Thursday, July 28, 2016

The Italian Job (2003) မြန်မာစာတန်းထိုး





Shooter မင်းသား Mark Wahlberg ၊ Transporter မင်းသား Jason Statham တို့အပြင် တစ်ခြားသော သရုပ်ဆောင်ကောင်းများစွာပါဝင်ထားပြီး အခုနာမည်ကြီးနေတဲ့ Mad Max: Fury Road ဇာတ်ကားထဲက မင်းသမီး Charlize Theron တို့ပါဝင်ထားတဲ့ နာမည်ကြီး ဇာတ်ကားကောင်းဖြစ်ပါတယ်။
IMDb Rating (7/10)ထိရရှိထားတဲ့ Action, Crime, Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို မိတ်ဆက်မပေးတော့ပါဘူး။
မကြည့်ရသေးရင် သေချာပေါက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး
ကြည့်ပြီးသွားရင်လဲထပ်ကြည့်လို့ မပျင်းစေရဘူးဆိုတာ အာမခံပေးလိုက်ပါတယ်။
ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတစ်ကားဖြစ်ပြီး သတိရတိုင်းပြန်ကြည့်မိတဲ့ဇာတ်ကားပါ။

File size...990MB 
Quality...Blu-ray Rip 720p
Format...mp4
Duration....01:50:39
Subtitle....Myanmar Subtitle (Hardsub)

Encoder....Nyeinsaeya Aung

 

Download and Watch 720p HD (pCloud Link)

Download and Watch 360p Small File Size(450MB)





http://channelmyanmar2.blogspot.sg မှကူးယူဖော်ပြပါသည်။
jaketaw85
နမူနာကြည့်ရန်

Tom & Jerry Back to Oz (2016) မြန်မာစာတန်းထိုး

Tom & Jerry Back to Oz ဟာ 2011 တုန်းက ထွက်ခဲ့တဲ့ Tom & Jerry The Wizard of Oz ရဲ့sequal တစ်ခုပဲဖြစ်ပါတယ်

Tom & Jerry ကြောင်လေးနဲ့ ကြွက်ကလေးကို Oz ကမ္ဘာထဲ crossover လုပ်ပေးထားပြီး ကာတွန်း ဇာတ်ကောင်စုံစုံလင်လင်နဲ့ ဇာတ်မြူးကားကောင်းလေး တစ်ကားဖြစ်လို့ ကလေးများကြိုက်နှစ်သက်သလိုပဲ ကိုးဆယ်ခုနှစ်တစ်ပတ်လည်မွေးဖွားခဲ့တဲ့ လူငယ်များအနေနဲ့လဲ မိမိတို့ ငယ်ဘဝက ကာတွန်းဇာတ်ကောင်လေးများနဲ့ ပြန်လည် တွေ့ဆုံရပြီး ငယ်ဘဝအမှတ်တရ တွေပြန်လည်သတိရအောင့်မေ့စေမှာ ဖြစ်မယ်လို့ယုံကြည်ပါတယ်

IMDb rating အနေနဲ့လဲ 7.5/10 ရရှိထားလို့ ကားကောင်းလေးတစ်ကားအဖြစ် ညွှန်းပေးပါရစေ

File Size         : 580 MB
Quality           : DvD Rip
Running Time : 1hr 20 minute
Format           : Mp4
Genre             : Animation, Adventure, Family
Encoder         : Joker.phs

Download And watch With Pcloud Link Full HD

(ဘာသာပြန်ပေးသူကတော့ Saw Yan Nay Naing ဖြစ်ပြီး အညွန်းရေးသူကတော့ Han Htoo Zaw ပဲ ဖြစ်ပါတယ်)

@joker

http://channelmyanmar2.blogspot.sg မှကူးယူဖော်ပြပါသည်။
jaketaw85
နမူနာကြည့်ရန်

Wednesday, July 27, 2016

How to Become a Millionaire by Age 30




vivo smart phone ရုံးမှ အလုပ်သမား တွေကို အလုပ်ရှင်မှ လုပ်အားခများကို နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်ထားတဲ့ စာချုပ်ကို အတင်းအဓမ္မ စာချုပ်ချုပ်ခိုင်းသဖြင့် လက်မခံဘဲ ပြန်လည်တောင်းဆိုမှုဖြစ်



(၂၅-၇-၂၀၁၆) ရက်နေ့ မနက် (၈း၀၀) နာရီမှာ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ လမ်းရှည်လမ်းရို vivo smart phone ရုံးခွဲ (ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း) မန်နေဂျာ တာဝန်ခံ (အလုပ်ရှင်) ရှီးကော် (ခ) ရှီးယွီးလင်(နိုင်ငံခြားသား တရားမဝင် ရုံးတွင်နေထိုင်သူ) မှ vivo smart phone ရံးမှ ဝန်ထမ်းတွေရဲ့ လုပ်အားခများကို နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ်ထားတဲ့ စာချုပ်ကို အတင်းအဓမ္မ စာချုပ်ချုပ်ခိုင်းသဖြင့် လက်မခံဘဲ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား အငြင်းပွားမှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ် ပါတယ်။
အလုပ်သမားတွေဟာ vivo smart phone ဝန်ထမ်းအဖြစ်အနည်းဆုံး ၆ လ မှ ၁ နှစ်ကျော်ထိ လုပ်ခဲ့တယ်။ အငြင်းပွားမှုမှာ မပြေလည်သဖြင့် ပြည်ခရိုင် အလုပ်သမား ညွှန်ကြားရေးဦးစီဌာနရုံးသို့ ရောက်ရှိပြီး ခရိုင်ဦးစီးအရာရှိကိုတိုင်ကြားရာ အလုပ်ရှင်မှရောက်ရှိပေမယ့် ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိခဲ့ပါ။
ကျနော်နဲ့ အလုပ်သမား (၂၉) ဦးဟာ လမ်းရှည်လမ်းရို vivo smart phone ရုံးခွဲသို့ ပြန်လည်သွားပြီး တရားသဖြင့် တောင်းဆိုမှုဖြင့် အလုပ်ရှင်နှင့်ညှိနှိုင်းဖျန်ဖြေမှု ရရှိအောင်လုပ်ဆောင်သော်လည်း ပြေလည်မှုမရှိခဲ့ပါ။ ပြေလည်မှုမရမရှိခြင်း vivo smart phone ရုံးခွဲရှေ့မှ မခွာရန် နေထိုင်ခဲ့ပါတယ်။ ကိုညီညီအောင်တို့ ရောက်ရှိလာပြီး ညစာအတွက် မိုးမေတ္တာမှ ခေါက်ဆွဲထုတ်များလာရောက် ဝေငှပေးခဲ့ပါတယ်။ ည (၇) နာရီအချိန်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုကျော်ဇေယျ၊ အလုပ်သမားရုံးမှ ခရိုင်ဦးစီးအရာရှိတို့ ရောက်လာပါတယ်။ အလုပ်သမားတွေမှ
(၁) တည်ဆဲဥပဒေနှင့်အညီ တစ်ရက် လုပ်ခဖြစ်သည့် အခြေခံလုပ်ခ ၃၆၀၀ိ/-ကျပ်
(၂) တရားဝင်အလုပ်ချိန် (၈) နာရီ၊
(၃) တစ်ပတ်တစ်ရက် ပိတ်ရက်အပါအဝင် အစိုးရ၏ တရားဝင်နေ့ရက်များတွင် ပိတ်ပေးပြီး လုပ်အားခအားများ ဖြတ်တောက်ခြင်းမရှိရန်
(၄) အလုပ်သမားရေး ရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (ည) နူတ်ဖြင့် အလုပ်ခန့်ထားမှုသဘောတူညီချက် အရ ကျွန်တော်/ကျွန်မတို့ အလုပ်ခွင်မဝင်ခင်က ယခင်သဘောတူထားသည့် အလုပ်ရှင်နှင့် အလုပ်သမားတို့သည် ဖုန်းတစ်လုံး ပါဆင့်နစ်များကို ပေးရန်
(၅) အလုပ်ရှင်မှ အလုပ်သမားများ စာချုပ်ချုပ်ရာတွင် သက်ဆိုင်ရာ အလုပ်သမားဌာနမှ ဆောင်ရွက်ပေးရန်စတဲ့
အချက် (၅) ချက်ကို တောင်းဆိုရေးသားပြီး ညှိနိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားစာကို ခရိုင်ဦးစီးအရာရှိအားပေးခဲ့ပါတယ်။ ခရိုင်ဦးစီးအရာရှိမှ ( ၂၇ ) ရက်နေ့မှာ စစ်ဆေးဆောင်ရွက်ပေးမည်ဟုပြောတယ်။ နောက် အလုပ်သမားတွေ မိမိအိမ်သို့ ပြန်ကြတယ်။




မြ၀တီတွင်စာချုပ်ပြောင်းလဲချုပ်ဆိုရာ၌ အ.လ.ည ညွန်မှူးလက်မှတ်အဆင်သင့်ဖြစ်နေ





၂၀၁၆ ခု ဇူလိုင်လ ၂၆ ရက်
မြတ်ညို (အလွတ်သတင်းထောက်)


မေ၀င့်ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံသို့သွားရောက်ကြမည့် MOU အလုပ်သမား
၂၅ဦး တို့သည် ရန်ကုန်မြို့တွင် ကြက်သားအလုပ်ရုံဖြင့် စာချုပ်ချုပ်ဆိုလာခဲ့သော်လည်း မြ၀တီသို့ရောက်သည့်အခါ အချိုရည်အလုပ်ရုံဟု ပြောင်းလဲချုပ်ဆိုကြရာ၌ ရန်ကုန်တိုင်း အလုပ်သမားညွန်ကြားရေးမှူး လက်မှတ်ထိုးထားသည့်စာချုပ်ဖြစ်ကြောင်း အလုပ်သမားများကပြောသည်။

အလုပ်သမား၂၅ဦးတို့သည် ၁၅-၁၂-၂၀၁၅ နေ့က ရန်ကုန်မြို့ကျောက်ကုန်း တွင်ရှိသော ရုံးခန်းတစ်ခုထဲ၌ ထိုင်းနိုင်ငံရှိ ကြက်သားစက်ရုံတစ်ခုတွင်
အလုပ် လုပ်ရမည်ဟုဆိုကာ အလုပ်သမား၂၅ဦးတို့သည် ၁၅.၁၂.၂၀၁၆ နေ့က ရန်ကုန်မြို့ ကျောက်ကုန်းသင်တန်းကျောင်းတွင် ဒေါ်မို့မို့သွင် ဆိုသူက ကြက်သားအအေးခန်း စက်ရုံ အလုပ်ဟုဆိုကာ လုပ်ငန်းသဘာဝတို့ကိုရှင်းပြခဲ့သည်။

အလုပ်သမားတို့သည် ကျပ်ငွေ ၄၃၈,၀၀၀ အား ပွဲစား ဦးစံနီ ဆိုသည့် ပွဲစား ကို ပေးအပ်ခဲ့ရသည်။ မြ၀တီ ကျောက်လုံးကြီးစခန်းသို့ ရောက်သည့်အခါ
ကြက် အကောင်သေးသည်ဟုဆိုကာ နာနတ်သီးအချို ရည်ရုံတွင် ၂လခန့် လုပ်ပေးပြီး ပြောင်းပေးမည်ဟု ကိုဇော်ကြီး ဆိုသည့်ပွဲစားကပြောပါသည်။ အချိုရည် စက်ရုံ အလုပ်ဟူ၍ (မ၁၃+ကျား ၁၀ဦး) စာချုပ်တစ်ခု ထပ်မံ ချုပ်ဆိုကြရပြန်ပါသည်။

၂၈.၂.၂၀၁၆ နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ပရကျွတ်နယ် မြေတွင် ရှိသော TIPCO နာနတ်သီးအချို ရည်စက်ရုံသို့ရောက်ပါသည်။ ပတ်စပို့ဖိုးတစ်ဦးလျှင် ၈,၇၀၀ စီဖြတ် တောက်ထားပြီးဖြစ်သော်လည်း
ပတ်စပို့ယခုတိုင်မကိုင်ရသေးကြောင်းသိရသည်။

အလုပ်သမားတို့သည် TIPCO နာနတ်သီးအချိုရည်စက်ရုံတွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ အလုပ်မလုပ်ရ ပဲနေခဲ့ကြရပါသည်။ ထိုမျှသာမက နာနတ်သီးမရှိဟုဆို ကာ အလုပ်ရပ်နားခဲ့သည်။ အလုပ်သမားများသည် မေ၀င့်ကိုယ်စားလှယ် ကိုဇော် ထက်အောင် (ခ) ဇော်ကြီးဆိုသူထံသို့ အလုပ် ပြောင်းပေးဖို့ ဖုန်းဆက်ရာ စောင့်ဖို့ ပြောဆိုခဲ့ပါသည်။ အလုပ် ၁၈ ရက်တိုင်တိုင် အလုပ်မလုပ်ရပဲ အလုပ်ရုံထဲတွင် နေထိုင်ခဲ့ရပါသည်။ နောက်ပိုင်းတွင် ကိုဇော်ထက်အောင် ဖုန်းကိုင်ပြီး ဖုန်းချသွားခဲ့ ပါသည်။
ဇူလိုင်လ ၁၈ ရက်နေ့တွင် အလုပ်ရုံထဲတွင် နေခွင့်မပေးပဲ မောင်းထုတ်သဖြင့် AAC အဖွဲ့နှင့် MATအဖွဲ့ ကို ဖုန်းဆက်သွယ် ၍ အကူညီတောင်းခံလာခဲ့ပါသည်။ ၎င်းတို့ သည် မဟာချိုင် AAC ရုံးခန်းသို့ ဇူလိုင်လ၁၉ ရက်နံနက်၂နာရီ ကျော်တွင်ရောက် ရှိလာခဲ့ပါသည်။
အလုပ်သမားများကိုလက်ခံကျွေးမွေးစောင့်ရှောက်ထားသူ AAC အဖွဲ့ဥက္ကဌ ဦးခိုင်ကြီး က “ရန်ကုန်မှာ စာချုပ်ကို အလုပ်သမားတွေကိုမပေးလိုက်ဘူး။ မြ၀တီမှာ အချိုရည်လို့ပြောင်းချုပ်တဲ့စာချုပ်မှာ ရန်ကုန်တိုင်း အလုပ်သမားညွန်ကြားရေး ဦးစီးမှူး ဒေါ်မို့မို့သွင် လက်မှတ်နဲ့ ရာထူးတံဆိပ်ရိုက်နှက်ပြီးသားစာရွက်တွေကို အလုပ် သမားတွေကိုပေးတယ်။ မူရင်းစာရွက်တွေ ကျနော်တို့လက်ဝယ်မှာရထားတယ်။ ပြောချင်တာကတော့ အလုပ်သမားညွန်ကြားရေးဦးစီးမှူးမရှိတဲ့ မြ၀တီမှာ ဒီစာချုပ်ကို ဘာဖြစ်လို့ လက်မှတ်ထိုးထားရတာလဲပေါ့။ နည်းမျိုးစုံနဲ့ အလုပ်သမားတွေကို မလိမ့်တပတ်ထုတ်ရောင်းနေတာ လူကုန်ကူးတာပဲမဟုတ်ဘူးလား” ဟုပြော သည်။
ယခုဖြစ်စဉ်တွင်(၁) အစိုးရသတ်မှတ်ထားသည့်ဈေးနုန်းထက် ၄ဆခန့် အလုပ် သမားများကုန်ကျနေခြင်း။ (၂) ရန်ကုန်တွင်ချုပ်ဆိုသည့်စာချုပ်ကို အလုပ်သမားများ ကို မပေးအပ်ခြင်း။ (၃) မြ၀တီတွင် စာချုပ်အသစ်ချုပ် ဆိုရာတွင် အလည ညွန်ကြားရေးမှူး ဒေါ်မို့မို့သွင် လက်မှတ်ဖြင့်ချုပ်ဆိုခြင်း။(၄) အလုပ်ချိန် ၄လအတွင်း အလုပ် မရှိ ဟုဆိုကာ အလုပ်ဖြုတ်ခြင်း။
(၅) အလုပ်သမားပို့ဆောင်သည့် မေ၀င့်ကုမ္ပဏီမှ အလုပ် သမားကို ကူညီစောင့် ရှောက်ရန် တာဝန်ပျက်ကွက်ခြင်း။
(၆) မေ၀င့်ကုမ္ပဏီနှင့် အလုပ်သမားသံအရာရှိတို့ ယနေ့တိုင် မဖြေရှင်းပေးခြင်း။ တို့ဖြစ်ပါသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ အေဂျင်စီတွေ မတရားလုပ်သမျှ ဘန်ကောက် အလုပ်သမား သံအရာရှိအဆက်ဆက်တွေက ဖုံးဖိကြတယ်။
နေပြည်တော် အ.လ.ည ရုံးချုပ်နဲ့ သတင်းမီဒီယာတွေမှာအားလုံးကောင်းပါသည်ခင်ဗျာလို့ ထပ်လိမ်တယ်။ အစိုးရနဲ့ လူထုကသတင်းအမှောင်ချတာခံနေရတယ်။
ကျနော်က စာတိုပေစရေးတာ မှာ ထည့်ရေးတော့ သူတို့ကို
ဆော်တယ်ပြောကြတယ်။ အမှန်တရားတွေပေါ်ပေါက် အောင် ကျနော်တို့ကတော့ အစွမ်းကုန်ကြိုးစားနေမှာပါ” ဟုပြောသည်။

MOU စနစ်တွင် အာဏာရှင်စနစ်ဟောင်းမှအစွယ်အပွားများ၊ လူလိမ်များ၊ လူကုန်ကူးသူများရောနှောလုပ်ကိုင်နေကြသည်။ ထိုသူများက အကျင့်ပျက် ၀န်ထမ်း များဖြင့်ပူးပေါင်းကာ အကျိုးစီးပွားကို အဓိကထား လုပ်ဆောင်နေကြသည်။ MOU စနစ်ကို မူလရည်ရွယ် ချက်အတိုင်းGtoGအစစ်အမှန် လုပ်ကိုင်မည်ဆိုပါက
ပွဲစားေ အဂျင်စီကိုလုံးဝမသုံးပဲ (အလုပ်သမား+ ရပ်ကျေး+ဘဏ် +အလုပ်သမားညွန်ကြားေ ရးဝန်ကြီးဌာန= MOU ) လုပ်ကိုင်မှ ဖြစ်မည်ဖြစ်ကြောင်း ၂၅.၆.၂၀၁၅ နေ့ ဘန်ကောက်မြန်မာသံရုံးတွင် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံပွဲတွင် ဦးကျော်သောင်း ကတင်ပြခဲ့ကြောင်းသိရသည်။




မလေးရှားတွင် အသတ်ခံရသည့် မြန်မာသုံးဦးနှင့် ပတ်သက်၍ ထိန်းသိမ်းထားသည့် မြန်မာ ၁၅ ဦး ပြန်လွှတ်


Wed, 2016-07-27
 
မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားသုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ထိန်းသိမ်းထားသည့် မြန်မာလုပ်သား ၁၅ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မလေးရှားနိုင်ငံ ပီနန်ဘာ တာဝပ်နယ်မြေတွင် မြန်မာလုပ်သားသုံးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ၎င်းတို့၏ လုံခြုံရေးနှင့် သက်သေအဖြစ် ထိန်းသိမ်းထားသော မြန်မာလုပ်သား ၁၅ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဇူလိုင် ၂၅ ရက်၌ ပြန်လွှတ်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

‘‘သူတို့ လုံခြုံရေးအရရော သက်သေအရပါ မေးမြန်းဖို့အတွက် ထိန်းသိမ်းထားတာလို့ ပြောပါတယ်။ ပြန်လွှတ်ပေးလိုက်ပါပြီ။ သူတို့ကိုမေးပြီး ဒီမှာပဲ ဆက်လုပ်ချင်သလား၊ နေရပ်ပဲ ပြန်မလားဆိုတာ မေးပြီးစီစဉ်ပေးမှာပါ’’ ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဇူလိုင် ၁၁ ရက်တွင် မြန်မာလုပ်သားများ နေထိုင်သော အဆောင်သို့ ဆိုင်ကယ်စီးမျက်နှာဖုံးစွပ် လူအုပ်စုက ပစ္စည်းများ လုယက်ပြီး မြန်မာလုပ်သားသုံးဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာလုပ်သားသုံးဦးကို သတ်ဖြတ်သွားသည့် တရားခံများကို မလေးရှားရဲတပ်ဖွဲ့က လက်ရှိအချိန်အထိ ဖမ်းဆီးမိခြင်းမရှိသေးပေ။

ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲ၊ ခုံသမာဓိ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲတို့နှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ရန် ကျောက်တံတား မြို့နယ်ရဲစခန်းသို့ စာတင်


27.7.2016
ခုံသမာဓိကောင်စီ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲ၊ ခုံသမာဓိအလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲတို့နှင့် ပတ်သက်၍ တရားမျှတမှု ရှိစေရေး ဆန္ဒထုတ်ဖော်ရန် ကျောက်တံတားမြို့နယ် ရဲစခန်းသို့ စာတင်ထားကြောင်း ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ပြောကြားသည်။

“ခုံသမာဓိ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲ၊ ခုံသမာဓိ ကောင်စီအလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲနဲ့ ပတ်သက်ပြီး တရားမျှတမှု ရှိစေဖို့ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီအနေနဲ့ သွားမှာပါ။ အဲဒီမှာ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်း အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) တို့လည်း ပါပါတယ်။ ပူးပေါင်းပြီးတော့ ကော်မတီဖွဲ့ လုပ်ကြတယ်” ဟု ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ပြောကြားသည်။
ဇူလိုင် ၃၁ ရက် တနင်္ဂနွေနေ့တွင် ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ရန်အတွက် ဇူလိုင် ၂၅ ရက်က တရားဝင် စာတင်ပြခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆန္ဒထုတ်ဖော်မှုတွင် အခြေခံ အလုပ်သမားများ ပါဝင်နိုင်ရန်အတွက် ယင်းနေ့တွင် ပြုလုပ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုအား ဦးဆောင်သူ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ပြောကြားသည်။

“၃၁ ရက် တနင်္ဂနွေနေ့ လုပ်ဖို့အတွက် တင်တာဖြစ်တဲ့အတွက် ငါးရက်ကြိုတင်ရဖို့ မနေ့ (၂၅ ရက်) က တင်ခဲ့တယ်။ ကျောက်တံတားမြို့နယ် ရဲစခန်းက သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့နေ့က သွားတင်တယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလုပ်ဖို့အတွက်ကို။ စာတင်ဖို့ တစ်ရက်နောက်ကျသွားတယ်။ အာဇာနည်နေ့ အာဇာနည်ကုန်းကို အလုပ်သမားတွေ သွားနေတဲ့ အတွက်ကြောင့် တနင်္ဂနွေနေ့ ချပေးပါလို့ ပြောပြတယ်။ တနင်္လာတို့ ကြားရက်တို့ဆိုရင် အလုပ်သမားတွေကို ခေါ်လို့မရဘူး။ ပိတ်ရက်ကျမှ သူတို့ပါအောင် ဒီပွဲကို ဆောင်ရွက်လို့ရမှာ ဖြစ်တဲ့အတွက် ညှိတယ်။ ရဲစခန်းက လိုချင်တဲ့ရက်ကို ရချင်ရင် ငါးရက်ကြိုတင်ပါ။ သူတို့လက်မခံဘူးတဲ့။ ထွေအုပ်ကလည်း လက်မခံသလို သူတို့ကလည်း လက်မခံဘူးလို့ ပြောခဲ့ပါတယ်” ဟု ဒေါ်လှလှက ပြောကြားသည်။

“ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်နဲ့ ဟောပြောခွင့်ကို တင်တယ်။ ဒါပေမဲ့ မနေ့က တင်တဲ့အထဲမှာ မှတ်ချက်အနေနဲ့ ရေးပြီးတော့ တွဲတင်ခဲ့တယ်။ ဟောပြောခွင့်ကို တင်တိုင်း တာမွေ၊ ကျိုက္ကဆံ ဟစ်တိုင်ဘက်ကို ချပေးတာ များတယ်။ ဟစ်တိုင်ကို ချပေးမယ်ဆိုရင် ဟောပြောခွင့်ကို မလုပ်ဘူးဆိုတဲ့ အကြောင်းကို မှတ်ချက်အနေနဲ့ ကျွန်တော်တို့ တွဲတင်ထားခဲ့တယ်။ စီတန်းလှည့်လည်ခွင့်နဲ့ ကြွေးကြော်သံကိုပဲ လုပ်သွားမယ်။ ဗန္ဓုလပန်းခြံနဲ့ ပန်းဆိုးတန်းလမ်း တောက်လျှောက်  အဲဒီလိုပဲ လုပ်သွားမယ်လို့ ပြောခဲ့တယ်” ဟု အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေး ကော်မတီမှ ဒေါ်လှလှက ဆက်လက် ပြောကြားသည်။
ဇူလိုင် ၁၂ ရက်က ရွှေပြည်သာမြို့နယ် ကနောင်ခန်းမတွင် ပြုလုပ်သည့် ခုံသမာဓိ ကောင်စီအလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲကို အလုပ်သမား အဖွဲ့ချုပ်ငါးခုနှင့် အခြေခံအလုပ်သမား သမဂ္ဂအဖွဲ့အချို့က စာတင်ကန့်ကွက်ခဲ့ကြသည်။ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပွဲတွင်လည်း မဲပေးမှုပုံစံ ရွေးချယ်မှု အငြင်းပွားခဲ့ကြပြီး အလုပ်သမားသမဂ္ဂ အဖွဲ့ ၁၈ ဖွဲ့ဝင်ရောက် ရွေးချယ်ခြင်း မပြုသောကြောင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ ကိုယ်စားလှယ် အများစုသာ ရွေးချယ်ခံခဲ့ရသည်။ 

Writer: ထက်ရှိုင်း