Wednesday, August 9, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၁၇)

Nay Pyi Taw (9-8-2017)

ရက်စွဲ - (၉-၈-၂၀၁၇) (၁၄:၀၀ )နာရီ
      ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ (၈) ရက်နေ့၊ (၁၄:၀၀) နာရီမှ သြဂုတ်လ (၉) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သံသယလူနာ (၄၁) ဦးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာတွင် H1N1 ပိုးတွေ့လူနာ (၁၇) ဦး တွေ့ရှိခဲ့ပါသည်။ ဇူလိုင်လ (၂၁) ရက်နေ့မှ ယနေ့မွန်းလွဲ (၁၄:၀၀) နာရီအထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း လူနာ (၄၇၄) ဦး အနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၈၃) ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉) ဦး ရှိပါသည်။

Tuesday, August 1, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၈)

ရက်စွဲ - ၃၁-၇-၂၀၁၇
      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 နှင့်ပတ်သက်၍ (၁) အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ (၂) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (၃) ကာကွယ်ထိန်းချုပ်ခြင်း (၄) ကုသမှုပေးခြင်းနှင့် (၅) ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ၃၀-၇-၂၀၁၇ ရက်နေ့၊ ၁၄:၀၀ နာရီမှ ၃၁-၇-၂၀၁၇ ရက်နေ့၊ ၁၄ : ၀၀ နာရီအထိ သံသယလူနာ (၃၁) ဦးအား ထပ်မံဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ Seasonal Influenza A (H1N1) pdm 2009 အတည်ပြုလူနာ (၁၁) ဦး တွေ့ရှိခဲ့ပါသည်။

Monday, July 31, 2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၇)

ရက်စွဲ - (၃၀-၇-၂၀၁၇)၊ (၁၄:၀၀) နာရီ
     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 နှင့်ပတ်သက်၍ (၁) အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ (၂) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (၃) ကာကွယ်ထိန်းချုပ်ခြင်းနှင့် (၄) ကုသမှုပေးခြင်းနှင့် (၅) ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ (၂၉-၇-၂၀၁၇) ရက်နေ့၊ (၁၄:၀၀) နာရီမှ (၃၀-၇-၂၀၁၇) ရက်နေ့၊ (၁၄:၀၀) နာရီအထိ သံသယလူနာ (၄၄) ဦးအား ထပ်မံ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာ Seasonal Influenza A (H1N1) pdm 2009 အတည်ပြု လူနာ (၁၀) ဦးတွေ့ရှိခဲ့ပါသည်။