်ဖြူဖြူသင်းအဆို


“သမ္မတကြီး၏ ပိုင်ဆိုင်မှုစာရင်းထုတ်ပြန်ကြေညာရန် ညွှန်ကြားချက်တွင် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပတ်သက်၍ မပါရှိကြောင်း၊ အုပ်ချုပ်ရေး ပိုင်းတွင် တာဝန်ယူထားကြသူများဖြစ်သဖြင့် ထည့်သွင်းသင့်ကြောင်း”
ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၊ NLD)

မောင်တောမြို့တွင် လက်ရှိအချိန်၌ လုံခြုံရေးအင်အား တိုးမြှင့်

မောင်တောမြို့တွင် လက်ရှိအချိန်၌ လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း သိရပါသည်။ လုံခြုံရေး တာဝန်ယူမှုကို ရဲတပ်ဖွဲ့ဝင်များ သာမက မူလက မြို့ပြင်တွင် တာဝန်ယူထားသော တပ်မတော်သား အင်အားကိုပါ အသုံးပြု ထားကြောင်း သိရသည်။ မောင်တောမြို့တွင်း၌ ဗုံးဖောက်ခွဲမည်ဟူသည့် သတင်းများ မြို့ခံများအကြား ပျံ့နှံလျက်ရှိနေပြီး လူစုလူဝေး မဖြစ်စေရန် လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ နံနက်ပိုင်း အချိန်က ဖွင့်လှစ်ခဲ့သော ဈေးဆိုင် အချို့မှာလည်း နံနက် ၁၀ နာရီကျော်ခန့် အချိန်တွင် ပြန်ပိတ် သွားခဲ့ကြောင်း သိရပါသည်။
eleven media group

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်၏ ရှေ့ဆုံးတန်းတွင် နေရာပေး


ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၂ ရက်မြောက်နေ့ သြဂုတ်လ ၈ ရက်နေ့ ယနေ့တွင် စတင် ၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဌ ဖြစ်လာသော ဒေါ်အောင်ဆန်း စုကြည်အား ပြည်သူ့လွှတ်တော်ရှေ့ဆုံးတန်း တွင်နေရာပေးပြီဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် အဆိုပါကော်မတီကို တိုးချဲ့ဖွဲ့စည်း လိုက်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက် မည် ဖြစ်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ လွှတ်တော်တွင် ဖွဲ့စည်းသော ကော်မတီတစ်ရပ်တွင် ပထမဆုံး ရွေးချယ်ခံခဲ့ရသော ကိုယ်စားလှယ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ရွေးကောက်တင်မြောက်ခံထားရသော ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
မောင်ပိုင်(နေပြည်တော်)

ခြိမ်းခြောက်မှုတွေကို သမ္မတရုံးတုံ့ပြန်

မကြာခင် သတင်းပတ်တွေအတွင်း အစ္စလာမ် ကြီးစိုးတဲ့ နိုင်ငံတခိျု့မှာ မြန်မာအစိုးရကို ဆန္ဒပြ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်ကလည်း သိရှိထားပြီး သံတမန်ရေးအရ၊ လုံခြုံရေးအရ လုပ်ဆောင်သင့်တဲ့ အရာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် သမ္မတရုံးဘက်က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ထောင်ချ ခံထားရတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်တဲ့ အဘူ ဘာကာ ဘာရှားက မွတ်ဆလင်တွေ ဆက်ပြီး ဖိနှိပ် သတ်ဖြတ် ခံရမယ်ဆိုရင် မြန်မာအစိုးရကို ဘာသာရေးအရ ဂျီဟတ်စစ်ပွဲ ဆင်နွဲမယ်လို့ သောကြာနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။
ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ သိရှိထားကြောင်း၊ ရခိုင်ကိစ္စမှာ မြန်မာအစိုးရအနေနဲ့ ဘင်္ဂါလီရယ်၊ ရခိုင်ရယ်လို့ ဘက်မလိုက်ပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေ အတိုင်း ဥပဒေတွေအတိုင်း ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘယ်ဘာသာကိုမှ ဖိနှိပ်ချုပ်ချယ်တာ မရှိကြောင်း မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။
အစိုးရရဲ့ ဆောင်ရွက် နေမှုတွေအပေါ် မကြာခင် ရက်ပိုင်းကလည်း ပြည်ထောင်စု ဝန်ကြီးတခိျု့က နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့ကို ရှင်းပြခဲ့ တဲ့အပြင် အဖြစ်မှန်တွေကို လေ့လာနိုင်အောင် ရခိုင်ပြည်နယ်ကို ပို့ဆောင် ပြသခဲ့ကြောင်းလည်း သူက ပြောပါတယ်။
'သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ နည်းဗျူဟာ ဒါတွေကိုလည်း ခေတ်နဲ့အညီ ဆောင်ရွက်လျှက် ရှိပါတယ်'' လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
လက်ရှိ ခြိမ်းခြောက်မှုတွေဟာ အစစ်အမှန် ဖြစ်နိုင်သလို တခိျု့ကတော့ အမှန်တကယ် မဟုတ်ပဲ ကြောင့်လန့်ရုံ သက်သက် ခြိမ်းခြောက်တာတွေ ဖြစ်နိုင်ကြောင်း၊ သေသေချာချာ ဆန်းစစ်ပြီးရင်တော့ လုပ်သင့်လုပ်ထိုက်တာကို နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။
ဘီဘီစီ (မြန်မာဌာန)

ရှစ်လေးလုံး ၂၄ နှစ်မြောက်နေ့ အခမ်းအနားကို ဟင်္သာတမြို.တွင် ကျင်းပပြုလုပ်


ရှစ်လေးလုံး ၂၄ နှစ်မြောက်နေ့ အခမ်အနားကို သြဂုတ်လ ၈ ရက်နေ့က ဟင်္သာတမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။အဆိုပါ အခမ်းအနားကို ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်၊
အမေ့မေတ္တာ အခမဲ့ ပညာဒါနကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။“ သြဂုတ်လ ၈ ရက်နေ့ နံနက် ၅ နာရီခွဲမှာ ချမ်းသာကြီးကျောင်းတိုက်က သံဃာ ၅ ပါးကို ဆွမ်းနဲ့ ၀ါဆိုသင်္ကန်းကို ကပ်ခဲ့ပါတယ်။ ၈၈ ခုနှစ်အရေးတော်ပုံမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်း ၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတွေကိုလည်း အမျှပေးဝေခဲ့ပါတယ်။ ဟောပြောပွဲကိုတော့နံနက် ၈ နာရီမှာစပြီး ပြုလုပ်ခဲ့ပါတယ်။ ၈၈ သပိတ်ကော်မတီဝင်တွေ၊ ဗကသခရိုင်အဖွဲ့ဝင်တွေနဲ့ အခမဲ့ပညာဒါန
ကျောင်းကော်မတီဝင်တွေ တက်ရောက်ခဲ့ပြီး ကဗျာရွတ်တာတွေ၊ ဟောပြောတာတွေကို ပြုလုပ်ခဲ့ပါတယ်။ နံနက် ၁၀ နာရီခွဲမှာတော့အခမ်းအနား ပြီးဆုံးခဲ့ပါတယ်။ အခမ်းအနား လုပ်နေတုန်းမှာတော့ သက်ဆိုင်ရာက တားမြစ်တာတွေ မရှိခဲ့ပေမယ့် ပွဲပြီးတဲ့အခါမှာတော့ ရပ်ကွက် တာဝန်ရှိသူတွေက ပွဲလုပ်တာနဲ့ ပတ်သက်ပြီး ၇ ရက် ကြိုတင်အကြောင်းကြားရန် လိုအပ်ကြောင်း သတိပေး စကားကိုတော့ လာရောက်ပြောဆို ခဲ့ပါတယ်””ဟု အမေ့မေတ္တာအခမဲ့ ပညာဒါနကျောင်း တာဝန်ခံ ဦးစောဝင်းက ပြောကြားခဲ့ပါသည်။
eleven media group


၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား

၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားနေ့ကို ယနေ့ သြဂုတ်လ (၈) ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ဥတ္တရခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။





အဆင့်သင့်မဖြစ်သေး၍ အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မှတ်တမ်းတင်ထားရှိရေးအဆိုကို ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကြေ ညာ

ပြည်သူ့ခေတ်
အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို မှတ်တမ်းတင်ထားရှိရေးအဆိုကို ဆွေးနွေးမည့် အစီအစဉ်အား လုပ်ဆောင်ရန်များရှိသဖြင့် ရွှေ့ဆိုင်းကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကြေ ညာလိုက်သည်။
“ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံရသူများသည် ၄င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း နှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်”အဆိုကို ဦးဝင်းမြင့် (ပုသိမ်၊မဲဆန္ဒနယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က) တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဒီချုပ်ကိုယ်စားလှယ်၎ဦးအပါအ၀င် စုစုပေါင်း၈ဦးပါဝင်ဆွေးနွေးရန် မူလကစီစဉ်ထားခြင်းဖြစ်သည်။

Air Asia လေကြောင်းလိုင်း ဘန်ကောက်-မန္တလေး တိုက်ရိုက် ပျံသန်းမည်

Air Asia လေကြောင်းလိုင်းသည် လာမည့်အောက်တိုဘာ ၄ ရက်မှစတင်၍ မန္တလေးနှင့် ဘန်ကောက်မြို့သို့ တိုက်ရိုက်ပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်နှင့် ဘန်ကောက်ခရီးစဉ်ကိုလည်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း Air Asia လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် Mr.Tassapon Bijleveld က ပြောသည်။ဘန်ကောက်နှင့် မန္တလေးခရီးစဉ်ကို တစ်ပတ်လျှင် လေးကြိမ်၊ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ခရီးသည် ၁၈၀ စီးနင်းနိုင်မည့် အဲဘတ်စ်အေ ၃၂၀ ဖြင့် တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်နှင့် ဘန်ကောက်မြို့သို့ အသွားအပြန် လေယာဉ်ခရီးစဉ် တစ်ကြိမ်တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။
Air Asia လေကြောင်းလိုင်းသည် အရောင်းမြှင့်တင်မှုအစီအစဉ်ဖြင့် အောက်တိုဘာ ၄ ရက်မှ ဒီဇင်ဘာ ၃၁ ရက်တွင် ဘန်ကောက်နှင့် ရန်ကုန်မြို့ သို့ စီးနင်းမည့် ခရီးသည်များအတွက် ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၄၂ နှင့် ဘန်ကောက်နှင့် မန္တလေးမြို့သို့ စီးနင်းမည့် ခရီး သည်များအတွက် ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၄၉ ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

by:7 Day News

၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား

ယနေ့( သြဂုတ်လ ၈ ရက်)နံနက် ၇း၀၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်တွင် စတင်ကျင်းပရာ တက်ရောက်ကြသော ၈၈မျိုးဆက်ကျောင်းသားများကို တွေ့ရစဉ်။
Tun Wai (facebook)

Tuesday, August 7, 2012

Public Access Center (PAC) ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်

မြန်မာ့ဆက်သွယ်ရေးမှ Publuc Access Center (PAC) ၀န်ဆောင်မှုလုပ်ငန်းလုပ်ဆောင်နေသူများအား လုပ်ငန်းလိုင်စင်များထုပ်ပေးလျှက်ရှိကြောင်းသိရသည်။
လိုင်စင်အခွန်ခနှုန်းထားများမှာ
(က) ကနဦးလိုင်စင်   -ကျပ်   ၅၀၀,၀၀ဝိ/-
(ခ) နှစ်စဉ်ကြေး        - ကျပ်  ၃၆၀,၀၀ဝိ/-
(ဂ) ရက်လွန်ကြေး     - တစ်ရက်လျှင် ကျပ်  ၁,၀၀ဝိ/- (လိုင်စင်သက်တမ်းကုန်ဆုံးပြီးရက်ပေါင်း ၉၀ ထိသာ။)
(ဃ) မိတ္တူ ( Duplicate) - ကျပ်  ၃၀,၀၀ဝိ/-
သတင်းအပြည့်အစုံဖတ်ရန်

၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ


ယနေ့( သြဂုတ်လ ၇ ရက်)ညနေ ၄း၃၀ နာရီက ၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးနှစ်ဦးဖြစ်ကြသော စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းနှင့် မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး
ဦးအောင်မင်းတို့သည် အခမ်းအနားကျင်းပမည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်သို့ ရောက်ရှိလာကြကာ ကျောင်းထိုင်ဆရာတော်များကို ဂါရ၀ပြုပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံရာတွင် မနက်ဖြန်ပြုလုပ်မည့် ရှစ်လေးလုံးအခမ်းအနားအတွက် ၎င်းတို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း၊ ထိုသို့ လာရောက်ရန် နိုင်ငံတော်သမ္မတကြီးထံ ခွင့်တောင်းပြီးနောက် သမ္မတ၏ ခွင့်ပြုချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် မနက်ဖြန် ပြုလုပ်မည့် ရှစ်လေးလုံးနေ့အခမ်းအနားကို ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ခြင်းအား ပေါ်လွင်စေလိုသောကြောင့် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း တို့ကို ၀န်ကြီးဦးစိုးသိန်းက ပြောကြားသွားပြီး ဆရာတော်ကြီးများအတွက် န၀ကမ္မ အလှူငွေ ကျပ်နှစ်သိန်းနှင့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သို့ အလှူငွေကျပ် ဆယ်သိန်းကို ၀န်ကြီး နှစ်ဦးမှ ပေးအပ်သွားခဲ့ကြသည်။ အဆိုပါ လက်ခံရရှိငွေ ဆယ်သိန်းကို ၈၈မျိုးဆက်ကျောင်းသားများမှ ရှစ်လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီသို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့သည်။ ညနေ ၅း၂၀ ခန့်တွင် ၀န်ကြီး နှစ်ဦးသည် ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်မှ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

မြန်မာအလုပ်သမား တစ်ဦးအဓမ္မပြုကျင့်ခံရပြီး ၅ ထပ်တိုက်ပေါ်ကပစ်ချခံရ

မြတ်ညို( အလွတ်သတင်းထောက်)
ဘန်ကောက်မြို့အနီး စမုတ်စာခွန်၊ မဟာချိုင် နယ်မြေ အုန်းနွဲ့ စိုင်းဟတ် ၆ထပ်တိုက်တွင် နေထိုင် သည့်အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ယမန်နေ့ နေ့ လည်ပိုင်းက ထိုင်းတစ်ဦးက အဓမ္မပြုကျင့်ပြီး ၅ ထပ်အမြင့်မှ ပစ်ချခံရသဖြင့် ဆေးရုံတွင် အရေးပေါ် တင်ထားရကြောင်းမျက်မြင်များပြောပြချက်အရ သိရှိရသည်။
တိုက်နောက်ဖက် လဘက်ရည်ဆိုင်တွင် ထိုင်နေကြသည့် ကိုမင်းဇေါ် က သူတို့ အနားသို့ ကျလာပုံ ကို ရှင်းပြသည်။ “မွန်းလွဲ၂နာရီကျော်ပြီး အပေါ်ထပ် အခန်းအမှတ် ၅/၁၅၃ က မစန်းစန်းဝင်း ကိုယ်လုံးတီးနဲ့ ထမိန်တစ်ကွင်း စလွယ်သိုင်းပြီး ပြုတ်ကျလာတယ်၊ အလှူခံ အလှူခံ လို့ ပြောပြီး သတိ ရတချက် မရတချက် ပဲ။ ဆေးရုံရောက်တော့လဲ ဘယ်သူလဲလို့ မေးတော့ အလှူခံ အလှူခံလို့ ပြောတယ်။ ကျနော်လည်း အနားမှာ ရှိတဲ့ မမော်နဲ့ ထမီတစ်ကွင်းယူပြီးတော့ ၀တ်ပေးကြတယ်။ ကျနော်အဲဒီ ၅ထပ်ကို ပြေးတက် လာတော့ အသက် ၂၀ အရွယ် လောက်ရှိတဲ့ ဆံပင်ရှည်ရှည် ပိန်ပိန် နဲ့  အရပ် ၅ ပေ လောက်ရှိတဲ့ ထိုင်းလူငယ် တစ်ယောက် ပြေးဆင်းလာတာနဲ့ လှေကားမှာတွေ့ တယ်” ဟုပြောသည်။
ဧရာဝတီတိုင်းရေကြည်မြို့နယ် နုံးကနိုင်ရွာ မှ အသက် ၃၇ နှစ်အရွယ် မစန်းစန်းဝင်း သည်
အုန်းနွဲ့ စိုင်ဟတ် တွင်ရှိသော တွန်းစွန် ကြက်သား
အလုပ်ရုံတွင် ညဆိုင် အလုပ်လုပ်ပြီး အခန်းတွင်တစ်ဦးတည်း အိပ်နေ စဉ် အသက် ၂၀ ၀န်းကျင် ထိုင်း လူငယ်တစ်ဦးက အလှူခံရန် တံခါးကို အပြင်း အထန်ခေါက်သဖြင့် ဖွင့်ပေးခဲ့သည်ဟု ယူဆကြောင်း အခန်း တွင် ရှိသော စုဗူးကိုရိုက်ဖွင့်ပြီး ဂွမ်းကပ် စောင် နှင့် အမျိုးသမီး အတွင်း ခံဘော်လီ တို့ ကစင်းကလျား တွေ့ရှိရသခြင်းနှင့် နောက်ဘက် မီးဖိုေ ချာင်တွင် အိုးခွက်ပန်းကန်များ ခြေရာလက်ရာမပျက် ရှိနေခြင်း တို့ ကြောင့်၎င်း မျက်နှာတို့တွင် အညိုအမည်း စွဲနေခြင်း တို့ ကြောင့် သူမမှာ အဓမ္မပြုကျင့်ခံရပြီးနောက် အပြင်းအထန် ရိုက်နှက်ခံရ သဖြင့် မေ့မျောနေစဉ် ငါးထပ်တိုက်ခန်းမှ ပြစ်ချခံ ရခြင်းဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ ကိုအောင် ကပြောသည်။
“ ကျနော်တို့ မှာ သားသမီးသုံးယောက်ရှိပါတယ်။ ကျနော့်မိန်းမ ကို ပြန်ပြီးတော့ အသက်ရှင်ဖို့ မလွယ်တော့ဘူးလို့ ဆေးရုံကတာဝန်ကျ ဆရာဝန်ကပြောပါတယ်၊ ဆေးကုခ ဘတ်ငွေ ၁၄၀,၇၀၂ ဖြစ်နေပြီလို့ တစ်ဦးက ညနေ ကဖုန်းဆက်လာပါတယ်။ ဒီနေ့ မြန်မာသံရုံး ကိုယ်စားလှယ်နဲ့ အတူ ကျနော်တို့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြပါတယ်၊ဆေးရုံကိုလည်း သွားခဲ့ကြပါတယ်” ဟုပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် ထိုင်းလူငယ်ထံမှ ကျကျန်နေခဲ့သည့် ထိုင်းအလှူခံစာရွက်အား တိုက်ပိုင်ရှင်က သိမ်းဆည်းထားသည်။ မစန်းစန်းဝင်း ကိစ္စရပ်အတွက် လိုအပ်သည့် ကူညီမှုများအား မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး အသင်း အတွင်းရေးမှူး မြန်မာသံမှူးကြီး ဦးနိုင်ထွန်း နှင့်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Monday, August 6, 2012

NASA အာကာသယာဉ် အင်္ဂါဂြိုလ်ပေါ် ဆင်းသက်

Curiosity အာကာသယာဉ်လွှတ်တင်တဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးအဖွဲ့ ဂြိုဟ်ပေါ် ယာဉ်ရောက်ချိန် ပျော်ရွှင်မှု။ 
 06.08.2012
အမေရိကန် အာကာသ သိပ္ပံဌာန နာဆာအဖွဲ့ရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်ကို ဆင်းသက်နိုင်ခဲ့ပါပြီ။ ဒါဟာဆိုရင် ဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိမရှိ စူးစမ်းလေ့လာဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတခုကို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။
ကျူရီယိုစီတီ (curiousity) လို့ အမည်ပေးထားတဲ့ အလေးချိန် တတန်လောက်ရှိတဲ့ စူးစမ်းလေ့လာရေး ယာဉ်ဟာ ၈ လ ကြာ ခရီးနှင်ခဲ့ပြီးတဲ့နောက် တနင်္လာနေ့ စောစောပိုင်းမှာ အင်္ဂါဂြိုဟ်ဆီကို ရောက် ရှိသွားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ချိန်မှာ နာဆာအဖွဲ့ရဲ့ ထိန်းချုပ်ရေးစခန်းက ၀န်ထမ်းတွေ ပျော်ရွှင် အော်ဟစ်သံတွေ သောသောညံသွားခဲ့ပါတယ်။
ဂြိုဟ်ပေါ်ကို ဆင်းသက်သွားခဲ့တယ်လို့ အတည်ပြုနိုင်ပြီး ချက်ချင်းဆိုသလို စူးစမ်း လေ့လာရေး ယာဉ်ဆီကနေ ပို့ပေးလိုက်တဲ့ ပထမဦးဆုံး ဓာတ်ပုံကို ထိန်းချုပ်ရေးစခန်းက လက်ခံရရှိခဲ့ပါတယ်။
တနာရီကို မိုင် တသောင်းသုံးထောင်ကျော် အရှိန်နဲ့ဆင်းသက်လာတဲ့ ကျူရီယိုစီတီ အာကာသယာဉ် ကို နှေးကွေးသွားအောင် လေထီးအငယ်စား ရော့ကက်ဒုံးနဲ့ မောင်းတံတွေ အသုံးပြုခဲ့ရပါတယ်။ ဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်ကို ဆင်းသက်တဲ့အဆင့်ဟာ အခုကြိုးပမ်းမှုတခုလုံးရဲ့ အခက်ခဲဆုံး အဆင့်ဖြစ်တယ်လို့ နာဆာ သိပ္ပံပညာရှင် တွေက ပြောပါတယ်။
အခုအောင်မြင်မှုဟာ မကြုံစဖူး ထူးခြားတဲ့ နည်းပညာရပ်ဆိုင်ရာ အောင်မြင်မှုဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက ပြောဆိုပါတယ်။ အမျိုးသားတရပ်လုံးအတွက် ဂုဏ်ယူစရာလည်း ဖြစ် ပါတယ်လို့ သမ္မတရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်၊

မန္တလေးကိုင်းတန်းဈေးသူဈေးသားများဆန္ဒထုတ်ဖော်

သြဂုတ်လ ၆ ရက်နေ့ ည ၁၁ ခန့်မှ စတင်ပြီး မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း ၂၆ ဘီ လမ်းရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ကိုင်းတန်းဈေးသူဈေးသား ၅၀၀ ခန့်မှ မူလဈေးနေရာတွင် ဆက်လက်ရောင်းချခွင့် ရရှိရန် တောင်းဆိုဆန္ဒထုတ်ဖော်မှု ပြုလုပ်နေကြကြောင်း သိရှိရပါသည်။
Eleven Media Group

ကျောက်တော်တွင်နေအိမ်၁၆၀ကျော်ခန့်မီးရှို့ခံရ

မြန်မာနိုင်ငံကို ဝေဖန်သူများကလက်ညိုးထိုး ပြစ်တင်စရာ ရေပန်းစား ခေါင်းစဉ်တစ်ခု ဖြစ်လာနေသည့် နိုင်ငံ၏အနောက်ဖက် ကျောက်တော်မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူအကြမ်းဖက်မှု ထပ်မံဖြစ်ပွါးခဲ့ကြောင်း၊ နေအိမ်ပေါင်း၁၆၀ကျော် မီးရှို့ခံရပြီး လူသေဆုံးမှုများ လည်းရှိကြောင်း အဆိုပါ မြို့နယ်ရှိရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများထံမှသိရှိရသည်။
အဆိုပါ အကြမ်းဖက်မှုသည် ကျောက်တော်မြို့  အပေါက်ဝ ကျေးရွှာမှ ကျောက်တော်မြို့  ပေါ်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်လာသော ရခိုင်တိုင်းရင်းသား တစ်ဦးကို သြဂုတ်လ ၅ရက်နေ့ နေ့လယ် ၁နာရီ ခန့်က ကျောက်တော်မြို့အ၀င် ကစ္စပနဒီ တံတားအနီးတွင် ဘင်္ဂါလီလူမျိုး လေးဦးခန့်က ဓါးဖြင့် ခုတ်ရာမှ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြန်ကြားရေးမှူး ဦးဦးစံသိန်းက ပြောကြားသည်။“သေတော့ မသေခဲ့ဘူး။ ဓါးတွေနဲ့ ၀ိုင်းခုတ်တာမှာ ထွက်ပြေးလို့ တင်ပါးမှာ ဒဏ်ရာရသွားတယ်။“ ဟု ၄င်းက ဆိုသည်။
ယင်းဆူပူမှုဖြစ်ပွါးအပြီး ၁၅မိနစ်ခန့် အကြာ ဂုတ်ပီထောင့် ကျေးရွှာ၊ အပေါက်ဝ ကျေးရွှာနှင့် ရွှေလှိုင်ကျေးရွှာတို့တွင် မီးရှို့မှုများဖြစ်ပွါးခဲ့သဖြင့် လူနေအိမ် ၁၆၀ကျော် မီးရှို့ခံခဲ့ရပြီး လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း၊ သေဆုံးသူ စာရင်းများကို အတိအကျ မသိရှိနိုင်သေးကြောင်း ဒေသခံများထံဆက်သွယ်မေးမြန်းချက်များအရသိရှိရသည်။
အဆိုပါကျေးရွှာများတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ နေထိုင်ကြပြီး ဘင်္ဂါလီလူမျိုးများက ၄င်းတို့၏ နေအိမ် များကို ကိုယ်တိုင်မီးရှို့ထွက်ပြေးမှု အများဆုံးဖြစ်ကြောင်း၊ အချို့နေရာတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် မီးရှို့ခဲ့ကြကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများကို ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။
ယင်းဆူပူမှုများကို ကျောက်တော်မြို့ရှိ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက မီးရှို့ခံရသော ကျေးရွှာများကို ဆူပူမှု ထပ်မံမဖြစ်ပွါးစေရန် ၀င်ရောက်ထိန်းသိမ်းလျှက်ရှိကြောင်း၊ အဆိုပါ ဆူပှုအကြမ်းဖက်မှုများ ဖြစ်ပွါးနေသည်မှာ မှန်ကန် သော်လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း အဆိုပါအစိုးရအဖွဲ့ သတင်း ပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက အတည်ပြု ပြောကြားသည်။
ကျောက်တော်မြို့နယ်တွင် နေထိုင်သူ လူဦးရေ စုစုပေါင်း တစ်သိန်းခန့် ရှိပြီး ရခိုင်တိုင်းရင်းသား အပါအ၀င် တိုင်ရင်းသား လူမျိုး ၆၀ရာခိုင်နှုန်းခန့်ရှိပြီး ဘင်္ဂါလီလူမျိုး ၄၀ရခိုင်နှုန်းခန့် နေထိုင်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးသာစိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာန၏ စာရင်းဇယားကို ကိုးကားကာ ပြောကြား သည်။
The Voice Weekly

The Voice Weekly နှင့် Envoy ဂျာနယ်တို့ ပြန်လည် ထုတ်ခွင့်ပြု

ဇူလိုင်လ ၃၁ရက်နေ့တွင်အပတ်စဉ်ထုတ်ဂျာနယ် ၂ စောင်ကိုထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့ရာမှ လာမည့် သတင်းနှစ်အတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဖြစ်ကြောင်း စာပေစိစစ်ရေးမှ ဂျာနယ်အယ်ဒီတာများအား ယနေ့ခေါ်ယူအသိပေးလိုက်သည်။ The Voice Weekly မှ သတင်းထောက်တဦးက စာပေစိစစ်ရေးက ခေါ်လို့ဒီနေ့ညနေ ၄ နာရီကျွန်တော်တို့ဆီ ကအယ်ဒီတာ စိစစ်ရေးရုံးသွားနေပါတယ် ၊ ၂ ပတ်အတွင်းပြနထုတ်ခွင့်ပြုတယ်လို့ ကြားပါတယ် ဟုအတည်ပြုပြောဆိုသည်။
ယင်းဂျာနယ်နှစ်စောင်မှာစာပေစိစစ်ရေး၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည့်အတွက် ကြာင့်ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ကြောင်း ယခင်သတင်းပတ်က သတင်းဂျာနယ်အယ်ဒီတာများကိုခေါ် ယူပြောဆိုခဲ့သည်။

သတင်းအပြည့်အစုံ ဖတ်ရန်

ကျောက်တော်မြို့နယ် နောက်ဆုံးအခြေအနေ နှင့် ဆူပူမှုအတွင်း လူသေဆုံး


ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မိုင် (၈၀) ကျော် ကွာဝေးတဲ့ ကျောက်တော် မြို့နယ်က မူဆလင် အိမ်ခြေ အများဆုံးရှိတဲ့ ကျေးရွာ (၃) ရွာ မနေ့က မီးရှို့ခံခဲ့ရပြီး သေဆုံးသူ တချို့ ရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၅ ဦး ရှိတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီကနေ့ နေလည်ပိုင်းမှာလည်း နောက်ထပ် ရွာတစ်ရွာ မီးရှို့ခံခဲ့ရတယ်လို့ ကျောက်တော် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"နောက်ဆုံး အခြေအနေက ဒီနေ့နေ့လည် ၁၁ နာရီမှာ ကျွန်တော်တို့ ရွာညာရွာဆိုတာ အိမ်ခြေ ၁၁၀၊ ၁၃၀ လောက်ပဲ ရှိတဲ့ ရွာပါ။ ရွာသေးသေးလေးပါပဲ။ ဒါပေမဲ့ သူ့ပတ်ခြာလည်မှာတော့ ရခိုင်ရွာတွေပေါ့နော်။ အဲဒီရွာကို နေ့လည် ၁၁ နာရီမှာ မီးရှို့တယ်ဗျ။ မီးရှို့တော့ အခု ၁ နာရီခွဲလောက်မှာ အကုန်လုံး တစ်အိမ်မှမကျန် အကုန်လုံးပါသွားခင်ဗျ။ အားလုံးကလည်း ကစဥ့်ကလျားနဲ့ သွေးပျက်ပြီး ထွက်ပြေးနေရတဲ့ အချိန်ဆိုတော့ ကျွန်တော်တို့ တိတိကျကျတော့ မသိရသေးဘူးဗျ။ ဒါပေမဲ့ ဖြစ်ဖြစ်ခြင်း အပေါက်ဝဆိုတဲ့ မြို့မှာ၊ အပေါက်ဝဆိုတာ ဒါဒုတိယအကြိမ် မီးရှို့ခံရတာပါ။ ပထမတစ်ကြိမ်က ၁၅ ရက် ၆ လမှာ တစ်ကြိမ်လောင်ပြီးတော့ ၄၆ အိမ် ပါပြီးပြီ။ ဒုတိယတစ်ကြိမ် ထပ်လောင်တာက အဲဒီမှာ အိမ် ၅၀ ကျော်ပါတယ် ပြောတယ် ထပ်ပြီးတော့၊ နောက်ထပ် အဲဒီမှာ လူ ၄ ယောက်သေတယ် ပြောပါတယ်ဗျ။ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက်"
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဒဏ်ရာရသူ (၂) ဦးရှိပြီး အသေအပျောက် စာရင်းကို မရရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။
"ကျောက်တော်မြို့နယ် အခု ဖြစ်တာတော့ ဟုတ်တယ်ဗျ။ ဒါပေမဲ့ ဘယ်သူရှို့တယ်ဆိုတာ စုံစမ်းတုန်းရှိနေသေးတယ်။ အသေအပျောက်တော့ မကြားသေးဘူးခင်ဗျ။ ဒဏ်ရာရတာတော့ ကြားတယ်ခင်ဗျ။ အတိအကျတော့ ကျွန်တော်တော့ မသိသေးဘူး။ အဲဒီမှာ မီးရှို့တာ ဘယ်သူရှို့မှန်းကို မသိသေးဘူး ဖြစ်နေတယ်အခုက၊ ရခိုင်အိမ်တွေရော၊ ကုလားအိမ်တွေရော ဆိုတော့လေ။ ကျွန်တော်တို့ အခုသိရတာက ဒဏ်ရာရတာ နှစ်ယောက်လို့ ကြားပါတယ်"
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးလိုအပ်လာတယ်လို့ ပြောပါတယ်။
"တချို့ကဏ္ဍတွေမှာက ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်က ရှိတယ်လို့ မတွေ့ရဘူး။ အပေါ်ကပဲ အဲလိုမျိုး ဆင်းလာတယ်။ ဒီပြည်နယ်မှာ ပြည်နယ်နဲ့ ပတ်သက်တဲ့ အခြေအနေ အတိုင်းအတာကို ပြည်နယ်အစိုးရက အများသိပါတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ လုပ်ပိုင်ခွင့်က လုပ်ချင်တဲ့ကဏ္ဍတွေ၊ ဖြစ်ချင်တဲ့ကဏ္ဍတွေပေါ့၊ လုပ်ပိုင်ခွင့်မရဘဲ အဲဒီအပေါ်လို့ခေါ်တဲ့ ပြည်ထောင်စုဝန်ကြီးတွေက လာတယ်။ ဒု ဝန်ကြီးတွေက လာတယ်။ အဲတာတွေ command ပေးတဲ့ အောက်မှာပဲ လုပ်နေရတဲ့ သဘောမျိုးဆိုတော့ အဲတာ တိုင်ပင်မှုကဏ္ဍတွေက ဒီဘက်က အခြေအနေတွေကို အမှန်တကယ် အောက်ခြေအထိ လေ့လာမှုမရှိပဲ အပေါ်ကပဲ command ပေးနေတဲ့ ကဏ္ဍတွေမှာ အဲဒီလိုမျိုး ဖြစ်လာတဲ့ အတိုင်းအတာမှာ အဓိကရုဏ်းက ပြီးသွားမှာ မဟုတ်ဘူး။ တခြားမြို့ တွေကိုလည်း ကူးဆက်သွားမဲ့ အတိုင်းအတာမျိုးကိုတော့ မြင်နေရတယ်"
ကျောက်တော်မြို့နယ် အပေါက်ဝ၊ ဂုတ်ဘီထောင့်၊ ရွှေလှိုင်နဲ့ တောင်ပေါက် စတဲ့ကျေးရွာတွေမှာ မနေ့က သြဂုတ်လ (၅) ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး အပြန်အလှန် နေအိမ်မီးရှို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ဂျင်ကလိတွေ၊ လေးဂွတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်ရာကနေ စတင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က နေ့လည် (၁) နာရီခန့်မှာ အဲဒီလို နေအိမ်မီးရှို့မှုတွေကြောင့် အိမ်ခြေ (၁၀၀) ခန့်ရှိတဲ့ ကျောက်တော်မြို့နယ် ဂုတ်ဘီထောင် ကျေးရွာမှာလည်း နေအိမ် (၅၃) လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံး သွားတယ်လို့ ဂုတ်ဘီထောင် ကျေးရွာသား တစ်ဦးဖြစ်သူ ကိုမျိုးထွန်းလှိုင်က RFA ကိုပြောပါတယ်။
ဒါ့အပြင် မနေ့က နေ့လည် (၂) နာရီခန့်အချိန်က အိမ်ခြေ (၁၀၀၀) ကျော်ခန့်ရှိတဲ့ အပေါက်ဝ ကျေးရွာမှာ ရခိုင်နဲ့ ဘင်္ဂါလီနေအိမ် (၂၅) အိမ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ရွှေလှိုင်ကျေးရွာမှာ အိမ်ခြေ (၁၀၆) လုံးခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အခုလို ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူဆလင်တွေ ပဋိပက္ခတွေ အပြန်အလှန် ဖြစ်ပွားနေတဲ့အချိန်မှာ အပေါက်ဝကျေးရွာမှာတော့ အာဏာပိုင်တွေနဲ့ စစ်တပ်က အချိန်မီ ထိန်းသိမ်းခဲ့ပေမယ့် ဂုတ်ဘီထောင် ကျေးရွာမှာတော့ အာဏာပိုင်တွေက အခင်းဖြစ်ပြီး (၃) နာရီလောက်အကွာမှာ ရောက်ရှိလာတဲ့အတွက် မီးလောင်ဆုံးရှုံးမှု ပိုမို များပြားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ ကျောက်တော်မြို့မှာ အခြေအနေတွေ တင်းမာလျက်ရှိနေပြီး လုံခြုံရေးတွေကို တင်းကျပ်စွာ ချထားတယ်လို့ သိရပါတယ်။


RFA Burmese

အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရ


သြဂုတ် ၆၊ ၂၀၁၂ (YPI)
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ ရွာအချို့ကို  အကြမ်းဖက်သူများက ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တော်မြို့နှင့် ငါးမိုင်ခန့် အကွာရှိ ဂုပိတောင်ရွာ စတင်မီးရှို့ခံရကာ အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရသည်။
  “သေတဲ့သူတွေကို ချောင်းထဲ ပစ်ချသွားကြလို့ ဒီနေ့မှ ပြန်ရှာတွေ့တာ…
သတင်းအပြည့်အစုံဖတ်ရန်