Tuesday, August 28, 2012

ဒီလှိုင်းဂျာနယ် ဖြန့်ချိရာရုံးခန်းရှေ့တွင် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းအချို့ တွေ့ရှိ



                                                         တာမွေအ၀ိုင်းထိပ်တစ်နေရာ


ရန်ကုန်မြို့တာမွေ မြို့နယ် အ၀ိုင်းထိပ်အနီး အောင်ချမ်းသာအိမ်ရာရှိ ဒီလှိုင်းဂျာနယ် ဖြန့်ချိရာရုံးခန်းရှေ့တွင် ပေါက်ကွဲစေနိုင်သည့်
ပစ္စည်းအချို့ကို ယနေ့ သြဂုတ်လ ၂၈ ရက် နံနက် ၇ နာရီခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီခန့်တွင် Forward S.E.C. co,ltd ပိုင် ဆူဇူကီး R- ပစ်ကပ်ကားနောက်ခန်းပေါ်တွင် မသင်္ကာဖွယ်ရာ အထုတ်တစ်ခုကိုတွေ့ရှိသဖြင့် အဆိုပါ ကားပိုင်ရှင်မှ ရဲစခန်းသို့အကြောင်းကြားခဲ့ရာ ရဲစခန်းမှ တာဝန်ရှိသူများလာရောက်စစ်ဆေးရာတွင် ၄င်းအထုတ်ထဲတွင် ရေသန့်ဗူးခွံထဲတွင် သံတိုသံစများ၊ ဂဏာန်းပေါင်းစက် နှင့် ၀ါယာကြိုးများကို ဆက်သွယ်တပ်ဆင်ထားသည်ကိုတွေ့ရှိရကြောင်း၊
ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြစ်သဖြင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီတွင် အားလုံးပြီးစီးသွားကြောင်းသိရသည်။

အဆိုပါ ပစ္စည်းများထဲတွင် ယမ်းနှင့် ဒီတိုနေတာ ကိုတော့ တွေ့ရှိရခြင်းမရှိကြောင်း ၊ အခင်းဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးကြီးကိုယ်တိုင်လာရောက်
စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။

Popular Myanmar News Journal


အမျိုးသားလွှတ်တော် အစည်းအဝေး၌ သြဂုတ် ၂၈ ရက်နေ့ဆွးနွေးကြမည့် အကြောင်းအရာများ



ယနေ့ (သြဂုတ် ၂၈ ရက်) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော်
အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည်
ဖြစ်ပါသည်။

(၁) အမျိုးသား လွှတ်တော် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အ၀န်း
ဆိုင်ရာ ကော်မတီက ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်း။

(၂) အမျိုးသားလွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးရာ ကော်မတီက
ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်း။

(၃) ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း ဥပဒေအရေ ပးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်း တို့အရ စွပ်စွဲပြစ်တင် သည့် အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၆) ဦးအပါအ၀င် လွှတ်တော် ကိုယ်စားလှယ် (၁၆) ဦးက ဆွေးနွေးခြင်း။

(၄) ဖွံ့ဖြိုးမှု နှေးကွေးနေသော ရန်ကုန်မြို့အား ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်
နိုင်ငံတကာ အဆင့်မီ စီးပွားရေး မြို့တော်ကြီး အဖြစ်သို့ အမြန်
အဆင့်မြှင့်တင်နိုင်ရေးအတွက် မြို့တော် စည်ပင်သာယာရေး ကော်မတီကို
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လက်အောက်တွင် ထားရှိကာ မြို့တော်
စည်ပင်သာယာရေး ဥပဒေနှင့် အညီ ကော်မတီပိုင် ရံပုံငွေကို တိုင်းဒေသကြီး
အစိုးရ၏ အစီအစဉ်ဖြင့် သုံးစွဲပိုင်ခွင့်ပြုရေး ပြည်ထောင်စု အစိုးရအား
တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်း။


RFA TV August 28, 2012

Monday, August 27, 2012

မြန်မာကျပ်ငွေငါးထောင်တန်အတု သိန်းတရာကျော်အား ဟိုမိန်းပြည်သူ့စစ်အဖွဲ့ဖမ်းဆီးရမိ



မြန်မာကျပ်ငွေ ၅ ထောင်တန်အတု သိန်းတရာကျော်အား သယ်ဆောင်ရောင်းချနေသည့် နှစ်နိုင်ငံ မှတ်ပုံတင် ကိုင်ဆောင်သူ အမျိုးသမီးအား ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် တဖက်ခြမ်း သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ၌ ဖမ်းမိကြောင်းနယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။

“ပိုက်ဆံတွေကို ထိုင်းဘက်ခြမ်းကနေသယ်လာတဲ့သူကလေ နှစ်နိုင်ငံစလုံးရဲ့မှတ်ပုံတင်ကို ကိုင်ဆောင်ထားတယ်။

ထိုင်းဘက် မှာဆိုရင် တောင်ပေါ်သားကတ်ကို သုံးတယ်။ အဲဒီမှာသူ့နာမည်က နန်းနုတဲ့။ မြန်မာနိုင်ငံသားစီစစ်ရေးကတ်ထဲမှာတော့ သူ့နာမည် နန်းပေါက်တဲ့။ အသက်က ၄၀ ကျော်ကျော်လောက်ရှိတယ်” ဟု ဟိုမိန်း ပြည်သူ့စစ်တပ်ဖွဲ့နှင့် နီးစပ်သူတဦး ကပြောသည်။

အဆိုပါနန်းနုအား ယခုလ ၂၄ ရက် က သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ (ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ) ၌ မြန်မာ ၅၀၀၀ တန်အတု ကျပ်သိန်း ၁၅၀ ဖိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းသည် ကျပ် ၅၀၀,၀၀၀ ကို ဘတ်ငွေ ၇,၀၀၀ ဖြင့်ရောင်းချနေခြင်းဖြစ်ကြောင်း နယ်စပ်နေ ဌာနေပြည်သူ့စစ် များကပြောသည်။

“ဒီကနေ့ငွေလဲနှုန်းနဲ့တွက်မယ်ဆိုရင် ကျပ် ၅၀၀,၀၀၀ ဟာ ဘတ်ငွေ ၁၈,၅၀၀ ကျတယ်လေ။ ဒါကြောင့်ပေါ့။ သူကအခုအဖမ်း ခံရတာ တတိယအကြိမ်ပေါ့။ ပထမအကြိမ် ကျပ်ငွေအတု သုံးသိန်းဖိုး၊ ဒုတိယအကြိမ်ကျတော့ ကျပ်ငွေအတု ငါးသန်းဖိုး( ကျပ်သိန်း ၅၀) နဲ့ဖမ်းမိတယ်။ ဒီတခေါက်တော့ သူ့ကို ခရိုင်တရားရုံးကို ပို့လိုက်ပြီ ။ မနေ့ကဘဲ” ဟု အဆိုပါ ထိုင်းရဲက ဆက်လက်ပြောပြသည်။

ပိုက်ဆံအတုများအား ချင်းမိုင်မြို့နေ စိုင်းဆောလုံ ဆိုသူထံမှ ယူလာကြောင်း နန်းနု ခေါ်နန်းပေါက်က ပြောခဲ့သော်လည်း အဆိုပါ စိုင်းဆောလုံအား ယနေ့တိုင် ထိုင်းရဲများ မဖမ်းမိသေးကြောင်း၊ စိုင်းဆောလုံမှာ ယခင်က ဦးခွန်ဆာ၏ မုံးတိုင်း အာမီ တပ်မတော်၌ ရုံးဝန်ထမ်းတဦး ဖြစ်ခဲ့ဖူးကြောင်း ထိုင်းရဲများကပြော၏။

အမေရိကန်ဒေါ်လာငွေအပြင် တရုတ်ယွမ်ငွေ ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေအတုများ ထုတ်ဝေသယ်ဆောင် မှုပြဿနာမှာ ထိုင်း-မြန်မာနယ်စပ်၌ အစဉ်အဆက်ဖြစ်ပေါ်နေသော ပြဿနာဖြစ်သည်။အဆိုပါငွေစက္ကူအတုများမှာမူးယစ်ဆေးချက်လုပ်ရန် ဘိန်းစိုက်တောင်သူများထံမှ ဘိန်းစိမ်းဝယ်ယူဖို့ ထုတ်လုပ်အသုံးပြု သည့်ငွေများဖြစ်ပြီး ထိုမှတဆင့် မြို့တွင်းသို့ ပံျ့လာခြင်း ရှိနေသည်ဟု ငွေရှင်များက သုံးသပ်ပြောဆိုသည်။နယ်စပ်၌ထိုကဲ့သို့ ငွေစက္ကူအတု ပေါများခြင်းကြောင့်လည်း တာချီလိတ်မြို့နေ ဒေသခံအများစုမှာ မြန်မာငွေစက္ကူ လက်ဝယ်ထားရှိလိုသည့် ဆန္ဒမရှိခြင်းဖြစ်ကြောင်းလည်း တာချီလိတ်မြို့ စီးပွါးရေးလုပ်ငန်းရှင်များကပြောသည်။

Van Lyan

မိုးဘိုင်းတာဝါတိုင်မှ ထွက်ရှိသည့် ဓာတ်ရောင်ခြည်မှာ ကျန်းမာရေး ထိခိုက်စေသည်ဟု လူထုက ယူဆသည့်အတွက် ရန်ကုန်မြို့၌ မိုဘိုင်းတာဝါများ တိုးချဲ့ရန် အခက်တွေ့



မိုဘိုင်း တာဝါတိုင်များမှ ထွက်ရှိသည့် ဓာတ်ရောင်ခြည်သည် ကျန်းမာရေးကို ထိခိုက်သည်ဟု လူထုအနေဖြင့် ယူဆလာသည့်နောက် ရန်ကုန်မြို့၌ မိုဘိုင်းတာဝါတိုင်များ ဆက်လက်တိုးချဲ့တပ်ဆင်ရန် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် အခက်တွေ့လာခဲ့သည်ဟု အဆိုပါလုပ်ငန်းဌာနက ထုတ်ပြန်ပြောဆိုလိုက်သည်။ ကျန်းမာရေး အခြေအနေကြောင့်ဟုဆိုကာ တာဝါတိုင်ပြန်ဖြုတ်ခိုင်းတာမျိုးများလည်း ရှိကြောင်း ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ရန်ကုန်မြို့အတွက် မိုဘိုင်းကွန်ရက်များ ချဲ့ထွင်ရန် စက်ပစ္စည်း အလုံအလောက်ကို လက်ဝယ်၌ ပိုင်ဆိုင်ထားရှိသော်လည်း မြေနေရာ အခက်အခဲကြောင့် တာဝါတိုင်များ တိုးချဲ့တပ်ဆင်ရန် အကန့်အသတ်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။ “တကယ်ကို ကျန်းမာရေး လိုက်စားပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာတောင် ဆက်သွယ်ရေး တာဝါတိုင်တွေကို သူတို့ရဲ့ ခေါင်မိုး ထိပ်တွေမှာ တွေ့မြင်နိုင်ပါတယ်။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးနဲ့ စင်ကာပူမျာဆိုရင် အထပ်မြင့် အဆောက်အဦတွေရ
ဲ့ အမိုးပေါ်မှာ ဆက်သွယ်ရေး အင်တာနာတွေ တပ်ဆင်ခွင့် ပြုရမည်ဖြစ်တဲ့အကြောင်းကို ဥပဒေနဲ့ အခိုင်အမာ ပြဋ္ဌာန်းပြီး ဆောင်ရွက်ပေးထားတာ တွေ့ရတယ်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီအနေနဲ့လည်း ဥပဒေပြဋ္ဌာန်းပြီး အဆောက်အဦ ခေါင်မိုးတွေပေါ်မှာ မိုဘိုင်းအင်တာနာ တပ်ဆင်ခွင့်ပြုမယ်ဆိုရင် မြို့နေလူထုအနေနဲ့ မိုးဘိုင်းဖုန်းနဲ့ ဆက်သွယ်ပြောဆိုတဲ့နေရာမှာ ပြတ်တောက်ခြင်း ကြုံတွေ့ရမှာ မဟုတ်တော့ပါဘူး” ဟု ဆက်သွယ်ရေး သင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Ref:International Social Network Myanmar